ကောင်းမွန်သော နဂုံးချုပ်
Vol. 008 Ch. 707
ဆုလီနှင့် တခြားဝိဉာဉ်ပိုးကောင်များသည် တိတ်ဆိတ်သွားသည်။ ဒီလိုကန့်သတ်ထားပါက သူတို့ကို ခွဲ ရန်နည်းလမ်းမရှိပေ။
အဒေါ်၃နှင့် ဆုလီတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော် သူတို့၏ ခိုင်မာမှုကိုသူမသိ သည်။ သူမသည် ဆုလီအကျပ်ရိုက်နေသည်ကိုကြည့်ပြီး ပြောလေသည် “မင်းနေခဲ့ပါလား”
“ဒါပေမဲ့ ငါ မင်းနဲ့ဝေးလို့မရဘူးလေ” ဆုလီပြောလေသည်။
“မင်းမှာ အဲလောက်လူအများကြီးရှိတာ ထွက်သွားလို့လည်းမရဘူးလေ” အဒေါ်၃ ပြောလိုက်သည် “သူတို့က သူတို့ဘုရင်မကြီးကိုထွက်မသွးစေချင်ဘူးလေ၊ အခုလည်း မင်းနဲ့ထွက်သွားချင်နေတယ်”
“အဒေါ်၃ အရမ်းစိတ်ဒုက္ခရောက်ဖို့မလိုပါဘူး” သူတို့ဘာကြောင့် အကျပ်ရိုက်နေသည်ကို ရှီမာယူယူ သိသည်။ “သူတို့ဘုရင်မကြီးနဲ့ မခွဲချင်မှတော့ လိုက်ခိုင်းလိုက်ပါလား”
“ယူယူ သမီးနားမလည်ဘူး၊ ဆုလီနဲ့ တခြားသူတွေက ရေခဲပိုးကောင်တွေ၊ သူတို့အတွက် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်လိုတယ်၊ သူတို့ဒီနေရာကနေထွက်သွားရင် သူတို့အတွက် နေရာရှာတွေ့မှာမဟုတ်ဘူး” အဒေါ်၃ ရှင်းပြလေသည် “ပြီးတော့ ငါတို့မှာလုပ်စရာတွေရှိသေးတယ်မလား၊ ငါတို့မှာ အဲလိုနေရာလည်းရှိတာမဟုတ်ဘူး သူတို့တွေဒီလောက်အများကြီးနဲ့ဆိုရင် ကောလဟတွေပြန့်တာကိုတားရမှာမဟုတ်ဘူး”
“အဒေါ်၃ အဲအတွက်ကတော့ ဖြေရှင်းနည်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အချိန်ကျရင် သမီးတို့ ဂိုဏ်းအတွက် နေရာသေချာပေါက်ရွေးရမှာပဲ၊ အဲအချိန်ကျရင် သူတို့အတွက် နေရာရှာပေးလို့ရတယ်၊ ပတ်ဝန်း ကျင်က မသင့်တော်ဘူးဆိုရင်လည်း ပြန်ပြင်ပြီး အဆင်ပြေအောင်လုပ်လို့ရတယ်”
“ပြန်ပြင်မယ်ဟုတ်လား”
“ဦးလေး၃က အဒေါ်၃ကို ထူးဆန်းတဲ့ကျောက်တုံးပေးခဲ့တာ မှတ်မိသေးတယ် ဟုတ်တယ်မလား” ရှီမာယူယူမေးလိုက်သည်။
အဒေါ်၃သည် ခေတ္တမျှစဉ်းစားပြီးနောက် သေတ္တာငယ်တစ်ခုကိုထုတ်လိုက်သည်။ အထဲတွင် ကျောက်တုံးလေးရှိနေသည်။
“ဒါလား”
ရှီမာယူယူသည်ထုတ်ပြီး စစ်ဆေးကြည့်ပြီးနောက် ပြောလေသည် “ဒါပဲ၊ ဦးလေး၃က လွန်ခဲ့တဲ့နှစ်တွေ ကပေးခဲ့တာလေ မသန့်စင်ရသေးဘူးလား”
