← Chapters

အဝေးမှုန် မြန်မြန်ပျောက်! အစွမ်းထက်လွန်းတော့လည်း ပြဿနာ! ၂

Vol. 51 Ch. 761

အဝေးမှုန် မြန်မြန်ပျောက်! အစွမ်းထက်လွန်းတော့လည်း ပြဿနာ! ၂

Vol. 51 Ch. 761

တခြားကိစ္စများကိုအစ်ကိုလီအပေါ်ပုံချလိုက်ရုံသာ။

သို့ရာတွင် ဒီမျက်စိကြည်ဂျင်ဆင်းက အများကြီးပိုလွယ်သည်။

အားဖြည့်ဆေးနှင့်အူမကြီးကင်ဆာဆေးမှုန့်တွေ့ပြီးနောက်ပိုင်း ရှေးဟောင်းတရုတ်ဆေးကျမ်းများမှဂျင်ဆင်းဖြူပျိုးထောင်နည်းတွေ့ခဲ့သည်ဟု သူပြောနိုင်သည်။

ဒီဂျင်ဆင်းဖြူက အဝေးမှုန်တကယ်ကုနိုင်မည်ဟုမထင်မိခြင်းသာ။

သူကဆင်ခြေပေးဖို့တောင်ရှာထားသည်။ သုံး​ပြည်ထောင်ခေတ်အတွင်း ဝေ့ပြည်မှကျန်းယဲ့ရေးသော 'ကွမ်းရ'၊ စုန့်မင်းဆက်ကြီးပွားစဉ်က လီယွမ်ရေးခဲ့သော 'ထိုက်ပင်ယွီလန်'၊ လီရှစ်ကျန်း၏ 'ဆေးပင်အနှစ်ချုပ်'၊ 'နွေနှင့်ဆောင်း ရာသီအကူးအပြောင်းဝယ်'၊ အားလုံးတွင် ဂျင်ဆင်းပျိုးထောင်နည်းကိုမှတ်တမ်းတင်ထားသည်။

တချို့စာအုပ်များမှမှတ်တမ်းများကို သူလေ့လာထားသည်။

တစ်ဖက်ကခြေခြေမြစ်မြစ်လိုက်လာရင် ဒီအတိုင်းလျစ်လျူရှုပစ်လိုက်မည်။

ဦးနှောက်မဲ့လွန်းရာမကျဘူးလား?

ဒါကိုတစ်ယောက်ယောက်ကပျိုးထောင်ထားတာ၊ ဒီအာနိသင်က ရှေ့လျှောက်ကုန်သွယ်ရေးလျှို့ဝှက်ချက်ဖြစ်လာမှာ ဦးနှောက်ပါသူတိုင်းသိလိမ့်မည်။ ဒါကိုမှခြေခြေမြစ်မြစ်လိုက်ချင်သေးရင် နည်းနည်းနုံသွားပြီမလား?

ဂိမ်းထဲမှထိုမျက်စိကြည်ဂျင်ဆင်းဖြူအိုးထုတ်သောအချိန်ကို သူသေချာတွက်ချက်ထားသည်။

ဆက်တိုက်ရွှေ့ပြီး မကြာခင် မျက်စိကြည်ဂျင်ဆင်းဖြူအိုးစိုက်ပင်များပြည့်သွားသည်။

မကြာမီ တော်ဝင်ပညာရှင်ဟောင်၊ တော်ဝင်ပညာရှင်လီနှင့် တော်ဝင်ပညာရှင်လင်းတို့လျှောက်လာပြီး ချင်လင်နှင့်ဆုံကြသည်။

"သူဌေးချင်''

တော်ဝင်ပညာရှင်လီက စူးစမ်းသည်_

"ဘာတွေအလုပ်ရှုပ်နေတာလဲ?''

