← Chapters

ပြည်သူ့ညီလာခံကိုယ်စားလှယ်! ဂျင်ဆင်းစိုက်နိုင်ပြီ! ၂

Vol. 51 Ch. 755

ပြည်သူ့ညီလာခံကိုယ်စားလှယ်! ဂျင်ဆင်းစိုက်နိုင်ပြီ! ၂

Vol. 51 Ch. 755

ကျောက်မိုချင်းလည်းပြုံးပြုံးရွှင်ရွှင်နှင့် ချင်လင်ကိုစာရွက်တစ်ရွက်ပေးလိုက်သည်။

ချင်လင်ကယူကြည့်လိုက်ရာ အံ့ဩဝမ်းသာဖြစ်သွားပြီး_

"တကယ်?''

ကျောက်မိုချင်းကိုယ်ဝန်ရှိနေပြီ။

ဘာလဲ?

ဒါပေမဲ့ အချိန်တွက်ကြည့်တော့ အိမ်ဟောင်းမှာတုန်းကအကာအကွယ်မယူခဲ့။ အဲဒီအချိန်ကဖြစ်ခဲ့ရင် ထူးခြားမှုရှိနိုင်သည်။

ဒီတော့ ပစ်မလွဲတိုက်စစ်လား?

ကျောက်မိုချင်းကရှက်ရှက်နှင့်_

"ဒီလမပေါ်လို့ အမေကဆေးရုံသွားစစ်ခိုင်းတာ''

ဒီတစ်ကြိမ် ချင်လင်စိတ်မထိန်းနိုင်ဘဲရှေ့တိုးကာကျောက်မိုချင်းကိုဖက်ပြီး လူကြားထဲနမ်းပစ်လိုက်သည်။

"မိုချင်းလည်းကိုယ်ဝန်နဲ့? နောက်ဆို သူဌေးချင်ရဲ့ကလေးနဲ့ တို့ကလေးတွေအဖော်ရပြီ''

လင်းလျိုကအတွေ့အကြုံရှိသူဖြစ်၍ ချက်ချင်းတအံတဩပြောသည်။

လီရှင်းကသူ့မိန်းမစကားနားထောင်ပြီး ချင်လင်ကိုစလိုက်သည်_

"ချင်လင်... ငါ့သမီးကိုကြည့်ပါဦး... အရမ်းချစ်စရာကောင်းတာ... ကြီးလာရင် အရမ်းချောမှာ... မိုချင်းယောက်ျားလေးမွေးရင် ငယ်ငယ်လေးတည်းက စေ့စပ်ပေးထားရအောင် ဟုတ်လား?''

"လီရှင်း... မင်းသမီးက ငါ့သမီးလောက်လှလို့လား?''

ချန်ရှန်းဖေကလှမ်းအော်သည်_

"စေ့စပ်မယ်ဆိုရင်တောင် ငါ့သမီးနဲ့ဖြစ်ရမှာ''

"ငါ့မိန်းမကအချောဆုံးဆိုတော့ ငါ့သမီးကအကောင်းဆုံးပဲ''

မာလဲ့ဝမ်ကမကြည်သလိုနှင့်_

"ဒီတော့ ငါ့သမီးအလှဆုံး... ချင်လင်.. စေ့စပ်ဖို့လုပ်ရအောင်''

"အင်း!''

သူတို့သုံးယောက်နောက်နေမှန်း ချင်လင်သိသော်လည်း တစ်ခုခုမှားနေသလိုခံစားရသည်။

ပြောတော့ သမီးတွေကသူငယ်ချင်းတွေဖြစ်လာမှာဆို? ရုတ်တရက်ကြီးဘာလို့လက်သီးလက်မောင်းတွေတန်းနေတာလဲ?



"ကြည့်ရအောင်''

လင်းဖန်က တကယ်စိတ်ပါသွားပုံရသည်။ ကျောက်မိုချင်းကိုလင်းလျိုနားခေါ်သွားပြီး ကလေးသွားကြည့်ကာ ချီးကျူးလိုက်သည်_

"ဒီကလေးသုံးယောက်ကချောလိုက်တာ... ကြီးလာရင် သူတို့အမေလိုလှမှာပဲ''

ကျောက်မိုချင်းကိုယ်ဝန်ရသည့်ကိစ္စက ဝမ်းသာစရာပင်။ ချင်လင်လည်း နည်းနည်းစိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် သူအဖေဖြစ်တော့မည်။ ဒါပထမဆုံးအကြိမ်။

