← Chapters

ပြည်သူ့ညီလာခံကိုယ်စားလှယ်! ဂျင်ဆင်းစိုက်နိုင်ပြီ!

Vol. 51 Ch. 754

ပြည်သူ့ညီလာခံကိုယ်စားလှယ်! ဂျင်ဆင်းစိုက်နိုင်ပြီ!

Vol. 51 Ch. 754

အားလုံးကြည့်နေစဉ် စွန်းရှန်ကအပြင်မှလျှောက်ဝင်လာသည်။

သူ့နောက်တွင် အတော်ငယ်သောလူငယ်လေး။

လက်ထောက်ချန်တောင် သူ့နောက်တစ်လှမ်းဆုတ်ပြီးလိုက်လာသည်။

ရုံချန်းကုမ္ပဏီသူဌေးများက ထိုမြင်ကွင်းကိုမြင်သွားကြသည်။ ဒီလူငယ်ကချင်းလင်ကုမ္ပဏီသူဌေးမှန်းသိရင်တောင် စိတ်လှုပ်ရှားနေဆဲ။

အထူးသဖြင့် လူကြီးများက ဒီလူငယ်နှင့်စာလျှင် သူတို့အလကားအသက်ရှင်ခဲ့သလိုခံစားလိုက်ရသည်။

နိုင်ငံခြားကုမ္ပဏီသူဌေးများက ချင်းလင်ကုမ္ပဏီသူဌေးကိုအရမ်းငယ်မည်ဟုခန့်မှန်းမိသော်လည်း တကယ်တမ်းလူကိုယ်တိုင်မြင်ပြီး အံ့အားသင့်နေကြသေးသည်။

"အားလုံးစုံပြီ... ထိုင်ကြပါ!''

စွန်းရှန်က ပတ်ပတ်လည်မှလူများကိုကြည့်ပြီး အပြုံးနှင့်နှုတ်ဆက်လိုက်သည်။

ချင်လင်လည်း သူ့ထိုင်ခုံရှာလိုက်သည်။ သိသာလွန်းနေသောကြောင့် သိပ်မရှာရ။ ပထမတန်း ပထမထိုင်ခုံ။

ပထမတန်းဒုတိယထိုင်ခုံမှာ ရွှင်းယွမ်အထည်အလိပ်ကုမ္ပဏီပိုင်ရှင်ဖြစ်သည်။

မနှစ်က အထည်အလိပ်ကုမ္ပဏီထွက်ကုန်တန်ဖိုးမှာ ယွမ်ဘီလီယံ ၂၀ နီးနီးရှိခဲ့သည်။ ရုံချန်းတွင်အမြဲဒေါက်တိုင်လုပ်ငန်းတစ်ခုဖြစ်၍ ပထမတန်းပထမခုံတွင်အမြဲရှိခဲ့သည်။

ဒါပေမဲ့ ဒီနှစ်ပထမနေရာမှာထားရင်တောင် သူမျက်နှာပူသည်။ ချင်းလင်ကုမ္ပဏီနှင့်ယှဉ်လျှင် ရွှင်းယွမ်အထည်အလိပ်ကုမ္ပဏီကဘာမှမဟုတ်။

"မင်္ဂလာပါ ဥက္ကဌချင်!''

ရွှင်းယွမ်ကုမ္ပဏီသူဌေးကအရင်စပြီး ချင်လင်ကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်သည်။

ဒီလိုလူငယ်မျိုးနှင့်မိတ်ဆွေဖြစ်ရန် လက်ဦးမှုယူဖို့လိုကြောင်း သူသေချာသိသည်။

တစ်ဖက်လူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်မှုရထားတာ။ ရှေ့လျှောက် သူ့ကိုမော်ကြည့်ရင်ကြည့်ရနိုင်သည်။ အခုဆုံထားရင် နောက်နောင်နှုတ်ဆက်ဖို့အခွင့်အရေးရပြီ။

"မင်္ဂလာပါ!''