ချင်လင်က ကြိုစဉ်းစားထားသောဆင်ခြေကိုပြောသည်_

"ရှေးဟောင်းဆေးစာအုပ်တွေဖတ်ပြီးတော့ ဂျင်ဆင်းပျိုးထောင်မယ့်နည်းတွေ့ခဲ့တာ... အခုဒီဂျင်ဆင်းတွေက အာနိသင်ရှိတယ်''

ထိုစကားကြောင့် တော်ဝင်ပညာရှင်သုံးဦးစိတ်ဝင်စားသွားပြီး တစ်ယောက်ပြီးတစ်ယောက်လျှောက်လာကြသည်။

ပြည်တွင်းတွင် ဂျင်ဆင်းကအဆင့်အတန်းမြင့်မားသည်။ ရှေးယခင်ကစပြီး TV ရှိုး၊ရုပ်ရှင်များမှတဆင့် လက်တွေ့ဘဝအထိအတူတူပင်။ နှစ်ရာချီ၊ထောင်ချီဂျင်ဆင်းများမှာပိုတန်ဖိုးကြီးပြီး စျေးကွက်ထဲတွင်မတွေ့ရတော့ချေ။

သို့ရာတွင် ဂျင်ဆင်းနှင့်ပတ်သက်ပြီးအငြင်းပွားမှုကကြီးမားနေဆဲပင်။ အနောက်တိုင်းသိပ္ပံသုတေသနတက္ကသိုလ်များက သုတေသနကိုတစ်ကြိမ်ထက်မကထုတ်ပြန်ခဲ့ဖူးသည်။

အရှေ့နိုင်ငံကကြော်ငြာတဲ့အလိမ်ဟူသတတ်။ ကျောက်စိမ်းလို တန်ဖိုးမရှိတဲ့ကျောက်တုံးတဲ့။

ထို့ကြောင့် အမေရိကန်ဂျင်ဆင်းတချို့မှလွဲ၍ နိုင်ငံရပ်ခြားတွင်ဂျင်ဆင်းကိုအသိအမှတ်မပြုချေ။ အနောက်တိုင်းသားများက တချို့အရာများကိုဦးနှောက်မရှိသုံးနေကြသည်ဟု ကျွန်ုပ်တို့ထင်နေသကဲ့သို့ပင်။

သူတို့ကလည်း အရှေ့တိုင်းမှာအရူးတွေပဲသုံးမည်ဟုထင်ကြသည်။

ဒါပေမဲ့ ဂျင်ဆင်းက တကယ်အာနိသင်မရှိတာလား?

ဒီလိုမဟုတ်။ ဂျင်ဆင်းတုတွေများနေသည်ဟုသာပြောရမည်။ ဂျင်ဆင်းအကြောင်းမသိသူများက အတုဝယ်မိဖို့များသည်။ နောက်ပြီး စိုက်ပျိုးရေးဂျင်ဆင်းများက ဆေးဖက်ဝင်အာနိသင်အတော်နည်းသည်။

ဘာပဲဖြစ်ဖြစ် ဩဇာဓာတ်စုမိဖို့ကသက်တမ်းအပေါ်မူတည်သည်။

နိုင်ငံခြားသုတေသနတက္ကသိုလ်တွေက ဂျင်ဆင်းအတုမိပြီးဘာမှစမ်းသပ်မရတာဖြစ်မည်။

ဒါပေမဲ့ အတုဝယ်စမ်းသပ်ပြီး အစစ်ကိုအလိမ်လို့ပြောရင်တော့ နည်းနည်းလွန်သွားပြီ။

"သူဌေးချင်... မင်းပျိုးထောင်ထားတဲ့ဂျင်ဆင်းက ဘယ်လိုအာနိသင်ရှိလဲ?''

တော်ဝင်ပညာရှင်ဟောင်ကစူးစမ်းလိုက်သည်။

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းနှစ်ယောက်လုံးက ချင်လင်ကိုကြည့်လိုက်ကြသည်။

သူတို့လည်းဒီအကြောင်းသိချင်နေသည်။

သူဌေးချင်ဒီလောက်အသည်းအသန်လေ့လာနေမှတော့ ဒီဂျင်ဆင်းမှာထူးထူးခြားခြားအာနိသင်ရှိကိုရှိရမည်။ အရင်ကဆေးမှုန့်ဆို သူတို့ဆံပင်အုံကောင်းပြီး အတော်ငယ်တဲ့ပုံပေါက်သွားတယ်မလား?

တရုတ်တိုင်းရင်းဆေးမှာ သူဌေးချင်ရဲ့အစွမ်းကိုသူတို့ယုံကြည်နေဆဲပင်။

"ဒီဂျင်ဆင်းမှာ တခြားအာနိသင်ဘာမှမရှိဘူးထင်ရပေမဲ့ အဝေးမှုန်ကိုကုနိုင်ပါတယ်''

ချင်လင်ကရှင်းပြသည်။

"အဝေးမှုန်ကုနိုင်တယ်လား?''

