ဝူလေးအား အလင်းပေးခြင်း
Vol. 008 Ch. 703
“ကျွန်မတို့လည်း အသည်းကွဲတောင်ကြားကိုသွားခဲ့သေးတယ်၊ ကျွန်မတို့တောင်ကြားရဲ့ အထူးဆေး တွေနဲ့တောင် တောင်ကြားအနက်ပိုင်းအထိ မဝင်နိုင်ဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။
“အသည်းကွဲတောင်ကြားက အဆိပ်အတားအဆီးရှိတဲ့ နယ်မြေသုံးခုထဲက တစ်ခုပဲ၊ အဲဒါကြောင့် အဲထဲ က အဆပ်ငွေ့တွေက ထူးခြားတယ်” အဒေါ်၃ ပြောလိုက်သည် “ဒါပေမဲ့ အဲလိုနေရာမှာနေတဲ့ ပိုးကောင်ဝိုင်း တွေက အဆင့်မြင့်မှာပဲ”
“တကယ်လား” ရှီမာယူယူ မျက်လုံးများအရောင်တောက်သွားသည်။ “သမီးတို့သာ နည်းလမ်းရှာပြီးသွား မယ်ဆိုရင် ပိုးကောင်ဝိုင်းတွေတွေ့ပြီး ပိုးကောင်တွေရဲ့ ပိုးမျှင်တွေရနိုင်တယ်၊ အဲအချိန်ကျရင် ငါတို့အားလုံး ဝိဉာဉ်အထည်တွေဝတ်ရင်တော့ ဟန်ရှိတော့မယ်”
“ဟီးဟီး ယူယူ ငါ နှစ်စုံလိုချင်တယ်” ဖက်တီးကျူသည် အရင်ဆုံးပြောလာသည်။
“တော်ပြီလား ၂စုံနဲ့လောက်ပြီလား” ရှီမာယူယူ စနောက်လေသည် “အဲအချိန်ကျရင် ငါတို့ဝိဉာဉ် ပိုးကောင် တွေမွေးပြီး လိုချင်သလောက်ရအောင်လုပ်ရမယ်”
“တကယ်တော့ဖြစ်နိုင်တယ် ဝိဉာဉ်အထည်တွေကိုလည်း ပန်းထိုးလို့ရတယ်” အဒေါ်၃ ပြောလိုက်သည် “သူတို့ကိုသာမွေးနိုင်ရင် နောက်ကို လုပ်ငန်းတစ်ခုဖြစ်လာမှာပဲ”
“အဒေါ်၃က ဒီအပိုင်းကိုနားလည်တယ်၊ နောက်ကို ရှီမန်မိသားစုရဲ့ ဝိဉာဉ်အထည်လုပ်ငန်းကို တာဝန်ယူ ရမယ်” ရှီမာယူယူ ပြောလိုက်သည် “မိသားစုထဲက တခြားပန်းထိုးတဲ့လူတွေလည်း ဒီကိစ္စကြီးကနေ လွတ်လား မသိဘူး၊ အဒေါ်၃ သူတို့သာအသက်ရှိသေးလို့ ပြန်လာချင်တယ်ဆိုရင် သူတို့ဘေးကင်းမှုကို ကာကွယ်ပေးမယ်၊ သူတို့သာ သူတို့ဘဝနဲ့ သူတို့ဖြစ်နေရင်တော့ သူတို့ကို မနှောင့်ယှက်တော့ဘူး”
“ကောင်းပြီ” အဒေါ်၃ ပြန်ဖြေလေသည် “မိသားစုလိုက် ဒီကိစ္စကြီးဖြစ်သွားတော့ သူတို့အားလုံးကို မမှီ လိုက်ဘူး၊ တော်တော်များများလွတ်သွားကြတယ်၊ သူတို့ထွက်မသွားခင်ကို နောက်ကိုနေမယ့်နေရာကိုပြောလို့ ပြောထားခဲ့တယ်၊ နောက်တော့ သွားရှာကြတာပေါ့”
“သွေးစီးကြောင်းက သမီးတို့ပျော်ရွှင်နေတဲ့ဘဝကိုဖျက်ဆီးပစ်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလူ တွေ ပြန်လာချင်ချင် မပြန်လာချင်ချင် သူတို့ကိုဖိအားမပေးဘူး၊ ပြီးတော့ သူတို့က သမီးတို့နောက်ကလိုက်ပြီး အခက်အခဲရင်ဆိုင်ဖို့ တာဝန်မှမရှိတာ”
