← Chapters

မိန်းမ ကိုယ်တို့အတူတူ ရေချိုးရအောင်

Vol. 4 Ch. 53

မိန်းမ ကိုယ်တို့အတူတူ ရေချိုးရအောင်

Vol. 4 Ch. 53

ဆေးအိတ်စိမ်ထားသည့် ရေချိုးကန်သည် နွေးထွေးနေကာ တရုတ်ရိုးရာဆေးဝါးရနံ့တစ်မျိုးကိုလည်း သင်းပျံ့နေစေသည်။

“ယောက်ျား ရေချိုးကန်ထဲ ဆေးအိတ်စိမ်ပြီးလို့ အဆင်သင့်ဖြစ်ပြီ၊ လာပြီး ကိုယ်လက်သန့်စင်တော့”

စူးယွင်ကျင်းသည် ရေ၏အပူချိန်ကို လက်ဖြင့်စမ်းကြည့်သည်။ အပူချိန်သည် အနေတော်ဖြစ်ကြောင်း သေချာသောအခါ ချန်ကျဲ့ကို လှမ်းခေါ်လိုက်သည်။

ချန်ကျဲ့သည် ချက်ချင်းရောက်လာ၏။

စူးယွင်ကျင်းသည် အနည်းငယ် မျက်လုံးမှေးကျဉ်းလိုက်မိသော်ငြား တည်ငြိမ်ဟန်ဆောင်ထား၏။ သူမ၏မျက်နှာသည် ရုတ်ချည်း နီရဲလာခဲ့ကာ နှလုံးခုန်နှုန်းမှာလည်း အလွန်တရာ မြန်ဆန်‌နေခဲ့သည်။

ဤခေတ်၌ အမျိုးသားနှင့် အမျိုးသမီးများကို တင်းတင်းကျပ်ကျပ် ခွဲခြား၏။ သို့ဖြစ်ရာ ချန်ကျဲ့၏ ဤသို့ပုံစံမှာ အမှန်တကယ်ပင် ရင်ဖိုစိတ်လှုပ်ရှားဖွယ် ဖြစ်ပေသည်။

ကနဦး၌ ချန်ကျဲ့သည် တစ်ကိုယ်လုံးရှိ အဝတ်များကိုချွတ်ရန် စဉ်းစားထားခြင်းဖြစ်ခဲ့သည်။ သို့သော် အတွေ့အကြုံမရှိသည့် အမျိုးသမီးလေးစူးယွင်ကျင်း မေ့လဲကျသွားမည်ကို စိုးရိမ်သောကြောင့် အတွင်းခံ‌ကို ဝတ်ထားရန်သာ ဆုံးဖြတ်ခဲ့သည်။

ချန်ကျဲ့ ရေချိုးကန်ထဲသို့ဝင်လိုက်ရာ နွေးထွေးမှုနှင့် သက်သောင့်သက်သာရှိခြင်းသော လှိုင်းတံပိုးတစ်ခုသည် သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ရေချိုးကန်ထဲတွင် ထိုင်ချလိုက်ပြီးနောက် ချန်ကျဲ့ ရှက်သွေးဖြာနေသည့် စူးယွင်ကျင်းကို ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ပြော၏။

“ကျွန်မ ကျွန်မ အရင်ထွက်သွားလိုက်ဦးမယ်၊ ဖြည်းဖြည်းဆေးကြောနော်”

စူးယွင်ကျင်းသည် ယုန်လေးတစ်ကောင်ကဲ့သို့ ထွက်ပြေးချင်ခဲ့သည်။ သို့သော် ချန်ကျဲ့သည် လျင်မြန်ဖျတ်လတ်စွာဖြင့် သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

“အား!”