မင်္ဂလာကိစ္စကိုအောင်ပွဲခံရမည်ဖြစ်၍ ညနေပိုင်းတွင်ဂိမ်းထဲဝင်ပြီး ပါဝင်ပစ္စည်းများပြင်ဆင်လိုက်သည်။ ညစာကိုအရသာရှိရှိ သူကိုယ်တိုင်ချက်ပြုတ်သည်။

အရည်အသွေး ၃ ငါး၊ အရည်အသွေး ၃ တော်ဝင်ဆေးစွပ်ပြုတ်၊ အရည်အသွေး ၃ ဘဲဥထမင်း​ကြော်၊ ဘာမှမချန်။

ချန်ရှန်းဖေတို့မိသားစုများအပြင် အစ်ကိုလီနှင့်ဒေါက်တာထန်ကိုလည်း ချင်လင်ကဖိတ်သည်။

ထန်ရှိုးဝမ်လည်း လင်းလျိုတို့ထက်နောက်ကျပြီး ကိုယ်ဝန်ဆောင်ထားသည်။ သူမဗိုက်ကအတော်ကြီးနေပြီး အချိန်မရွေးမီးဖွားနိုင်သည်။

ကျောက်မိုချင်းကိုယ်ဝန်ရမှန်းသိ၍ လီခိုင်ကချင်လင်ကိုစသည်_

"ညီလေးချင်... ရှိုးဝမ်ကိုယ်ဝန်ကမိန်းကလေး... မိုချင်းကယောက်ျားလေးဆိုရင် စေ့စပ်ထားမလား?''

ထိုစကားကြောင့် ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့အားလုံးကကြည့်လိုက်ကြသည်။

သူတို့အကြည့်ကြောင့် လီခိုင်နည်းနည်းစိတ်ရှုပ်သွားသည်။

ဘာလို့ကြည့်နေကြတာလဲ? စတာလေ?

"ကျွတ်.. ကျွတ်''

ချင်လင်ဘယ်လိုပြန်ဖြေရမှန်းမသိ။

အားလုံးကသမီးတွေ၊ ပြီးတော့ သူ့သားကိုစဉ်းစားနေကြတာ?

လူဆန်ကြသေးရဲ့လား?

သူ့သားက သန္ဓေတောင်မတည်ရသေးဘူးမလား!

နောက်တစ်နေ့_



ချင်လင်ကပစ္စည်းပို့ပြီး အပန်းဖြေစံအိမ်ရောက်လာသည်။ ကျောက်မိုချင်းကိုယောက္ခမအိမ်ခေါ်သွားပြီး ကျောက်မိုချင်းကိုယ်ဝန်ရှိကြောင်းပြောပြသည်။

ထိုသတင်းကြောင့် သူ့ယောက္ခမအတော်ဝမ်းသာသွားသည်။ ကျောက်မိုချင်းကိုအိမ်မှာထားခဲ့ပြီး ချင်လင်တစ်ယောက်တည်း အပန်းဖြေစံအိမ်ပြန်လာသည်။

အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ထင်မထားသောဧည့်သည်တစ်ဦးကိုတွေ့လိုက်ရသည်။

တရုတ်တိုင်းရင်းဆေးမိသားစုမှလူကြီး လျိုစန်းဖုန်းပင်။

သူ့ဝိုင်သိုလှောင်ခန်းထဲတွင် ဖုန်းမိသားစုဆေးဖက်ဝင်ဝိုင် ၅ ပုလင်းရှိသည်။

လီရှင်းက ထိုလူနှင့်ဝိုင်အကြောင်းအားတက်သရောပြောနေသည်။

"သူဌေးချင်... အနှောက့်အယှက်ပေးမိပြန်ပြီ''

လျိုစန်းဖုန်းကချင်လင်ကိုမြင်ပြီး ချက်ချင်းယဉ်ယဉ်ကျေးကျေးပြောသည်_

"ဒီတစ်ခါ သူဌေးချင်ကိုမေးစရာရှိလို့''

"ဘာကိစ္စပါလိမ့် လူကြီးမင်းလျို?''

