အဝေးမှုန် မြန်မြန်ပျောက်! အစွမ်းထက်လွန်းတော့လည်း ပြဿနာ!
Vol. 51 Ch. 760
လီကျဲကအထင်မှားသလားတွေးမိသော်လည်း အနီးကပ်ကြည့်သောအခါ အရင်ကဒီလိုမမြင်ဖူးမှန်းသိလိုက်သည်။ မာတီမီဒီယာဌာနနံရံပေါ်မှ'နောင်ရေးအတွက်အလုပ်လုပ်ပါ'ဆိုသောစာလုံးများမှာ နည်းနည်းဝါးနေသည်။
အဝေးမှုန်ပိုဆိုးလာသောကြောင့် မျက်မှန်ပါဝါမကိုက်တော့ဘဲ ခပ်လှမ်းလှမ်းမှကြည့်လျှင် မျက်စိရှေ့တွင်မြူမှုန်လိုလိုရှိနေသည်။
အခုမြူမှုန်တွေကပျောက်သွားပြီး သေသေချာချာမြင်နေရသည်။
သူဌေးပေးတဲ့ဂျင်ဆင်းကြောင့်လားဟု အမှတ်တမဲ့တွေးမိပြီး မယုံနိုင်အောင်ဖြစ်သွားသည်။
သူဌေးပြောသလို ဒီဂျင်ဆင်းကအဝေးမှုန်ကုနိုင်တယ်ဆိုပေမဲ့ အာနိသင်ကဒီလောက်မသိသာနိုင်ဘူးမလား?
လီကျဲဘယ်လောက်အံ့ဩနေမလဲ စဉ်းစားသာကြည့်။ ဒီလိုကောင်းဖို့အမြဲမျှော်လင့်ခဲ့သောကြောင့် သူမယုံတောင်မယုံနိုင်။
ထို့နောက် ညစာစားအပြီးတွင် သူဌေးမှာသည့်အတိုင်း ဂျင်ဆင်းတစ်စိတ်ထပ်စားသည်။
ထင်တဲ့အတိုင်း မျက်လုံးတွင်ခပ်နွေးနွေးဖြစ်သွားပြန်သည်။
ထို့ကြောင့် သူမပိုပြီးမျှော်လင့်မိသည်။
နောက်တစ်နေ့_
လီကျဲအစောကြီးနိုးလာသည်။
အိပ်ရာနိုးနိုးချင်း ထုံးစံအတိုင်းအိပ်ရာပေါ်မှမျက်မှန်ကိုစမ်းပြီး တပ်လိုက်သည်။
ဒီအကျင့်က အဝေးမှုန်သမားတိုင်းအကျင့်ပါနေသည်။

လီကျဲကမျက်မှန်တပ်ပြီးနောက် အရမ်းဝါးနေ၍ကြောင်သွားသည်။ ထို့ကြောင့် အမှတ်တမဲ့မျက်မှန်ပြန်ချွတ်လိုက်ရာ အမြင်ကြည်သွားသည်။
သူမကချက်ချင်းတစ်ခုခုတွေးမိပြီး မနှစ်ကတပ်ခဲ့သောပါဝါနိမ့်မျက်မှန်ကိုမြန်မြန်သွားရှာလိုက်သည်။
မျက်စိအားနှင့်မျက်မှန်ပါဝါအရမ်းကွာသွားလျှင် အမြင်ဝါးတတ်သည်။
မနှစ်ကမျက်မှန်ရှာတပ်ပြီးနောက် အမြင်ကြည်သွားမှန်းသိလိုက်ရသည်။
တစ်နည်းပြောရရင် သူမအမြင်က တကယ်တိုးတက်သွားပြီပေါ့?
