ချင်းလင်အပန်းဖြေစံအိမ်ကိုအားလုံးသွားချင်! ၃
Vol. 51 Ch. 753
“……”
ဒီလူတွေဆွေးနွေးကြတာ ချင်းလင်ကုမ္ပဏီအကြောင်းပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီကမယုံနိုင်စရာ။ စိတ်ကူးယဉ်တောင်ဆန်နေသည်။ ဖွံ့ဖြိုးမှုအရှိန်ကလက်သင့်ခံနိုင်စရာမရှိဘဲ ကုမ္ပဏီကြီးဖြစ်လာသည်။
ချင်းလင်အပန်းဖြေစံအိမ်ထဲသို့ မြို့တော်မှအရေးပါအရာရောက်သောပုဂ္ဂိုလ်များတောင် မကြာခဏလာကြသည်ဟု ကောလာဟလများထွက်နေသည်။
ဒါကအချက်ပြနည်းတစ်မျိုးဖြစ်မည်။
မနှစ်က ချင်းလင်ကုမ္ပဏီနှစ်ကုန်အစည်းအဝေးမှပေးသောလက်ဆောင်များကြောင့် သူတို့ဝန်ထမ်းများစိတ်မသက်မသာဖြစ်ရသည်။
ဒါကြောင့်လည်း မနှစ်ကတော်တော်ငယ်သောလူငယ်လေးကို သူတို့တွေးမိသည်။
ချင်းလင်ကုမ္ပဏီသူဌေးက ဒီလောက်ငယ်မယ်လို့ဘယ်ထင်မလဲ?
နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူသူဌေးများလည်း စုရုံးနေကြသည်။ ထိုနိုင်ငံခြားသားများမှာ ရုံချန်းဒေသခံများအနိုင်ကျင့်မည်စိုး၍ နိုင်ငံခြားကုန်သွယ်အဖွဲ့လည်းဖွဲ့ထားသည်။ အချင်းချင်းမကြာခဏဆက်သွယ်ကြ၍ တစ်ယောက်ကိုတစ်ယောက်သိကြသည်။
ထိုလူများကလည်း ချင်းလင်ကုမ္ပဏီအကြောင်းပြောနေသည်။
"ငါရုံချန်းရောက်နေတာကြာပြီ... ချင်းလင်ကုမ္ပဏီသူဌေးအကြောင်းကြားဖူးပေမဲ့ မတွေ့ဖူးဘူး... အခုတော့ တွေ့ရတော့မယ်''

"အင်း... ငါချင်းလင်ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံဖို့စဉ်းစားထားတယ်''
"ငါရော... ချင်းလင်ကုမ္ပဏီသူဌေးက ရုံချန်းမှာအစကနေအားလုံးလုပ်ခဲ့မှန်းသိတော့ ရုံချန်းကံကောင်းတယ်လို့ခံစားမိတယ်... မဟုတ်ရင် ဒီလိုဗုဒ္ဓကြီးနဲ့ကံပါပါ့မလား?''
"ငါလည်း ဒီအကြောင်းကြားပြီး ချင်းလင်ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်ထားတယ်... ဒီကုမ္ပဏီသူဌေးက ဘယ်ပုံဘယ်အရွယ်မှန်းသာမသိတာ''
"ချင်းလင်ကုမ္ပဏီသူဌေးက သိပ်မကြီးလောက်သေးဘူး... ထောင်စုနှစ်ထုတ်လုပ်ရေးကဥက္ကဌချင်နဲ့ ချင်းလင်ကုမ္ပဏီသူဌေးက မိတ်ဆွေကောင်းတွေလို့ကြားတယ်''
"ငါလည်းကြားတယ်... ငါ့ကုမ္ပဏီလုပ်ငန်းကိုလည်း ထောင်စုနှစ်ထုတ်လုပ်ရေးမှာအပ်တာ... ဥက္ကဌချင်ရဲ့ကုမ္ပဏီကအတော်ကောင်းတယ်''
ထိုနိုင်ငံခြားကုမ္ပဏီသူဌေးများပြောရင်းဆိုရင်း လူငယ်တစ်ယောက်ကိုကြည့်လိုက်ကြသည်။ ချင်ရန်ပင်။
