← Chapters

အလားအလာအဆုံးမရှိ! သူပဲ! ၃

Vol. 51 Ch. 764

အလားအလာအဆုံးမရှိ! သူပဲ! ၃

Vol. 51 Ch. 764

ထို့ကြောင့် ထိုဝဘ်ဆိုဒ်ကို တန်ဖိုးကြီးပေး၍စာချုပ်ချုပ်ကာ အထူးတောင်းဆိုထားသည်။ ဒီပုံစံငယ်များကို သူသာမူပိုင်ခွင့်ရမည်။

သူများကိုရောင်းရင် ဒီဇိုင်းဆွဲသူနှင့်ဝဘ်ဆိုဒ်ကို သက်ဆိုင်ရာဥပဒေအရ တရားစွဲမည်။

ပုံစံငယ်များကိုလည်း သူသေချာရွေးချယ်ထားသည်။ တစ်ခုချင်းက လက်ရာသေသပ်ပြီးခမ်းနားသည်။

ပုံစံငယ်များအားလုံးဆွဲပြီးနောက် ချင်လင်ကမိတ္တူကူးပြီး ရုံးခန်းတံခါးလော့ချလိုက်သည်။ ထို့နောက် ဂိမ်းထဲယူသွား၏။

ဂိမ်းထဲမှပြန်ထွက်ပြီးနောက် သူ့ဂိမ်းဇာတ်ကောင်အား ကျောက်စိမ်းကြည်၊ ခေါင်ရမ်းကျောက်စိမ်း၊ တော်ဝင်ကျောက်စိမ်းနှင့် အလှသွေးကျောက်တို့ကို သူ့အိတ်ထဲထည့်စေသည်။ ပြီးလျှင် Sebara ဆိုင်သွားစေသည်။

ပုံစံငယ်များကိုတစ်ခုချင်း Sebara ၏ပုံစံခွက်ထဲထည့်သည်။ ထို့နောက် ကျောက်မျက်သတ္တုများထည့်၍ အဆင့်မြင့်လက်ဝတ်ရတနာအဖြစ်ပုံသွင်းသည်။

နောက်ဆုံး သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံပြန်စေသည်။ သူကဂိမ်းထဲဝင်ပြီး ကျောက်မျက်လက်ဝတ်ရတနာများကိုကြည့်လိုက်သည်။

ဒီလက်ဝတ်ရတနာများက အရင်အရည်အသွေး ၁ လက်ဝတ်ရတနာများထက် ပိုကြည်၊ပိုလှသည်ဟုဆိုရမည်။

ထိုအထဲတွင် ကျောက်စိမ်းဘုရင်လက်ကောက်နှင့်အလှသွေးကျောက်ဆွဲသီးက ကြည့်အကောင်းဆုံးပင်။

ကျောက်စိမ်းဘုရင်လက်ကောက်မှာ သလင်းကျောက်လိုကြည်ပြီး အရောင်စိုသည်။

အလှသွေးကျောက်က အထဲတွင်သွေးများစီးဆင်းနေသလိုနီရဲနေသည်။

နှစ်ခုလုံး အရမ်းဆွဲဆောင်မှုရှိပြီး အနုပညာရသပေးစွမ်းနိုင်၏။

လက်ဝတ်ရတနာနှစ်ခု၏မှတ်ချက်ကိုလည်းကြည့်လိုက်သည်:

(ကျောက်စိမ်းဘုရင်လက်ကောက်: အရည်အသွေး ၂)



(ကျောက်စိမ်းဘုရင်နှင့်လုပ်ထားသောလက်ကောက်ဖြစ်သည်။ လှပသောကြောင့် အမျိုးသမီးများကြားတွင် အလွန်ရေပန်းစားသည်။

အလှအပ +၂၊ အနုပညာ +၂၊ အရောင် +၂၊ အရည် +၂)

(အလှသွေးကျောက်ဆွဲသီး: အရည်အသွေး ၂)

(အလှသွေးကျောက်ပင်တိုင်ထား၍လုပ်ထားသောဆွဲသီးဖြစ်သည်။ အနုပညာမြောက်သောပုံစံကြောင့် အမျိုးသမီးများကြားတွင်ရေပန်းစားသည်။

အလှအပ +၂၊ အနုပညာ +၂၊ အရောင် +၂၊ အရည် +၂)

အလှအပ +၂၊ အနုပညာ +၂၊ အရောင် +၂။

ဒါကြောင့် ဒီလက်ဝတ်ရတနာနှစ်ခုက အရမ်းလှပြီးဆွဲဆောင်မှုရှိနေတာ။

နောက်ပြီး ထိုပစ္စည်းနှစ်ခုတွင် အရည် +၂ ရှိသောကြောင့် အရည်အသွေးအလွန်မြင့်လိမ့်မည်။

အတိအကျတန်ဖိုးကို သူမသိခြင်းသာ။

ထို့ကြောင့် ကျောက်စိမ်းမျှော်စင်မှလူကြီးကိုသူတွေးမိသည်။ လူကြီးကပင်စင်ယူပြီးနောက် ရုံချန်းပြန်လာကာ ကျောက်စိမ်းမျှော်စင်ဖွင့်ပြီး အပျင်းဖြေသည်။ ကျောက်မျက်တန်ဖိုးဖြတ်ရာတွင် အတော်လေးအတွေ့အကြုံရှိသည်။

သို့ရာတွင် ဒီတစ်ခေါက်လက်ဝတ်ရတနာများသောကြောင့် ကျောက်စိမ်းမျှော်စင်သွားပြီးတန်ဖိုးဖြတ်ဖို့မသင့်တော်။