သူမယူလာသောဂျင်ဆင်းဆီချက်ချင်းအကြည့်ရောက်သွားပြီး ရတနာတစ်ခုလိုဆုပ်ကိုင်ထားလိုက်သည်။
သူဌေးပေးတဲ့ဂျင်ဆင်းက အဝေးမှုန်ကိုတကယ်ကုနိုင်တယ်။ အာနိသင်က ဩချလောက်စရာ။
ဆေးပညာခေတ်အမီဆုံးပညာရှင်တောင်မတတ်နိုင်တာ၊ ဂျင်ဆင်းလေးတစ်ခုက ကုနိုင်တယ်တဲ့။
ဂျင်ဆင်းမှာ ဒီလိုအာနိသင်မျိုးရှိမှန်းတောင်မသိ။ အရင်ကသိရင် ဘယ်လောက်ကုန်ကုန် ဝယ်ပစ်လိုက်မည်။
အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းမှာ သိသိသာသာအစွမ်းထက်သည်။ သို့ရာတွင် မျက်စိမှာခန္ဓာကိုယ်တွင်အရှုပ်ထွေးဆုံး၊ အနူးညံ့ဆုံးအစိတ်အပိုင်းဖြစ်သောကြောင့် အဝေးမှုန်ကုသနိုင်သောအာနိသင် +၃ ရှိရင်တောင် အချိန်တိုအတွင်းမကုသနိုင်ပေ။
နောက်ရက်များ၌_
လီကျဲကသေတ္တာသေးလေးရှာပြီး ဂျင်ဆင်းထည့်သိမ်းထားသည်။ သူမအနားတွင်ထား၍ နေ့တိုင်းညစာစားပြီးတစ်စိတ်စားသည်။
ရက်ပိုင်းကြာပြီးနောက် မနက်အစောကြီးနိုးလာပြီး မျက်စိဖွင့်လိုက်ရာ သူမပြုံးရွှင်သွားသည်။
ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားမြင်နေရသည့်ခံစားချက်က လုံးဝကောင်းသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်း ထမင်းစားပြီးတိုင်း သူဌေးပေးသောဂျင်ဆင်းစားခဲ့သည်။ နောက်ဆုံးတော့ ဒီနေ့မျက်မှန်ချွတ်ရပြီ။
လီကျဲကစိတ်လှုပ်ရှားစွာနှင့် အလှပြင်စားပွဲနားသွားပြီး လှလှပပဝတ်စုံတစ်စုံကိုဝတ်လိုက်သည်။
အရင်က အလုပ်အတွက်မိတ်ကပ်သာလိမ်းပြီး အရောင်စုံမခြယ်ခဲ့။ မိတ်ကပ်ဘယ်လောက်ကောင်းကောင်း မျက်မှန်ကဖျက်နေသည်။ နောက်ပြီး မျက်ကပ်မှန်တပ်ရင်လည်း မျက်လုံးကယားတတ်သည်။
အခုတော့ လှလှပပလေးဝတ်လို့ရပြီ။ မိတ်ကပ်ပြင်ပြီး မှန်ထဲကြည့်လိုက်ရာ အတော်စိတ်ချမ်းသာသွားသည်။ ထို့နောက် တောင်တန်းစံအိမ်ဆီထွက်လာခဲ့သည်။
လီကျဲမာတီမီဒီယာဌာနရောက်သောအခါ အထဲကပုရိသများ၏အာရုံကိုဖမ်းစားလိုက်လေသည်။ အားလုံးလှမ်းမကြည့်ဘဲမနေနိုင်။ အချင်းချင်းတိုးတိုးတိုးတိုးတောင်ပြောနေကြသည်။
"လီကျဲလား?''
"အင်း... အရင်ကသူဒီလောက်လှတာ ဘာလို့မသိတာလဲ?''
"အိုး ဟုတ်ပါ့!''
