လွတ်လပ်မှုနှင့် အသက်ကြားတွင်ဝေခွဲမရမှု
Vol. 008 Ch. 705
“ဘုရင်မကြီးရဲ့ ကလေးကြောင့်လား”
ကလေးမွေးဖွားမှုခက်တာမဟုတ်ရင် ဘာကြောင့်လဲ။ သူမ အပြုအမူကိုသူတို့မြင်သောအခါ သူမ ဆိုလို သည်မှာ ထိုအရာမဟုတ်သည်ကို သိလိုက်သည်။
“ရှေ့တိုးပြီး ဘုရင်မကြီးရဲ့ဗိုက်ထဲကို ဝိဉာဉ်စွမ်းအင်နည်းနည်းလောက်ထည့်ကြည့်ပါ” ရှီမာယူယူ ပြော လိုက်သည်။
“ကျွန်မလုပ်မယ်” မိန်းကလေးတစ်ယောက်သည် အလိုလိုပြောလာသည်။
သူမသည် ဆုလီ၏ ခန္ဓာကိုယ်ထဲသို့ ဝိဉာဉ်စွမ်းအင်ထည့်ကြည့်သော်လည်း ဆက်သွယ်မှုပြတ်တောက် သွားခြင်းမရှိပေ။ သူမ၏ ဝိဉာဉ်စွမ်းအင်ကို ကလေးမှစုပ်ယူသွားရာ သူမသည် အံ့သြသဖြင့် စကားပင်မပြောနိုင် ပေ။
“ဘယ်လိုလဲ” အဘိုးကြီးစွန်းမေးလိုက်သည်။
“ကျွန်မဝိဉာဉ်စွမ်းအင်ကို ကလေးကစုပ်ယူသွားပြီ” မိန်းကလေးသည် မှင်တက်စွာပြောလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အားလုံး၏ အမူအရာသည် ပြောင်းသွားသော်ညလ်း သူမဆိုလိုသည်ကို နားလည်လိုက်ကြသည်။
“မင်းတို့ဘုရင်မကြီးရဲ့ကလေးက မူကွဲဖြစ်လောက်မယ်၊ မွေးမယ့်အချိန်မရောက်သေးပေမယ့် သူ့ အသက်အင်အားက ကောင်းနေတယ်၊ သာမန်အခြေအနေမှာ ဝိဉာဉ်စွမ်းအင်ရသွားတယ်ဆိုရင် ပုံမှန်ပဲမွေးဖွား လာမှာပဲ၊ ဒါပေမဲ့ မင်းတို့ဘုရင်မကြီးက လူသားကြောင့်ဒဏ်ရာရထားတော့ ကလေးနဲ့ သူ့မွေးဖွားမှုကို သက်ရောက်နိုင်တယ်၊ အဲဒါသာ သာမန်ကလေးဆိုရင် အဆင်ပြေတယ် ဒါပေမဲ့မူကွဲကလေးဖြစ်နေတယ်၊ ဒဏ်ရာရထားတာတင်မဟုတ်ဘူး သူ့ရဲ့ရှင်သန်လိုမှုက မြင့်တဲ့အတွက် မသိစိတ်ကနေ ပတ်ဝန်းကျင်မှာရှိတဲ့ ဝိဉာဉ်စွမ်းအင်တွေစုပ်ယူနေတယ်၊ အများဆုံးကတော့ မင်းတို့ဘုရင်မကြီးရဲ့ ဝိဉာဉ်စွမ်းအင်တွေကိုစုပ်ယူနေတာ ပဲ”
“ဘာလုပ်ကြမလဲ” ဝိဉာဉ်ပိုးကောင်များသည် အော်ကြလေသည်။
“ခုနက ငါသူမကိုပေးလိုက်တဲ့ဆေးက သူမဝိဉာဉ်စွမ်းအင်ကို ပြန်ဖြည့်ပေးတယ်၊ ဒါပေမဲ့ အများကြီးရမှာ တော့မဟုတ်ဘူး၊ သူမ ဗိုက်ထဲကကလေးအတွက် လောက်မှာမဟုတ်ဘူး၊ ကလေးကအကုန်ဆုပ်လိုက်တာနဲ့ မင်း တို့ဘုရင်မကြီးဘဝ အဆုံးသတ်သွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကိုထုတ်ဖို့အတွက် နည်းလမ်းမရှိလို့တော့ မပြောပါနဲ့”
