စာချုပ်ချုပ်ခြင်း၊ အဆင့်တက်ခြင်း
Vol. 008 Ch. 706
အဘိုးစွန်းနှင့် တခြားသူများ ဘုရင်မကြီးကိုခေါ်လာသည်ကို တွေ့သောအခါ ရှီမာယူယူ အနည်းငယ် အံ့သြမိသည်။ သူမ တက်လာမည်ကို အလောင်းအစားလုပ်ထားသော်လည်း ဒီလောက်မြန်မြန်ဆုံးဖြတ်လိမ့်မည် ဟု မထင်ထားပေ။
ဆုလီသည် သူမထင်ထားသည်ထက် ကလေးကို ပိုဂရုစိုက်သည့်ပုံပင်။
အဒေါ်၃သည် ဆုလီတက်လာသည်ကိုမြင်သောအခါ လျင်မြန်စွာလျှောက်သွားပြီး စိုးရိမ်တကြီးမေးလေ သည် “ဆုလီ ဘယ်လိုနေလဲ”
ဆုလီသည် အားနည်းသည်ကို ခံစားရဆဲဖြစ်သော်လည်း အရင်ကထက်စာလျှင် ပိုသက်သာလာသည်။ သူမသည် အားဖျော့စွာဖြေလေသည် “မဆိုးပါဘူး အခုငါ့ကိုကယ်တာ မင်းလား”
“အခုထိကယ်တယ်လို့ပြောမရပါဘူး၊ ခက်ခဲနေတဲ့အခြေအနေကို ဖြတ်ကျော်အောင်လုပ်ပေးတာပဲရှိတာ ပါ” ရှီမာယူယူသည် တင်ပါးတွင်ပေနေသော မြက်များကိုခါရင်း ပြောလိုက်သည်။ ရှီမာယူယူလျှောက်သွားကာ သူမ၏ လုံးဝန်းနေသော ဗိုက်ကိုဖိကြည့်သည်။ မာနေသေးသည် “မဆိုးဘူး”
“ကျေးဇူးတင်ပါတယ်” ဆုလီသည် ကျေးဇူးတင်စကားပြောလေသည်။ သူမကြောင့်သာမဟုတ်ရင် သူမ ပြန်သတိရလာမည်မဟုတ်ကာ ကလေး၏ နှလုံးခုန်သံကိုထပ်ကြားရတော့မည်မဟုတ်ပေ။ “စာချုပ်က တကယ်ပဲ ငါ့ကလေးကိုကယ်နိုင်မှာလား”
“စာချုပ်က ဒဏ်ရာတွေကိုကုသနိုင်မယ့်အပြင် ကလေးကိုလည်း တည်ငြိမ်သွားစေမယ်” ရှီမာယူယူ ပြော လိုက်သည် “ကလေးက ထိခိုက်ထားသော အန္တရာယ်ကိုခံစားမိပြီး ပတ်ဝန်းကျင်က ဝိဉာဉ်စွမ်းအင်တွေကို စုပ်ယူ လို့လေ၊ ပုံမှန်ပြန်ဖြစ်သွားရင်တော့ ငြိမ်သွားမှာပါ”
“အခုတော့ မမွေးသေးဘူးမလား”
“ရက်မကျသေးဘူး အခုမွေးလိုက်ရင်လည်း မကောင်းဘူး၊ မဟုတ်ရင် အရင်ကလိုပြန်ဖြစ်သွားလိမ့်မယ်၊ သားအိမ်ပြန်ပြီး ဖြည်းဖြည်းချင်းကောင်းတာတဲ့အခြေအနေမှပဲ ကောင်းမှာ” ရှီမာယူယူ ပြောလိုက်သည် “ဘုရင် မကြီးရဲ့ ဗိုက်ထဲက ကလေးကမူကွဲဖြစ်နေတယ် ဘုရင်မကြီးတို့အားလုံးထက် ပိုပြီးအဆင့်မြင့်တယ်၊ အဲဒါကြောင့် ကိုယ်ဝန်ရင့်တဲ့အထိ စောင့်ဖို့လိုတယ်”
“အဲလိုဆိုရင် မင်းတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ၊ ဒီမှာ မိစ္ဆာထိန်းကျောင်းသူသခင်ရှိတယ်မလား” ဆုလီ မေးလိုက်သည်။
“မိစ္ဆာထိန်းကျောင်းသူသခင်က မရှားပါဘး၊ ဒါပေမဲ့ သေချာစဉ်းစားပြီးပြီလား ပြန်လှည့်လို့မရဘူး၊ နောင်တရလို့မရဘူးနော်” ရှီမာယူယူ မေးလိုက်သည်။
“ကလေးအတွက်ဆိုရင် လွတ်လပ်မှုဆုံးရှုံးတာကဘာမှမဟုတ်ပါဘူး” ဆုလီသည် မတုန်လှုပ်ပဲပြောလေ သည်။
