အမှန်ကိုလူတွေမယုံကြ! လူ့အဖွဲ့အစည်းက ပျက်ယွင်းနေပြီ!
Vol. 51 Ch. 765
လူကြီးကျူးဝေက ချင်လင်ကိုတစ်ကြိမ်မကမြင်ဖူးသည်။
သူ့ကျောက်စိမ်းမျှော်စင်ဆီရောက်ရောက်လာပြီး လက်ဝတ်ရတနာများအကဲဖြတ်တတ်သည်။
သူ့ကိုလူကောင်းတစ်ယောက်ဟူ၍လည်း အထင်ကြီးနေသည်။
မဟုတ်ရင် သူ့မိန်းမ၊အမေနဲ့ယောက္ခမကို နှစ်ကူးလက်ဆောင်ပေးဖို့ ဘာလို့စိတ်တိုင်းကျပုံအပ်နေမလဲ?
ဥပမာပြောရရင် သူ့မြေးမကောင်လေးက သူ့မြေးမကိုမွေးနေ့လက်ဆောင်ပေးတာ စိတ်မပါလက်မပါ။
သူကလက်ဆောင်ပေးတိုင်းလည်း သောင်းချီတန်သောလက်ဝတ်ရတနာများကိုမှာတတ်သည်။ ရုံချန်းမှာအတော်အောင်မြင်သောလူငယ်ဖြစ်မည်ဟု သူခန့်မှန်းထားသည်။
သို့သော် ချင်းလင်စံအိမ်ပိုင်ရှင်ဖြစ်နေမည်ဟု လုံးဝမထင်မိ။
တကယ်အံ့ဩစရာ။
"အဘိုး... ရှောင်ချင်ပဲ''
ကျူးချင်က မနေနိုင်ဘဲသူမအဘိုးကိုပြောလိုက်သည်။
သူမနည်းနည်းကြောင်သွားသည်။
အရင်က ချင်းလင်ကုမ္ပဏီသူဌေးအကြောင်း သူငယ်ချင်းများနှင့်ပြောဖူးသည်။
ဘာပဲဖြစ်ဖြစ် ရုံချန်းမှာအရေးပါအရာရောက်သူတစ်ယောက်အကြောင်းကို လူငယ်များအပြောအများဆုံးပင်။ သူဌေးကြီးမာအကြောင်း အားလုံးပြောကြသလိုပင်။
သို့ရာတွင် အင်တာနက်ဆယ်လီရှောင်ချင်က သူ့အဘိုးဆိုင်ကိုရောက်ဖူးသော ချင်းလင်စံအိမ်ပိုင်ရှင်ဖြစ်နေမည်ဟု လုံးလုံးမတွေးမိချေ။
"အဘိုး... ဆုံပြန်ပြီနော်''
ချင်လင်လည်းမတ်တပ်ရပ်ပြီး ကျူးဝေကိုလက်ဆွဲနှုတ်ဆက်သည်။
"လူကြီးမင်းချင်... ဒီတစ်ခါ ဘယ်လိုလက်ဝတ်ရတနာမျိုးကိုအကဲဖြတ်ချင်တာလဲ?''
ကျူးဝေက ရိုရိုသေသေ၊ရင်းရင်းနှီးနှီးအမူအရာနှင့်မေးသည်။
တစ်ဖက်ကသူ့မြေးလောက်သာရှိသော်လည်း သူ့ဂုဏ်နဲ့လုပ်ဆောင်ချက်ကြောင့် အသက်အရွယ်ကွာခြားချက်ကိုလျစ်လျူရှုထားရမည်။
"ဒီတစ်ခါလက်ဝတ်ရတနာတွေအကဲဖြတ်ဖို့ အဘိုးအကူအညီလိုလို့ပါ... ကျွန်တော့်နောက်လိုက်ခဲ့ပါ''
ချင်လင်လည်း ကျူးဝေကိုရုံးခန်းအပြင်ခေါ်ပြီး စံအိမ်အတွင်းပိုင်းထဲဝင်လိုက်သည်။
တကယ်တော့ ကျောက်မိုချင်းကိုပေးတာ အကဲဖြတ်ဖို့မလိုသော်လည်း သူ့အပိုင်ပစ္စည်းတန်ဖိုးကိုမသိရင် နည်းနည်းဇဝေဇဝါဖြစ်ရသည်။ တန်ဖိုးသိထားတာအကောင်းဆုံးပင်။
တစ်ခါတလေ စိတ်ထဲရှင်းရှင်းလင်းလင်းသိထားဖို့အရေးကြီးသည်။
ချင်လင်က သူတို့မြေးအဘိုးကို အပန်းဖြေစံအိမ်ဧည့်ခန်းထဲခေါ်သွားသည်။ ထို့နောက် လက်ဝတ်ရတနာများပါသောရတနာသေတ္တာကို ချန်တပေအားထုတ်ခိုင်းလိုက်သည်။
ကျူးဝေက အရွယ်ရပြီ။ မြို့ကြီးတွင်ကျောက်မျက်အကဲဖြတ်သူလုပ်ခဲ့ပြီး အတွေ့အကြုံများ၍ ဒီလိုပစ္စည်းအားလုံးနှင့်အထိအတွေ့ရှိသည်။ သူက လက်ဝတ်ရတနာသေတ္တာကိုတစ်ချက်ကြည့်ပြီး_
"လူကြီးမင်းချင်... ဒီသေတ္တာတွေက သစ်မွှေးနဲ့လုပ်ထားတာလား?''
