အလားအလာအဆုံးမရှိ! သူပဲ! ၂
Vol. 51 Ch. 763
နောက်ထပ်အရည်အသွေး ၂ ကျောက်မျက်။
၂၄ လွှာတူးပြီးနောက် ချင်လင်လည်း သူ့ဂိမ်းဇာတ်ကောင်အား ၂၅ လွှာဝင်ပြီးတူးစေသည်။
(ဂုဏ်ယူပါတယ်... ငွေသတ္တုစရပါတယ်!)
……
(ဂုဏ်ယူပါတယ်... ရွှေနဲ့ကြေးနီသတ္တုစရပါတယ်!)
(ဂုဏ်ယူပါတယ်... တော်ဝင်ကျောက်စိမ်းရပါတယ်!)
ရုတ်တရက်ပေါ်လာသောစာကိုကြည့်ရင်း ချင်လင်အံ့ဩသွားသည်။
တော်ဝင်ကျောက်စိမ်း!
ဒါကကျောက်စိမ်းဘုရင်တစ်မျိုး။
(တော်ဝင်ကျောက်စိမ်း: အရည်အသွေး ၂)
(ကျောက်စိမ်းဘုရင်ဖြစ်သည်။ အလွန်အဖိုးတန်သည်။ သတ္တုမြို့တော် Sebara ထံတွင် တန်ဖိုးကြီးကျောက်မျက်ဖြစ်အောင်လုပ်နိုင်သည်။)
တော်ဝင်ကျောက်စိမ်းတစ်ဂရမ်ကို ယွမ် ၁ သောင်းကျော်တန်ပြီး တော်ဝင်ကျောက်စိမ်းလက်ကောက်တစ်စုံကို ယွမ်သန်း ၇၀၀ ကုန်ကျသည်။ အနည်းဆုံးကျောက်စိမ်းဆွဲသီးတောင် သန်းဆယ်ချီနှင့်ရောင်းနိုင်သည်။
အထူးသဖြင့် ကျောက်စိမ်းကိုပိုက်ဆံနှင့်ဝယ်နိုင်သော်လည်း တော်ဝင်ကျောက်စိမ်းကိုမူပိုက်ဆံရှိရင်တောင် မဝယ်နိုင်။
ကျောက်စိမ်းချစ်သူများ တော်ဝင်ကျောက်စိမ်းရလျှင် တစ်ခါတည်းဝှက်ထားကြလိမ့်မည်။ လုံးဝပြန်ရောင်းမည်မဟုတ်။ နွေဦးသတ္တုတွင်း ၂၅ လွှာမှာ ဒီလိုကျောက်စိမ်းဘုရင်ထွက်သော်လည်း အရည်အသွေးကိုသူမသိပေ။
ဂိမ်းမှတ်ချက်မှာလည်း ဖော်ပြမထား။
ချင်လင်က ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေသည်။
(ဂုဏ်ယူပါတယ်... ကမ္ဘာ့စမ်းရေပုံးရပါတယ်!)
…
(ဂုဏ်ယူပါတယ်... အထူးမြေကြီးတူးဖော်ရရှိပါတယ်!)
နွေဦးသတ္တုတွင်းအဆင့်တက်လာသည်နှင့် အထူးမြေကြီးနှင့်ကမ္ဘာ့စမ်းရေပေါ်လာနှုန်း သိသိသာသာတက်လာသည်။
ဒီရက်ပိုင်းတူးပြီး အထူးမြေကြီးနှင့်ကမ္ဘာ့စမ်းရေပမာဏတဟုန်ထိုးတက်လာ၏။
(ဂုဏ်ယူပါတယ်... အလှသွေးကျောက်ရပါတယ်!)