ချင်လင်လည်းပြုံးပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

သူကအမြဲယဉ်ကျေးခဲ့သူဖြစ်၍ သူ့အပေါ်လည်းယဉ်ယဉ်ကျေးကျေးပင်။

အားလုံးထိုင်ပြီးနောက် စွန်းရှန်နှင့်ချန်လီက သဘာပတိထိုင်ခုံတွင်ထိုင်လိုက်ကြသည်။ စီရင်စုလူများက သူတို့အတွက်ပစ္စည်းကိရိယာများပြင်ဆင်ပေးထားသည်။

ထို့နောက် မနှစ်ကရုံချန်း၏အောင်မြင်မှုများကိုတင်ပြပြီး ကုမ္ပဏီအသီးသီး၏ပါဝင်ဆောင်ရွက်မှုကိုလည်းချီးမွှန်းစကားဆိုသည်။

ချင်းလင်စံအိမ်၊ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့် ချင်းလင်ဓာတ်ခွဲခန်းက အဓိကဇာတ်ဆောင်များပင်။

စွန်းရှန်က ကုမ္ပဏီသုံးခုအမည်ထည့်ပြောတိုင်း အားလုံးကချင်လင်ကိုအမှတ်တမဲ့ကြည့်မိကြသည်။

နှစ်ချုပ်အစည်းအဝေးက တစ်မနက်လုံးအချိန်ကုန်သွားသည်။ နောက်ဆုံးတွင် စွန်းရှန်ကခါတိုင်းလို လုပ်ငန်းရှင်သူဌေးများအားလုံးညစာစားရန်ဖိတ်သည်။

ချင်လင်ကိုမူ စွန်းရှန်နှင့်ချန်လီက ရုံခန်းထဲဖိတ်ခေါ်သည်။

စွန်းရှန်က လက်မှတ်တစ်ခုပေးပြီး_

"သူဌေးချင်... ဒါမင်းအတွက်ပါ''

ချင်လင်ကလက်မှတ်ယူကြည့်လိုက်သည်။ နိုင်ငံတော်ပြည်သူ့ညီလာခံလက်မှတ်ပင်။

ချန်လီကဆက်ပြောသည်_

"သူဌေးချင်... ဒါစီရင်စုကိုယ်စားလှယ်ပဲရှိသေးတယ်... စီရင်စုက မြို့တော်ကိုထောက်ခံချက်ပေးထားပြီး ဆန်းစစ်ချက်အောင်မြင်ထားပါတယ်... နောက်နှစ် ဆန္ဒရှိရင် ပေကျင်းပြည်သူ့ညီလာခံလည်းတက်နိုင်ပါတယ်''

ချင်းလင်ကုမ္ပဏီလုပ်ငန်းနှင့်ဖွံ့ဖြိုးမှုအရှိန်ကြောင့် စီရင်စုကတတ်နိုင်သမျှအခွင့်အရေးအားလုံးပေးထားသည်။ ဒီတော့ သူဌေးချင်အတွက် သူတို့လုပ်ပေးနိုင်တာက နာမည်ရအောင်လုပ်ပေးဖို့။

ချင်လင်ကလက်မှတ်မြင်ပြီး နည်းနည်းအံ့ဩသွားသည်။

အရင်ကကြားသာကြားဖူးပြီး အဆက်အစပ်မရှိ။ နောက်ပြီး ရယူဖို့လည်းအားမထုတ်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ပေကျင်းညီလာခံကသူဌေးကြီးမာလိုနာမည်မကြီးချင်။

ဝင်ပါချင်စိတ်တောင်မရှိချေ။

သိုသိုသိပ်သိပ်ပဲနေမည်။

ဒါပေမဲ့ လက်မှတ်ကိုမယူစရာအကြောင်းမရှိ။

…

ချင်လင်အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ကားပါကင်တွင်ချန်ရှန်းဖေ၏မေဘာ့ချ်ကားကိုမြင်ပြီး အံ့ဩသွားသည်။

ထိုကားဘေးတွင် မာလဲ့ဝမ်နှင့်လီရှင်း၏ကားများ။

လောင်ချန်တို့ရောက်နေတယ်?

