← Chapters

ချင်းလင်အပန်းဖြေစံအိမ်ကိုအားလုံးသွားချင်! ၂

Vol. 51 Ch. 752

ချင်းလင်အပန်းဖြေစံအိမ်ကိုအားလုံးသွားချင်! ၂

Vol. 51 Ch. 752

"မရှိပါဘူး''

ဝန်ကြီးလုရယ်လိုက်သည်_

"သူဌေးချင်ကိုမေးစရာရှိလို့''

"ဝန်ကြီးလု ပြောပါ''

ချင်လင်ကပြုံးပြီးပြန်ဖြေသည်။

ဝန်ကြီးလုလည်း သူ့ရည်ရွယ်ချက်ကိုပြောပြသည်_

"သူဌေးချင်... မင်း တော်ဝင်ပညာရှင်ဟောင်တို့ကို ဆေးမှုန့်တစ်မျိုးပေးတာ... ရောင်းဖို့ထုတ်ထားတာရှိလား? တရုတ်သိပ္ပံအကယ်ဒမီကမှာချင်လို့''

သူတော်ဝင်ပညာရှင်တွေနဲ့အငြင်းအခုံမလုပ်နိုင်တော့။ ဟိုသုံးဦးဓာတ်ပုံပို့ပြီးနောက်ပိုင်း အကုန်လုံးက ချင်းလင်အပန်းဖြေစံအိမ်ကိုပိုသွားချင်နေကြသည်။

သူ့မှာဘာအစီအစဉ်မှမရှိသောကြောင့် အရင်ဆုံးတော်ဝင်ပညာရှင်များအတွက် ဆေးမှုန့်မှာပေးဖို့သာစဉ်းစားမိသည်။ ပြီးရင် ခေါင်းထဲကထုတ်ထားပြီး ခဏလောက်မသိချင်ယောင်ဆောင်နေလိုက်မည်။

ဝန်ကြီးလုကရေပူစမ်းဆေးမှုန့်ကြောင့်ဆက်မှန်းသိလျှင် ချင်လင်လည်းပြုံးပြီး_

"ဝန်ကြီးလု... ထုတ်ကုန်မရှိသေးပါဘူး... လိုချင်ရင် နည်းနည်းပို့ပေးလိုက်ပါမယ်''

ထိုစကားကြောင့် ဝန်ကြီးလုကမြန်မြန်ပြောလိုက်သည်_

"သူဌေးချင်... ငါကဘာလို့လိုရမှာလဲ? ငါ့ဆံပင်တွေကောင်းပါသေးတယ်... တရုတ်သိပ္ပံအကယ်ဒမီကတော်ဝင်ပညာရှင်တွေလေ... တော်ဝင်ပညာရှင်ဟောင်တို့ဓာတ်ပုံပို့တာနဲ့ အားလုံးကလိုချင်နေကြတာ''

ချင်လင်ရယ်လိုက်သည်။ နက်နဲသွားပြီ။ ဝန်ကြီးလုက သူ့စကားသူတောင် ယုံကြည်ချက်မရှိ_

"ကောင်းပါပြီ... ကျွန်တော်ပြင်ဆင်ပြီး ဝန်ကြီးလုဆီပို့လိုက်ပါမယ်... တော်ဝင်ပညာရှင်တွေသုံးကြည့်ရအောင်''

တရုတ်သိပ္ပံအကယ်ဒမီကတော်ဝင်ပညာရှင်များမှာ တော်ဝင်ပညာရှင်ဟောင်တို့သုံးသောရေပူစမ်းဆေးမှုန့်အာနိသင်ကိုသိပြီးဖြစ်၍ အားလုံးလိုချင်ကြတာမဆန်း။

ဘာသိဘာသာအနေတတ်ဆုံးပုဂ္ဂိုလ်တောင် အထက်ကအဖွဲ့တွင်ဖြစ်ပျက်နေသည်ကိုသိချင်လိမ့်မည်။

ထို့ကြောင့် ရေပူစမ်းဆေးမှုန့်စျေးကွက်ကိုသူမြင်လာသည်။

တခြားလူတွေမပြာနှင့်။ တော်ဝင်ပညာရှင်တွေတောင် သိချင်စိတ်မထိန်းနိုင်။



သို့ရာတွင် ဒီရေပူစမ်းဆေးမှုန့်မှာ အစားအသောက်ထုတ်ကုန်မဟုတ်သောကြောင့် ချင်းလင်အစားအသောက်ကုမ္ပဏီကထုတ်ဖို့မသင့်တော်။

