← Chapters

ခက်ခဲစွာမွေးဖွားမှု

Vol. 008 Ch. 704

ခက်ခဲစွာမွေးဖွားမှု

Vol. 008 Ch. 704

အဒေါ်၃သည် ဝီစီကို ၃ကြိမ်မှုတ်သည်။ အားလုံးသည် ၂မိနစ်ကြာအောင် စောင့်ကြသည်။ သို့သော် ဘာမှဖြစ်မလာပေ။

“ဆရာ ဝီစီက အသုံးမဝင်တာမဟုတ်ဘူးလား” ဝူလေး မေးလိုက်သည်။

“ဖြစ်ရမှာပါ” အဒေါ်၃သည် စမ်းသပ်ပြောလေသည် “အဲတုန်းက သူတို့နဲ့ သဘောတူပြီးသား၊ တစ်ခုခု ဖြစ်ရင် ဒါကပဲ အချက်ပြပေးမှာ၊ အရင်က ၂ခါလောက်စမ်းပြီးပြီ ၂ခါလုံးဖြစ်တယ်”

“ဒါပေမဲ့ ဒီလောက်အကြာကြီးမှုတ်ပြီးနေပြီ၊ ဘာမှဖြစ်မလာဘူး၊ ပိုးကောင်တွေဒီမှာများမရှိတော့လို့လား” ဘေဂုံထန် ပြောလိုက်သည်။

“သေချာတော့မပြောနိုင်ဘူး၊ သူတို့နဲ့ အဆင်ပြေလာတာ ၁၀နှစ်ကျော်နေပြီ၊ သူတို့ဘာမှမဖြစ်ဖို့ မျှော်လင့် ပါတယ်၊ ထပ်ပြီးလုပ်ကြည့်မယ်” အဒေါ်၃သည် စိုးရိမ်စွာပြောလေသည်။

ပြောပြီးနောက်တွင် ဝီစီထပ်မှုတ်ပြသည်။

“ဘာမှမဖြစ်လာဘူး” ရှီမာယူယူသည် အေးချမ်းနေသော ကန်ကိုကြည့်ပြီးပြောလေသည်။

သူမပြောလုကိသည်နှင့် ကန်ထဲမှ ခေါင်းလေးတစ်ခုထွက်လာကာ သူတို့အား သတိနှင့်ကြည့်ရာ အဒေါ်၃ အားမြင်သည်နှင့် ရေထဲမှထွက်လာသည်။

“အဒေါ်၃ရောက်လာပြီ” ခန္ဓာကိုယ်လေးသည် ရေထဲမှထွက်လာရာ ပိုးကောင်လုံးလေးဖြစ်နေသည်။ ဝိဉာဉ်ပိုးကောင်သည် ချက်ချင်းပင်ပြေးလာသည်။

“ဖက်တီး ရေထဲမှာဘာလုပ်နေတာလဲ၊ တခြားသူတွေရော” အဒေါ်ဒူသည် သူ့အားဖက်ရင်းမေးလေ သည်။

“အဒေါ်၃ အဒေါ်၃”

“အဒေါ်၃ ဒီမှာ”

“အဒေါ်၃ ရောက်လာပြီ”

ဝိဉာဉ်ပိုးကောင်များသည် ရေထဲမှထွက်လာရာ ကန်သည် ချက်ချင်းပင် ပိုးကောင်များနှင့် ပြည့်သွားလေ သည်။

“ရှင်းလေး အဖြူလေး ရေထဲဘာလို့ရောက်နေကြတာလဲ” အဒေါ်၃ မေးလိုက်သည်။

“အဒေါ်၃ တောထဲကိုလူတွေအများကြီးရောက်လာတယ်၊ ငါတို့ ဝန်းကျင်ကသူတွေတောင် ဖမ်းမိပြီး အသတ်ခံလိုက်ရပြီ၊ ဘုရင်မကြီးက ရေထဲဝင်ပြီး ပုန်းခိုင်းထားတာ၊ အချိန်မှီပုန်းလိုက်နိုင်လို့တော်သေးတယ်၊ လူတွေအများကြီးရောက်လာတာ လန့်လို့သေတော့မယ်” ဖက်တီးလေးသည် အဒေါ်၃၏ လက်ထဲတွင် နှစ်ပတ် လောက်ပတ်ကာပြောလေသည်။