“အင်း သူတို့တကယ်ပဲ တာဝန်မရှိဘူးလေ” အဒေါ်၃သည် အတည်ပြုလေသည်။ “ဝူလေး ဆရာတို့ ဘယ်သွားမယ်ဆိုတာ သမီးလည်းကြားတာပဲ အဲဒီမှာ အန္တရာယ်များတယ်၊ သမီးထွက်သွားချင်တယ်ဆိုရင် ဆရာ သမီးဘဝအတွက်စီစဉ်ပေးမယ်”
ဝူလေးသည် လန့်သွားသည်။ သူမသည် ဆရာ၏ လက်ကိုကိုင်ကာ တောင်းဆိုလေသည် “ဆရာ ဝူလေး ကို မစွန့်ပစ်လိုက်ပါနဲ့ ဝူလေး ကောင်းကောင်းနေပြီး ပြဿနာမဖြစ်စေရပါဘူး”
သူတို့ကြောင့်နဲ့ ဆရာက သူမကိုမလိုချင်တော့ဘူးလား။ ထိုအကြောင်းအားတွေးမိသောအခါ မျက်ရည် များကျလာသည်။
“ဝူလေး ဆရာက ဝူလေးကို မလိုချင်တာမဟုတ်ဘူး၊ ဒါပေမဲ့ ဆရာလုပ်ရမယ့်ကိစ္စတွေကအန္တရာယ်များ လိမ့်မယ်၊ ဆရာက ဝူလေးကိုအန္တရာယ်မဖြစ်စေချင်ဘူး၊ ဝူလေး ဘေးကင်းကင်းနဲ့နေသွားဖို့ကိုဆရာမျှော်လင့် တယ်” အဒေါ်၃သည် နှစ်သိမ့်ပြီး သူမလက်အားပုတ်လေသည်။
ဝူလေးသည် ခေါင်းရမ်းပြီး မျက်ရည်များသည် ရပ်မသွားပေ။ “ဆရာ ဝူလေးက နှစ်၂၀လောက်နေခဲ့ပါ ပြီ၊ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဆရာနဲ့အတူရှိခဲ့တာ၊ ဆရာဘယ်သွားသွား ဝူလေးရှိနေမှာပဲ၊ ဝူလေး အန္တရာယ် တွေကို မကြောက်ဘူး၊ ဝူလေးကိုထွက်မသွားခိုင်းပါနဲ့နော်”
အဒေါ်၃သည် တွေဝေသွားသည်။ သူမသည်လည်း ဝူလေးကို သွားခိုင်းဖို့ တွန့်ဆုတ်နေသည်။ ထို့အပြင် သူမကို ခေါ်နေလာသည်မှာ နှစ်တချို့ကြာနေပြီဖြစ်သည်။ သို့သော် အခုလုပ်ရမည့် ကိစ္စများမှာ အလွန်အန္တရာယ် များသဖြင့် သူမကိုထွက်သွားခိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အဒေါ်၃ တွေဝေနေသည်ကို ဝူလေးတွေ့သောအခါ ရှီမာယူယူဘက်လှည့်ကာ “ယူယူ ဆရာ့ကိုကူပြော ပေးပါ၊ ဝူလေးကို ထွက်မသွားခိုင်းပါနဲ့၊ ဝူလေးနေသရွေ့တော့ ဝူလေးကိုကြိုက်တာခိုင်းပါ၊ ဘာပဲဖြစ်ဖြစ် ဆရာ့ နောက်ကို ဝူလေးလိုက်ချင်တယ်”
ဝူလေး၏ မျက်လုံးထဲမှ အကြောက်တရားကိုရှီမာယူယူ မြင်လိုက်သည်။ သူမသည် အဒေါ်၃ အားပြော လိုက်သည် “အဒေါ်၃ ဝူလေးက ထွက်မသွားချင်မှတော့ သူမကိုနေခိုင်းလိုက်ပါ၊ သမီးတို့ သူမကိုကာကွယ်နိုင်ပါ တယ်”
“ဒါပေမဲ့….”