အဒေါ်၃သည် ခေါင်းရမ်းကာ ပြောလေသည် “အရင်က ငါတို့်အတူရှိတုန်းက ရှားပါးတယ်လို့ မထင်မိ ဘူး၊ နောက်တော့… သူ့ကိုသတိရရင် ထုတ်ကြည့်ဖြစ်တယ်၊ သန့်စင်ဖို့စိတ်မကူးဖူးဘူး၊ ဒါကျောက်တုံးပဲလေ ဟုတ်တယ်မလား သန့်စင်လို့ရတာလား”
“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒီကျောက်တုံးက သမီးမမှားဘူးဆိုရင် ဒါမီဇွန်ပဲ”
“မီဇွန်ဟုတ်လား အဲဒါဘာလဲ” ရှီမာယူလီမေးလိုက်သည်။
“ဒီလောကမှာကို လောကလေးတွေအများကြီးပဲလေ၊ အဲဒါကိုတော့သိမှာပေါ့” ရှီမာယူယူပြောလိုက် သည်။
အားလုံးခေါင်းညိမ့်လိုက်ကြသည်။ သူတို့သည် လောကအသေးတွင် ၁နှစ်တာမျှနေခဲ့သည်မဟုတ်ပါ လား။
“ငါတို့ပြီးခဲ့တဲ့တစ်ခေါက်ကဝင်ခဲ့တဲ့ လောကက နည်းနည်းကြီးတယ်၊ ဒါပေမဲ့ တခြားလောကအသေးတွေ နဲ့ယှဉ်ရင်လည်း သေးပြန်ရော၊ လူတစ်အိမ်စာ မဟုတ်ရင် ကွင်းတစ်ကွင်းစာလောက်အရွယ်အစားရှိတဲ့ လောက အသေးတွေအများကြီးပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါကို အရင်တုန်းက ရှေးဟောင်းစာအုပ်တွေမှာ တစ်ခါ မြင်ဖူးတယ်၊ လောကအသေးကိုရှာတွေ့တဲ့လူက သူ့နည်းလမ်းနဲ့ သူသုံးလို့ရတယ်၊ သန့်စင်ပြီးတာနဲ့ သူ့နည်းနဲ့ သူ ဝင်ပြီး ဒီမီဇွန်တွေကိုသုံးလို့ရတယ်”
“ငါတို့ လောကအသေးတွေကိုဝင်တုန်းက သုံးတာမီဇွန်လား”
“ငါမှန်းတာမမှားရင် အဲဒါပဲနေမှာ” ရှီမာယူယူ ပြောလိုက်သည် “အဲတုန်းက ဦးလေး၃ သေချာပြောခဲ့ တယ်၊ ဒါပေမဲ့ အဲတုန်းက နေရာတွေကို သိပ်အာရုံမရှိခဲ့ဘူး၊ အဲတော့မှန်းရုံပဲမှန်းလိုက်တာ၊ အခု ဘယ်လိုပဲဖြစ် ဖြစ်၊ ၅၀ရာခိုင်နှုန်းတော့ သေချာတယ်၊ ဒီအထဲက လှုပ်ရှားမှုတွေကိုခံစားမိတယ်”
“တကယ်လားဆရာ မြန်မြန်လုပ်ကြည့်၊ ဒါက တကယ်ပဲမီဇွန်လားလို့” ဝူလေးသည် စိတ်လှုပ်ရှားစွာ အော်လေသည်။
သူမသည် လောကအသေးကိုမရောက်ဖူးသော်လည်း သူမဆရာပြောဖူးသည်ကို ကြားဖူးသဖြင့် ထိုနေရာ အမျိုးအစားကိုသိသည်။ တကယ်သာ လောကအသေးဖြစ်ပါက သူတို့အတွက် အဆင်ပြေသွားမည်။
အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာ အားလုံးအတွက် စိုးရိမ်စရာမလိုတော့ပေ။
