← Chapters

ပြည်သူ့ညီလာခံကိုယ်စားလှယ်! ဂျင်ဆင်းစိုက်နိုင်ပြီ! ၃

Vol. 51 Ch. 756

ပြည်သူ့ညီလာခံကိုယ်စားလှယ်! ဂျင်ဆင်းစိုက်နိုင်ပြီ! ၃

Vol. 51 Ch. 756

အတိုက်အခိုက်။

ပြည်သူများတွင်အတော်ဆိုးသော အားနည်းချက်ရှိသည်။ အတိုက်အခိုက်သဘောကျခြင်းပင်။ ရှေးကတည်းကမြစ်ဖျားခံလာသောပြဿနာဖြစ်ပြီး ရှေးခေတ်နိုင်ငံအတော်များများမှာ အတိုက်အခိုက်ကြောင့်ကျရှုံးခဲ့ရသည်။

အိမ်တွင်းကျူးကျော်ခံရရင်တောင် ပြည်ပကျူးကျော်သူများထက် ပြည်တွင်းရေးကိုအရင်ဖြေရှင်းရမည်ဟုကြွေးကြော်နေကြဆဲပင်။ ကျူးကျော်သူများကိုမတိုက်ခင် သွေးချင်းသားချင်းတိုက်ချင်ကြသည်။ နှစ်ဦးနှစ်ဖက်အထိနာသည်အထိတိုက်လျှင် တစ်ဖက်ကအနိုင်ယူဖို့ပိုလွယ်မှန်းသဘောမပေါက်ကြ။

ဤသည်က တရုတ်တိုင်းရင်းဆေးကျဆင်းရခြင်း၏နောက်ထပ်အကြောင်းအရင်းတစ်ခုဖြစ်မည်။

အထက်လူများကတရုတ်တိုင်းရင်းဆေးကိုအထောက်အပံ့ပေးသော်လည်း အနောက်တိုင်းဆေး၏ခြိမ်းခြောက်မှုကရှိနေဆဲပင်။ အတူတူကြိုးစားပမ်းစားတရုတ်တိုင်းရင်းဆေးကိုမြှင့်တင်ရမည့်အစား အချင်းချင်းတိုက်ခိုက်နေကြသည်။

တရုတ်တိုင်းရင်းဆေးကိုအထောက်အပံ့ပေးရင် အနောက်တိုင်းဆေးက ကြည့်ရုံသာကြည့်နေလိမ့်မည်။

တရုတ်တိုင်းရင်းဆေးကိုအစပြုလျှင် အနောက်တိုင်းဆေးဖိုးအကြောင်းတွေးပြီး ပြဿနာတက်အောင်လုပ်သူတွေသေချာပေါက်ရှိလာဦးမည်။

ထို့ကြောင့် ယဉ်ကျေးမှုတစ်ခုကျဆင်းလာခြင်းမှာ ပြင်ပအကြောင်းရင်းများအပြင် ကိုယ်တိုင်ကအဓိကဖြစ်နေတတ်သည်။

"လူကြီးမင်းလျိုမြင်တဲ့အတိုင်းပဲ... ကျွန်တော်ကချင်းလင်စံအိမ်မှာအလုပ်များနေတာ... ဒီဆေးဖက်ဝင်ဝိုင်အကဲဖြတ်အစည်းအဝေးကိုမတက်နိုင်လောက်ဘူး''

ချင်လင်က တရုတ်တိုင်းရင်းဆေးပညာရှင်မဟုတ်။ သူ့ဆေးဖက်ဝင်ဝိုင်ထုတ်ရန် ဂိမ်းထုတ်ကုန်ကိုအားကိုးနေရသည်။ တရုတ်တိုင်းရင်းဆေးအတွင်းပဋိပက္ခကို သူဝင်ပါဖို့စိတ်ကူးမရှိ။

လျိုစန်းဖုန်းကချက်ချင်းပြောသည်_

"သူဌေးချင်... ရပါတယ်... မြောက်ပိုင်းဝေ့မိသားစုက အကဲဖြတ်အစည်းအဝေးလုပ်ဖို့အဆိုပြုထားတယ်... ကျုပ်တို့နေရာရွေးလို့ရတယ်... အကဲဖြတ်အစည်းအဝေးကို ရုံချန်းမှာလုပ်လို့ဖြစ်တယ်''

သူ့စကားနားထောင်ပြီး ချင်လင်ကသက်ပြင်းချရုံသာ။ လျိုစန်းဖုန်းကိုသေချာလိုက်ပို့လိုက်သော်လည်း ဒီကိစ္စဂရုစိုက်ဖို့အချိန်မရှိပေ။ သူ့စိတ်ထဲမှဖန်သားပြင်ကလှုပ်လာသောကြောင့်ပင်။

(ဂိမ်းဇာတ်ကောင်အဆင့်တက်သွားပါပြီ!)