၂၅ လွှာတူးပြီး ချင်လင်အံ့ဩရလောက်သောစာထပ်ရပြန်သည်။
အလှသွေးကျောက်က သာမန်ကျောက်မဟုတ်။ ကျောက်စိမ်းဘုရင်လိုလှသော ထိပ်တန်းကျောက်တစ်မျိုးပင်။
ကြည့်ရတာ ကျောက်မိုချင်းအတွက်လက်ဝတ်ရတနာအရည်အသွေးက တက်ပြီးရင်တက်ပြန်ပြီ။
အချိန်ကျမှ ကျောက်မိုချင်းအကြီးကြီးအံ့ဩသွားအောင်လုပ်ပစ်မည်။
ချင်လင်တွေးတောနေစဉ် ရုံးခန်းတံခါးခေါက်သံကြားရသည်။
တံခါးဖွင့်လိုက်သောအခါ သူ့အမေလင်းဖန်လျှောက်ဝင်လာ၏။ သူမလက်ထဲတွင် ဝမ်ချိုင်ကိုဆွဲထားသည်။

ခွေးကဝင်ဝင်ချင်း သူ့ခြေထောက်နားပြေးလာကာ ချစ်စရာကောင်းအောင် ပွတ်သပ်နေသည်။
"အမေ''
ချင်လင်လည်းအမြန်ထပြီး သူ့အမေကိုနှုတ်ဆက်သည်။
"ရှောင်လင်... မင်းကိုပြောစရာရှိတယ်''
လင်းဖန်ကတန်းပြောသည်။
"အမေ... ဘာလိုလို့လဲပြောလေ!''
ချင်လင်ကချက်ချင်းမေးသည်။
"ရှောင်လင်... မင်းမိုချင်းနဲ့နေခဲ့တာကြာပြီ... အခုသူကကိုယ်ဝန်ကြီးနဲ့''
လင်းဖန်ကစပြီးနားချတော့သည်_
"မိုချင်းကမိန်းမကောင်းမလို့ အလောသုံးဆယ်ဘာမှမပြောဘူး... ဒါပေမဲ့ မင်းအခွင့်အရေးမယူရဘူး... မိန်းကလေးဘဝမှာအရေးအကြီးဆုံးက အိမ်ထောင်ရေးပဲ''
"ရှောင်လင်... မင်းကအခုတတ်နိုင်နေပြီ... မိုချင်းကို စေ့စပ်ပွဲ တင်တောင်းပစ္စည်းနဲ့ ခန်းဝင်ပစ္စည်းတွေပေးရမှာ... သူ့ကိုကောင်းကောင်းထားပါ''
နောက်ဆုံးတော့ ချင်လင်သဘောပေါက်ပြီ။
သူ့အမေက ကျောက်မိုချင်းဘက်က။ ဒါပေမဲ့ သူကလည်း ကျောက်မိုချင်းအပေါ်အကြွေးထားလိုစိတ်မရှိ။ သူ့စိတ်ထဲအမြဲရှိသည်။
ဒါပေမဲ့ ဒီနေ့သူ့အမေထုတ်ပြောလာမှတော့ သူလည်းအလိုက်သင့်ဆက်ပြီး_
"အမေ... ကျွန်တော်လည်း ဒီအကြောင်းပြောမလို့... မိုချင်းနဲ့ကျွန်တော်က ဒီအဆင့်ဖြတ်ရမှာ''
သူ့စကားကြောင့် လင်းဖန်ကချက်ချင်းပြုံးရွှင်သွားပြီး_
"ကောင်းတယ်... မင်းဦးလေးတကန်းကို နေ့ကောင်းရက်သာရွေးခိုင်းမယ်... ပြီးရင် ကျောက်မိသားစုဆီခေါ်သွားပြီး စီစဉ်မယ်''
"ကောင်းပါပြီ... ဒါဆို ဦးလေးရွှေ့ကန်းကိုဒုက္ခပေးရမှာပေါ့''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
သူတို့မွေးရပ်မြေဓလေ့အရ မိန်းကလေးဘက်သွားရောက်စေ့စပ်သည့်အခါ ခေါင်းဆောင်လူကြီးကအမျိုးသားဖြစ်ရမည်။
