အလားအလာအဆုံးမရှိ! သူပဲ!
Vol. 51 Ch. 762
ရက်ပိုင်းကြာပြီးနောက်_
တန့်ကွမ်းကလူနှစ်ယောက်ခေါ်ပြီး ချင်းလင်အပန်းဖြေစံအိမ်ရောက်လာသည်။
တစ်ယောက်က ခုံးလင်။
နောက်တစ်ယောက်က ပုံစံကျကျဝတ်စားထားသော အသက် ၄၀ အရွယ် ချူယွဲ့ဆိုသူဖြစ်သည်။
သူက ရှန်လီထောက်ခံပေးထားသောချင်းလင်ဓာတ်ခွဲခန်းမန်နေဂျာပင်။ အလွန်စိတ်ချရသောသူဖြစ်သည်။
တစ်ဖက်တွင် တန့်ကွမ်းက လူငယ်ခုံးလင်ကိုအမြဲအထင်ကြီးခဲ့သည်။
၂၁၁ တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး အခက်အခဲကိုကြံ့ကြံ့ခံကာ ရင်ဆိုင်နိုင်စွမ်းရှိသောကြောင့် သူ့ကိုအမြဲလေ့ကျင့်ပေးခဲ့သည်။
ခုံးလင်က သူ့ကိုစိတ်မပျက်စေရ။ ချင်းလင်အားဖြည့်လက်ဖက်ရည်စက်ရုံငယ်လေးသို့ ဒါရိုက်တာအဖြစ်ပြောင်းပြီးနောက် နင်းမြို့တော်စက်ရုံတွင်လက်ထောက်လုပ်ခဲ့သည်။ အခုရောင်းချနေသောချင်းလင်ဆေးဖျော်ရည်စက်ရုံတွင် ဒါရိုက်တာဖြစ်နေပြီ။
ဒီတစ်ကြိမ် ဥက္ကဌချင်က အစားအသောက်ကုမ္ပဏီအတွက်ကုမ္ပဏီခွဲဖွင့်ချင်သည်။ ပဏာမပြင်ဆင်ရန် လူနှစ်ယောက်ထောက်ခံပေးရမည်ဆို၍ ခုံးလင်ကိုအကြံပြုခဲ့သည်။
ခုံးလင်မှာ ချင်းလင်အစားအသောက်ကုမ္ပဏီတွင် အလုပ်အကြိုးစားဆုံးဖြစ်သောကြောင့်ပင်။ အသစ်တည်ထောင်သောကုမ္ပဏီအခွဲမှာ ဒီလိုအရည်အချင်းမျိုးရှိရန်လိုသည်။
ချူယွဲ့ကို ချင်းလင်ဓာတ်ခွဲခန်းဥက္ကဌရှန်လီကထောက်ခံပေးထားသည်။ သူကအမှန်တကယ် ထူးချွန်သူပင်။ ကုမ္ပဏီအခွဲတွင် ခုံးလင်ကလက်ထောက်၊ သူကတာဝန်ခံစီစဉ်သူဖြစ်မည်။

ဒီတစ်ခေါက် ကုမ္ပဏီအခွဲကလည်း သူတို့နှစ်ယောက်အတွက်အခွင့်အရေးဖြစ်သည်။ သူတို့ကောင်းကောင်းလုပ်ရင် ချူယွဲ့ကကုမ္ပဏီခွဲတာဝန်ခံဖြစ်မည်။ မဟုတ်ရင် သင့်တော်ရာတာဝန်ခံကိုအပြင်ကဆွဲခန့်ရလိမ့်မည်။
ဒီတစ်ကြိမ် ခုံးလင်ကူညီထားသောကြောင့် နောက်တစ်ကြိမ်ကုမ္ပဏီခွဲဖွင့်ရင် ဒါမှမဟုတ် အရေးကြီးရာထူးရှိရင် သူ့ကိုဦးစားပေးမည်။ ဒါက သူ့ကိုရွှေကွပ်ခြင်းပင်။
တန့်ကွမ်းက ရုံးရောက်ခါနီးတွင် မမေ့မလျော့သတိပေးလိုက်သည်_
"ပြီးရင် ဥက္ကဌချင်ကအင်တာဗျူးလိမ့်မယ်... မင်းတို့ကိုငါနဲ့ဥက္ကဌရှန်က ထောက်ခံထားတာ... စိတ်မပျက်စေနဲ့နော်''
ချူယွဲ့နှင့်ခုံးလင်ချက်ချင်းခေါင်းညိမ့်ပြီးကတိပေးသည်။
ကုမ္ပဏီခွဲက ဘယ်လိုထုတ်ကုန်မျိုးထုတ်မည်မသိသော်လည်း ဒါတစ်ခုတည်းသောအခွင့်အရေးမှန်းသူတို့သိသည်။
ဒီအခွင့်အရေးကိုအမိအရယူနိုင်ရင် ချင်းလင်ကုမ္ပဏီမှာအနာဂတ်လှပြီ။
မကြာမီ ချင်လင်နှင့် ချူယွဲ့၊ခုံးလင်တို့ဆုံသည်။
ထိပ်တန်းကျောင်းသားခုံးလင်ကိုသူလေးစားသော်လည်း ချူယွဲ့အကြောင်းသိပ်မသိသေး။ ရှန်လီက ချင်းလင်ဓာတ်ခွဲခန်းစီမံရေးတွင်လုပ်ရည်ကိုင်ရည်အရှိဆုံးဟုဆိုထား၍ လူတော်ဖြစ်ရမည်။
"ထိုင်ပါ!''