ချင်လင်က ဇဝေဇဝါနှင့်မေးသည်။

လျိုစန်းဖုန်းကရှင်းပြသည်_

"သူဌေးချင် သတင်းကြားပြီးဖြစ်မှာပါ... အထက်လူတွေက တရုတ်တိုင်းရင်းဆေးကိုအထောက်အပံ့ပေးဖို့စီစဉ်နေတယ်... တိတိကျကျစည်းမျဉ်းတွေလေ့လာပြီးပြီ... အချိန်တန်ရင် တရုတ်တိုင်းရင်းဆေးကျောင်းဖွင့်လိမ့်မယ်''

"အင်း''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒီအကြောင်းကြားပြီးရုံသာမက သေလည်းသေချာသည်။

ဘာပဲဖြစ်ဖြစ် ဝန်ကြီးလုနှင့်အထက်လူများက ဒီလိုအကြံပြုထားသည်။

နောက်ပြီး အားဖြည့်ဆေးနှင့်အူမကြီးကင်ဆာဆေးကြောင့် အထက်လူများကတရုတ်တိုင်းရင်းဆေးကိုပိုအာရုံစိုက်လာပြီး အထောက်အပံ့ပေးလာကြသည်။

"အတည်ပြုထားပြီးပြီ''

လျိုစန်းဖုန်းကပြောသည်။

"မင်စီရင်စုထဲက ချူမိသားစုသခင်ကြီး... တရုတ်သိပ္ပံအကယ်ဒမီရဲ့တရုတ်တိုင်းရင်းဆေးဌာနအတွက်ခေါ်ထားတာ''

"ဒီကိစ္စအတည်ပြုပြီးရင် နိုင်ငံထဲကတရုတ်တိုင်းရင်းဆေးမိသားစုတွေမပျောက်ပျက်ဖို့ အရွေ့တစ်ခုဖြစ်သွားမယ်... အဲဒီအချိန်ကျရင် တရုတ်တိုင်းရင်းဆေးမြှင့်တင်ရေးနဲ့အထောက်အပံ့က အဲဒီမျိုးဆက်သစ်မိသားစုတွေမရှိဘဲမဖြစ်နိုင်ဘူး''

"ဒါအင်အားနဲ့အကျိုးအမြတ်အများကြီးရှိတယ်... အဓိကက တောင်ပိုင်းနဲ့မြောက်ပိုင်းတရုတ်တိုင်းရင်းဆေးကြားမှာကွာခြားချက်အကြီးကြီးရှိနေတာပဲ... ရိုးရာဆေးနဲ့အပ်စိုက်ကြားမှာ တောက်လျှောက်အငြင်းအခုံဖြစ်တာ''

"အဲဒါကြောင့် အားလုံးက ခေတ်ရေစီးကိုလိုက်ချင်နေတယ်... ဒီတစ်ခါ မြောက်ပိုင်းကဝေ့မိသားစုက ဆေးဖက်ဝင်ဝိုင်အစည်းအဝေးလုပ်ဖို့တောင်းဆိုထားတယ်... တကယ်တော့ ဒါသံသယစိတ်နဲ့စမ်းသပ်မှုပဲ''

"ကျုပ်တို့လိုတရုတ်တိုင်းရင်းဆေးဆက်ခံတဲ့မိသားစုတွေက ဆေးမကုတော့ရင် ဆေးစွပ်ပြုတ်နဲ့ဆေးဖက်ဝင်ဝိုင်လုပ်ကြတယ်... ဝေ့မိသားစုဆက်ခံမှုက မရိုးရှင်းဘူး... ဝေ့မိသားစုအကြောင်း 'ထူးဆန်းတဲ့သမားတော်ရဲ့မိစ္ဆာသုံးကောင်ထိုးကွင်း'ဆိုတဲ့စာအုပ်ရှိတယ်... သူတို့ဆေးဖက်ဝင်ဝိုင်ကအရမ်းစွမ်းတာ... အဲဒါကြောင့် သူဌေးချင်ရဲ့ဆေးဖက်ဝင်ဝိုင်နဲ့ဝင်ပါစေချင်တယ်... မင်းရဲ့ဆေးဖက်ဝင်ဝိုင်က ဝေ့မိသားစုထက်လုံးဝပိုကောင်းမှာပါ''

"ကျွတ်.. ကျွတ်''

ချင်လင်စိတ်ထဲမှသက်ပြင်းချလိုက်သည်။ နားထောင်ရင်းနားထောင်ရင်း ဘာတွေဖြစ်နေလဲ သူနားလည်လာပြီ။



All Chapters