“မင်းတို့ဘုရင်မရောဘယ်မှာလဲ” ရှီမာယူယူမေးလိုက်သည်။

“ဘုရင်မကြီးက ရေထဲမှာပဲရှိသေးတယ်၊ သူမက ကလေးမွေးနေတယ်” ဖက်တီးလေးပြောလေသည် “ဝိဉာဉ်ကလေးက မွေးလာတာနဲ့ အရမ်းအားကောင်းမယ်လို့ ဘုရင်မကြီးကပြောတယ်”

“ပိုးကောင်တွေက ရေထဲမှာမွေးတာလား” ဖက်တီးကျူသည် ရှုပ်သွားကာ ရှီမာယူယူအားမေးလေသည်။

“ဒီနေရာက ဘယ်နေရာလဲ” ရှီမာယူယူက သူ့ကိုကြည့်လိုက်သည်။

“အင်း… အမှောင်တောလေ”

“အမှောင်တောက ဘယ်မှာလဲ”

“ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာ”

“ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာဆိုရင် ဝိဉာဉ်ပိုးကောင်တွေရေထဲမှာနေပြီး ရေထဲမှာမွေးဖွားတာ ထူးဆန်းလား၊ ဒီအကြောင်းကိုပြောဖို့ အကြောင်းပြချက်ရှိသေးလား”

“ဟုတ်တယ်” ဖက်တီးကျူသည် ခေါင်းကိုပွတ်လေသည် “ပိုးကောင်ဝိုင်းတွေတောင် အဆိပ်နယ်မြေမှာ နေနိုင်တာ၊ ဝိဉာဉ်ပိုးကောင်တွေ ရေထဲမှာနေနိုင်တာ မထူးဆန်းဘူးလေ”

“မဖြစ်ဘူး မဖြစ်ဘူး” လူပုံသဏ္ဍာန်ငယ်လေးတစ်ခု ရေထဲမှထွက်လာပြီး ကျယ်လောက်စွာ အော်လေ သည်။

“ဘာဖြစ်လို့လဲ”

“ဘုရင်မကြီး ဘုရင်မကြီးမမွေးနိုင်ဘူး၊ သူမ အားနည်းလာပြီး ထက်မတောင့်ခံနိုင်တော့ဘူး” လူသားပုံစံ သေးသေးလေးသည် စိုးရိမ်စွာအော်လေသည်။

“ဘာ” ရေထဲမှပိုးကောင်များနှင့် မြေပေါ်မှ လူသားများသည် အော်လိုက်ကြသည်။ ဝိဉာဉ်ပိုးကောင်များ သည် ချက်ချင်းပင် အားလုံးအောက်သို့ဆင်းသွားရန်အလုပ်တွင် အတားခံလိုက်ရလေသည်။

“ဒီလောက်အများကြီးသွားကြည့်ရင် ဘုရင်မကြီးက လက်ခံနိုင်မှာမဟုတ်ဘူး” မုတ်ဆိတ်နှင့်လူသားပုံစံ သေးသေးလေးသည် ရေထဲမှထွက်လာလေသည်။ သူသည် အားလုံးကိုတားလိုက်ခြင်းဖြစ်သည်။

“အဘိုးစွန်း ဘယ်လိုလဲ”

“အရမ်းဆိုးနေတယ်” အဖြူရောင်မုတ်ဆိတ်နှင့်အဘိုးကြီးသည် အင်္ကျိလက်ကိုဝေ့ပြသည်နှင့် ဝိဉာဉ် ပိုးကောင်များသည် ရေထဲမှထွက်လာကာ မြေပေါ်သို့ စိုးရိမ်းစွာဆင်းသက်လိုက်ကြသည်။

“အဘိုးစွန်း ဆုလီ သူမ…” အဒေါ်၃သည် အလွန်စိုးရိမ်လျက်ရှိသည် “သူမဘယ်လိုနေလဲ ကြည့်လို့ရ မလား”