မျက်မှန်ထူကြီးက သူမပုံစံကိုအတော်လွှမ်းမိုးထားသည်။ ဒါကြောင့်လည်း မျက်မှန်တပ်ရင် ပုံပျက်တယ်လို့ပြောကြတာကိုး။
မျက်မှန်မရှိမှ ပိုပြီးယုံကြည်ချက်ရှိလာသည်။
ရှိရင်းစွဲအလှနှင့်လီကျဲကြောင့် သူမလုပ်ဖော်ကိုင်ဖက်များမှာ လုံးဝကွဲလွဲမှုကိုခံစားရသည်။
ဗီဒီယိုအယ်ဒီတာနှစ်ဦးက အအံ့ဩဆုံးပင်။
အကြောင်းစုံလင်ကိုသူတို့သိသည်။ သူတို့မှာလည်း သူဌေးပေးထားသောဂျင်ဆင်းရှိ၍ ဂျင်ဆင်း၏ထူးခြားပုံကိုနားလည်သည်။
သူတို့အခုဝတ်ထားတဲ့မျက်မှန်က လွန်ခဲ့တဲ့ ၂ နှစ်ကမျက်မှန်။
ဒါပေမဲ့ လီကျဲရဲ့အဝေးမှုန်ကသူတို့ထက်ဆိုးတာ။ ဘယ်လိုလုပ်ပြီး သူတို့ထက်မြန်မြန်ကောင်းသွားတာလဲ?
သူတို့နှစ်ဦးမှာဇဝေဇဝါလည်းဖြစ်၊ မျှော်လည်းမျှော်လင့်မိသည်။
သူတို့အလုပ်ကြောင့် အရင်ဆုံးမျက်မှန်ချွတ်ရမယ်မလား?
လီကျဲကထိုင်ပြီးနောက် စားပွဲခုံကိုသန့်ရှင်းလိုက်သည်။ လင်းလနိဇီကိုတွေ့သောအခါ ချက်ချင်းလင်းလန်ဇီရုံးခန်းထဲသွားပြီး_
"မန်နေဂျာလင်း... ကျွန်မမျက်စိပြန်ကောင်းသွားပြီ''
သူဌေးဂျင်ဆင်းပေးတုန်းက မန်နေဂျာလင်းကိုအစီရင်ခံဖို့မှာထားသည်။
"ဘယ်လို?''
သူမစကားကြောင့် လင်းလန်ဇီနည်းနည်းအံ့ဩသွားပြီး အလျင်စလိုမေးသည်_
"သူဌေးပေးတဲ့ဂျင်ဆင်းကြောင့်လား?''
လီကျဲရဲ့အဝေးမှုန်ဘယ်လောက်ဆိုးလဲသိသောကြောင့် အံ့ဩခြင်းပင်။
ဒါပေမဲ့ အခု သူဌေးပေးတဲ့ဂျင်ဆင်းကြောင့် လီကျဲရဲ့အဝေးမှုန်ပြန်ကောင်းသွားပြီတဲ့လား? ဂျင်းဆင်းပိုင်ရှင်က စွမ်းလိုက်တာများ?
ထို့နောက် သူမသူဌေးချမ်းသာဦးမည်ဟုတွေးမိပြန်သည်။
သူဌေးကရုတ်တရက်ကြီးဂျင်ဆင်းထုတ်ပြီး လီကျဲတို့ကိုစမ်းခိုင်းသည်။ အသစ်ပျိုးထောင်ထားတဲ့ပစ္စည်းမှန်းသိသာနေပြီ။ ဒီလိုအာနိသင်မျိုးနဲ့ဆို ငွေမရချင်အဆုံး။
လင်းလန်ဇီကချက်ချင်း ဗီဒီယိုအယ်ဒီတာနှစ်ဦးကိုခေါ်ပြီး အခြေအနေမေးမြန်းသည်။
……
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က အပန်းဖြေစံအိမ်ထဲမှပန်းအိုးများကို အပန်းဖြေစံအိမ်ဝန်းထဲတမင်ရွှေ့နေသည်။
အိုးထဲက အထူးမြေကြီးဖြစ်ပြီး သီးသန့်အပင်များစိုက်ထားသည်။
အပြင်မှာ မျက်စိကြည်ဂျင်ဆင်းများစိုက်ထားခြင်းပင်။ မျက်စိကြည်ဂျင်ဆင်းဖြူကို မြေကြီးထဲမြှုပ်ထားသည်။
ဒါ သူ့ရည်ရွယ်ချက်!
အပန်းဖြေစံအိမ်ထဲတွင် တော်ဝင်ပညာရှင်သုံးဦးရှိနေသည်။