ချင်လင်ကလက်ဖက်ရည်စားပွဲတွင် လက်ဖက်ရည်ဖျော်ပြီး တန့်ကွမ်းတို့ကိုပြောလိုက်သည်။
တန့်ကွမ်းက ချင်လင်နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်သည်။
ခုံးလင်နှင့်ချူယွဲ့က သူ့ဘေးနှစ်ခုံတွင်ဝင်ထိုင်သည်။
ချင်လင်က အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်တစ်အိုးနှပ်ပြီး သူတို့သုံးဦးကိုတစ်ခွက်စီငှဲ့ပေးကာ_
"လက်ဖက်ရည်သောက်ပါဦး!''

တန့်ကွမ်းက သူဌေးလက်ဖက်ရည်ကိုအလွန်စိတ်ဝင်စားနေသည်။ သူကခွက်ယူပြီး တန်းသောက်တော့သည်။
ခုံးလင်နှင့်ချူယွဲ့က နည်းနည်းအိန္ဒြေထိန်းနေသည်။ ဘာပဲဖြစ်ဖြစ် သူတို့သူဌေးနှပ်ထားတဲ့လက်ဖက်ရည်မလား။
အမှန်အတိုင်းဆိုရရင် သူဌေးအကြောင်းသူတို့သိပ်မသိသေး။ ခဏခဏလည်းမဆုံဖူး။
သို့ရာတွင် ကုမ္ပဏီဒီလောက်ကြီးအောင်လုပ်နိုင်တဲ့သူဌေးက အတော်လုပ်နိုင်စွမ်းရှိမှန်း သူတို့ကောင်းကောင်းသိသည်။ နေရာဂုဏ်ကွာဟချက်ကြောင့် ဒီသူဌေးငယ်ငယ်လေးနဲ့ဆုံရတာ အတော်ဝမ်းမြောက်ရသည်။
သူတို့သတိမထားရင် အထင်အမြင်သေးခံရမှာလည်း စိုးနေသည်။
ဘာပဲဖြစ်ဖြစ် ဒီအင်တာဗျူးက သူတို့အတွက်အလွန်အရေးကြီးသည်။
ချင်လင်လည်း ချူယွဲ့နှင့်ခုံးလင်ဆီလှမ်းပေးကာ_
"အခုဘာလို့ခေါ်လဲသိပြီးပြီမလား? ဒီစာဖိုင်တွေက ကုမ္ပဏီခွဲရဲ့ထုတ်ကုန်တွေအကြောင်းပဲ... အရင်ဖတ်လိုက်ပါဦး''
သူကအင်တာဗျူးလိုသဘောမထား။ ဘာပဲဖြစ်ဖြစ် တန့်ကွမ်းနဲ့ရှန်လီထောက်ခံပေးမှတော့ ကုမ္ပဏီမှာသူများထက်လုပ်နိုင်စွမ်းရှိသူဖြစ်မည်။
ချူယွဲ့နှင့်ခုံးလင်က အချက်အလက်ကိုသေသေချာချာယူလိုက်သည်။
ဒီကုမ္ပဏီခွဲမှာဘာထုတ်ကုန်တွေရောင်းမလဲ သူတို့အရမ်းသိချင်နေသည်။ ဘာပဲဖြစ်ဖြစ် သူတို့အနာဂတ်က ဒီထုတ်ကုန်တွေအပေါ်မှာမူတည်နေသည်။
သို့ရာတွင် ထုတ်ကုန်နှစ်မျိုးအကြောင်းအချက်အလက်များကိုဖတ်ပြီးနောက် သူတို့မျက်နှာမှာမယုံနိုင်ပုံနှင့်။
ရေပူစမ်းဆေးမှုန့်၏ဆံပင်ကောင်းစေသောအာနိသင်ကိုလည်းကောင်း၊ မျက်စိကြည်ဂျင်ဆင်းဖြူ၏အဝေးမှုန်သက်သာစေသောအာနိသင်ကိုလည်းကောင်း နှစ်ယောက်လုံးအံ့အားသင့်မိသည်။
"သူဌေး... ဒါကုမ္ပဏီခွဲကရောင်းမယ့်ထုတ်ကုန်တွေလား?''