တော်ဝင်ပညာရှင်လီကမေးသည်။



တော်ဝင်ပညာရှင်ဟောင်နှင့်တော်ဝင်ပညာရှင်လင်းလည်း ဘယ်လိုတုံ့ပြန်ရမလဲမသိတော့။

ဂျင်ဆင်းမှာတခြားအာနိသင်တွေရှိကြောင်း သူဌေးချင်က​ပြောရင် အံ့ဩမည်မဟုတ်သော်လည်း အဝေးမှုန်ကုနိုင်မည်ဟုမထင်မိပေ။

ဂျင်ဆင်းမှာဒီလိုအာနိသင်မျိုးရှိသည်ဟုလုံးဝမကြားဖူး။

ဒါပေမဲ့ စဉ်းစားကြည့်မှ ဂျင်ဆင်းမှာမရှိတဲ့အာနိသင်မျိုးကြောင့်သာမဟုတ်ရင် သူဌေးချင်ကဒီလောက်ဂရုတစိုက်နဲ့ပျိုးထောင်နေပါ့မလား?

သူတို့လေးဦးစကားပြောနေစဉ် လင်းလန်ဇီနှင့်ဝန်ထမ်းများလျှောက်လာကြသည်။

ဝန်ထမ်းသုံးဦးကိုမြင်ပြီး အကြောင်းရင်းကိုချင်လင်သိလိုက်သည်။ လီကျဲကမျက်မှန်လုံးလုံးချွတ်ထားပြီ။ အမြင်ကောင်းစေသောအရည်အသွေး ၃ ဂျင်ဆင်းကြောင့် သိသိသာသာအာနိသင်ပြပုံရသည်။

သူတို့အနားရောက်လာသောအခါ တခြားဝန်ထမ်းနှစ်ဦးမျက်မှန်လည်းပါးသွားကြောင်း ချင်လင်သတိပြုမိသည်။ အရင်မျက်မှန်များမှာထူလွန်းသောကြောင့် သာမန်မျက်စိနှင့်ပင်မြင်ရသည်။

လင်းလန်ဇီလည်းရှေ့ရောက်လာပြီး အစီရင်ခံသည်_

"သူဌေး... လီကျဲတို့ကိုပေးတဲ့ဂျင်ဆင်းကြောင့် အမြင်အားကောင်းလာကြပါပြီ... အထူးသဖြင့် လီကျဲပေါ့... သူ့အဝေးမှုန်လုံးဝကောင်းသွားပြီ''

"သူဌေး... ကျွန်မမျက်မှန်တပ်စရာမလိုတော့ဘူး... သူဌေးပေးတဲ့ဂျင်ဆင်းက အရမ်းအံ့ဩစရာကောင်းတာပဲ''

လီကျဲကချက်ချင်းပြောသည်။

ကျန်ဗီဒီယိုအယ်ဒီတာနှစ်ဦးလည်း သူတို့အခြေအနေကို ချင်လင်အားပြောပြကြသည်။

ချင်လင်က အရည်အသွေး ၂ နှင့် ၃ မျက်စိကြည်ဂျင်ဆင်းဖြူ၏အထူးအာနိသင်ကိုသိထားပြီးဖြစ်သည်။

ဂျင်ဆင်းဖြူ၏အမြင်ကောင်းစေသောအာနိသင်က အလွန်ထက်ကြောင်းသိသာသည်။

လီကျဲတို့ကိုကြည့်ရင် စိုက်ပျိုးပြီးဂိမ်းမျိုးစေ့က အရည်အသွေးကျဆင်းသွားရင်တောင် အရည်အသွေး ၁ ရှိနေဦးမည်။

အရည်အသွေး ၁ ပဲရှိရင်တောင် အာနိသင်ကကောင်းဦးမည်ပင်။ နောက်ပြီး အာနိသင်အလွန်ထက်သလိုခံစားရသည်။

ဘာပဲဖြစ်ဖြစ် အဝေးမှုန်ကုဖို့။ ကုနိုင်ပြီဆိုတာနဲ့ မျက်လုံးနဲ့ဆက်ပြီးအလုပ်မလုပ်မချင်း တော်တော်နဲ့အဝေးမှုန်ပြန်ဖြစ်မည်မဟုတ်။