စူးယွင်ကျင်းသည် အလိုအလျောက် အော်မိသွားရသည်။ သို့သော် အိမ်ထဲတွင် ရွေ့ရွေ့ရှိနေသည်ကို ရုတ်ချည်းသတိရ‌လိုက်သောကြောင့် ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်ရ၏။ ထို့နောက် ချန်ကျဲ့အား တောင်းပန်တိုးလျှိုးဟန်လေးဖြင့် လှည့်ကြည့်လာခဲ့သည်။

“ယောက်ျား…”

“ဘာဖြစ်လို့လဲ”

ချန်ကျဲ့ ပြုံးလျက် မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ကျွန်မ အိပ်ချင်နေလို့”

စူးယွင်ကျင်းမှ ပြန်ဖြေသည်။

“ကိုယ်ခုနက အပြင်ကနေ မင်း ရွေ့ရွေ့ကိုပြောနေတာ ကြားလိုက်တယ်။ အဝတ်အသစ်တွေကို ရေချိုးပြီးမှ ဝတ်လို့ရမယ်ဆို‌ပြီးတော့လေ။ အဲဒီတော့ မင်းကိုယ်နဲ့အတူတူ ရေချိုးလိုက်ပါလား။ ကိုယ်မင်းရဲ့နောက်ကျောကို ကြေးတွန်းပေးမယ်”

ချန်ကျဲ့သည် စူးယွင်ကျင်းကို ပြုံးဖြဲဖြဲဖြင့် ကြည့်နေသည်။

“အာ”

“မရဘူး၊ ရွေ့ရွေ့ ရွေ့ရွေ့ မအိပ်သေးဘူး…”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို အသနားခံနေ‌ဟန်ဖြင့် ကြည့်နေခဲ့သည်။

သူမ၏တုံ့ပြန်မှုကို မြင်သောအခါ ချန်ကျဲ့ မေးလိုက်သည်။

“ကိုယ်နဲ့အတူ ရေမချိုးချင်ဘူးလား”

“

“အမ်… ကျွန်မ ရာသီလာနေလို့”

စူးယွင်ကျင်းသည် ရှက်ကိုးရှက်ကန်းဖြင့် နှုတ်မှ လွှတ်ခနဲပြောထွက်သွား၏။

ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“အဲဒါဆို မင်းက တကယ်တော့ ကိုယ်နဲ့အတူတူ ရေးချိုးချင်တယ်ပေါ့လေ”

“ကျွန်မ!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ ရှင်းပြဖို့ မလိုတော့ပါဘူး။ ကိုယ့်ကို ကတိတစ်ခုပေး အဲဒါဆို သွားခွင့်ပေးမယ်”

စူးယွင်ကျင်း နာခံစွာဖြင့် ခေါင်းညိတ်သည်။

“ကောင်းပြီ ဘာကတိပေးရမှာလဲ”

“မနက်ဖြန် မြို့ထဲသွားတဲ့အခါကျ ကိုယ်ဝယ်ပေးတဲ့ အဝတ်အစားအသစ်ကို ဝတ်ရမယ်”

“ဒါက…”

“သဘောမတူဘူးဆိုရင် ကိုယ်နဲ့အတူ ရေချိုးရမယ်”

“ကောင်းပြီ ကောင်းပြီ”

စူးယွင်ကျင်း သဘောတူလိုက်သည်။ ချန်ကျဲ့မှ ဆက်ပြောသည်။

“ဟမ်း ဒီလိုမှပေါ့။ လာ ကိုယ့်ကို ပခုံးနှိပ်ပေးပါဦး”

“အာ?”

“အတူရေချိုးချင်လို့လား”

ချန်ကျဲ့ သူ၏ရှက်တတ်လွန်းသည့် ဇနီးလေးကို ကြည့်လိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို မခုခံရဲပါဘဲ ချန်ကျဲ့၏နောက်ဘက်သို့ လျှောက်လာခဲ့ပြီး ပခုံးနှိပ်ပေးသည်။

သူမ၏လက်များသည် နူးညံ့၍ ကျွမ်းကျင်သည်။ လက်ချောင်းများ၏ အင်အားအဖိအဖော့ကို စည်းချက်ကျကျ တစ်လှည့်စီပြောင်းလဲနေခဲ့ရာ ချန်ကျဲ့ကို အလွန်သက်သောင့်သက်သာ ခံစားရစေပေသည်။

တကယ့်ကို အသိအမှတ်ပြုလောက်တဲ့ အရည်အချင်းပါပဲ။

“မင်းအရင်က အနှိပ်သင်ဖူးတာလား”