“အဒေါ်၃ ဒါကိုသန့်စင်လိုက်ရင်သိမှာပဲ လုပ်ကြည့်ပါလား” ရှီမာယူယူ ပြောလိုက်သည်။
“အင်း” အဒေါ်၃သည် ကျောက်တုံးထုတ်ကာ သေတ္တာကိုသိမ်းပြီး ကျယ်ပြန့်သောနေရာတွင် တင်ပျင်ခွေ ထိုင်လေသည်။ သူမသည် စတင်သန့်စင်လေသည်။
သူမသည် ထိုအရာကို ၁၀ရက်ကြာသန့်စင်ပြီးနောက်မျက်လုံးဖွင့်လာသည်။ သူမသည် ကျောက်တုံးနှင့် ဆက်သွယ်မှု တည်ထောင်ပြီးလေသည်။
စဉ်းစားလိုက်သည်နှင့် သူမသည် ရှိနေရာမှ ပျောက်သွားလေသည်။ ပထမအကြိမ်သူမပျောက်သွား သဖြင့် ဝူလေးသည် စိတ်လှုပ်ရှားရင်းနှင့်ပင် ကြောက်မိသည်။
“ဆရာဘယ်ရောက်သွားတာလဲ”
“ငါထင်တာမှန်သွားပြီ သူမက လောကအသေးကိုရောက်သွားတာပဲ” ရှီမာယူယူသည် ဝူလေးအား နှစ်သိမ့်လေသည် “မစိုးရိမ်ပါနဲ့ အဒေါ်၃ မကြာခင်ပြန်လာမှာပါ”
“အင်း” ဝူလေးသည် ခေါင်းညိမ့်လိုက်သော်လည်း အနည်းငယ်ရင်တုန်နေသေးသည်။
အဒေါ်၃သည် လက်ရှိတွင် နေရာစိမ်းတစ်ခုတွင်ရပ်နေသည်။ သူမသည် အမှောင်တောထက်ပင် မှောင် သော တောကိုကြည့်နေရာ ခေတ္တမျှ မတုန့်ပြန်နိုင်ပေ။
“ဒါက ယူယူပြောတဲ့လောကအသးလား၊ ထူးဆန်းတယ် ဒီလိုနေရာမျိုး တကယ်ရှိတာပဲ” သူမသည် သက်ပြင်းချကာ လှည့်ပတ်ကြည့်လေသည် “ငါ သူတို့ကိုအရင်ခေါ်ပြီးမှ ဒီနေရာကိုနောက်မှကြည့်ရမယ်”
သူမ ထွက်မည်ဟု တွေးလိုက်သည်နှင့် အားလုံးရှေ့တွင် ပြန်ပေါ်လာသည်။
“ဆရာ” အဒေါ်၃ထွက်လာသည်ကို ဝူလေးတွေ့သောအခါ လျင်မြန်စွာပြေးသွားကာ သူမအင်္ကျိလက်ကို ဆွဲလေသည် “ဆရာပျောက်သွားတော့ ဝူလေးကြောက်သွားတာ”
“အဒေါ်၃ ဘယ်လိုလဲ” ရှီမာယူယူ ပြုံးပြီးမေးလေသည်။
“သမီးပြောသလိုပဲ တကယ်ပဲလောကအသေးပဲ” အဒေါ်၃သည် တက်ကြွစွာပင် အော်လေသည် “ဒါပေမဲ့ သေချာမကြည့်ရသေးဘူး သမီးတို့စိုးရိမ်မယ်ထင်လို့ ထွက်လာလိုက်တာ”
“ဒါဆို သမီးတို့အတူသွားပြီးကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သ်ည “အဒေါ်၃ တွေးလိုက်တာနဲ့ အကုန်လိုက်လို့ရမယ်”
အဒေါ်၃သည် စိတ်လှုပ်ရှားနေသဖြင့် ရှီမာယူယူ ထိုအရာများနှင့် ရင်းနှီးနေသည်ကို သတိမထားမိပေ။ သူမသည် အားလုံးကိုခေါ်သွားမည်ဟု တွေးလိုက်သည်။ တွေးလိုက်သည်နှင့် အားလုံးသည် နေရာသစ်တစ်ခုသို့ ရောက်သွားသည်။
