ဖမ်းစားသော နွယ်ပင်များ
Vol. 008 Ch. 708
ရှီမာယူယူပြောလိုက်သောစကားကို ဖက်တီးကျူကြားသောအခါ သူသည် လက်ပစ်ဗုံးတစ်ခုကို ဖြုန်တီးသကဲ့သို့ပြောလိုက်သဖြင့် နာကျင်စွာအော်လိုက်သည်။
ရှီမာယူယူသည် တွက်ကပ်သောသူ့အကြည့်ကိုလျစ်လျူရှုလိုက်ပြီး အဒေါ်၃ဘက်သို့လှည့်ကြည့်ကာ “အဒေါ်၃ ဒီနေရာကိုဖွင့်နိုင်မှတော့ ထိန်းချုပ်လို့လည်းရမှာပဲ၊ ကန်တူးဖို့အတွက် ဖြစ်နိုင်မလားလို့ စမ်းကြည့်ပါ လား”
“ဖြစ်နိုင်ပါ့မလား” အဒေါ်၃သည် အံ့သြသွားသည်။
“ဖြစ်နိုင်တာပေါ့၊ ဒီနေရာက အဒေါ်၃အပိုင်ပဲ၊ မီဇွန်က အဒေါ်နဲ့ရှိသရွေ့ကို စိတ်ကြိုက်လုပ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “မယုံရင်စမ်းကြည့်ပါလား၊ အဲကျောက်တုံးကိုဘေးကို ရွေ့မယ်လို့စဉ်းစားကြည့်လိုက် ပါလား”
အဒေါ်၃ ခေါင်းညိမ့်ကာ တွေးလိုက်သည်။ ကျောက်တုံးသည် အမှန်တကယ်ပင် မူလနေရာမှရွေ့သွား လေသည်။
“ဆရာ အရမ်းအားကောင်းတာပဲ” ဝူလေးသည် လက်ခုတ်တီးကာ အဒေါ်၃အား ကြည့်လေသည်။
အဒေါ်၃သည် တခြားအရာများကိုပါအနည်းငယ်စမ်းကြည့်ရာ ထိုနေရာအားထိန်းချုပ်နိုင်သည့်နည်းလမ်း ကို တဖြည်းဖြည်းကျင့်သားရလာသည်။ ထို့နောက်တွင် သူမ အပြင်ကကန်ကဲ့သို့ အရွယ်အစားရှိသော တွင်း ပေါက် တူးလိုက်သည်ကို ဝူလေးနှင့် ဆုလီတို့သည် တအံ့တသြကြည့်လေသည်။
“အခု အပြင်ကရေတွေကို အထဲကိုရွေ့ရုံပဲ” အဒေါ်၃သည် ပြီးသည်နှင့် ဆုလီအား ပြုံးပြီးကြည့်လေ သည်။
“အင်း သူတို့ဒီနေရာကိုကြိုက်မယ်လို့ ယုံတယ်” ဆုလီသည် ပျော်ရွှင်စွာ အော်လေသည်။
“သူတို့ဒီနေရာကိုကြိုက်ဖို့မျှော်လင့်ပါတယ်၊ ဒါဆိုရင် အဆင်သင့်သွားပြီလေ” အဒေါ်၃ သက်ပြင်းချလေ သည် “သူတို့ကိုသွင်းလိုက်ရအောင်”
ဝိဉာဉ်ပိုးကောင်များအားလုံးသည် သူတို့ပစ္စည်းများကိုသယ်လာပြီး လောကအသေးသို့ ပြောင်းလာကြ သည်။ ဝိဉာဉ်ပိုးကောင်တစ်ကောင်မှ ကျန်မနေခဲ့ပေ။
ဝိဉာဉ်ပိုးကောင်များကိစ္စဖြေရှင်းပြီးသောအခါ ရှီမာယူယူတို့သည် အမှောင်တောနက်ထဲသို့ ဆက်ဝင်ကြ သည်။ ထိုနေရာတွင် ၁၀ရက်ကုန်ဆုံးပြီးသောအခါ သူတို့သည် တော၏အတွင်းထဲသို့ ရောက်နေပြီးဖြစ်လေ သည်။
“ယူယူ ငါတို့နောက်ကျနေပြီထင်တယ် မြန်မြန်သွားမှလားမသိဘူး” အဒေါ်၃ မေးလေသည်။
ရှီမာယူယူသည် တောအလယ်ပိုင်းကိုကြည့်ပြီးပြောလေသည် “အချိန်တွေကြာသွားပြီ၊ သူတို့လည်း အမှောင်တောအနက်ပိုင်းရောက်လောက်ပြီ၊ ဒါပေမဲ့ သူတို့ဗဟိုပိုင်းကိုတော့ရောက်ဦးမှာမဟုတ်ဘူး၊ ပြဿနာ ကင်းအောင် သူတို့ခြေရာအတိုင်းလိုက်သွားမယ်၊ သူတို့ရောက်မယ့်အချိန်လောက်ပဲ သမီးတို့ရောက်ရမယ်၊ ဒါပေမဲ့ အဲဒါက ပညာရှိစံအိမ်တော်ကလူတွေကို တားနိုင်မှာမဟုတ်ဘူး”