“ငါတို့ အစပိုင်းလုပ်ရမယ့် လှုပ်ရှားမှုတွေက လျှို့ဝှက်လုပ်ရမှာ၊ သမီးလည်း ဘေးကင်းတဲ့နေရာ စီစဉ်ရ မယ်၊ သတင်းမပြန့်ရင်တော့ ဘာမှမဖြစ်ဘူး၊ နောက်ကိုသတင်းပေါက်သွားလို့ကတော့ ဝူလေးထိခိုက်အောင်လုပ် ဖို့လွယ်သွားလိမ့်မယ်”
ရှီမာယူယူ ပြုံးလိုက်သည် “အဒေါ်၃.. ဦးလေး၃နဲ့ ရှီမန်မိသားစုကျဆုံးတုန်းက အဒေါ်၃ အသက် အန္တရာယ်မရှိခဲ့ဘူး၊ သူမကိုခေါ်ခဲ့တယ်ဆိုပေမယ့် သူမကလည်း အဒေါ်၃ရဲ့ ဘဝကိုဖြည့်ပေးတာပဲလေ၊ သူမကို ထွက်သွားခိုင်းမယ်ဆိုရင် အဒေါ်လည်းခံနိုင်မှာမဟုတ်ဘူး အဒေါ်၃ အဒေါ်က ဝူလေးအတွက် အရမ်းအရေးကြီး တယ်၊ ပြီးတော့ ဝူလေးကလည်း အဒေါ်၃အတွက် အရေးကြီးတယ်မလား သူမကိုနေခိုင်းလိုက်ပါ”
“အင်း” ဝူလေးသည် မျက်ရည်များဖြင့် ခေါင်းညိမ့်ကာ အဒေါ်၃အားကြည့်လေသည်။
အဒေါ်၃သည် တွေဝေပြီးနောက် ဖြေလေသည် “ကောင်းပြီ လိုက်ခဲ့ပါ၊ ဝူလေး ဆရာ့နောက်ကိုလိုက်လို့ ရတယ် တစ်ယောက်တည်းတော့ လှုပ်ရှားလို့မရဘူး”
“ဟုတ်ကဲ့ မလုပ်ပါဘူး ကတိပေးပါတယ်” ဝူလေးသည် မျက်ရည်များဖြင့် ပြုံးလေသည်။
အဒေါ်၃သည် လက်ကိုင်ပုဝါထုတ်ပြီး သူမမျက်ရည်များကိုသုတ်ပေးလေသည် “အသက်က ဘယ်လောက်ရှိနေပြီလဲ ကလေးကိုငိုတုန်းပဲ၊ လူတွေအများကြီးကြည့်နေတာ အရယ်ခံရတော့မယ်”
ဝူလေးသည် လက်ကိုင်ပုဝါယူကာ ရှက်ရွံ့သဖြင့် မျက်နှာကိုကာထားလိုက်သည်။
“အဒေါ်၃ ဝူလေးက အဒေါ့်ရဲ့ တပည့်ဆိုတော့ ကျွန်တော်တို့ရဲ့ ညီမလေးပါပဲ၊ ကျွန်တော်တို့အဖွဲ့မှာ မိန်းကလေးနည်းတယ်၊ သူမကို အလိုလိုက်ထားမှာကို ဘယ်လိုလုပ်သူမကိုရယ်ရမှာလဲ” ဖက်တီးကျူသည် ပြုံး ပြီးပြောလေသည်။
“ဟုတ်တယ် ဒီမှာယူယူ ဘေဂုံနဲ့ ရှောင်ချီပဲ မိန်းကလေးရှိတာ တခြားသူတွေက ယောက်ျားလေးတွေ အခု ဝူလေးပါရှိနေပြီဆိုတော့ သေချာပေါက် အကုန်လုံးက ညီမလေးတစ်ယောက်လိုဆက်ဆံကြမှာပါ” ရှီမာယူလီ ပြောလေသည်။
“ငါလည်း ညီမလေးတစ်ယောက်ရတာကောင်းတယ်လို့ထင်တယ်” ရှီမန်ဖန် ပြောလိုက်သည်။
အစ်မနှင့် ညီမဆိုသည်မှာ အတူတူပင်။
အားလုံးသည် ဝူလေး၏ အတွေးကို ပြီးခဲ့သည့်နှစ်ရက်ကပင်သိပြီးကြလေပြီ။ သူတို့သည် ပြီးခဲ့သည့်နှစ် များတွင် လူများစွာတွေ့ခဲ့သည်။ ဝူလေးသည် သူတို့ကို ခေတ္တမျှ ပွင့်လင်းမှုမရှိသော်လည်း သူမ၏ အကျင့်မှာ မဆိုးလှပေ။ ပိုပြီးတောင် သန့်စင်နေကာ သူမသည် မျက်နှာတွင် စိတ်ခံစားချက်များကိုမဖော်ပြသော်လည်း အားလုံးကမြင်နိုင်သည်။