“ဗိုက်ထဲမှာ ကလေးရှိတဲ့အတွက် အဲစာချုပ်ကကလေးအတွက်ပါ ချည်နှောင်ပြီးသားဖြစ်သွားလိမ့်မယ်” ရှီမာယူယူသည် ထိုအချက်ကိုလည်း ထုတ်ပြောသည်။
ဆုလီသည် တွေဝေသွားသော်လည်း နောက်ဆုံးတွင် ပြောလေသည် “သေတာထက်တော့ ကောင်း သေးတယ်၊ ဒါပေမဲ့ ငါတောင်းဆိုချက်ရှိတယ်”
“ပြောပါ”
ဆုလီသည် အဒေါ်၃အားကြည့်ပြီးပြောလေသည် “အဒေါ်၃ပဲ စာချုပ်ချုပ်စေချင်တယ်”
“ငါလား” အဒေါ်၃သည် အံ့သြသွားကာ ချက်ချင်းပင် ခေါင်းရမ်းလေသည် “ငါ့မှာ အသက်ဝိဉာဉ်မိစ္ဆာ စာချုပ်ရှိတယ်ဆိုပေမယ့် မင်းနဲ့တော့ စာချုပ်ချုပ်မရဘူး ဆုလီ ငါမလုပ်ပေးနိုင်ဘူး”
“ရပါတယ် ငါက မင်းနဲ့စာချုပ်ချုပ်ချင်တာပဲ” ဆုလီပြောလိုက်သည် “မင်းနဲ့ စာချုပ်ချုပ်မှ ငါစိတ်ချရမှာ၊ မင်းအတွက်က အသက်စာချုပ်ဟုတ်ဟုတ် မဟုတ်ဟုတ် အတူတူပဲဆိုတာ ယုံတယ်”
အဒေါ်၃သည် သူမ မျက်လုံးထဲမှ ယုံကြည်မှုကိုမြင်သောအခါ ခေါင်းညိမ့်လိုက်သည် “စိတ်ချပါ ငါ မင်းကို ငါ့စာချုပ်မိစ္ဆာအနေနဲ့ မဆက်ဆံပါဘူး၊ တစ်ခါသူငယ်ချင်းဆိုမှတော့ တစ်သက်လုံးသူငယ်ချင်းပဲ”
အဒေါ်၃သည် လူကောင်းဖြစ်သည်ကို ရှီမာယူယူ အမြဲသိသည်။ ဒီလောက်အချိန်တိုအတွင်းကို သူမ သည် ဆုလီနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုတည်ထောင်လိုက်နိုင်မည်ဟု ဘယ်သူမထင်မိမှာလဲ။
“ယူယူစရအောင်” အဒေါ်၃သည် ဝေကျိရွှီဘက်လှည့်ပြီးပြောလိုက်သည် “အဒေါ်မင်းကိုပဲ ဒုက္ခပေးရ တော့မှာပဲ”
“အဒေါ်၃ ကျွန်တော်မဟုတ်ဘူး” ဝေကျိရွှီသည် လက်ကိုရမ်းကာပြောလေသည်။
“မင်းမဟုတ်ဘူးလား မင်းက မိစ္ဆာထိန်းကျောင်းသူသခင်မဟုတ်ဘူးလား”
“ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်က ယူယူလောက်အားမကောင်းဘူး၊ ကျွန်တော်သာ ဝိဉာဉ်ပိုးကောင် ဘုရင်မကို စာချုပ်လုပ်ပေးရင် အချိန်မလောက်လောက်ဘူး” ဝေကျိရွှီ ပြောလိုက်သည်။
“ယူယူက မိစ္ဆာထိန်းကျောင်းသူသခင်လား”
“ယူယူ မင်းက မိစ္ဆာထိန်းကျောင်းသူသခင်လား ငါဘာလို့မသိခဲ့တာလဲ”
အဒေါ်၃နှင့် ရှောင်ချီသည် ရှီမာယူယူဘက်လှည့်ကာ အော်လေသည်။ ဝူလေးသည်လည်း အံ့သြသွား သဖြင့် စကားမပြောနိုင်ပဲ သူမကို မှင်တက်စွာကြည့်လေသည်။
“တစ်ခါမှ မမေးဖူးတာ” ရှီမာယူယူသည် ပခုံးတွန့်ကာ အိပ်ရာထုတ်ပြီး ဆုလီကိုတင်ခိုင်းလေသည် “သူမကို ဒီအပေါ်လှဲနေခိုင်းလိုက်”
အဘိုးကြီးစွန်းနှင့် တခြားသူများသည် ဆုလီကိုအိပ်ယာပေါ်တင်လိုက်သည်။ ရှီမာယူယူ အိပ်ယာဘေး လာပြီး သူမနဖူးပေါ်လက်တင်ကာ အတွင်းပိုင်းအင်ပါယာမိစ္ဆာကျမ်းကို ရေရွှတ်ကာ ထိန်းကျောင်းခြင်းလုပ်ငန်း စဉ် စတင်လေသည်။