ချန်ကျဲ့ မေးလိုက်သည်။

ထိုအခါ စူးယွင်ကျင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

“အမေချန် အသက်ရှိစဉ်တုန်းက မကြာခဏ ပခုံးနာတတ်တယ်လေ။ ကျွန်မ အမေ့ကို မကြာခဏ နှိပ်နယ်ပေးလေ့ရှိတယ်…”

ထိုအခါ ချန်ကျဲ့ စိတ်ထဲတွင် ချက်ချင်းနားလည်လိုက်၏။ ချန်ကျိုစစ်၏မိခင် သေဆုံးမှုမှာ စူးယွင်ကျင်းမှ ကံဆိုးမှုများကို သယ်ဆောင်လာသောကြောင့်ဟု သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် စူးယွင်ကျင်းသည် ယောက္ခမဖြစ်သူအကြောင်းကို ပြောလိုက်တိုင်းတွင် အမှန်တကယ်ပင် သူမကြောင့် သေဆုံးသွားခဲ့ရသည့်အလား ခံစားနေရပေသည်။

“ကိုယ်တို့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြရအောင်ပါ။ အမြဲအတိတ်မှာပဲ ရစ်ဝဲမနေနဲ့၊ ရှေ့ကိုကြည့်။ မင်းရှေ့မှာ အလင်းရောင်ရှိနေပါတယ်”

ချန်ကျဲ့ တိုက်တွန်းပြောဆိုခဲ့သည်။

တောက်! တောက်!

ချန်ကျဲ့ သူ၏နောက်ကျောသို့ နွေး‌ထွေးသည့်အရည်အချို့ စီးကျလာသည်ကို ခံစားမိလိုက်သည်။ ချန်ကျဲ့ လှည့်ကြည့်လိုက်သောအခါ စူးယွင်ကျင်းသည် အသံတိတ်ငိုကြွေးနေပေသည်။ သူမ၏မျက်ရည်စက်လေးများသည် ပုလဲလုံးလေးများကဲ့သို့ တတောက်တောက် ကျဆင်းနေ၏။

တစ်စက်ပြီးတစ်စက် ချန်ကျဲ့၏ပခုံးထက်မှတစ်ဆင့် ရေချိုးကန်ထဲသို့ ကျဆင်းနေခဲ့သည်။

တောက်…

“မငိုပါနဲ့တော့ မင်းဘာလို့ငိုနေရတာလဲကွာ…”

စူးယွင်ကျင်း ငိုကြွေးနေသည်ကို မြင်‌နေသော်ငြား ချန်ကျဲ့သည် သူမကို အဘယ်သို့ နှစ်သိမ့်ရမည်အား မသိနေပေ။ ချန်ကျဲ့ စူးယွင်ကျင်း၏မျက်နှာလေးကို လက်ဖြင့် ထိတွေ့လိုက်ပြီး မျက်ရည်များကို သုတ်ပေးလိုက်သည်။

“မငိုနဲ့တော့၊ အခုအချိန်ကစပြီးတော့ မင်းမှာ ကိုယ်ရှိနေပြီလေ”

“မင်းမှာ ကိုယ်ရှိနေပါပြီ!”

…

ချန်ကျဲ့ စူးယွင်ကျင်းအား အခန်းသို့ ပြန်သွားစေခဲ့သည်။ ထို့နောက် ရေချိုးကန်ထဲတွင်ထိုင်၍ ဆေးရည်စိမ်သည်။ ဆေးရည်၏ပြင်းထန်သည့် အာနိသင်ကို ချန်ကျဲ့ ခံစားမိသည်။ အချိန်ခဏမျှ စိမ်ပြီးနောက်၌ပင် ချွေးများရွှဲနစ်လျက် အရေပြားများ လောင်ကျွမ်းသကဲ့သို့ ပူလောင်ခြင်းကို ခံစားရပေသည်။

ချန်ကျဲ့မှာ အပူချိန်အလွန်မြင့်မားသည့် ချွေးထုတ်ခန်းတွင် ရေချိုးနေသည့်အလား ခံစားနေရသည်။

ရှူသွင်းလိုက်သည့် လေတစ်ရှိုက်စီတိုင်းသည်လည်း လောင်ကျွမ်းနေသည်ဟု ခံစားနေရသည်။

ဒီ ဒီဆေးက အရမ်းပြင်းတာပဲ။

အဟွတ် အဟွတ် အဟွတ် အဟွတ်!