“ဒီတစ်ခါကိုငါတို့မလုပ်နိုင်ရင်တောင် နောက်တစ်ခါတော့ရအောင်လုပ်ရမယ်” ဖက်တီးကျူပြောလေ သည်။
“ဟုတ်တယ်၊ အဲလိုပဲယူဆရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ဒီနေရာကိုလာရတဲ့ရည်ရွယ်ချက်ကဘာလဲ” ဝူလေးမေးလိုက်သည်။
“ငါတို့ ဂိုဏ်းကမစ်ရှင်လုပ်ဖို့အတွက်ပဲ၊ ခြေတံနီကြိုးကြာဥခိုးဖို့လာတာ”
“အင်ပါယာဂိုဏ်းကနေရာကောင်းတစ်ခုပဲ” အဒေါ်၃သည် တစ်စုံတစ်ရာအားစဉ်းစားမိရာ သူမအမူအရာ သည် စာနာမှုအဖြစ်ပြောင်းသွားလေသည်။
ဟာစွန်သည် နီရဲပျားများမှပေးသော သတင်းများကိုအခြေခံပြီး အားလုံးကို ခေါ်သွားသည်။ သူတို့ လမ်းကြောင်းမှာ ကြမ်းတမ်းသောဝိဉာဉ်မိစ္ဆာများ၏ နယ်မြေများကိုရှောင်ရှားပြီး တိုက်ပွဲတစ်ခုနှင့်မှ ရင်ဆိုင်ရခြင်း မရှိပဲ တော၏ဗဟိုဆီသို့သွားသည်။
“တောဗဟိုချက်က ရှေ့နားတင်ပဲ၊ ငါတို့လေထဲကသွားရင် ပစ်မှတ်ဖြစ်သွားလိမ့်မယ်၊ အဲတော့ လမ်းလျှောက်သွားရတော့မယ်” ရှီမာယူယူသည် အားလုံးကိုပြောလိုက်သည်။
ဟာစွန်သည် သူတို့ကိုမြေပေါ်ချပေးပြီးနောက် လူသားအသွင်ပြောင်းကာ သူတို့ဘေးတွင်ဝင်ရပ်လိုက် သည်။
မြေပေါ်တွင် ရှေ့မှသွားသော လူများချန်ထားခဲ့သောခြေရာများစွာရှိလေသည်။ ထိုနေရာမှ လူအများ အပြားဖြတ်သွားသည့်ပုံပင်။
“ခြေရာတွေအများကြီးပဲ တော်တော်များများက ခြေကျင်သွားဖို့ရွေးတဲ့ပုံပဲ” ဝေကျိရွှီ ခန့်မှန်းသည်။
“ဒီမှာဆိုအရမ်းအန္တရာယ်များတယ် အထူးသဖြင့် ပျံသွားရင် ပိုအန္တရာယ်များတယ်၊ လူနဲ့ မိစ္ဆာတွေရဲ့ ပစ်မှတ်အလွယ်တကူဖြစ်လာနိုင်တယ်၊ သူတို့က မင်္ဂလာသားရဲကြောင့်ဒီကိုလာကြတာဆိုတော့၊ တခြားလူရဲ့ ပစ်မှတ်မဖြစ်ချင်ကြဘူးလေ”
“ဒီမှာ မီးလောင်ထားတဲ့အလောင်းနဲ့ သစ်ကိုင်းတွေလည်းကျိုးကျေထားတယ်၊ တိုက်ပွဲဖြစ်ထားတာ မကြာသေးဘူးပဲ”
“ဟုတ်လောက်မယ်”
“ပုံစံကြည့်ရတာ ဒီတိုက်ပွဲမှာပါတဲ့လူတွေက အနည်းဆုံးအံ့ဖွယ်သူတော်စင်အဆင့်ရှိပြီ”
“အဲလူက ပြိုင်ဘက်ကိုလောင်အောင်လုပ်နိုင်တဲ့အပြင် ဘေးကသစ်ပင်တွေကိုလည်း လောင်အောင် လုပ်နိုင်တယ်ဆိုတော့ အဲလူက အဆင့်နိမ့်မှာတော့မဟုတ်ဘူး၊ အဲလူက အရိုးဖြစ်သွားမယ်လို့ ထင်ထားမှာ တောင်မဟုတ်ဘူး”
“အံ့ဖွယ်သူတော်စင်တောင် သေမှတော့ ဒီတစ်ခါလာတဲ့လူတွေက အားမနည်းဘူးပဲ”
“အင်း၊ ပျားတွေစုထားတဲ့သတင်းအရတာ့ ကျွမ်းကျင်သူအများစုက အင်အားကြီးကခိုင်းလိုက်တာတွေပဲ ဧကရာဇ်အဆင့်တွေတောင်ပါသေးတယ်”
