မှန်ကုမ္ပဏီဒေဝါလီခံရမှာစိုး! ၂
Vol. 51 Ch. 758
စက်ရုံဝန်းကိုလုံးဝအလုံခတ်ထားပြီး ချင်းလင်ကုမ္ပဏီအပိုင်ဖြစ်သည်။ အခုစက်ရုံရွှေ့ပြီးဖြစ်၍ သူဌေးဖြစ်သူကတစ်ချက်သွားကြည့်ရမည်။
သူတို့နှစ်ယောက်သား အပန်းဖြေစံအိမ်မှထွက်ပြီး ချင်းလင်စက်ရုံဝန်းထဲသွားလိုက်ကြသည်။
…
လွန်ခဲ့သောနှစ်များအတွင်း ရုံချန်းကမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာသည်။ မြို့ပတ်လမ်း၊ အမြန်လမ်းများကို ထပ်ထပ်ဆောက်နေသည်။ အမြန်လမ်းများကို ကျေးလက်လမ်းများနှင့်တိုက်ရိုက်ဆက်သွယ်ထားသည်။
အမြန်လမ်းပေါ်တွင် Camry ကားတစ်စီးမှာ အရှိန်ကောင်းကောင်းနှင့် ရုံချန်းသို့ဦးတည်မောင်းနေသည်။
ချန်ကူရှန်းနှင့်သူ့ဇနီးက နှစ်သစ်တွင်နှစ်ယောက်လုံးအလုပ်ထွက်ပြီးရုံချန်းပြန်လာကြသည်။ သဲမြို့တော်တွင်အရူးလိုအလုပ်လုပ်ခဲ့ရပြီး နှစ်သစ်အတောအတွင်းအိမ်မပြန်နိုင်ခဲ့။ တစ်လယွမ် ၈၀၀၀ သာရသည်။ သူတို့လင်မယားပေါင်းမှ ယွမ် ၁၆၀၀၀!
အဓိကက အလုပ်ပင်။
မနှစ်က သူ့မိဘများမှာ အိမ်တွင်ချင်းလင်ဖရဲသီးစိုက်ရင်း သူတို့လင်မယားလောက်ဝင်ငွေရခဲ့သည်။
ထို့ကြောင့် မွေးရပ်မြေပြန်လာရန်ဆုံးဖြတ်လိုက်သည်။ နောက်ပြီး ချင်းလင်အစားအသောက်ကုမ္ပဏီချဲ့ထွင်ရန်အတွက် ခရမ်းချဉ်စိုက်ခင်းအသစ်များလိုအပ်နေသည်။ သူတို့မိသားစုကကံကောင်းပြီး ချင်းလင်အစားအသောက်ကုမ္ပဏီနှင့် ခရမ်းချဉ်စိုက်ခင်းစာချုပ်လက်မှတ်ထိုးရသည်။
သူတို့စုံတွဲကပြန်လာပြီးကူညီချင်သည်။
ရုံချန်းမှာချင်းလင်ဖရဲသီးစိုက်သည့်အပြင် ခရမ်းချဉ်စိုက်ခြင်းကလည်းဝင်ငွေရမှန်း အားလုံးသိကြသည်။

ဒီနှစ် ချန်ကူရှန်းလိုလူများက ရုံချန်းပြန်လာပြီးတိုးတက်အောင်လုပ်ရန်ဆုံးဖြတ်ကြသည်။
ရုံချန်းကိုအင်တိုက်အားတိုက်ပြန်လာကြသောကြောင့် စီရင်စုကဝမ်းသာနေသည်။
နေရာတစ်နေရာဖွံ့ဖြိုးရန် လူဦးရေကလည်းအဓိကကျသည်။ လူဦးရေများမှ စီးပွားရေးပိုကောင်းအောင်ဖန်တီးနိုင်မည်။ နေရာသစ်တစ်နေရာဖွံ့ဖြိုးရန် အိမ်ရာဝယ်ပြီးနေထိုင်သူများရှိရန်လည်းလိုသည်။
ချန်ကူရှန်းမောင်းနေစဉ် သူ့ဇနီးလင်းလီရွှမ်းက_
"ယောက်ျား... ဒီစက်ရုံကကြီးလိုက်တာ''
ချူကူရှန်းလှမ်းကြည့်လိုက်သည်။
ဟုတ်တာပေါ့။ ခပ်လှမ်းလှမ်းမှာ နေရာအကြီးကြီးယူထားသောစက်ရုံတစ်ရုံကိုတွေ့ရသည်။ အဝေးကနေတောင် စက်ရုံအလယ်တွင်စိုက်ထားသော 'ချင်းလင်အစားအသောက်ကုမ္ပဏီလီမိတက်'စာလုံးကြီးများကိုမြင်ရသည်။
