← Chapters

မှန်ကုမ္ပဏီဒေဝါလီခံရမှာစိုး! ၃

Vol. 51 Ch. 759

မှန်ကုမ္ပဏီဒေဝါလီခံရမှာစိုး! ၃

Vol. 51 Ch. 759

အမျိုးသားကျန်းမာရေးကော်မတီ၏နောက်ဆုံးအချက်အလက်အရ လူပေါင်းသန်း ၆၀၀ ကျော်မှာအဝေးမှုန်နေပြီး ကမ္ဘာ့အဝေးမှုန်သူများတွင်ရာခိုင်နှုန်းအများဆုံးနိုင်ငံဖြစ်နေသည်။

ထိုအထဲတွင် မျိုးဆက်သစ်ကျောင်းသားများကပိုပြီးအဝေးမှုန်ဖြစ်ကြသည်။

အကြောင်းရင်းက ဖုန်းကြည့်များတာပဲပေါ့။

လွန်ခဲ့တဲ့ ၁၀ နှစ်က မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်ကျောင်းဘယ်လောက်များများမှာ ဖုန်းသုံးနိုင်ကြလို့လဲ? ရှိရင်တောင် ဘာမှသိပ်သုံးမရတဲ့ခေတ်ဟောင်းဖုန်းများသာရှိမည်။

ယနေ့ခေတ်တွင် မူလတန်းကျောင်းသူအတော်များများက ဆိုဖာ၊အိပ်ရာပေါ်လှဲပြီး ဖုန်းနှင့် Mobile Legends ဆက်တိုက်ဆော့နေလိမ့်မည်။

ထို့ကြောင့် မျိုးဆက်သစ်ကျောင်းသားများမှာ အဝေးမှုန်အဖြစ်များနေ၏။

လက်ရှိနည်းပညာအရ အဝေးမှုန်ကုသခြင်းကလည်းအကန့်အသတ်ရှိနေသည်။ အလွန်ဆုံး မှန်ဘီလူးအစားထိုးခြင်း၊ လေဆာစကင်န်ဖတ်ခြင်းလုပ်နိုင်သည်။

သို့ရာတွင် ကုန်ကျစရိတ်များခြင်း၊အန္တရာယ်များခြင်းကြောင့် အရွယ်မရောက်ခင်လုပ်ဖို့မဖြစ်နိုင်။

ထို့ကြောင့် အဝေးမှုန်ခြင်းမှာ ဆိုးရွားသောလူမှုရေးပြဿနာဖြစ်လာသည်။

ဒါပေမဲ့ ဒီမျက်စိကြည်ဂျင်ဆင်းဖြူရှိတယ်ဆိုရင်?

အဝေးမှုန်ပြဿနာကိုလုံးဝဖြေရှင်းပေးနိုင်လိမ့်မည်။

ဒီဂျင်ဆင်းစျေးကွက်က ရေပူစမ်းဆေးမှုန့်လို ကြောက်စရာကောင်းလိမ့်မည်။

နောက်ပြီး အဝေးမှုန်မရှိသူလည်း နေ့တိုင်းသုံးစွဲနိုင်မည်။ ဘာပဲဖြစ်ဖြစ် အဝေးမှုန်ခြင်းကိုကာကွယ်နိုင်သည်။



ရေပူစမ်းဆေးမှုန့်နှင့်မျက်စိကြည်ဂျင်ဆင်းအတွဲကို နိုင်ငံတိုင်းကဝယ်ချင်လိမ့်မည်။ မည်သို့ဆိုစေ ဆံပင်ပြဿနာနှင့်အဝေးမှုန်ခြင်းက နိုင်ငံရပ်ခြားမှာလည်းဆိုးရွားနေသည်။

ဒီပစ္စည်းနှစ်မျိုးက သန့်စင်မြက်လိုနည်းပညာမဟုတ်။ ပြည်ပတင်ပို့နိုင်သည်။ သို့သော် တန်ဖိုးက တရုတ်ပြည်မှာအဆပေါင်းများစွာစျေးပိုမည်။

ဘာပဲဖြစ်ဖြစ် သူစျေးကွက်ကိုထိန်းချုပ်ပြီး တန်ဖိုးသတ်မှတ်နိုင်သည်။ မကြိုက်ရင် မဝယ်လေနှင့်။

နိုင်ငံခြားကုမ္ပဏီတချို့ကနေ သူလေ့လာထားသည်။

ကုမ္ပဏီအခွဲအတွက်လည်း ဖြည်းဖြည်းချင်းပြင်ဆင်ထားရမည်။

တစ်ခုတည်းသောပြဿနာက ဒါကိုစိုက်ပျိုးပြီးမြှင့်တင်လိုက်ရင် မှန်ဘီလူးကုမ္ပဏီဘယ်လောက်များများဒေဝါလီခံလိုက်ရမလဲ?