ချန်ကျဲ့ ယွမ်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ အသက်ရှူနှုန်းကို ထိန်းညှိသည်။ အသက်ရှူနှုန်း ပုံမှန်ပြန်ဖြစ်သွားသည်နှင့် ရင်ဘတ်အတွင်းမှ တင်းကျပ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ အရေပြားပူလောင်‌ခြင်းသည်လည်း အနည်းငယ်ပြေလျော့သွားခဲ့ရာ ချန်ကျဲ့ ခံနိုင်ရည်ရှိသွားခဲ့သည်။

သို့ဖြင့် ချန်ကျဲ့သည် ဆေးရေချိုးကန်ထဲတွင် ယန်ချွမ်ကျင့်စဉ်ဖြင့် အသက်ရှူသွင်း၊ ရှူထုတ်လျက် ဆက်လက်ထိုင်နေခဲ့သည်။ သူ၏အရေပြားမှာ သံမဏိကဲ့သို့ဖြစ်လာသည်ဟု ခံစားရပေသည်။

ချန်ကျဲ့၏ လက်ရှိအခြေအနေမှာ သံမဏိကို မီးပြင်းဖိုထဲသို့ ပစ်ထည့်၍ မီးဖြင့် အရည်ကျိုကာ ထို့နောက် အင်တိုက်အားတိုက် ထုရိုက်ခံရသည့်အလားပင်။ ပုံမှန်အားဖြင့် လူအများစုမှာ ဤအဆင့်တွင် လက်လျှော့သွားတတ်ကြသည်။ သမားတော်ပိုင်သည် ဤဆေး‌အား ၁၀ရက်ကြာ စိမ်ရမည်ဟု ပြောခဲ့၏။

များသောအားဖြင့် ဆေးရည်စိမ်သူသည် ဤအဆင့်တွင် ရပ်တန့်လိုက်သင့်သည် ဖြစ်ပေသည်။

သို့သော် မထင်မှတ်စွာဖြင့် ချန်ကျဲ့၌ ယန်ချွမ်ကျင့်စဉ်ရှိနေခဲ့သည်။ သူ၏အရေပြားကို အရည်ကျို၍ ထုရိုက်ခံနေရသည့်အချိန်တွင် ယန်ချွမ်ကျင့်စဉ်သည် သံမဏိကိုလောင်ကျွမ်းနေသည့် မီးကို ငြိမ်းသတ်လိုက်သည့်အလား တိုးဝင်သက်ရောက်လာခဲ့သည်။

ချန်ကျဲ့သည် ခန္ဓာကိုယ်ကို ရေအေးတစ်ပုံးလောင်းချလိုက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ပြန်လည်ကျဆင်းစေခဲ့သည်။

သို့ဖြင့် အပူချိန်မြင့်မားမှုကို ဆက်လက်၍ ခံနိုင်ရည်ရှိစေခဲ့သည်။

'မီးကိုငြိမ်းသတ်'ရန် ယန်ချွန်ကျင့်စဉ်ကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့သည် ဆေးရည်ထဲတွင် ဆက်လက် စိမ်နေနိုင်ခဲ့သည်။ ဤနည်းဖြင့် သံမဏိအရည်ပျော်ခြင်း၊ ထုရိုက်ခံရခြင်းနှင့် မီးငြိမ်းသတ်ခြင်းတို့ကို တစ်ဖန်ပြန်လည်၍ တွေ့ကြုံခံစားရပေသည်။