"ချင်းလင်ကုမ္ပဏီရဲ့စက်ရုံနေရာပဲ... ကြီးလှချည်လား''
ချူကုရှန်းက စိတ်လှုပ်ရှားသံနှင့်ပြောလိုက်သည်_
"ဒီစက်ရုံကြီးက သဲမြို့တော်ကနိုင်ငံတကာအဖွဲ့စက်ရုံကြီးတွေထက်တော့ မသေးနိုင်ဘူး''
တစ်နှစ်ရှိသွားပြီ။ ရုံချန်းသေးသေးလေးကကုမ္ပဏီတစ်ခုမှာ ဒီလိုစက်ရုံဝန်းကြီးဆောက်နိုင်လာသည်ကို သူတို့မယုံနိုင်ဖြစ်နေသည်။
သို့သော် လွန်ခဲ့သော ၂ နှစ်အတွင်း ချင်းလင်ကုမ္ပဏီအကြောင်းသတင်းများကိုတစ်ကြိမ်မကတွေ့ဖူး၍ ချင်းလင်စက်ရုံဝန်းဆိုလည်း အံ့ဩစရာမရှိ။
ချင်းလင်ကုမ္ပဏီက ရုံချန်းသားများအတွက်ဂုဏ်ယူစရာဟုဆိုနိုင်သည်။
အပြင်သွားရင် ရုံချန်းကလို့ပြောတိုင်း ချင်းလင်ကုမ္ပဏီရှိတဲ့နေရာဟုပြောကြလိမ့်မည်။
အခုသူတို့စုံတွဲက ချင်းလင်အစားအသောက်ကုမ္ပဏီအတွက်ခရမ်းချဉ်စိုက်ရန်ပြန်လာခြင်းပင်။ ကျယ်ပြောသောစက်ရုံဝန်းကိုကြည့်ရင်း သူဂုဏ်ယူမိသည်။
ထိုအချိန်တွင်_

ချင်လင်ကတန့်ကွမ်းကားနှင့် ချင်းလင်ကုမ္ပဏီစက်ရုံဝန်းထဲဝင်လာသည်။
စက်ရုံဝန်းထဲရောက်လာပြီး စက်ရုံနေရာအကျယ်အဝန်းကြောင့် ချင်လင်တောင်အံ့ဩမိသည်။ တကယ်ကြီးသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီက ဒီစက်ရုံထဲအများကြီးရင်းနှီးမြှုပ်နှံထားသည်။
ချင်လင်ကတန့်ကွမ်းနောက်လိုက်ရင်း ဆောက်ထားသောစက်ရုံဆီရောက်လာသည်။
ထိုစက်ရုံများကို ပြည်တွင်းစံမီဖွဲ့စည်းပုံအတိုင်း ဒီဇိုင်းဆွဲပြီးဆောက်ထားသည်။ အတွင်းပိုင်းကလင်းလင်းရှင်းရှင်းရှိပြီး စက်ရုံထဲဝင်လျှင် သန့်ရှင်းရေး၊ဖုန်မှုန့်ကင်းစင်ရေးအတွက် အဆင့် ၃ ဆင့်ဖြတ်ရသည်။
အရင်စက်ရုံထက်အများကြီးပုံစံကျသည်ဟုဆိုနိုင်သည်။
နောက်ပြီး ပတ်ပတ်လည်တွင်သန့်စင်မြက်များစိုက်ထားသောကြောင့် စက်ရုံလေအရည်အသွေးကအလွန်ကောင်းသည်။ အပင်များအလင်းအစာချက်ပြီးလေသန့်စင်ရန် အထူးမီးချောင်းများလည်းရှိသည်။
"ဥက္ကဌချင်... ဒီစက်ရုံကဆော့ထုတ်ပါတယ်''
တန့်ကွမ်းကမိတ်ဆက်ပေးသည်_
"ချင်လုံစိုက်ခင်းက ခရမ်းချဉ်မျိုးအသစ်မှည့်တော့မယ်... အဲဒီအချိန်ကျရင် ဒီစက်ရုံအသစ်က ခရမ်းချဉ်မျိုးအသစ်ထုတ်လုပ်ဖို့အရင်ဆုံးအတွေ့အကြုံရမှာ... ဒီတစ်သုတ်စျေးကွက်ထဲရောက်ရင် တခြားစိုက်ခင်းကခရမ်းချဉ်မျိုးအသစ်တွေလည်းရလောက်ပြီ... ပြီးတော့ စာချုပ်အသစ်ချုပ်ထားတဲ့စိုက်ခင်းတွေကို မကြာခင်မျိုးစေ့ဝေပေးပါတော့မယ်''
"အင်း!''