ကုသချိန်တိုလွန်းပါက အမြတ်နည်းမည်။

ဒီတော့ အာနိသင်ရှိနေသရွေ့ အချိန်နည်းနည်းပိုကြာလည်းကိစ္စမရှိ။

နောက်ပြီး အရည်အသွေး ၁ ကိုတရုတ်လူမျိုးတွေဆီရောင်းရင်တောင် အမြတ်နည်းမည်။ အနောက်နိုင်ငံတွေကိုရောင်းရင် အဆပေါင်းများစွာစျေးတင်သော်လည်း အာနိသင်ကပျော့မည်။ ပျော့မှလည်းရမည်။

အာနိသင်ပျော့သောဂျင်ဆင်းဆေးတောင့်လုပ်နိုင်သည်။

ကိုယ့်ထုတ်ကုန်ကိုအာနိသင်ထက်လွန်းမည်စိုး၍ အာနိသင်လျော့အောင်လုပ်ချင်သောသူဌေးက သူတစ်ယောက်သာရှိလိမ့်မည်။

တော်ဝင်ပညာရှင်ဟောင်တို့လည်း လီကျဲတို့ကိုကြည့်လိုက်သည်။ သူဌေးချင်စမ်းသပ်ထားမှန်း သူတို့သိသည်။

"မိန်းကလေး... မင်းရဲ့အဝေးမှုန်ကပြန်ကောင်းသွားပြီဆိုတော့ အရင်ကပါဝါဘယ်လောက်လဲ?''

တော်ဝင်ပညာရှင်လီကစူးစမ်းလိုက်သည်။

စီနီယာကြီးကမေးသဖြင့် လီကျဲလည်းမခြွင်းမချန်ရဲ_

"ကျွန်မက ပါဝါ ၈၀၀ တပ်ရပါတယ်... ဒါပေမဲ့ သူဌေးပေးတဲ့ဂျင်ဆင်းစားပြီးတော့ အဝေးမှုန်ကယူပစ်သလိုပျောက်သွားပါတယ်''

"ပါဝါ ၈၀၀?''

တော်ဝင်ပညာရှင်လင်း အံ့အားသင့်သွားသည်။

"ဒီရက်ပိုင်းနဲ့?''

တော်ဝင်ပညာရှင်ဟောင်က ပါးစပ်အဟောင်းသားနှင့်။

တော်ဝင်ပညာရှင်လီလည်း အံ့ဩသွားသည်။

တစ်နည်းပြောရရင် သူဌေးချင်ရဲ့ဂျင်ဆင်းက ပါဝါ ၈၀၀ တပ်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့မျက်စိကိုရက်ပိုင်းနဲ့ပြန်ကောင်းအောင်လုပ်နိုင်တယ်ပေါ့?

ယုံနိုင်ပါ့မလား?

သူများတွေကိုဒီအကြောင်းပြောရင် အဝေးမှုန်သမားတွေရူးကုန်လိမ့်မည်။

ဒီပြဿနာက ဆံပင်ပြဿနာလို။ မခွဲမစိတ်၊ အန္တရာယ်မရှိဘဲကုသနိုင်သရွေ့ ဘယ်သူမဆိုအကုန်အကျခံဝယ်လိမ့်မည်။

ဒါကြောင့်လည်း တရုတ်တိုင်းရင်းဆေး၏အစွမ်းကို နက်နက်ရှိုင်းရှိုင်းသိလာသည်။

ဆံပင်ပြဿနာဖြစ်ဖြစ်၊ အဝေးမှုန်ဖြစ်ဖြစ်၊ အနောက်တိုင်းဆေးက ဒီလောက်လွယ်လွယ်ကူကူ၊ အန္တရာယ်ကင်းကင်း၊ ကျန်းမာရေးညီညီနဲ့ မဖြေရှင်းနိုင်သေး။

မျက်စိကြည်ဂျင်ဆင်း၏အာနိသင်များကိုသိပြီးနောက် ချင်လင်က လင်းလန်ဇီတို့ကိုပြန်လွှတ်လိုက်သည်။ ထို့နောက် သူ့ရုံးခန်းထဲပြန်လာပြီး တန့်ကွမ်းဆီဖုန်းဆက်သည်။

ကုမ္ပဏီအခွဲအတွက်လည်း စီစဉ်ထားနိုင်ပြီ။

ရေပူစမ်းဆေးမှုန့်၊မျက်စိကြည်ဂျင်ဆင်းထုတ်ကုန်နှစ်မျိုးနဲ့ဆို ဒီကုမ္ပဏီအခွဲရဲ့အလားအလာက အတောမသတ်တော့။

All Chapters