"ဟုတ်ကဲ့''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
သစ်မွှေးနဲ့ရတနာသေတ္တာလုပ်တာ ဖြုန်းတီးသည်ဟုသူမထင်။ သေတ္တာကိုဒီလိုပစ္စည်းနဲ့လုပ်မှတော့ အထဲကလက်ဝတ်ရတနာတွေက အလွန်အဖိုးတန်သည့်သဘောပင်။
သို့ရာတွင် ချင်လင်သေတ္တာဖွင့်လိုက်ရာ ကျူးဝေနည်းနည်းအံ့ဩသွားသည်။
ပထမသေတ္တာတွင် ထူးခြားသောကျောက်မျက်ရတနာအများကြီးပါသည်။ တစ်ချက်ကြည့်ရုံနှင့် ဒီလက်ဝတ်ရတနာအရည်အသွေးက အရင်သူဌေးချင်ယူလာတာထက်မညံ့ကြောင်း သူသိသည်။
တစ်နည်းပြောရရင် ကျောက်မျက်တစ်ခုတစ်ခုကို ယွမ်သောင်းချီတန်သည်။ ယွမ်သောင်းချီတန်နှင့်သစ်မွှေးသေတ္တာသိပ်မလိုက်ဖက်သော်လည်း လက်ဝတ်ရတနာအရေအတွက်အတော်များသည်။
သို့ရာတွင် သူ့နောက်မှသေတ္တာကိုဖွင့်လိုက်သောအခါ လူကြီးကျူးဝေနည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွားပြီး_
"ကျောက်စိမ်းကြည်.. ခေါင်ရမ်းကျောက်စိမ်း.. ခရမ်းစွဲ..''
အားလုံးအရည်အသွေးမြင့်ကျောက်များဖြစ်ပြီး သိပ်များများစားစားမပါ။ တစ်ချက်ကြည့်ပြီး ဒီလိုအရည်အသွေးရှိသောကျောက်မျက်နှင့်သာမန်ကျောက်မျက်ကွာခြားပုံကိုသိနိုင်သည်။ စျေးကွက်ထဲတွင် ဒီကျောက်မျက်တစ်ခုကိုယွမ်သောင်းချီမှ အများဆုံးသန်းချီအထိရှိနိုင်သည်။
တန်ဖိုးအတိအကျကိုမူ သေချာအကဲဖြတ်ပြီးမှသိရမည်။
သူ့ရှေ့ကပစ္စည်းမှာ အရည်အသွေးအရမ်းကောင်းမှန်း သူသိသည်။

နောက်ဆုံးသေတ္တာထဲတွင် ကျောက်မျက်နှစ်ခုသာပါသည်။ တစ်ခုကလက်ကောက်၊ နောက်တစ်ခုကဆွဲသီး။
လူကြီးက ချက်ချင်းစိုက်ကြည့်ပြီး မကြည့်မလွှဲနိုင်တော့။
ဒီ.. ဒီအရောင်... ဒီအစိမ်းက... ပြီးတော့ သွေးတွေစီးဆင်းနေသလို...