အကယ်၍ ဆေးအာနိသင်ကို ခံနိုင်ရည်မရှိပါက ၁၅မိနစ်သာ စိမ်၍ ချက်ချင်းရပ်ပါဟု သမားတော်ပိုင်မှ ချန်ကျဲ့ကို မှာထားခဲ့သည်။ ခံနိုင်ရည်ရှိလျှင် နာရီဝက်ခန့် စိမ်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ပြောခဲ့သည်။ သို့ဖြစ်ပါက ဆေးအာနိသင် ပို၍ကောင်းမွန်နိုင်သောကြောင့်ဖြစ်၏။ သို့သော် ချန်ကျဲ့သည် ရေချိုးကန်ထဲတွင် အိပ်ပျော်သွားခဲ့သည်။

ချန်ကျဲ့ သတိမထားမိလိုက်ဘဲ ညသန်းခေါင်အချိန်သို့ ရောက်သွားခဲ့ပေသည်။

ချန်ကျဲ့သည် စနစ်၏အချက်ပေးသံကြောင့် နိုးသွားခဲ့သည်။

[ဒီနေ့အတွက် နောက်ဆုံးရသတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့် ၁)]

[၁၊ သင်ဒီနေ့ သမားတော်ပိုင်ဆီကနေ ဆေးညွှန်းရရှိခဲ့ခြင်းမှ ရရှိတဲ့သတင်းအချက်အလက်ဖြစ်ပါတယ်။ သမားတော်ပိုင်ရဲ့ဆေးညွှန်းက အနည်းငယ် မပြည့်စုံဖြစ်နေခဲ့တဲ့ ရှေးဟောင်းဆေးနည်းတွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အများကြီးညှိနှိုင်းဖော်စပ်ထားပေမဲ့ ဆေး‌အာနိသင်က အကောင်းဆုံးအဆင့်ကို မရောက်သေးပါဘူး။ ဆေးအာနိသင်ကို တိုးမြှင့်ဖို့အတွက် မရင့်မှည့်တဲ့ဂျုံကြမ်း လက်နှစ်ဆုပ်ပေါင်းထည့်လိုက်ပါ]

[၂၊ သင်ဒီနေ့ ယွီမိသားစုရဲ့ အိမ်အစေခံတစ်ဉီးနဲ့ တွေ့ခဲ့တာကြောင့် ရခဲ့တဲ့သတင်းအချက်အလက်ဖြစ်ပါတယ်။ ယွီပင်းက မျက်လုံးနီရွှေကြက်ကို ခိုးယူတဲ့လူရဲ့ ပုံပန်းသွင်ပြင်ကို သိပြီးတဲ့နောက်မှာ ရွှေကြက်ကိစ္စကို ဆက်လိုက်ဖို့ ဆန္ဒမရှိတော့ပါဘူး]

[၃၊ သင်ဒီနေ့ မာလျို့ရဲ့ငွေစကို အသုံးပြုခဲ့တာကြောင့် ရရှိတဲ့သတင်းအ‌ချက်အလက်ဖြစ်ပါတယ်။ မာလျို့ရဲ့အလောင်းကို ရှာတွေ့ပြီးလို့ ယွီစန်းလျို့‌ဆီကို ပို့လိုက်ပါပြီ။ ယွီစန်းလျို့က တရားခံအစစ်ကို ဖမ်းဆီးပြီး မာလျို့အတွက် လက်တုံ့ပြန်ပေးဖို့ ကတိပြုခဲ့ပါတယ်။ သံသယရှိသူစာရင်းထဲမှာ သင်ပါဝင်နေပါတယ်]

[၄၊ သင်ဒီနေ့ သိုင်းသမားတစ်ဦးကို ဆုံတွေ့ခဲ့ခြင်းမှ ရရှိခဲ့တဲ့သတင်းအချက်အလက်ဖြစ်ပါတယ်။ ဟွမ်ကျိုးစီရင်စု၊ တင်းပြည်နယ်မှာ သားရဲတစ်ကောင်လိုအင်အားမျိုးနဲ့ သူရဲကောင်းတစ်ဦး မွေးဖွားခဲ့ပါတယ်။ အဲဒီလူက သိုင်းပညာသင်ကြားပြီးနောက်မှာ အစိုးရရဲ့ဖိနှိပ်မှုကို မခံနိုင်တာကြောင့် ရှန်းကျောက်ဂိုဏ်းထဲကို ဝင်ခဲ့ပြီး အရာရှိအမှုထမ်းတွေကို ပုန်ကန်ခဲ့ပါတယ်။ သိုင်းလောကသားတွေက သူ့ကို နီမန့်ဇစ်လို့ ခေါ်ကြပါတယ်]

