← Chapters

ချင်းလင်အပန်းဖြေစံအိမ်ကိုအားလုံးသွားချင်!

Vol. 51 Ch. 751

ချင်းလင်အပန်းဖြေစံအိမ်ကိုအားလုံးသွားချင်!

Vol. 51 Ch. 751

တော်ဝင်ပညာရှင်ဟောင်တို့သုံးဦးပို့သောဓာတ်ပုံများကြောင့် တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်များအံ့ဩပြီး ဇဝေဇဝါနှင့်ဝိုင်းစူးစမ်းကြသည်။

ထိုတော်ဝင်ပညာရှင်များအားလုံးအသက်အရွယ်ရပြီဖြစ်၍ သူတို့ဆံပင်က တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းလို ကျိုးတိုးကျဲတဲသာရှိသည်။

ဝန်ကြီးလုလိုဆံစပ်မြင့်သူတောင် ခေါင်းပေါ်တွင်ဆံစပ်ကတဖြည်းဖြည်းကျကျလာသည်။

ဒီအတွက်စိတ်ထဲမထား၊အာရုံစိုက်စရာမလိုပေမဲ့ လူတိုင်းက ကြည့်ကောင်းရှုကောင်းဖြစ်ချင်ကြတာပဲမလား?

အထူးသဖြင့် တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းကဆံပင်အုံကောင်းလာပြီး တော်ဝင်ပညာရှင်ဟောင်တောင် ဆံပင်ပေါက်လာကာကတုံးဆံတောက်ကေထားနိုင်သောကြောင့် အကြောင်းရင်းကိုသိချင်ကြသည်။

ဖြစ်နိုင်ရင် ငယ်ပုံပေါက်အောင် အဝတ်ထူထူထဲထဲဝတ်ရလည်းကိစ္စမရှိ။

"တော်ဝင်ပညာရှင်ဟောင်... ခင်ဗျားဆံပင်က?''

တော်ဝင်ပညာရှင်တစ်ဦးက မနေနိုင်ဘဲအဖွဲ့ထဲမေးလိုက်သည်။

"တော်ဝင်ပညာရှင်ကျန်း... မနာလိုတာလား?''

တော်ဝင်ပညာရှင်ဟောင်က မေးခွန်းထုတ်သောတော်ဝင်ပညာရှင်ကိုစလိုက်သည်။

အကြောင်းမှာ တော်ဝင်ပညာရှင်ကျန်းက အရင်ကသူ့ထက်ပိုပြီးကန္တာရဆန်သောကြောင့်ပင်။ အားလုံးကန္တာရဖြစ်ပြီး မြက်ပင်တစ်ပင်မှမရှိပေ။

တော်ဝင်ပညာရှင်ကျန်းကပြောစရာစကားမရှိ၍ ဘဲဥပုံတသီကြီးပို့လိုက်သည်။

အဓိပ္ပါယ်မရှိတာ?

မနာလိုရင် ဒီမေးခွန်းမေးပါ့မလား?

တစ်ဖက်က ငတုံးမဟုတ်။ တမင်သက်သက် အရှိုက်ထိအောင်လုပ်တာ၊ အရှိုက်ထိုးတာ။



ဘာပဲဖြစ်ဖြစ် အမြင်ကတ်စရာ။

"သူဌေးချင်က ဆံပင်ပေါက်ဆေးတွေ့ထားတာလား?''

ဝန်ကြီးလုက စာပို့မေးသည်။

သူတစ်ခုခုခန့်မှန်းမိပုံရသည်။

ဒါက တစ်ခုတည်းသောအကြောင်းရင်း။

မဟုတ်ရင် တော်ဝင်ပညာရှင်ဟောင်တို့က အကြောင်းအရင်းမရှိ ဆံပင်ပေါက်လာမှာမဟုတ်။

နောက်ပြီး သူဌေးချင်ဆီကဆိုရင် သူဌေးချင်တွေ့ထားတဲ့တရုတ်တိုင်းရင်းဆေးနည်းလား၊ ပါမောက္ခလီခိုင်ဖန်တီးထားတဲ့သီးနှံမျိုးစိတ်အသစ်လား၊ နှစ်ခုလုံးဖြစ်နိုင်သည်။

"ဝန်ကြီးလုပြောတာမှန်တယ်... သူဌေးချင်မှာ ဆံပင်ပြန်ပေါက်နိုင်တဲ့အထူးဆေးမှုန့်ရှိတယ်''