“ငါ့မှာနည်းလမ်းရှိပါတယ်၊ ဗိုက်ခွဲမွေးရမယ်၊ ဒါပေမဲ့ အဲဒါလုပ်မယ်ဆိုရင် ဘုရင်မကြီး အသက်ပေးရနိုင် တယ်” ရှီမာယူယူ ပြောလိုက်သည် “သူမလက်ရှိအခြေအနေက မွေးချင်ပေမယ့် မမွေးနိုင်ဘူးဖြစ်နေတာ၊ သူမ မမွေးနိုင်တာကလည်း လန့်သွားတဲ့အကြောင့်ပဲ၊ သူမ အဲဒါကိုတားဖို့အတွက် အားမရှိဘူး၊ ငါတို့ဘာပဲလုပ်လုပ် သူတို့အသက်နှစ်ခုလုံးကို သတ်သလိုဖြစ်မှာပဲ”
“ဒါဆိုဘာလုပ်ကြမလဲ” အားလုံးသည် ရင်တုန်ကြသည်။
“စာချုပ်က မင်းတို့လွတ်လပ်မှုကို ဆုံးရှုံးနိုင်တယ်ဆိုပေမယ့် သူတို့နှစ်ယောက်လုံးရဲ့ အသက်ကိုကယ် နိုင်မယ်၊ ဘုရင်မကြီးက ဒီကျန်တဲ့နေ့တစ်ဝက်မှာ အကျဉ်းထဲအကြပ်ထဲရောက်နေပြီ၊ စာချုပ်မချုပ်ရင် ဒီနေ့တစ် ဝက်က သူမရဲ့ နောက်ဆုံးအချိန်ဖြစ်သွားနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာပေါ် လုံးဝမူတည်သွားပြီ၊ မင်းတို့သဘောတူတယ်ဆိုရင်တော့ မင်းတို့ဘုရင်မကို ကန်ဘောင်ကိုယူခဲ့ပါ၊ မလုပ်ချင်ဘူးဆိုရင်လည်း မင်းတို့အခွင့်အရေးပဲလေ၊ ရှောင်ချီ သွားရအောင်”
ရှီမာယူယူသည် ရှောင်ချီကိုခေါ်ကာ ရေကူးပြီး ကန်ဘောင်သို့လာလိုက်သည်။ သူတို့လာသည်ကို မြင် သောအခါ အဒေါ်၃သည် ချက်ချင်းပင် ဆုလီ၏ အခြေအနေကိုမေးမြန်းလေသည်။
ရှီမာယူယူသည် သူတို့ကိုပြောပြရာ ဘုရင်မကြီး၏ လက်ရှိအခြေအနေမှာ မည်မျှဆိုးနေကြောင်းကို သိ သွားကြလေသည်။
“စာချုပ်ချုပ်တာကလွဲရင် တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား” အဒေါ်၃သည် ယုံကြည်ရခက် သဖြင့် မေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းကာ “ဒါက နောက်ဆုံးကြိုးစားမှုပဲ အဲဒါကလွဲရင် သမီးဘာပဲလုပ်လုပ် သူတို့ နှစ်ယောက်လုံး အသက်ဆုံးရှုံးရမှာပဲ”
“ဒါပေမဲ့ ဆုလီက သဘောတူမှာမဟုတ်ဘူး” အဒေါ်၃သည် ဝိဉာဉ်ပိုးကောင်များနှင့် ဆုလီကိုနားလည် သည်။ သူတို့သည် လူသားတစ်ယောက်ကို သူတို့၏ သခင်အဖြစ်နှင့်လုံးဝ သတ်မှတ်မည်မဟုတ်ပေ။
“မသေချာပါဘူး” ဆုလီသဘောတူမည်ဟု ရှီမာယူယူ ခံစားရသည်။
“ဆုလီကို သမီးမသိပါဘူး၊ သူမက မာနကြီးတဲ့မိန်းကလေးပဲ၊ လူသားတစ်ယောက်ကိုဘယ်တော့မှ သခင်အဖြစ်သတ်မှတ်မှာမဟုတ်ဘူး” အဒေါ်၃သည် ယုံကြည်မှုဖြင့် ပြောလေသည်။