[၅၊ သင်ဒီနေ့ အိမ်ပြန်လမ်းမှာ ချန်စန်းလျို့နဲ့ လုစန်းတို့ကို တွေ့ခဲ့ခြင်းမှ ရရှိခဲ့တဲ့ သတင်းအချက်အလက်ဖြစ်ပါတယ်။ မကြာခင်မှာ ငါးဖမ်းကုန်သည်အဖွဲ့က အလုပ်သမားအသစ်ခန့်တော့မှာပါ။ လုစန်းက ချန်စန်းလျို့ဆီက ငွေသုံးတုံးနဲ့ ပြောင်းဆန်ပေါင်၅၀ကို လက်ခံယူပြီး ချန်ရှုံးကို ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလုပ်သမားအဖြစ် အလုပ်သွင်းပေးမယ်လို့ ကတိပေးထားပါတယ်။ ချန်ရှုံးက သူ့မှာအင်အားရှိလာတာနဲ့ သင့်ကို ဘယ်တော့မှ ကောင်းကောင်းမနေစေရဘူးလို့ ကျိန်ဆိုခဲ့ပါတယ်]

ချန်ကျဲ့ ရေချိုးကန်ထဲမှ နိုးလာခဲ့သည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဘေးရှိ ဂျုံတစ်အိတ်ကို မြင်လိုက်ရ၏။ သူဒီနေ့ ဂျုံတစ်အိတ် ဝယ်ယူလာခဲ့ပြီး ၎င်းမှာ မရင့်မှည့်သည့် ဂျုံကြမ်းဖြစ်ပေသည်။ ချန်ကျဲ့ ဂျုံလက်နှစ်ဆုပ်ယူထည့်လိုက်ပြီး ရေချိုးကန်ထဲတွင် နောက်ထပ်နာရီဝက် စိမ်ခဲ့သည်။

သူ၏အရေပြားများ တင်းရင်းသွားကာ ခန္ဓာကိုယ်အတွင်း၌ အနွေးဓာတ်စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားမိလေရာ အလွန်သက်သောင့်သက်သာရှိလှပေသည်။ ချန်ကျဲ့သည် လေမှုတ်မီးစာကိုယူလိုက်ပြီး အဖုံးဖွင့်၍ လေမှုတ်လိုက်သည်။

ဟူး ဟူး~

လေမှုတ်မီးစာ မီး‌တောက်သွားသောအခါ ဆီမီးအိမ်ကို မီးထွန်းလိုက်သည်။ ချန်ကျဲ့ ရေချိုးကန်မှ ထရပ်လိုက်သည်။ ၁၀ရက်ကြာ စိမ်ရမည့်ဆေး၏ အာနိသင်အားလုံးကို ချန်ကျဲ့ အလုံးစုံ စုပ်ယူပြီးသွားခဲ့လေပြီ။ သူ၏အင်အားသည်လည်း အမြောက်အများတိုးတက်သွားခဲ့ပြီး ခန္ဓာကိုယ်သည်လည်း လန်းဆန်းသွားပေသည်။ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော နှစ်သက်ဖွယ်ကောင်းသည့် ဖျတ်လတ်သွက်လက်မှုကိုလည်း ခံစားမိနေခဲ့သည်။

ရေချိုးကန်ထဲမှ ထွက်လာပြီးနောက် ရေသုတ်၍ အဝတ်ပြန်ဝတ်သည်။ ထို့နောက် တံခါးကိုတွန်းဖွင့်လိုက်သည်။

အပူချိန်ကို အကျိုးအမြတ်ယူ၍ ဘိုးဘေးကြီးလက်သီးသိုင်းကို စတင်လေ့ကျင့်‌တော့သည်။

All Chapters