တန့်ကွမ်းပြောတဲ့ခရမ်းချဉ်ဆော့အသစ်က မျိုးစိတ်ပြောင်းအရည်အသွေး ၁ ခရမ်းချဉ်မှန်း ချင်လင်သိသည်။
ပထမအသုတ်စိုက်ခြင်းအတွက် စာချုပ်ချုပ်ထားသောစိုက်ခင်းများမှလွဲ၍ ကျန်အားလုံးကို ချင်လုံစိုက်ခင်းတွင်စိုက်ထားသည်။
ခရမ်းချဉ်ဒုတိယအသုတ်ကို ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ပူးပေါင်းသောစိုက်ခင်းများအားလုံးတွင်ဖြန့်စိုက်ထားသည်။ မြို့အသီးသီးတွင်လည်း စိုက်ပျိုးထားသည်။
အရည်အသွေး ၁ ခရမ်းချဉ်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပြီးလျှင် ချင်းလင်ခရမ်းချဉ်ဆော့က ဆော့စျေးကွက်ကိုလုံးဝသိမ်းပိုက်သွားလိမ့်မည်။
ချင်လင်နှင့်တန့်ကွမ်းက စက်ရုံဝန်းကိုစစ်ဆေးပြီး ဘာပြဿနာမှမရှိ၍ ချင်းလင်အပန်းဖြေစံအိမ်ပြန်လာကြသည်။
…
နောက်တစ်နေ့_
ချင်လင်မနက်အစောကြီးနိုးလာသောအခါ ဂိမ်းထဲစိုက်ထားသောမျက်စိကြည်ဂျင်ဆင်းကို လူပုလေးကခူးဆွတ်ပြီး သိုလှောင်ခန်းထဲထည့်ထားသည်။
ထို့ကြောင့် အရင်ဆုံးဂိုဒေါင်သွားပြီး ဂိမ်းထဲဝင်လိုက်သည်။
ပစ္စည်းများသယ်ရန်အလျင်မလိုသောကြောင့် သိုလှောင်ခန်းထဲတန်းသွားလိုက်သည်။
"သူဌေး... ကျုပ်အပင်တွေကိုရေလောင်းထားတာ!''
လူပုလေးကချင်လင်ကိုမြင်ပြီး သူအပါးမခိုကြောင်းချက်ချင်းပြောသည်။
ချင်လင်သိုလှောင်ခန်းထဲဝင်ဝင်ချင်း လူပုလေးကသူ့အိတ်ကပ်ထဲမှစတော်ဘယ်ရီနှစ်လုံးထုတ်ပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်ကိုတွေ့ရသည်။
ချင်လင်က မျက်စိကြည်ဂျင်ဆင်းထားသောစားပွဲဆီတန်းလျှောက်သွားသည်။
မျက်စိကြည်ဂျင်ဆင်းဖြူကသိပ်မကြီး။ လက်နှစ်လုံးလောက်သာရှိသည်။ အမြစ်ဖွားဖွားထွက်နေပြီး ဂျင်ဆင်းနံ့ရှိသည်။
သူကတစ်ခုကောက်ပြီး ဂျင်ဆင်းဖြူမှတ်ချက်ကိုကြည့်လိုက်သည်:
(မျက်စိကြည်ဂျင်ဆင်း: အရည်အသွေး ၂)
(မျက်စိအတွက်အထူးအာနိသင်ရှိသောဂျင်ဆင်းဖြူမျိုးဖြစ်သည်။ အပိုင်းပိုင်းဖြတ်ပြီး အစိမ်းဝါးစားနိုင်သည်။ အဝေးမှုန်ကုသနိုင်ခြင်း +၂!)
အာနိသင်၊အရည်အသွေးက တစ်ခုတည်းရှိသည်။
မူလဂျင်ဆင်းဖြူတွင်ဆေးဖက်ဝင်အာနိသင်များစွာရှိသော်လည်း အမြင်ကြည်စေသောဂျင်ဆင်းဖြူအဖြစ်မျိုးပြောင်းနိုင်သည်။ အဝေးမှုန်ခြင်း +၂ အာနိသင်တစ်မျိုးတည်းသာရှိသည်။
သို့ရာတွင် ဒီအရည်အသွေးသက်သက်တင် အထင်ကြီးစရာကောင်းလှပြီ။