“ဒါကလောကအသေးလား အပြင်လောကနဲ့အတူတူလောက်ပဲ မဟုတ်ဘူးလား” ဝူလေးသည် လှည့်ပတ်ကြည့်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အတူတူပဲ နေရာမတူတာပဲရှိတာ” ကုန်ရှန်ယိ ရှင်းပြလေသည် “လောကအသေးက အမှောင်တောနဲ့အရွယ်အစားအတူတူလောက်ပဲ၊ ဘယ်လောက်ပဲ ကြည့်ကြည့်တိမ်ဖုံးနေသလိုပဲ၊ အဒေါ်၃ သန့်စင်တာမပြီးသေးဘူးလား”
အဒေါ်၃သည် ခေါင်းညိမ့်ကာ ပြောလေသည် “ငါဒီအပိုင်းသန့်စင်တာ အချိန်အတော်ကြာတယ်၊ သေချာ ပေါက် ဆက်သွယ်မိပါတယ်၊ နောက်ထပ်နှစ်နည်းနည်းလောက် သန့်စင်ရဦးမယ်ထင်တယ်”
“ဒီလောက်ဆိုလည်းမဆိုးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ သေချာမသန့်စင်ရသေးတာကို ဒီလောက်ကြီးနေပြီ၊ လုံးဝဖွင့်ပြီးသွားရင်တော့ သေးတော့မှာမဟုတ်ဘူး”
“ဆုလီ ဒီနေရာဆိုဘယ်လိုလဲ၊ နေဖို့သင့်တော်မလား” အဒေါ်၃ မေးလိုက်သည်။
“ဒါပေါ့” ဆုလီသည် ဝင်လာသည်နှင့် စိတ်လှုပ်ရှားနေသည် “ငါတို့်ရေခဲဝိဉာဉ်ပိုးကောင်တွေက ဝိဉာဉ် စွမ်းအင်များတဲ့နေရာလိုတယ်၊ ဒီကဝိဉာဉ်စွမ်းအင်က ငါတို့်နေတဲ့နေရာထက်တောင် ပိုများနေသေးတယ်၊ ပတ်ဝန်းကျင်ကလည်း ဆင်တူတယ်၊ ဒီနေရာကတောင်ပိုကောင်းနေသေးတယ်၊ ငါတို့် ကန်ပဲလိုတော့တာ”
“လွယ်တယ်လေ၊ ကန်တူးပြီး အခုကန်ထဲကရေတွေကို ပြောင်းလိုက်ရုံပဲ” ဖက်တီးကျူ ပြောလိုက်သည်။
“ဒီအကြံကောင်းတယ် ဖက်တီး ဒါဆို မင်းကိုအပ်လိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ အလွယ်လေး” ဖက်တီးကျူသည် ဝိဉာဉ်လက်နက်ဗုံးကိုထုတ်ပြီး ပစ်လိုက်သည်။ ဗုံးသည် သူ့ လက်ထဲမှ လွတ်သွားသည်နှင့် ပေါက်ကွဲသွားကာ တွင်းကြီးဖြစ်သွားလေသည်။
သူသည် ရှီမာယူယူအား ဘဝင်ခိုက်စွာကြည့်ကာ “ဘယ်လိုလဲ မဆိုးဘူးမလား”
“နည်းပညာကတော့ ဟုတ်တယ်၊ ဒါပေမဲ့ တောနဲ့မဝေးလွန်းဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“အဲလိုတော့ဟုတ်တယ်” ဖက်တီးကျူသည် အကွာအဝေးတွက်ကြည့်ရာ အမှန်တကယ်ပင် ဝေးနေ သည်။
“ကန်က တောထဲမှာဖြစ်ရမှာ အဲတော့.. မင်းဖြည်းဖြည်းလုပ်တာမှကောင်းဦးမယ်…”
***