သူ့ဖြန့်ဝေချင်ရင် အစားအသောက်ကုမ္ပဏီအခွဲဖွင့်ရမည်။

သို့ရာတွင် နောက်ကုမ္ပဏီတစ်ခုအစပြုရန် ကိစ္စဝိစ္စတစ်ပုံကြီးနှင့်စီစဉ်မည့်သူရှိရမည်။ သူရေရှည်စီစဉ်ရမည်။ ချင်းလင်အစားအသောက်ကုမ္ပဏီစက်ရုံအသစ် ဒါမှမဟုတ် စက်ရုံဝန်းဆောက်ပြီးမှ တန့်ကွမ်းနှင့်ဆွေးနွေးလျှင် ကသုတ်ကရက်ဖြစ်နေမည်။

ချင်းလင်အစားအသောက်ကုမ္ပဏီစက်ရုံအသစ်ကို စီရင်စုကအထူးခွင့်ပြုချက်ပေးထားသောမြေပေါ်တွင်ဆောက်နေသည်။ ထိုမြေကကျယ်လွန်းသောကြောင့် ဆောက်လုပ်ရေးပြီးလျှင် ချင်းလင်ခရမ်းချဉ်ဆော့၊ ချင်းလင်ဆေးဖျော်ရည်၊ ချင်းလင်အားသစ်လောင်းဆေးစက်ရုံအားလုံးရွှေ့ရန်စီစဉ်ထားသည်။

နောက်ပြီး ရှေ့လျှောက်ထုတ်ကုန်အသစ်ထွက်လိုထွက်ငြား ဝန်းထဲတွင်နေရာကျယ်ကျယ်ချန်ထားသေးသည်။

ချင်လင်တွေးတောနေစဉ် နောက်ထပ်ဖုန်းဝင်လာသည်။ ချန်လီပင်။

သူကချက်ချင်းဖုန်းကိုင်လိုက်သည်။

ချန်လီအသံကိုတန်းကြားရသည်_

"သူဌေးချင်... မနက်ဖြန် စီရင်စုလာဖို့မမေ့နဲ့နော်''

"လက်ထောက်ချန်... ဘာလို့ဖုန်းထပ်ဆက်နေသေးတာလဲ?''

ချင်လင်ကပြုံးပြီးမေးသည်။ မနက်ဖြန်က စီရင်စုနှစ်ချုပ်အစည်းအဝေးနေ့။ စီရင်စုလုပ်ငန်းရှင်သူဌေးများနှင့်စကားပြောရန်ဖိတ်ကြားခြင်းပင်။

သူမနှစ်ကသွားခဲ့ရာ ဒုတိယတန်းပထမထိုင်ခုံတွင်ထိုင်ရသည်။

ဒီနှစ် ချန်လီကသူ့ကိုနှစ်ရက်ကြိုဖိတ်ထားသည်။ သူမလာမှာစိုး၍ ဖုန်းထပ်ဆက်ခြင်းပင်။

ချန်လီက ချင်လင်မလာမှာစိုးနေသည်။



ဘာပဲဖြစ်ဖြစ် အခုချင်းလင်ကုမ္ပဏီက ကုမ္ပဏီကြီးဖြစ်နေပြီ။ သူဌေးချင်မလာချင်ရင် ကုမ္ပဏီမှာကိစ္စရှိကြောင်းဆင်ခြေပေးလိုက်ရုံသာ။

ထို့ကြောင့် သူစိတ်အေးရအောင် ဖုန်းထပ်ဆက်ပြီးအတည်ပြုရသည်။

ဘာပဲဖြစ်ဖြစ် သူဌေးချင်က ဒီနှစ်ချုပ်အစည်းအဝေးမှာအဓိကဇာတ်ဆောင်ဖြစ်နေသည်။

ပထမအနေနှင့် မနှစ်ကရုံချန်းမှာအခွန်အများဆုံးဆောင်ခဲ့သူက သူဌေးချင်ဖြစ်သည်။ ဒုတိယအနေနှင့် ရုံချန်းတွင်အလုပ်အကိုင်အများဆုံးဖန်တီးပေးခဲ့သူကလည်း သူဌေးချင်ပင်။ တတိယမှာ သူဌေးချင်က ရုံချန်းတွင်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီ။