အရင်ကသတင်းတစ်ပုဒ်တွေ့ဖူးသည်။ ပြည်တွင်းမှန်ဘီလူးကုမ္ပဏီ ၁၀ ခုမှာ ၆ ခုကနိုင်ငံခြားကတဲ့။ သူတို့ကိုသေတွင်းပို့လိုက်ရုံသာ။

တရုတ်ကုမ္ပဏီ ၄ ခုရှိသေးသည်။

ထိုကုမ္ပဏီ ၄ ခုတွင် ဝန်ထမ်းအများကြီးရှိသောကြောင့် အားလုံးကိုဝါးလုံးရှည်နဲ့သိမ်းကြုံးရိုက်လို့မဖြစ်သေး။ မိသားစုအတော်များများထိခိုက်နိုင်သည်။

အဲဒီအချိန်ကျရင် ကုမ္ပဏီ ၄ ခုနှင့်ညှိနှိုင်းပြီး သူ့ကုမ္ပဏီနှင့်တိုက်ရိုက်ပူးပေါင်းလုပ်ကိုင်နိုင်သည်။ သူ့ကိုယ်စားလှယ်များအဖြစ်လည်းထားနိုင်သည်။

​အခွင့်အရေးကိုငြင်းပယ်လည်း သူကကြော်ငြာဖို့လက်လျှော့မည်မဟုတ်။

ချင်လင်တွေးတောနေစဉ် သူ့နံဘေးစားပွဲပေါ်မှနည်းနည်းပိုကြီးပြီးအမြစ်ပိုရှည်သောဂျင်ဆင်းကို ရုတ်တရက်တွေ့လိုက်ရသည်။

ဒါအရည်အသွေးပိုမြင့်တဲ့ဟာလား?



အရည်အသွေး ၁ မှ အရည်အသွေး ၂ ရနိုင်ခြေရှိပြီး အရည်အသွေး ၂ မှလည်း အရည်အသွေး ၃ ရနိုင်ခြေရှိသည်။ သို့ရာတွင် အရည်အသွေး ၃ ရနိုင်ခြေက အလွန်နည်းသည်။

ဥပမာ အရည်အသွေး ၂ ဖရဲမျိုးစေ့မှ အရည်အသွေး ၃ ဖရဲမျိုးထွက်နိုင်သည်။

ချင်လင်ကဂျင်ဆင်းဖြူကိုကောက်ပြီး ချက်ချင်းမှတ်ချက်ကိုကြည့်လိုက်သည်:

(မျက်စိကြည်ဂျင်ဆင်း: အရည်အသွေး ၃)

(မျက်စိအတွက်အထူးအာနိသင်ရှိသောဂျင်ဆင်းဖြူမျိုးဖြစ်သည်။ အပိုင်းပိုင်းဖြတ်ပြီး အစိမ်းဝါးစားနိုင်သည်။ အဝေးမှုန်ကုသပေးခြင်း +၃!)

ထင်တဲ့အတိုင်း!

ချင်လင်က အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းဖြူကိုချပြီး အရည်အသွေး ၂ ကိုယူလိုက်သည်။ ထို့နောက် ဒီနေ့ပို့ရမည့်ပစ္စည်းများကို စံအိမ်စရွှေ့သည်။

အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ လင်းလန်ဇီကိုဖုန်းဆက်ပြီး အဝေးမှုန်သုံးယောက်ရှာခိုင်းသည်။ ချင်းလင်စံအိမ်မှာအဝေးမှုန်အများဆုံးဌာနဆိုရင် မာတီမီဒီယာဌာနပဲဖြစ်မည်။

ကွန်ပျူတာတည်းဖြတ်သူနှစ်ယောက်နှင့်ထုတ်လုပ်သူအမျိုးသမီးနှစ်ယောက်က အဝေးမှုန်ပုံရသည်ဟုသူတွေးမိသည်။

ဖုန်းပြောပြီး လင်းလန်ဇီနည်းနည်းကြောင်သွားသည်။ သူဌေးကဘာလို့အဝေးမှုန်ရှာခိုင်းမှန်းမသိသော်လည်း သူဌေးခိုင်းမှတော့ ချက်ချင်းလုပ်ရမည်။