ဝန်ကြီးလုမေးမှ တော်ဝင်ပညာရှင်ဟောင်ကအတည်ဖြေလိုက်သည်။ မည်သို့ဆိုစေ သူတို့သုတေသနရံပုံငွေကိုထောက်ခံပေးမည့်ခေါင်းဆောင်က ဝန်ကြီးလုပင်။

ဝန်ကြီးလုက တော်ဝင်ပညာရှင်ဟောင်၏စာကိုမြင်ပြီး_ "ဟုတ်နေတာပဲ'' ဟုတွေးမိသည်။

သို့ရာတွင် အဖွဲ့ထဲချက်ချင်း လှုပ်ခတ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်ကဘယ်သူမှန်း၊ တော်ဝင်ပညာရှင်ဟောင်တို့က ချင်းလင်အပန်းဖြေစံအိမ်မှာသာအားဖြည့်နေမှန်း တော်ဝင်ပညာရှင်အားလုံးသိကြသည်။

"ဝန်ကြီးလု... နောက်တစ်ခေါက်ကျရင် ကျုပ်ကိုချင်းလင်အပန်းဖြေစံအိမ်သွားဖို့စီစဉ်ပေးပါ''

"ကျုပ်လည်း ချင်းလင်အပန်းဖြေစံအိမ်သွားမယ်... နောက်တစ်သုတ်မှာလိုက်မယ်''

"ဝန်ကြီးလု... ကျုပ် စိမ်းစိုတောင်တန်းမှာအားမဖြည့်တော့ဘူး... ချင်းလင်အပန်းဖြေစံအိမ်သွားဖို့စီစဉ်ပေးပါ''

တော်ဝင်ပညာရှင်ကျန်း@ဝန်ကြီးလု။

မျက်ရည်ဝိုင်းနေသောအီမိုဂျီနှင့်ပို့လိုက်သည်။

"အိုး.. အိုး''

ဝန်ကြီးလုက တော်ဝင်ပညာရှင်ကျန်း၏အီမိုဂျီကိုမြင်ပြီး ပြောစရာစကားမရှိတော့။

ဒီစီနီယာကြီး ဘယ်အရွယ်ရောက်နေပြီလဲ? ဒီလိုအီမိုဂျီပို့ရတယ်လို့?



ထို့နောက် အဖွဲ့ထဲပွက်လောရိုက်နေသဖြင့် သူခေါင်းကိုက်သွားသည်။

ဒီတော်ဝင်ပညာရှင်တွေအားလုံးက ချင်းလင်အပန်းဖြေစံအိမ်သွားချင်တာ။ သူဘယ်လိုစီစဉ်ပေးရပါ့?

……

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ရင်း မပြုံးဘဲမနေနိုင်တော့။

(ဂုဏ်ယူပါတယ်... သဘာဝအူလုံလက်ဖက်ခြောက်ကတ်တီ ၃၀ ရပါတယ်!)

…

(ဂုဏ်ယူပါတယ်... မဟော်ဂနီ ၃ ကတ်တီရပါတယ်!)

…

(ဂုဏ်ယူပါတယ်... ချူကီနှင်းဆီ ၃ ကတ်တီရပါတယ်!)

တကယ်ကံကောင်းတဲ့နေ့။ ချင်လင့်နေ့ပဲ။

မနက်စောစောစီးစီး သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်သွားစေရာ တစ်ခါတည်းတောင်တန်းထွက်ကုန်အသစ်သုံးမျိုးတွေ့သည်။



အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်တစ်ဘူးနှင့် ချင်းလင်ဆေးဖက်ဝင်ဝိုင်ကတ်တီ ၁၀၀ လုပ်နိုင်သည်။

ဂိမ်းထဲတွင် ချင်လင်က ချူကီနှင်းဆီနှင့်ပျဉ်းမကိုဝိုင်စိမ်လိုက်သည်။ ထို့နောက် နေရာတစ်ခုရှာပြီး အူလုံလက်ဖက်ခြောက်ကတ်တီ ၁၀၀ ကိုအပြင်ထုတ်ကာ တောင်တန်းစံအိမ်တွင် လက်ဖက်ခြောက်လှော်သည်။ နောက်ထပ်အရည်အသွေး ၂ အူလုံလက်ဖက်ခြောက်ကတ်တီ ၂၀ ရလိုက်သည်။