“အဒေါ်က အခုလက်ရှိ သူမရဲ့ နောက်ပုံစံတစ်ခုကိုမေ့နေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာပုံစံလဲ” ရှောင်ချီသည် ခေါင်းမော့ပြီးမေးလေသည်။
ဝိဉာဉ်ပိုးကောင်မျိုးနွယ်၏ ဘုရင်မတစ်ယောက်ဖြစ်သည့်အပြင် သူမသည် ဒီလောကသို့ ကလေး မွေးဖွားပေးနိုင်သည့် မိခင်တစ်ယောက်ဖြစ်သည်။ ရှီမာယူယူ ပြောလိုက်သည် “မိန်းကလေးတစ်ယောက်အတွက် သူတို့ကလေးအတွက်၊ သူတို့အသက်ကိုကယ်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ကြမှာပဲ”
“ဆိုလိုတာက ကလေးအတွက် သူမက လွတ်လပ်မှုနဲ့ အသက်ကြားကိုရွေးရမှာပေါ့ ခက်ခဲတဲ့ရွေးချယ်မှု ပဲ” ဝူလေး ပြောလိုက်သည်။
“လူတစ်ယောက်ဖြစ်လာရင်တော့ ဘဝမှာ ရွေးချယ်မှုအများကြီးတွေနဲ့ ကြုံရမှာပဲ၊ ခက်ခဲတယ်ဆိုပြီး ရှောင်ပြေးလို့မရဘူး၊ ပြီးတော့ အများစုကိုလည်း မရှောင်ပြေးနိုင်ဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
ဝူလေးသည် ဆိုလိုသည့်အဓိပ္ပာယ်ကိုမသိသဖြင့် ရှီမာယူယူကို ကြည့်လိုက်သည်။
“ဖြစ်နိုင်မယ်ဆိုရင် သူမကို အသက်ရှင်ဖို့အတွက်ရွေးစေချင်တယ်” အဒေါ်၃သည် သူမ မိတ်ဆွေ အသက်ရှင်ရေးကိုမျှော်လင့်ကာ သက်ပြင်းချလေသည်။
ကန်ဘောင်မှ ဝိဉာဉ်ပိုးကောင်များသည် အကျပ်ရိုက်နေလေသည်။ သူတို့သည် ဘုရင်မကြီးကိုမသေစေ သော်လည်း လူသားတစ်ယောက်၏ စာချုပ်မိစ္ဆာဖြစ်လာမည်ကိုလည်း မလိုလားပေ။ ထို့အပြင် သူမဗိုက်ထဲမှ ကလေးသည် ရှားပါးသောမူကွဲကလေးဖြစ်သည်။ ကလေးအသက်မရှင်လျှင်လည်း နှမြောစရာပင်။
“စောင့်ကြတာပေါ့” ရှီမာယူယူသည် ပြောပြီးနောက် သစ်ပင်ကြီးတစ်ပင်ရှာကာ သစ်ပင်အောက်တွင် ထိုင်လေသည်။ ရှောင်ချီသည် သူမအား မှီရင်းထိုင်ရင်းနှင့် သူမဆံပင်များနှင့် ဆော့ကစားလေသည်။
“ယူယူ”
“ဟင်”
“သူမသာ လူသားနဲ့စာချုပ်ချုပ်မယ်ဆိုရင် အချိန်လောက်ပါ့မလား” ရှောင်ချီမေးလေသည်။
“ဘာလို့လဲ”
“သူမက အထွတ်အထိပ်မိစ္ဆာလေ၊ ကျိရွှီက အထွတ်အထိပ်မိစ္ဆာကို စာချုပ်ချုပ်နိုင်တယ်ဆိုပေမယ့် သူ ချုပ်တာ အချိန်ကြာတယ်လေ၊ ဘုရင်မကြီးကအဲလောက်ကြာအောင် ခံနိုင်ပါ့မလား” ရှောင်ချီသည် သူမဆံပင် အားဆွဲလေသည်။
“သူမ နေ့တစ်ဝက်ပဲအချိန်ရမယ်လို့ သူတို့ကိုပြောတာက ယုံကြည်ချက်ရှိလို့ပြောတာပဲ၊ သူမ လက်မလျော့သရွေ့တော့ တောင့်ခံနိုင်ပါတယ်” ရှီမာယူယူသည် သစ်ရွက်အားးကောက်ပြီး လက်ပေါ်တင်လိုက် သည်။