ရုတ်တရက် စနစ်အသိပေးသံထွက်လာသည်။

အရင်က အပင်စိုက်ပြီးပစ္စည်းများထုတ်လုပ်မှသာ သူ့ဂိမ်းဇာတ်ကောင်အဆင့်တက်သည်။

အခုလူပုလေးများလုပ်နေသဖြင့် မတူတော့။ အဆင့်တက်ဖို့လိုအပ်ချက်များပြည့်စုံသည်နှင့် ရုတ်တရက်အဆင့်တက်သွားသည်။

ချင်လင်က သူ့ရုံးခန်းထဲပြန်လာပြီး ထိုင်ချလိုက်သည်။ အရင်ဆုံး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်၏။ သူ့ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီး မြေပိုဖွံ့ဖြိုးလာသော်လည်း အဆင့်တက်စရာမြေမရှိတော့။ လယ်ကွက်နှင့်မြေကွက်အဆင့်တက်ရန် အချက်ပေးခြင်းလည်းမရှိ။

မြင့်တင်နိုင်သောအရာက ဆေးဥယျာဉ်သာ!

ဆေးဥယျာဉ်ကိုနောက်တစ်ဆင့်မြှင့်တင်နိုင်ပြီး အဆင့် ၃ ဖြစ်သွားမည်။

ချင်လင်ကချက်ချင်း ဆေးဥယျာဉ်အသွင်ပြောင်းမည်ကိုနှိပ်ပြီး အဆင့် ၃ မြှင့်တင်လိုက်သည်။ သီးနှံအသစ်များစိုက်ရန်မြေကွက်ကိုမြှင့်တင်နိုင်သလို ဆေးပင်အသစ်များစိုက်ရန် ဆေးဥယျာဉ်ကိုလည်းမြှင့်တင်နိုင်သည်။

တစ်ခုခုထူးခြားမှုရှိလိမ့်မည်။

(ဆေးဥယျာဉ်အသွင်ပြောင်းနေပါသည်။)

(ဆေးဥယျာဉ်အသွင်ပြောင်းပြီးပါပြီ!)

ဆေးဥယျာဉ်အဆင့်မြင့်ပြီးနောက် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား မျိုးစေ့ဆိုင်သွားစေသည်။ ထင်တဲ့အတိုင်း အဆင့် ၃ ဆေးဥယျာဉ်တွင်သာစိုက်ပျိုးနိုင်သော ဆေးပင်များထပ်ပေါ်လာသည်။



ပြီးတော့ ဆေးဖက်ဝင်မျိုးစေ့အတော်များများက စျေးမသက်သာ။ အဆင့်မြင့်ဆေးဖက်ဝင်အပင်များဖြစ်မည်။ အဆင့် ၃ ဆေးဥယျာဉ်တွင်ပေါ်လာသောနောက်ဆုံးမျိုးစေ့ကိုမြင်သောအခါ ချင်လင်မျက်လုံးကျယ်သွားသည်။

* နဲ့နောက်ထပ်မျိုးစေ့။

(မျက်စိကြည်ဂျင်ဆင်းမျိုးစေ့: အရည်အသွေး ၂)

(အထူးဂျင်ဆင်းမျိုးဖြစ်သည်။ စိုက်ပျိုးပြီးလျှင် အလွန်ထူးခြားသောအာနိသင်ရမည်။ စနစ်မျိုးဖြစ်၍ အပင်ဖြစ်ချိန်တိုတောင်းသည်!)

ဂျင်ဆင်းမျိုးစေ့ အရည်အသွေး ၂ တဲ့။

အထူးသဖြင့် စနစ်မျိုးဖြစ်ပြီး အပင်​ဖြစ်အလွန်မြန်ခြင်းပင်။

ဂျင်ဆင်းကအမြန်မဖြစ်တာ အားလုံးအသိ။

ဂိမ်းထဲရောက်သောအခါ ဂျင်ဆင်းမျိုးစေ့ကိုဂိမ်းထဲစိုက်နိုင်မစိုက်နိုင်ကြည့်ရမည်။ သို့ရာတွင် ဂိမ်းနည်းစနစ်ကြောင့် မြေကွက်များတွင်ဂျင်ဆင်းမျိုးစေ့လုံးဝမစိုက်နိုင်။

အခု ဂျင်ဆင်းကိုတန်းစိုက်နိုင်မလား?

အရင်က ဂျင်ဆင်းဖြူအကြောင်းတော့ကြားဖူးသည်။

အမြင်ကြည်လင်စေတဲ့ဂျင်ဆင်းဖြူကဘာလဲ?

သူမကြားဖူး။

ပြီးတော့ အမြင်ကောင်းစေသောဂျင်ဆင်းဖြူ၏အာနိသင်ကို စိုက်ကြည့်ပြီးမှသာသိရမည်။

"အမြင်''ဆိုသောစကားလုံးအရ ဂျင်ဆင်းဖြူအာနိသင်က မျက်စိနှင့်ဆက်စပ်နေလိမ့်မည်။ အဝေးမှုန်ကဲ့သို့ရောဂါများကိုကုနိုင်ဖို့များသည်။

ဒီလိုအာနိသင်မျိုးဆိုရင် အမြင်ကောင်းစေသောဂျင်ဆင်းဖြူနှင့်ရေပူစမ်းက ပြီးပြည့်စုံလိုက်ဖက်သွားပြီ။

မော်ဒန်ခေတ်တွင် အမြင်ပြဿနာများကလည်း ဆံပင်ပြဿနာလိုဆိုးရွားလာသည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား အမြင်ကောင်းစေသောဂျင်ဆင်းမျိုးစေ့ဝယ်စေလိုက်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်ပြီး အဆင့် ၃ ဆေးဥယျာဉ်တွင်မျိုးစေ့ချစေသည်။



All Chapters