ချင်လင်ကဂိမ်းထဲမှထွက်ပြီး ချန်တပေကိုခေါ်၍ လူကြီးအား ချင်းလင်အပန်းဖြေစံအိမ်ဖိတ်ခိုင်းလိုက်သည်။

ထို့နောက် အပန်းဖြေစံအိမ်သွားပြီး သူပြင်ဆင်ထားသောလက်ဝတ်ရတနာများအားလုံးထုတ်လိုက်သည်။

အဝါရောင်သစ်မွှေးနှင့်လုပ်ထားသောရတနာသေတ္တာနှင့်အပြည့်ပင်။

နည်းနည်းရှုပ်ပွနေသည်။

ထို့ကြောင့် သူ့ဂိမ်းဇာတ်ကောင်အား ဂိုဒေါင်သွားပြီး အရင်ကခုတ်ထားသောသစ်မွှေးနှင့်နံ့သာနီကို ကျောပိုးအိတ်ထဲထည့်စေသည်။ ထို့နောက် သတ္တုမြို့တော်သစ်ဖြတ်စက်တွင် ရတနာသေတ္တာများလုပ်စေသည်။

ပြီးလျှင် ရတနာသေတ္တာများကိုဂိမ်းထဲမှထုတ်ပြီး လက်ဝတ်ရတနာများကို သေတ္တာများထဲခွဲထည့်လိုက်သည်။ တခဏချင်း အားလုံးရှင်းလင်းသွားလေသည်။



……

ချန်တပေက ချင်လင်ဆီမှဖုန်းရပြီးနောက် ချက်ချင်းကျောက်စိမ်းမျှော်စင်သွားကာ လူကြီးကိုရှာသည်။

လူကြီးကျူးဝေက ချန်တပေကမ်းပေးသောလိပ်စာကတ်ကိုကြည့်ပြီး အံ့ဩသွားသည်။

ချင်းလင်စံအိမ်လုံခြုံရေးမန်နေဂျာက ဘာလို့သူ့ကိုလာရှာတာလဲ? ချင်းလင်တောင်တန်းစံအိမ်ကလူတွေနဲ့ အဆက်အစပ်လည်းမရှိ။

"လူကြီးမင်းချန်... ကျုပ်ကူညီနိုင်တာများရှိလို့လား?''

ကျူးဝေက ဇဝေဇဝါနှင့်မေးသည်။

"လူကြီးမင်း''

ချန်တပေကပြောသည်_

"ကျွန်တော်တို့သူဌေးရဲ့လက်ဝတ်ရတနာတွေကို အကဲဖြတ်ပေးစေချင်တာပါ... တန်ဖိုးများလွန်းတော့ ဒီယူလာဖို့မသင့်တော်လို့ပါ''

ထိုစကားကြောင့် ကျူးဝေနည်းနည်းသိချင်သွားသည်။ တန်ဖိုးကြီးလက်ဝတ်ရတနာများကိုမဟုတ်။ ချင်းလင်စံအိမ်နောက်ကွယ်က သူဌေးအကြောင်းပင်။

ဒီပုဂ္ဂိုလ်အကြောင်း ဒဏ္ဍာရီတွေဖြစ်နေသော်လည်း လူကိုယ်တိုင်မြင်ဖူးသူအနည်းငယ်သာရှိသည်။

အခုသန့်စင်မြက်ကြောင့် ရုံချန်းလေအရည်အသွေးကောင်းလာ၍ အားလုံးကအသက်ရှူတိုင်း ချင်းလင်စံအိမ်သူဌေးကိုတွေးမိကြသည်။

"ကောင်းပြီ... ကျုပ်လူကြီးမင်းနဲ့လိုက်ခဲ့မယ်''

နောက်ဆုံး ကျူးဝေကသဘောတူလိုက်သည်။ သူလည်း ဒီလူအကြောင်းသိချင်နေသည်။ သူနဲ့ဆုံရရင် သိချင်တာသိရမည်။

"အဘိုး... ကျွန်မလိုက်ကူမယ်''

မိန်းမလှလေးတစ်ဦးပြေးထွက်လာသည်။ စောစောကပြောနေတာ သူမသေချာကြားလိုက်သည်။

ချင်းလင်စံအိမ်သူဌေးကိုသိချင်နေမှန်း ကျူးဝေသိ၍ခေါင်းညိမ့်လိုက်သည်။

ချန်တပေကဘာမှမပြော။ သူက ထိုမြေးအဘိုးကိုချင်းလင်အပန်းဖြေစံအိမ်ခေါ်လာသည်။

ချင်းလင်အပန်းဖြေစံအိမ်ထဲရောက်သည်နှင့် စံအိမ်ထဲရှိရှိသမျှအားလုံးကို လူကြီးကျူးဝေအံ့ဩမိသည်။

သူ့မြေးမလည်း အံ့အားသင့်ပြီး_

"အဘိုး... ဒီနေရာက ဗီဒီယိုထဲမှာထက်ပိုလှတယ်... ရုံချန်းနဲ့အရမ်းကွာတာပဲ''

"အင်း''

ကျူးဝေက ခေါင်းညိမ့်ထောက်ခံသည်။

ချန်တပေနောက်လိုက်ရင်း မကြာမီ ချင်လင်၏ရုံးခန်းထဲရောက်လာသည်။

ချင်လင်ကိုမြင်သောအခါ သူတို့မြေးအဘိုးကြောင်သွားသည်။ ချင်လင်ကို သူတို့သေချာမှတ်မိသည်။

All Chapters