“ရှောင်ချီ မသိသေးတာရှိသေးလား”
“မင်းမသိတာ အများကြီးရှိတာပေါ့ အချိန်ရောက်ရင်တော့ နားလည်လာမှာပါ”
ကန်ဘောင်မှလူအားလုံးသည် ဝိဉာဉ်ပိုးကောင်ဘုရင်မကြီး၏ ဆုံးဖြတ်ချက်ကို စိတ်လှုပ်ရှားစွာစောင့်နေ ကြသည်။ ထိုအချိန်တွင် ရေအောက်တွင် သတိမေ့နေသောဘုရင်မကြီးသည် သတိပြန်ရလာသည်။
“ဘုရင်မကြီးနိုးလာပြီလား” သူမ၏ အစေခံမိန်းကလေးများသည် ပျော်ရွှင်ကြသည်။
“ငါဘယ်လိုလုပ် အသက်ရှင်နေတာလဲ” ဘုရင်မကြီးသည် သူမ၏ မူလပုံစံဖြင့် လုံးဝလှုပ်ရှားမရဖြစ်နေ သည်။ သူမသည် ဝိဉာဉ်စွမ်းအင်များဝင်လာကာ သွေးကြောများထဲတွင် စီးဆင်းနေသည်ကို ခံစားမိသည် “ငါ့ ကလေး အသက်ရှင်သေးတာပဲ….”
“ဘုရင်မကြီး အခုဘယ်လိုနေလဲ”
“မဆိုးဘူး” ဆုလီပြောလေသည် “ငါမေ့လဲသွားတော့ ငါ့ဝိဉာဉ်စွမ်းအင်တွေအကုန် ကုန်သွားတာခံစားမိ တယ်၊ ဘယ်လိုဖြစ်ပြီး ဝိဉာဉ်စွမ်းအင်တွေစီးဆင်းနေတာလဲ၊ ငါ့ကလေးကိုအခုမွေးရင် အသက်ရှင်နိုင်မလား”
“ဒါက…” အဘိုးကြီးစွန်းသည် တွေဝေနေသော်လည်း ရှီမာယူယူ သူမအတွက်လုပ်ပေးနိုင်သည်များကို ပြောပြကာ ယူယူ၏ ဖြေရှင်းနည်းကိုပါ ပြောပြလေသည်။
“အဲဒါကြောင့် ဝိဉာဉ်စွမ်းအင်တွေဘယ်ကရောက်လာတာလဲလို့ တွေးနေတာ” ဆုလီသည် ငုံ့ကာ သူမ၏ ကြီးမားသော ဗိုက်ကိုကြည့်လိုက်သည်။ သူမ၏ ဝိဉာဉ်စွမ်းအင်များသည် ဗိုက်ထဲသို့စီးဆင်းသွားသည်ကို ခံစားမိ သည်။ သူမ ကလေးသည် ဗိုက်ထဲမှ နှုတ်ဆက်နေသည်ကိုလည်း ခံစားမိသည်။
“ဘုရင်မာကီး အဲဆေးက ဘုရင်မကိုနေ့တစ်ဝက်စာ တောင့်ခံနိုင်တယ်လို့ လူသားကပြောပါတယ်၊ နေ့ တစ်ဝက်ပြီးရင်တော့ ဘုရင်မကြီးကိုယ်ထဲက ဝိဉာဉ်စွမ်းအင်တွေကို ကလေးကစုပ်ယူသွားရင် ဘုရင်မကြီး အသက်ဆုံးရှုံးရနိုင်ပါတယ်၊ ပြီးတော့ ဘုရင်မကြီးက ကလေးကို စွမ်းအင်မပေးနိုင်တော့တဲ့အတွက် ကလေး လည်း အသက်ရှင်နိုင်မှာမဟုတ်ပါဘူး”
“အဲတော့ စာချုပ်ချုပ်တာကပဲ တစ်ခုတည်းသောနည်းလမ်းလို့ပြောလိုက်တာလား” ဆုလီသည် ကျောက် စားပွဲပေါ်တွင်လှဲကာ ရေများပလုံစီနေသည်ကို အားဖျော့စွာ အချိန်အတော်ကြာကြည့်လေသည်။ ထို့နောက်တွင် သူမသည် ဘေးမှ အစေခံမိန်းကလေးကိုပြောလိုက်သည် “ငါ့ကိုခေါ်သွားပေး….”
***