မနှစ်ကရုံချန်းထိပ်တန်းကုမ္ပဏီ ၁၀ ခုပေါင်းရင်တောင် သူဌေးချင်ရဲ့ကုမ္ပဏီလောက် စျေးကွက်တန်ဖိုးရှိမည်မဟုတ်။

ထို့ကြောင့် သူဌေးချင်ရှိခြင်းမရှိခြင်းက စီရင်စုနှစ်ချုပ်အစည်းအဝေး၏အဆင့်အတန်းကို လုံးဝပြောင်းလဲစေလိမ့်မည်။

ဆိုရိုးမရှိပါလား:

တချို့က သူတို့တန်ဖိုးပြရန် ဒေါ်လာသန်းချီတန်နာရီဝတ်ပြတတ်ပြီး တချို့ကသာမန်နာရီသာပတ်ကြသည်တဲ့။

ဒီစကားကို ဒီစီရင်စုအစည်းအဝေးနှင့်သူဌေးချင်အစည်းအဝေးမှာသုံးရင်လည်း အံကျလိမ့်မည်။

စီရင်စုထဲမှလုပ်ငန်းအတော်များများက စီရင်စုနှစ်ချုပ်အစည်းအဝေးတက်ရရင်ဂုဏ်ယူကြလိမ့်မည်။

သို့ရာတွင် စီရင်စုနှစ်ချုပ်အစည်းအဝေးက သူဌေးချင်တက်ရင် ပိုပြီးပုံစံကျလိမ့်မည်။

ချင်လင်သေချာပေါက်တက်မည်ဆိုသောသတင်းရမှ ချန်လီသက်ပြင်းချလိုက်သည်။ ထို့နောက် ပြုံးပြုံးပြုံးပြုံးနှင့် စွန်းရှန်ကိုအစီရင်ခံတော့သည်။

အတည်ပြုသတင်းရပြီး စွန်းရှန်ပိုပြီးစိတ်သက်သာရာရသွားသည်။

သူဌေးချင်လိုသူဌေးကြီးကို ဘယ်ခေါင်းဆောင်က မတက်ဘဲနေစေချင်မှာလဲ?

နောက်တစ်နေ့_

ချင်လင်လည်း စီရင်စုကိုအချိန်မီသွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် စီရင်စုနဲ့သူ့ဆက်ဆံရေးအရ ဒီပွဲကိုမျက်နှာသာပေးရမည်။

စွန်းရှန်နဲ့ချန်လီကိုယ်တိုင် တံခါးဝအရောက်သူ့ကိုလာကြိုမည်ဟုမထင်မိပေ။ အတော်အလေးအနက်ထားသောအပြုအမူပင်။

"သူဌေးချင်... ကျုပ်တို့စောင့်နေတာ!''

စွန်းရှန်ကချက်ချင်းရှေ့တိုးပြီး ပြုံးပြုံးပြုံးပြုံးနှင့် ချင်လင်ကိုလက်ဆွဲလိုက်သည်။

…

ဒီနှစ်စီရင်စုနှစ်ချုပ်အစည်းအဝေးတွင် လူပိုများသောကြောင့် အရင်နှစ်များထက်စည်ကားနေသည်။ တချို့က ဒေသတွင်ဖွံ့ဖြိုးလာသူများဖြစ်ပြီး တချို့ကထပ်ခန့်ထားသူများဖြစ်သည်။

ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းမှာ ရုံချန်းတွင်ဖွံ့ဖြိုးလာသောကြောင့် ရုံချန်းကို အသေးစားနှင့်အလတ်စားရင်းနှီးမြှုပ်နှံသူတချို့က ယုံကြည်ကြသည်။

ခန်းမထဲတွင် လုံးဝထူးခြားနေသည်။

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအားလုံးက ဝိုင်းဖွဲ့စကားပြောပြီး တစ်ယောက်ကိုတစ်ယေက်သိချင်ကြသည်။

"ဒီနှစ်အရမ်းစည်တာပဲ''

"အင်း... မနှစ်က ချင်းလင်ကုမ္ပဏီကြောင့် ရုံချန်းမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာတာ''

"ချင်းလင်ကုမ္ပဏီကြောင့် ရင်းနှီးမြှုပ်နှံသူတွေလည်း ရုံချန်းမှာအခြေချလာကြတယ်''

"စီရင်စုက ရင်းနှီးမြှုပ်နှံသူတွေခေါ်ရင် ချင်းလင်ကုမ္ပဏီကို အမှတ်တံဆိပ်လိုအသုံးချတာ''



All Chapters