ဆုလီတွင် အချိန်မရှိသဖြင့် ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ရသည်။ ကံကောင်းသည်မှာ သူမသည် ခုခံခြင်းမရှိသဖြင့် လုပ်ငန်းစဉ်မှာ လျင်မြန်စွာပြီးသွားလေသည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင် ယူယူသည် ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်းပြီးသွားလေသည်။
“အဒေါ်၃ သူမနဲ့စာချုပ်ချုပ်ပြီးသွားပါပြီ” ရှီမာယူယူသည် နောက်ဆုတ်ပြီး အဒေါ်၃ရှေ့တိုးလာကာ သူမ နဖူးပေါ် လက်တင်လိုက်သည်။
စာချုပ်အလင်းတန်းသည် လျင်မြန်စွာပင် သူတို့နှစ်ယောက်အပေါ်ကျရောက်လာသည်။ အလင်းတန်း ဖြန့်ကျက်သွားသည်နှင့် နှစ်ယောက်လုံး စာချုပ်ကိုအောင်မြင်စွာ တည်ထောင်လိုက်နိုင်သည်။
“ဘုရင်မကြီးရဲ့ ရောင်ဝါ တည်ငြိမ်သွားပြီ” ကန်ဘောင်မှ ဝိဉာဉ်ပိုးကောင်များသည် အားတက်ကြလေ သည်။
ဆုလီသည် အဒေါ်၃နှင့် သူမအကြားမှ ဆက်သွယ်မှုကိုခံစားရပြီး သူမကလေး၏ အခြေအနေကိုအာရုံ ရသဖြင့် စိတ်အေးသွားသည်။ သို့သော် သူမမပြောခင်ပင် အဆင့်တက်သည့် အလင်းတန်းသည် သူတို့အပေါ် ကျ လာသည်။
အဒေါ်၃ အဆင့်တက်ထားသည်မှာ ကြာပြီဖြစ်သည်။ ဒီစာချုပ်ချုပ်လိုက်သည်နှင့် အဆင့်တက်သွားမည် ဟုထင်မထားပေ။
ဆုလီသည်လည်း တူညီစွာပင်။ သူမ အခြေနေတည်ငြိမ်သွားရုံသာမကာ အဆင့်တစ်ဆင့်တက်သွား သည်။ သူမကလေးသည်လည်း ဝိဉာဉ်စွမ်းအင်အနည်းငယ်စုပ်ယူနိုင်လိုက်သဖြင့် ထွားလာသည်ကိုသတိပြုမိ သည်။
အလင်းတန်းများဖျော့သွားသည်နှင့် ဝိဉာဉ်ပိုးကောင်များရူးသွပ်သွားကြလေသည်။ သူတို့ဘုရင်မကြီး အဆင့်တက်သည်ကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ စာချုပ်ချုပ်ပြီးနောက်တွင် အဆင့်တက် မည်ဟု မည်သူမှထင်မထားပေ။ မယုံကြည်နိုင်လောက်အောင်ဖြစ်ရသည်။
ဝိဉာဉ်ပိုးကောင်များသည် ဝိဉာဉ်စွမ်းအင်အပြည့်ရှိသော မျိုးနွယ်ဖြစ်သည်။ သူတို့သည် ဝိဉာဉ်စွမ်းအင် ပါဝင်သော ပိုးမျှင်များကိုထုတ်နိုင်သည်။ ထိုသည်မှ ကောင်းကင်မှပေးသော လက်ဆောင်ဖြစ်သည်။ သို့သော် ထိုအရာကပင် သူတို့ကိုအဆင့်တက်ခြင်းကို အဟန့်အတားဖြစ်စေကာ အဆင့်တက်ရန် ခက်ခဲသည်။
ဆုလီသည် အိပ်ယာပေါ်မှဆင်းကာ မတ်မတ်ရပ်ပြီး ကျေးဇူးတင်စွာပြောလေသည် “ကျေးဇူးတင်ပါတယ် မင်းငါနဲ့ ငါ့ကလေးကိုကယ်လိုက်တာပဲ”
“ဘုရင်မကြီးက အဒေါ်၃ရဲ့ မိတ်ဆွေပဲ၊ ဘုရင်မကြီးအဆင်ပြေတယ်ဆိုရင် အဒေါ်၃လည်း ပျော်တာပဲ” ရှီမာယူယူပြောလိုက်သည် “ဒါပေမဲ့ ဘုရင်မကြီးက အခုအဒေါ်၃ရဲ့ စာချုပ်မိစ္ဆာဖြစ်သွားပြီဆိုတော့ သူမနောက် လိုက်ရတော့မှာပဲ ဒါဆိုရင် သူတို့….”