သူမသေချာ။
ဘာပဲဖြစ်ဖြစ် ဒီလိုအဆင့်ရှိတဲ့ကျောက်မျိုးက အရမ်းရှားသည်။
ကျောက်စိမ်းဘုရင် ဒါမှမဟုတ် အလှသွေးကျောက်လို အကောင်းတကာ့အကောင်းဆုံးဖြစ်မည်။
ကျောက်မျက်စုဆောင်းသူတွေမှာတောင် ဒီလိုအဆင့်ရှိတဲ့ကျောက်မျိုးတွေ့ဖို့ခက်သည်။ ဒါပေမဲ့ လူကြီးမင်းချင်က တပြိုင်တည်းနှစ်ခုလုံးပိုင်ဆိုင်ထားတဲ့အပြင် ကျောက်မျက်စုဆောင်းသူတွေအားကျရလောက်သော ကျောက်စိမ်းကြည်လိုအဆင့်မြင့်ကျောက်မျက်များလည်းရှိနေသည်။
"အဘိုး... ဒီကျောက်မျက်နှစ်ခုက အရမ်းလှတာပဲ''
ကျူးချင်က ကျောက်စိမ်းဘုရင်လက်ကောက်နှင့်အလှသွေးကျောက်ဆွဲသီးကို မျက်စိကျနေသည်။
ဒီလိုအရည်အသွေးရှိတဲ့လက်ဝတ်ရတနာကိုစိတ်မဝင်တဲ့အမျိုးသမီးမရှိလောက်။
စိတ်မဝင်စားရင် ဟန်ဆောင်နေတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လုံးဝဝတ်ချင်စိတ်မရှိသူဖြစ်မည်။
ထိုအချိန်တွင် ချင်လင်က_
"အဘိုး... ဒီလက်ဝတ်ရတနာတွေက ကျွန်တော့်ဇနီးကိုခန်းဝင်ပစ္စည်းအဖြစ်ပေးချင်လို့ပါ... ကျွန်တော်အရင်ကအရမ်းဆင်းရဲလို့ တိုးတိုးတိတ်တိတ်မင်္ဂလာဆောင်ခဲ့ရတာ... အဲဒါကြောင့် အခုပြန်ပေးဆပ်ချင်တာပါ''
ထိုစကားကြောင့် ကျူးဝေစိတ်လှုပ်ရှားပြီး သက်ပြင်းချလိုက်သည်။ လူကောင်းတွေကို သူများသမီးတွေရကုန်ပြီ။ သူ့ကိုကြည့်ပြီး သူ့မြေးမကောင်လေးကိုတွေးမိပြန်သည်။
မွေးနေ့လက်ဆောင်က စျေးမကြီးလည်း အနည်းဆုံးတော့ စေတနာပါရမယ်မလား? စေတနာတောင်မပါဘူးဆိုရင် စကားနည်းနည်းနဲ့ရှင်းပြဖို့ခက်ပြီ!
လူကြီးအအံ့ဩဆုံးက ''ကျွန်တော်အရင်ကအရမ်းဆင်းရဲလို့ တိုးတိုးတိတ်တိတ်မင်္ဂလာဆောင်ခဲ့ရတယ်'' ဆိုသောစကားပင်။
ထိုစကားကြောင့် အားလုံးအံ့ဩသွားသည်။
ရုံချန်းမှာချင်းလင်ကုမ္ပဏီဘယ်လောက်ကြီးလဲ မသိသူရှိလို့လား?
ချင်းလင်ကုမ္ပဏီသူဌေးက ဘယ်လိုလုပ်ပြီးဆင်းရဲရတာလဲ?
ဒါပေမဲ့ အခု ''ကျွန်တော်အရင်ကအရမ်းဆင်းရဲလို့ တိုးတိုးတိတ်တိတ်မင်္ဂလာဆောင်ခဲ့ရတယ်'' ဆိုတဲ့စကားကို သူ့နားနဲ့ဆတ်ဆတ်ကြားလိုက်ရသည်။
အင်တာနက်မှာ ချင်းလင်ကုမ္ပဏီနောက်ကြောင်းရှာသူတွေက ချင်းလင်ကုမ္ပဏီတွင်ငွေအရင်းအနှီးမရှိခဲ့ကြောင်း၊ နောက်ကွယ်ကသူဌေးမှာ ဒုတိယမျိုးဆက်သူဌေးသားမဟုတ်ကြောင်း တွေ့ထားကြသည်။ ချင်းလင်စံအိမ်ပိုင်ရှင်က သူ့လက်သူ့ခြေနဲ့စခဲ့တာဖြစ်မည်တဲ့။
ထိုစကားကို တခြားသူတွေက လုံးဝအသိအမှတ်မပြုခဲ့ခြင်းသာ။