“ဘုရင်မကြီးက ရေထဲကရွေ့လို့မရဘူး၊ ပြီးတော့ မင်းလည်း အကြာကြီးဝင်လို့ရတာမဟုတ်ဘူး၊ ဝင်သွား လည်း အကူအညီမဖြစ်လောက်ဘူး” အဘိုးကြီးစွန်းသည် လှည့်ပြီး တခြားပိုးကောင်များကိုညွှန်ကြားလေသည် “တောထဲမြန်မြန်ဝင်၊ သူမ ဝိဉာဉ်စွမ်းအင်အားတိုးစေမယ့်ဟာ မဟုတ်ရင် အသက်ကိုဆွဲဆန့်လို့ရမယ့်ဟာ တစ်ခု ခုရှာခဲ့ မြန်မြန်”

အဒေါ်၃ အလွန်စိတ်ပူသေနည်ကို ရှီမာယူယူမြင်သောအခါ ပြောလိုက်သည် “အဒေါ်၃ သမီးက အဂ္ဂိရတ် ပညာရှင်ပါ ပြီးတော့ ရေထဲမှာအကြာကြီးလည်းနေနိုင်တယ် သမီးသွားကြည့်ပေးလို့ရတယ်”

အဘိုးစွန်းနှင့် တခြားပိုးကောင်များသည် အဒေါ်၃လက်ကိုကိုင်ထားသော ရှီမာယူယူအား ကြည့်ပြီး ပြောလိုက်သည် “ဟုတ်တယ် မင်းကအဂ္ဂိရတ်ပညာရှင်ဆိုတော့ အကြံရှိမှာပဲ အဘိုးကြီးစွန်း သူ့ကိုဆုလီကိုကြည့် ခိုင်းလိုက်ပါ”

“ဒီလူကိုလား” အဘိုးကြီးစွန်းသည် ရှီမာယူယူအား သံသယဖြင့် ကြည့်လေသည်။

“သူက ကျွန်မတူပါ၊ သူ့ကိုကြည့်ခိုင်းမယ်ဆိုရင် ဆုလီကိုကယ်နိုင်မှာပါ” အဒေါ်၃ ပြောလေသည် “အဘိုး စွန်း တခြားအကြံလည်းမရှိဘူးမလား”

“ရှောင်ချီလည်းသွားချင်တယ်” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုကိုင်ကာ သူမသည်လည်း လိုက်လို ကြောင်းပြောလေသည်။

အဘိုးစွန်းသည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိမ့်လေသည် “ငါ့နောက်လိုက်ခဲ့”

အဘိုးစွန်းသည် ရေသို့ပြန်သွားရာ ရှီမာယူယူသည် ရှောင်ချီအားခေါ်ပြီးသူ့နောက်လိုက်လေသည်။ တစ်ယောက်မှာ ရေတွင်းနေနိုင်သောဆေးစားထားကာ နောက်တစ်ယောက်သည် အမည်မသိ သတ္တဝါဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ရေအတွင်း ဘာသက်ရောက်မှုမှမဖြစ်ပေ။

ရှီမာယူယူသည် အဘိုးစွန်းနောက်သို့ အချိန်အတော်ကြာ လိုက်ရလေသည်။ အစပိုင်းတွင် တောထဲမှ ရေကန်ငယ်ဟုထင်ထားသော်လည်း အောက်တွင် လုံးဝကိုကွဲပြားသော ကမ္ဘာရှိနေသည်။ အလွန်ထူးဆန်းသည်။

အဘိုးစွန်းသည် သူတို့ကိုကန်အောက်ခြေသို့ခေါ်သွားကာ ရေအောက်ကြမ်းပြင်သို့ဆင်းသက်လိုက် သည်။ ကြီးမားသော ပိုးကောင်သည် ဖောင်းကားသော ဗိုက်ဖြင့်ရှိနေလေသည်။ မွေးဖွားရန်ခက်ခဲနေသဖြင့် သူမ တစ်ကိုယ်လုံး အားနည်းနေကာ ကန်တွင်ပေါ်ရုံမျှပေါ်နိုင်သည်။

“အဘိုးစွန်း တစ်ခုခုများရလာလား” ခြေထောက်တစ်ချောင်းရှည်သော မိန်းကလေးကမေးလိုက်သည်။

“မရသေးဘူး၊ မိန်းကလေး ဒီကောင်လေးက အဒေါ်၃ရဲ့ တူပဲ၊ သူက အဂ္ဂိရတ်ပညာရှင်လို့ပြောတယ် ဘုရင်မကြီးကိုကြည့်ဖို့လာတာ” အဘိုးစွန်းပြောလိုက်သည်။