သူမသည် ကန်ဘောင်မှ ဝိဉာဉ်ပိုးကောင်များကိုကြည့်လိုက်သည်။ ဒီလူတွေလည်း လိုက်ကြမှာလား။
“ဘုရင်မကြီး…” ဝိဉာဉ်ပိုးကောင်များသည် ထိုကိစ္စအားစဉ်းစားလိုက်သည်နှင့် အခက်တွေ့ကြသည်။
အခုချိန်တွင် ဘုရင်မကြီးသည် သူတို့၏ စာချုပ်မိစ္ဆာဖြစ်သွားကာ အဒေါ်၃နောက်လိုက်ရမည်။ သူတို့ ဘာတတ်နိုင်လို့လဲ။
“အုပ်ချုပ်သူအသစ်ကိုရွေးရမှာပေါ့” ဆုလီပြောလိုက်သည်။
“ဘုရင်မကြီးရဲ့ သွေးသားမရှိပဲ ဘယ်သူက အုပ်ချုပ်သူလုပ်ဖို့ ယုံကြည်ချက်ရှိမှာလား” အဘိုးစွန်း ပြော လုကိသည်။
“ဒါပေမဲ့ ငါသွားရမယ်လေ၊ မင်းတို့တစ်သက်လုံးငါ့နောက်လိုက်လို့မှမရတာ” ဆုလီပြောလိုက်သည်။
“ကျွန်မတို့ ဘုရင်မကြီးနဲ့လိုက်ပါမယ်” ဆုလီ၏ အစေခံမိန်းကလေးပြောလေသည်။
သူတို့သည် မိုးကြိုးဘေးသင့်မှုအပြီးတွင် လူသားပုံစံပြောင်းနိုင်သည်။ သူတို့ ခန္ဓာကိုယ်များသည် တစ်ပေ သာသာရှိသော်လည်း ထွက်သွားချင်လျှင် ကိစ္စကြီးမဟုတ်ပေ။
“ကျွန်တော်တို့လည်း ဘုရင်မကြီးနောက်လိုက်ချင်တယ်” ကန်ဘောင်မှ ဝိဉာဉ်ပိုးကောင်များသည် အော် ကြလေသည်။
“ဟုတ်ပါတယ် ဘုရင်မကြီး ကျွန်တော်တို့်ကိုမစွန့်ပစ်လိုက်ပါနဲ့” ဝိဉာဉ်ပိုးကောင်တချို့သည် ငိုပင်ငိုကြ လေသည်။
ဆုလီသည် ပြဿနာတက်ကာ စတင်ငိုလေသည် “မင်းတို့က ငါ့နောက်ကိုဘာလို့လိုက်ကြမှာလဲ၊ ငါက နောက်ကို ပိုဝေးဝေးသွားမှာ မင်းတို့လည်း အဲလိုဖြစ်ချင်တာလား”
“ဘုရင်မကြီးဘယ်သွားသွား ကျွန်တော်တို့သွားမှာပဲ”
တိတ်ဆိတ်နေသော အဘိုးစွန်းသည် ဆုလီမငြင်းနိုင်သည့်အရာကိုပြောလေသည်။
“ဘုရင်မကြီးက တခြားတစ်ယောက်နဲ့ စာချုပ်ချုပ်ပြီးသွားပြီ ဘုရင်မကြီးသာသေသွားရင် နောက်အုပ်ချုပ် သူက ဘယ်လိုလုပ်နိုင်မှာလဲ”
သူမ ဘယ်နေရာပင် ရောက်စေကာမူ သူတို့မျိုးနွယ်လည်း အတူရှိရမည်။
***