ချူယွဲ့ကအံ့ဩပြီး မမေးဘဲမနေနိုင်တော့။
ခုံးလင်လည်း သူ့သူဌေးကိုမယုံနိုင်ပုံနှင့်ကြည့်သည်။
ဒီထုတ်ကုန်အာနိသင်ကို သူတို့သံသယမရှိ။ သူဌေးကကုမ္ပဏီခွဲစမည်ဖြစ်သောကြောင့် အာနိသင်ရှိကိုရှိရမည်။
ဒါပေမဲ့ အာနိသင်ကလုံးဝလန့်စရာ။
အရူးတောင် ဒီစျေးကွက်တန်ဖိုးကိုသိနိုင်သည်။
ချူယွဲ့က သူ့ပါးလှပ်လှပ်ဆံပင်နှင့်ကျလာသောဆံစပ်ကိုတောင် တွေးမိသည်။
"အင်း... ဒီထုတ်ကုန်နှစ်မျိုးပဲ!''
ချင်လင်ကခေါင်းညိမ့်ပြီးညွှန်ကြားလိုက်သည်_
"ခင်ဗျားတို့နှစ်ယောက်ပြန်ရောက်တာနဲ့ ချက်ချင်းစီစဉ်ပါ... အထူးသဖြင့် ရေပူစမ်းဆေးမှုန့်အတွက် ကုန်ကြမ်းရယ်.. ဂျင်ဆင်းစိုက်ဖို့မြေရယ် အဆက်အသွယ်တွေရှာပါ... ခင်ဗျားတို့သေချာစစ်ဆေးရမယ်''
"ကောင်းပါပြီ သူဌေး... ကျွန်တော်တို့လုပ်လိုက်ပါမယ်''
ချူယွဲ့ကချက်ချင်းကတိပေးသည်။
ခုံးလင်လည်း ခပ်သွက်သွက်ခေါင်းညိမ့်လိုက်၏။
ကုမ္ပဏီခွဲက ဘာရောင်းမလဲသိပြီးနောက် ချက်ချင်းအားတက်သရောဖြစ်သွားကြသည်။ ဒီကုမ္ပဏီခွဲရဲ့အလားအလာက လုံးဝအဆုံးမရှိနိုင်။
သူတို့ကောင်းကောင်းလုပ်ရင် ကုမ္ပဏီကထုတ်ပြန်ထားသောဆုရွေးချယ်ခွင့်ပြည့်ပြီး အရယူနိုင်လိမ့်မည်။
ဆုရွေးချယ်ခွင့်ဆိုရင်ပဲ လုံးဝတန်နေပြီ။
တန့်ကွမ်းက ခုံးလင်၊ချူယွဲ့တို့နှင့်ထွက်သွားပြီးနောက် ချင်လင်ကသူ့ရုံးခန်းထိုင်ခုံပြန်ထိုင်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ကာ ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းဆက်တူးစေသည်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူ့ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်း ၂၄ လွှာအထိတူးခိုင်းထားသည်။
ထိုအတောအတွင်း အထူးမြေကြီး၊ ကမ္ဘာ့စမ်းရေနှင့် အရည်အသွေး ၂ ကျောက်မျက်သတ္တုများလည်းတူးဖော်ရသည်။
(ဂုဏ်ယူပါတယ်... တော်ဝင်နန်းသုံးကျောက်မျက်ကိုတူးဖော်ရရှိပါတယ်!)