နှစ်သစ်မတိုင်ခင် ချန်ရှန်းဖေတို့က သူတို့ဇနီးများအားဖြည့်ရန် ချင်းလင်အပန်းဖြေစံအိမ်တွင်နေရာယူထားသည်။

ချင်လင်က အပန်းဖြေစံအိမ်ဧည့်ခန်းထဲဝင်လိုက်ရာ ချန်ရှန်းဖေ၊ လီရှင်းနှင့် မာလဲ့ဝမ်တို့ကိုတွေ့ရသည်။

လင်းလျိုတို့လည်း ဘေးမှာပါသည်။

စားပွဲပေါ်တွင် အသီးအနှံများ၊ ပျားရည်သောက်စရာများတည်ခင်းထားသည်။

လင်းလျိုတို့က ကလေးချီထားကြသည်။ ကလေးမွေးပြီးအိမ်အပြင်ခေါ်နိုင်ပြီဖြစ်၍ ယောက်ျားဖြစ်သူက အပန်းဖြေစံအိမ်တွင်အားဖြည့်ရန်ခေါ်လာသည်။

အားဖြည့်ခြင်းကအလုပ်တစ်လုပ်ဆိုသော်လည်း ကလေးများအတွက်အဓိကပင်။ လေကကောင်းပြီး အစားအသောက်ကအာဟာရဖြစ်၍ ကလေးများအတွက်ကောင်းသည်။

"လောင်ချန် လောင်လီ လောင်မာ... ဘာလို့ဖုန်းမဆက်တာလဲ?''

ချင်လင်ကချက်ချင်း သွားနှုတ်ဆက်သည်။

"အံ့ဩသွားအောင်လုပ်ချင်တာ မင်းစံအိမ်မှာမရှိလို့''

ချန်ရှန်းဖေကပြုံးပြီးပြောသည်။

မိန်းကလေးသုံးဦးကလည်း ချင်လင်ကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်သည်။

ချင်လင်က သူတို့လက်ထဲမှကလေးသုံးယောက်ကိုကြည့်ပြီးစလိုက်သည်_

"လောင်ချန်... ခင်ဗျားတို့က ကလေးကိုတစ်ချိန်တည်းမွေးထားတာ... ကလေးတွေအဖော်ရှိတာပေါ့''

ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့အားလုံးက ဒုတိယကလေးယူခြင်းဖြစ်သည်။ ပထမကလေးကအသက်ကွာသောကြောင့် ဘယ်လိုအတူတူလျှောက်သွားရမလဲမသိခဲ့။

သို့ရာတွင် ဒီကိုယ်ဝန်ဆောင်ပြီး သူတို့သုံးယောက်သားဆက်ဆံရေးကပိုရင်းနှီးလာသည်။

နောက်ပြီး သူတို့ဇနီးတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ်ဝန်ဆောင်ကြခြင်းမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်ဆက်စပ်နေရမည်။

"သေချာတာပေါ့... သူတို့မိဘတွေဒီလောက်ရင်းနှီးနေတာ... သူတို့လည်း သူငယ်ချင်းကောင်းတွေဖြစ်လာမှာ''

ချန်ရှန်းဖေရယ်လိုက်သည်။

ချင်လင်နည်းနည်းအံ့ဩသွားသည်။

ပြီးတော့ အားလုံးကမိန်းကလေးတဲ့?

မိန်းကလေးဖြစ်လို့ ဘာမှအကျိုးမယုတ်။ မိန်းကလေးတွေကချိုသာပြီး ထည့်တွေးပေးတတ်ကြတယ်မလား?

ချင်လင်ကထိုင်ပြီး အဖေဖြစ်တာဘယ်လိုခံစားရကြောင်း ချန်ရှန်းဖေတို့ကိုမေးရန်ပြင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူနှင့်ကျောက်မိုချင်းက အကာအကွယ်မယူတော့။ ကျောက်မိုချင်းမှာ အချိန်မရွေးရလာနိုင်သည်။

သူဘာမှမပြောရသေးခင် ရုတ်တရက်လင်းဖန်က ကျောက်မိုချင်းကိုဧည့်ခန်းထဲခေါ်လာသည်။

လင်းဖန်ကအံ့ဩနေပုံနှင့် ချန်ရှန်းဖေတို့ကိုဂရုမစိုက်အားဘဲ ချင်လင်ဆီလျှောက်လာကာ_

"ရှောင်လင်... မင်းအတွက်သတင်းကောင်းရှိတယ်''

ချင်လင်က ကျောက်မိုချင်းကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။

All Chapters