အဒေါ်၃၏ တူဖြစ်သည်ဟု ကြားသည်နှင့် အားလုံးသည် ဘာမှမပြောတော့ပဲ ဘေးသို့ဖယ်ပြီး လမ်းလုပ် ပေးရာ ရှီမာယူယူသည် ဆုလီနားကပ်သွားပြီးကြည့်လေသည်။

ရှီမာယူယူ ရေကူူးသွားပြီး လက်ဆန့်ကာ ဗိုက်ကိုထိကြည့်လေသည်။ ဆုလီသည် တစ်စုံတစ်ရာခံစားမိ သည်နှင့်တူသည်.. မျက်လုံးဖွင့်လာသည်။

“ဘုရင်မကြီး ကျွန်တော်က စမ်းသပ်ပေးတာပါ” ရှီမာယူယူသည် သူမဗိုက်ထဲသို့ ဝိဉာဉ်စွမ်းအင် အနည်း ငယ်ထည့်ပေးရာ ထိုဝိဉာဉ်စွမ်းအင်သည် သူမဗိုက်နားတွင်လည်နေပြီးနောက် ခန္ဓာကိုယ်အနားတွင်လည်နေလေ သည်။

“ဘယ်လိုလဲ အကြံရှိလား” အဘိုးစွန်းသည် စိုးရိမ်စွာ ပြောလိုက်သည်။

“အဘိုးတို့ ဝိဉာဉ်ပိုးကောင် လည်ပတ်ပုံအရဆိုရင် ဘုရင်မကြီးက မွေးဖွားဖို့အတွက် ဒီလိုဖြစ်တာ ဟုတ်ဘူးမလား ဘာလို့မွေးဖွားရတာခက်နေတာလဲ” ရှီမာယူယူမေးလိုက်သည်။

“သူမက လူသားတစ်ယောက်ကြောင့် ဒဏ်ရာရသွားတာ အဲဒါကြောင့် မွေးဖွားရခက်နေတာ” ဆုလီဘေး ရှိလူသေးသေးလေးသည် ပြန်ဖြေလေသည်။

“သူမကို ကယ်ဖို့နည်းလမ်းရှိလား မရှိဘူးလား”

“နည်းလမ်းရှိတယ် ဒါပေမဲ့ လက်ခံဖို့ခက်မှာစိုးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလဲ” အဘိုးစွန်းမေးလိုက်သည်။

“စာချုပ်”

“စာချုပ်ဟုတ်လား” ရှီမာယူယူ ပြောလိုက်သည့်စကားကိုကြားသောအခါ အားလုံး လန့်သွားသဖြင့် အော် လိုက်ကြလေသည်။

“မဖြစ်နိုင်ဘူး”

“မချုပ်နိုင်ဘူး လုံးဝပဲ”

ဝိဉာဉ်ပိုးကောင်အားလုံးသည် သူမ ရှင်းပြသည်ကိုကြားပြီးနောက် အော်ပြီးငြင်းဆန်ကြလေသည်။

သူမသည် သူတို့၏ ဘုရင်မဖြစ်သည်။ ဘယ်လိုလုပ် လူသားနဲ့စာချုပ်ချုပ်ပြီး စာချုပ်မိစ္ဆာအဖြစ်ခံမှာလဲ။

ရှီမာယူယူသည် မလောပဲ ဆုလီသည် အသက်လုနေရသည့် အခြေအနေကိုတွေ့သောအခါ ဆေးတစ်လုံးထုတ်ကာ ဆုလီကိုကျွေးလိုက်သည်။ ထိုအခါမှပင် သူမသည် လှည့်ပြီးနောက် အဘိုးစွန်းနှင့် တခြား သူများကိုပြောလေသည် “စဉ်းစားဖို့၁ရက်တောင် အချိန်မရှိတော့ဘူးနော်”

“၁ရက်ဟုတ်လား”

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူမ အသက်ဖိအားက အဆက်မပြတ်စီးထွက်နေပြီ၊ သူမ မွေးဖွားဖို့အတွက်မဟုတ်ပဲ ဒါကြောင့်ပဲ”

သူမသည် ကားထွက်နေသောဗိုက်ကိုညွှန်ပြရာ သူမစကားများသည် ပဟေဠိဖြစ်နေသည်။

***

All Chapters