ထိုမျှလောက် သန့်စင်သောမိန်းကလေးသည် မြင်လိုက်သည်နှင့် အားလုံးကနှစ်သက်နိုင်သည်။
သူတို့ထိုသို့ပြောသည်များကို ဝူလေးကြားသောအခါ ဆရာ့စကားများမှန်သည်ဟု ခံစားမိသည်။ သူတို့ သည် ဆရာကိုလုယူသွားခြင်းမဟုတ်ပေ။ သူတို့နှင့်နေလျှင် သူတို့သည် ကာကွယ်ပေးဦးမည်။
သူမ၏ အတွေးမှားများကိုစဉ်းစားမိသောအခါ အနည်းငယ်ပင်ရှက်ရွံ့မိသည်။ သူမသည် သူတို့သဝန် မတိုသင့်ပေ။
အဒေါ်၃သည် ရှီမာယူယူတို့အား ပြုံးပြီးကြည့်နေသည်ကို သူမ တွေ့လိုက်သောအခါ မသက်မသာ မဖြစ် တော့ပေ။
အဒေါ်၃သည် သူမတပည့်ကို နားလည်သည်။ သူမ မျက်လုံးမှ အကြည့်များကိုကြည့်ပြီး သူမ ပွင့်လင်း လာသည်ကို သိသည်။ သူမ နောက်ဆုံးတွင် စိတ်အေးသွားသည်။
သူမနှင့်အတူ ဝူလေးကိုနေခိုင်းသော်လည်း သူမသာ အမှန်မမြင်နိုင်ပါက သူမကို မနေခိုင်းရဲပေ။ သူမ သာ အားလုံးကိုစိတ်ရင်းအမှန်နှင့် မဆက်ဆံပါက နောက်ကို နားလည်မှုများလွဲလာနိုင်သည်။ ထိုသည်မှာ သူမ အတွက်ရော အားလုံးအတွက်ပါမကောင်းပေ။
အားလုံးကောင်းသွားသည်…..
၅ရက် ၆ရက်အကြာတွင် သူတို့သည် အမှောင်တောသို့ဝင်ကြသည်။ ငှက်လေးသည် သူတို့ကို ဝိဉာဉ် ပိုးကောင်များနယ်မြေသို့ခေါ်သွားသည်။
အဒေါ်၃သည် သူမ ပိုးမျှင်မစုဆောင်းရသည်မှာ အတော်ကြာပြီဖြစ်သဖြင့် ပိုလာသင့်သည်ဟု တွေး သည်။ သို့သော် သူမ တရင်းတနှီးရှိသော နေရာအားရောက်သော်လည်း ဝိဉာဉ်ပိုးကောင် တစ်ကောင်မှမတွေ့ ပေ။
“ဆရာ ဝိဉာဉ်ပိုးကောင်တွေပျောက်နေတယ်” ဝူလေးသည် အဒေါ်၃နှင့်လိုက်ကာ ဒီကို၂ခေါက်ရောက်ဖူး သည်။ အရင်ကဆိုလျှင် ဝိဉာဉ်ပိုးကောင်များသည် နေရာအနှံ့ရှိသည်။ သူတို့ထုတ်သော ပိုးမျှင်များမှာ အလယ် တွင် စုပုံနေတတ်သည်။ သို့သော် လက်ရှိတွင် ဝိဉာဉ်ပိုးကောင်အရပ်အမြွက်ပင်မရှိပေ။
“အရင်လာတဲ့လူတွေကများ ယူသွားသလား” ရှီမာယူရန် မေးလိုက်သည်။
“ဒီနေရာကို ဖျက်ဆီးထားတဲ့ လက္ခဏာမရှိဘူး၊ မဖြစ်နိုင်ဘူး၊ သူတို့ကိုအရင် ဆက်သွယ်ကြည့်မယ်”
ထို့နောက်တွင် သူမသည် ဝီစီအသေးတစ်ခုထုတ်ကာ နှစ်ကြိမ်မှုတ်လေသည်။
***