ချင်းလင်ကုမ္ပဏီကြောင့် ထောင်စုနှစ်ထုတ်လုပ်ရေးမှာ ရုံချန်းတွင်အကြီးဆုံးကြော်ငြာကုမ္ပဏီဖြစ်နေလေပြီ။ ရုံချန်း၏စီးပွားရေးနှင့်တရားဝင်ကြော်ငြာများကိုလက်ခံထားရုံသာမက ရုံချန်းပြင်ပကြော်ငြာလုပ်ငန်းများလည်း ကောင်းကောင်းအလုပ်ဖြစ်နေသည်။
ထို့ကြောင့် ထောင်စုနှစ်ထုတ်လုပ်ရေးကိုယ်စားလှယ်ချင်ရန်က ဒီအစည်းအဝေးတက်ရောက်ရသည်။
ချင်ရန်ဘေးတွင် ကျောက်မိုယွင်နှင့်ဟွမ်ရှင်းရှိသည်။

ကျောက်မိုယွင်က KTV၊ နို့လက်ဖက်ရည်လုပ်ငန်းနှင့်စီးပွားစခဲ့သောကြောင့် တက်ရောက်ခွင့်မရှိခဲ့။ မနှစ်က ချင်လင်နှင့်ချန်လီက နေရာအသစ်အကြောင်း အချက်အလက်နှင့်တည်နေရာကိုတမင်သက်သက်သူ့ရှေ့ပြောကြသည်။ သူလည်းအခွင့်အရေးကိုအရယူပြီး မိတ်ဆွေအသစ်များရှာကာ ဆောက်လုပ်ရေးကုမ္ပဏီကိုစွန့်စားလုပ်ခဲ့သည်။ မနှစ်ကကြိုရခဲ့သောသတင်းကြောင့် သူလည်းအတော်အလုပ်ဖြစ်သွားသည်။
ဒါကအခွင့်အရေး။ တချို့ကဝင်ငွေရှာဖို့ သတင်း အချက်အလက်လိုနေသည်။ အချက်အလက်ရသည်နှင့် အခွင့်အရေးကိုအမိအရယူပြီး အလွယ်တကူအောင်မြင်နိုင်သည်။
နောက်တစ်ယောက်က ဟွမ်ရှင်း။ သူကတစ်ခါတည်း ယွမ်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပြီး ရုံချန်းစီးပွားရေးအသိုင်းအဝိုင်းတွင် အတော်နာမည်ကြီးသွားသည်။
ချင်ရန်ကသူတို့အားလုံး ချင်လင်နှင့်ဆက်စပ်နေမှန်းသိ၍ သုံးယောက်သားအတူတူစကားပြောကြသည်။
နိုင်ငံခြားကုမ္ပဏီသူဌေးများကလှမ်းကြည့်နေရာ ချင်ရန်ကချက်ချင်းပြုံးပြီးနှုတ်ဆက်သည်_
"ဒါရိုက်တာဝမ် ဒါရိုက်တာချူ ဒါရိုက်တာလင်း ဒါရိုက်တာကျောက်... ဒီတလော လက်ဖက်ရည်သောက်မလာကြဘူး... ခင်ဗျားတို့ကိုသတိရနေတာ''
ဥက္ကဌဝမ်: ''ကျုပ်လည်း ဥက္ကဌချင်ကိုသတိရပါတယ်... ကုမ္ပဏီမှာကြော်ငြာစရာရှိနေတာ... မနက်ဖြန်လက်ဖက်ရည်သောက်ရင်း ဥက္ကဌချင်ဆီလာခဲ့မယ်''
"အင်း... ကျုပ်ကုမ္ပဏီက ထုတ်ကုန်အသစ်ထွက်လို့ကြော်ငြာရဦးမယ်... ဒီရက်ပိုင်း ခင်ဗျားကိုဒုက္ခပေးရမှာပဲ သူဌေးချင်''
ဥက္ကဌလင်း:
သူတို့ကလည်း အားတက်သရောပြန်ပြောကြသည်။
သူတို့စကားပြောနေစဉ် ရုတ်တရက်ခန်းမအပြင်မှအသံထွက်လာသည်_
"သူဌေးချင်... ဝင်ခဲ့ပါ!''
အသံကြားသူများက တပြိုင်တည်းကြည့်လိုက်ကြသည်။
ပြောသူက စွန်းရှန်။
ဒီတော့ သူဌေးချင်ကဘယ်သူလဲ မပြောဘဲသိပြီ!