ဖြစ်ချင်တော့ မာတီမီဒီယာဌာနမှာ အဝေးမှုန်ဝန်ထမ်းတွေများနေသည်။ သူမကမျက်မှန်အထူကြီးတပ်ထားသောဝန်ထမ်းသုံးဦးကိုလှမ်းအော်လိုက်သည်_

"ချူရှန် ကျောက်လင်း လီကျဲ... ကျွန်မနဲ့လိုက်ခဲ့ပါ''

သူတို့သုံးဦးမှာ ဗီဒီယိုအယ်ဒီတာနှစ်ဦးနှင့်စီစဉ်သူအမျိုးသမီးဖြစ်သည်။

ဗီဒီယိုအယ်ဒီတာနှစ်ဦးမှာ ဆံပင်ကျိုးတိုးကျဲတဲနှင့်မျက်မှန်တပ်ထား၍ သိပ်ကြည့်မကောင်း။ လီကျဲက အတော်လေးချစ်စရာကောင်းသည်။ မျက်မှန်ထူကြီးကသာ အလှဖျက်နေ၏။

"မန်နေဂျာလင်း... ဘာမှာစရာရှိလို့လဲ?''

လီကျဲက လင်းလန်ဇီနောက်လိုက်လာပြီးမေးသည်။

"သူဌေးကိုသွားတွေ့မလို့... သူကအဝေးမှုန်ရှာနေတာ''

လင်းလန်ဇီကရှင်းပြသည်။

ထိုစကားကြောင့် သုံးယောက်သားအံ့ဩသွားသည်။

သူဌေးရုံးခန်းဒီမှာရှိစဉ်က လီကျဲနှင့်သူဌေးမကြာခဏဆုံသော်လည်း အပန်းဖြေစံအိမ်ပြောင်းသွားပြီးနောက်ပိုင်းမတွေ့တာကြာခဲ့ပြီ။

လင်းလန်ဇီနှင့်အဝေးမှုန်ဝန်ထမ်းသုံးဦးရောက်လာလျှင် ချင်လင်လည်း မျက်စိကြည်ဂျင်ဆင်းကိုဝေပေးလိုက်သည်။ အရည်အသွေး ၃ ဂျင်ဆင်းအား စီစဉ်သူမိန်းကလေးကိုပေးပြီး အရည်အသွေး ၂ ဂျင်ဆင်းများကို အယ်ဒီတာနှစ်ဦးဆီပေးလိုက်သည်။

လီကျဲတို့လည်း မျက်စိကြည်ဂျင်ဆင်းဖြူကိုင်ပြီး ​ကြောင်နေသည်။

သူဌေးကသူတို့ကိုခေါ်ပြီး ဂျင်ဆင်းပေးတာ?

ချင်လင်လည်း_

"ဒီဂျင်ဆင်းမှာ အဝေးမှုန်ကုနိုင်တဲ့အာနိသင်ရှိတယ်... ဒါကိုယူသွားပြီးတော့ အပိုင်းပိုင်းလှီးထား... ထမင်းစားပြီးတိုင်း ဝါးစား... အချိန်တန်ရင် ဘယ်လိုနေလဲပြန်ပြောပြပါ''

သူ့စကားကြောင့် လီကျဲတို့အံ့အားသင့်သွားသည်။ သူတို့မယုံနိုင်။

ဂျင်ဆင်းက အဝေးမှုန်ကုနိုင်တယ်တဲ့?

သို့သော် လီကျဲတို့ကပြန်မမေးရဲသဖြင့် ချက်ချင်းခေါင်းညိမ့်ပြီး မျက်စိကြည်ဂျင်ဆင်းနှင့်ပြန်ထွက်လာကြသည်။

နေ့လယ်တွင် လီကျဲကသူဌေးမှာသည့်အတိုင်း သူမစားပွဲပေါ်တင်ပြီး အပိုင်းပိုင်းဖြတ်လိုက်သည်။

အရသာက နည်းနည်းခါးသော်လည်း မြိုချပြီးနောက်နည်းနည်းချိုသည်။

ခဏအကြာ မျက်စိတွင်ခပ်နွေးနွေးဖြစ်လာ၏။

အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းစားထား၍ အာနိသင်ကအလွန်ထက်သည်။

လီကျဲကမနေနိုင်ဘဲ မျက်မှန်ချွတ်ကာ မျက်လုံးပွတ်လိုက်သည်။ ထို့နောက်ပြန်တပ်ကာ အလုပ်ဆက်လုပ်သည်။

အချိန်ကြာသည်နှင့် လီကျဲရုတ်တရက်အံ့ဩမိသည်။

အမြင်နည်းနည်းကြည်လာတာ စိတ်ထင်တာများလား?



All Chapters