အရင်က အမျိုးသားခေါင်းဆိုသူကလည်း လက်ဆောင်ပေးရပြီး ခန်းဝင်ပစ္စည်းအတင်အချလုပ်ရသည်။ များသောအားဖြင့် ယောက်ျားလေးဘက်မှဆွေမျိုးဖြစ်တတ်သည်။
နောက်ပြီး အရံအကန့်အသတ်(အရေအတွက်ပါ)၊ ယာဉ်များ(၆ စီးမှ ၁၂ စီး)၊ ခန်းဝင်ကြေး (အရေအတွက်ပါ၊ ဟုန်ပေါင်း)၊ လက်ဆောင်ကြီး ၆ မျိုးစသည်ပါသည်။
သူတို့မွေးရပ်မြေတွင် ပုံမှန်အတိုင်းဆို ဦးလေးဖြစ်သူက ထိုအမျိုးသားခေါင်းပင်။
သူ့ဘက်တွင် ဦးလေးရွှေ့ကန်းသာသင့်တော်သည်။
လင်းဖန်ကပြုံးပြီး_
"ဟုတ်ပြီ... ဒါဆို ပြီးရင်ငါရွှေ့ကန်းအိမ်သွားပြီး ဒီကိစ္စပြောမယ်... ဒါနဲ့ စေ့စပ်တာ လက်ဆောင် ၆ မျိုးလိုတယ်... ရွှေနဲ့လက်ဝတ်ရတနာတွေလည်းပြင်ဆင်ထားရမယ်''
"အမေ... ရွှေကရိုးလွန်းတယ်... ကျွန်တော်တခြားပစ္စည်းတွေပြင်ထားတယ်''
ချင်လင်ကပြုံးပြီးပြောသည်။
"ပြင်ထားတယ်ဆိုပြီးရော''
လင်းဖန်ပြုံးရွှင်သွားသည်။
သူ့သားကပြင်ဆင်ထားတယ်ဆိုတော့ အသိတရားရှိသေးတယ်ပေါ့။
သူ့သားနဲ့ချွေးမကို လင်နဲ့မယား၊လျှာနဲ့သွားဖြစ်စေချင်သည်။
ဒီလောက်ကောင်းတဲ့ချွေးမကိုဘယ်သွားရှာမလဲ?
ချင်လင်ဆီမှအဖြေရပြီးနောက် လင်းဖန်ကဝမ်းပန်းတသာနှင့်ဝမ်ချိုင်ကိုခေါ်ပြီး ချင်ရွှေ့ကန်းကိုမြန်မြန်သွားရှာသည်။
ဒီကိစ္စကို အချိန်မဆွဲချင်။
သူ့အမေထွက်သွားလျှင် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေသည်။ ထို့နောက် အာရုံပြန်ရုတ်ပြီးကွန်ပျူတာဖွင့်လိုက်သည်။
သူ့အမေကဒီလိုဆိုမှတော့ အရင်ဆုံးကျောက်စိမ်းကိုယူရမည်။
ဆက်မတူးသေး။
ဆက်တူးရင် အလှသွေးကျောက်၊ ကျောက်စိမ်းဘုရင်လိုကျောက်မျိုးထပ်တွေ့နိုင်သေးသည်။
ဒါပေမဲ့ ဒီလိုအဆင့်ကျောက်နှစ်တုံးဆိုလုံလောက်ပြီ။ တစ်ခါတည်းအများကြီးထုတ်လိုက်ရင် လန့်ကုန်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် စေ့စပ်ပွဲပဲရှိသေး။
နောက်မှဆက်တူးပြီး ကျောက်မိုချင်းကိုပေးလည်း အတူတူပင်။
ချင်လင်ကအင်တာနက်ဖွင့်ပြီး ပုံစံငယ်တချို့ရှာကာဆွဲယူလိုက်သည်။
ထိုပုံစံများမှာ သူငွေကုန်ကြေးကျခံကာဆွဲခိုင်းထားသောကျောက်မျက်ရတနာဒီဇိုင်းများဖြစ်သည်။
ကျောက်စိမ်းကြည်၊ တော်ဝင်ကျောက်စိမ်းလိုအဆင့်မြင့်ကျောက်စိမ်းတွေနဲ့ အလှသွေးကျောက်ကို အင်တာနက်ပေါ်ကတွေ့နေကျပုံမျိုး လက်ဝတ်ရတနာလုပ်လိုက်လို့မဖြစ်ဘူးမလား?
ဒီအဆင့်မြင့်ကျောက်က ပြိုင်စံရှားဖြစ်ရမည်။