အားလုံးလုပ်ပြီးနောက် ချင်လင်ကဖုန်းထုတ်ကာ အွန်လိုင်းသတင်းဖတ်လိုက်သည်။

နှစ်သစ်မတိုင်ခင်က သန့်စင်မြက်မှာအလွန်နာမည်ကြီးနေပြီး နှစ်သစ်ကူးအပြီးတွင် ဗီဒီယိုများရှိနေဆဲပင်။

နွေဦးပွဲတော်ပြီးလျှင် ခရီးသည်များက ဒီရက်များတွင်ခရီးသွားဖို့ရွေးချယ်ကြသည်။ ရုံချန်းထပ်ရောက်လာသောခရီးသည်များက ဗီဒီယိုရိုက်တင်ကြသည်။

ဗီဒီယိုများထပ်တင်သောကြောင့် ရုံချန်း၏အရည်အသွေး ၁ သန့်စင်မြက်ဖြစ်စေ၊ ချင်းလင်စံအိမ်မှအရည်အသွေး ၂ သန့်စင်မြက်ဖြစ်စေ၊ နာမည်ကြီးမြဲကြီးဆဲပင်။

ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် ရုတ်တရက်အံ့ဩစရာသတင်းတစ်ပုဒ်တွေ့လိုက်ရသည်:

iPhone 13 ကိုလောလောလတ်လတ်ရောင်းချနေသော်လည်း တရုတ်ပြည်တွင် အညံ့စား iPhone ဝယ်နိုင်မည်မဟုတ်!

ချင်လင်က ဗီဒီယိုကိုစူးစမ်းလိုက်သည်။

Apple ကိုပြည်တွင်းကုမ္ပဏီတစ်ခုတရားစွဲတာခံရသည်။ Apple မှပန်းသီးပုပ်အရောင်းကိုရပ်ဆိုင်းရန်တောင်းဆိုရုံသာမက ယွမ် ၁၀ ဘီလီယံလျော်ကြေးပေးရန်လည်းတောင်းဆိုခဲ့သည်။

ထိုပြည်တွင်းကုမ္ပဏီက Xiao AI robot ထုတ်သောကုမ္ပဏီဖြစ်သည်။ ပန်းသီးပုပ်က Xiao AI ၏မူပိုင်ခွင့်ကိုဖောက်ဖျက်ခဲ့သောကြောင့်ပင်။

ထိုအမှု ၁၀ နှစ်ကြာသွားသော်လည်း ထို ၁၀ နှစ်အတွင်း နိုင်ငံတကာအကြောင်းပြချက်များကြောင့် တရားရုံးကတိတိကျကျအမိန့်မချနိုင်။

အခု ၁၀ နှစ်ကြာပြီး မသမာမှုနည်းသွားပုံရသည်။

အခုပြည်တွင်းပြစ်ဒဏ်က Xiao AI Robot ကိုလုံးဝမျက်နှာသာပေးထားသည်။ နောက်ဆုံးပြစ်ဒဏ်ချရင် ပန်းသီးပုပ်ဒုက္ခရောက်လိမ့်မည်။ တားမြစ်ခံရရုံသာမက ငွေလည်းဆုံးရှုံးရလိမ့်မည်။

နောက်ပြီး ၁၀ ဘီလီယံက လွန်ခဲ့သော ၁၀ နှစ်ကတန်ဖိုးဖြစ်သည်။ လက်ရှိတန်ဖိုးက ၁၀ ဆဖြစ်မည်။

"ကြည့်ကောင်းမယ့်ပွဲ''

ချင်လင်ကသတင်းဖတ်ပြီး မနေနိုင်ဘဲမှတ်ချက်ဝင်ရေးလိုက်သည်။

ပန်းသီးပုပ်က ကိုယ့်နိုင်ငံမြေပုံကိုထိပါးစော်ကားတဲ့အချက်နဲ့တင် သူတို့ဒီလိုလုပ်တာကောင်းသည်ပြောရမည်။

ချင်လင်ကဖုန်းချမည်အပြုတွင် ဝန်ကြီးလုဖုန်းခေါ်လာသည်။

သူကချက်ချင်းဖုန်းကိုင်ပြီး မေးလိုက်သည်_

"ဝန်ကြီးလု... ဘာများညွှန်ကြားစရာရှိလဲ?''



All Chapters