“ဧကရာဇ်အဆင့်တွေတောင် မင်္ဂလာသားရဲကြောင့်ရောက်လာကြတယ်ဟုတ်လား၊ မင်္ဂလာသားရဲက အဲလောက်တောင် ဆွဲဆောင်မှုရှိတာလား”
“မင်္ဂလာသားရဲရဲ့ လုပ်နိုင်စွမ်းကိုအထင်မသေးနဲ့” ရှီမန်ဖန်ပြောလိုက်သည် “ဂိုဏ်းတစ်ဂိုဏ်းက မင်္ဂလာ သားရဲကိုပိုင်ဆိုင်မယ်ဆိုရင် ရာထူးခုန်တက်သွားမှာ၊ ပြီးတော့ ကျွမ်းကျင်သူတချို့က မင်္ဂလာသားရဲပေါက်ကို အထင်သေးရင်တောင် ဂိုဏ်းကအမိန့်ပေးလိုက်တဲ့အတွက် သူတို့မငြင်းနိုင်ကြဘူး”
“အမှန်ပဲ”
ရှီမာယူယူသည် လမ်းလျှောက်နေရာမှ ရုတ်တရက်ရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ ယူယူ” ဘေဂုံထန်သည် သူမနောက်မှလျှောက်လာကာ သူမရပ်လိုက်သည်ကိုတွေ့သည် နှင့် မေးလိုက်သည်။
အရှေ့မှသွားသောလူများသည် ထိုစကားအားကြားသည်နှင့် ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်ကြ သည်။
“ရှီချန်းနဲ့ တခြားသူတွေအန္တရာယ်ရှိနေပြီ” ရှီမာယူယူသည် ညင်သာစွာပြောလိုက်သော်လည်း သူတို့ကို ကယ်လိုသည်ဟု မပြောပေ။
“သူတို့ကိုမိသွားတာလား” ရှီမာယူရွှီ ခန့်မှန်းလေသည်။
“အဲလိုထင်တာပဲ” ရှီမာယူယူသည် ညာဘက်ကိုကြည့်ပြီး အရှေ့ကိုသာဆက်လျှောက်သွားလေသည် “သွားရအောင်”
“ယူယူ သူတို့ကိုသွားမကယ်ဘူးလား” ဖက်တီးကျူသည် နားမလည်သဖြင့်မေးလေသည်။
ရှီမာယူယူ၏ အကျင့်နှင့်ဆိုလျှင် လူများအန္တရာယ်ကျရောက်သည်ကိုတွေ့သည်နှင့် သူတို့ကိုကယ်ရန် အပြေးသွားမည်။ ဘာမှမဖြစ်သလိုနေသွားမည်မဟုတ်ပေ။
ရှီမာယူယူသည် သူတို့ကိုစိုးရိမ်မှုမရှိပေ။ “သူတို့ဒီလောက်နှစ်ပေါင်းများစွာ အလိုက်ခံရတာကို အသက် ရှင်အောင်နေနိုင်တာကိုကြည့်ရတာ သူတို့က အစွမ်းအစရှိတာကိုပြနေတာပဲ၊ အဲလိုဆိုမှတော့ ဒါကသူတို့အတွက် ပြဿနာမဖြစ်နိုင်ပါဘူး၊ သူတို့ဖြေရှင်းနိုင်မှတော့ ဘာလို့သွားတော့မှာလဲ၊ ဘာပဲဖြစ်ဖြစ် ဒီမှာရန်သူတွေများပေ မယ့် သူတို့က အရမ်းအားမကောင်းဘူး၊ ဒီလောက်ကိုမှ မဖြေရှင်းနိုင်ရင် ခေါ်ဖို့မတန်ဘူးပဲ၊ အသုံးမကျတဲ့လူတွေ ကို မွေးမထားနိုင်ဘူး”
“ညီလေး၅ ပြောတာမှန်တယ်၊ သူတို့သာ အသုံးမကျရင် ငါတို့တပ်ထဲခေါ်ရင် ကိုယ့်ရှုးကိုယ်ပက်သလို ဖြစ်မှာ” ရှီမာယူရန်သည် ဝူလေးအား အဓိပ္ပာယ်အပြည့်ပါသောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
ဝူလေးသည် သူပြောလိုက်သည့်စကားကိုကြားသောအခါ ခေါင်းငုံ့ကာ သူမဆရာကို ကျိုးနွံစွာ ကူညီရ မည်ဟု တွေးနေလေသည်။ မဟုတ်လျှင် သူတို့သည် သူမဆရာနောက်ကိုလိုက်ခိုင်းမည်မဟုတ်ပေ။
“ရှေ့သွားရင် နေရာလွတ်တစ်ခုရှိတယ် နားရအောင်” ရှီမာယူယူသည် ပြောရင်းနှင့်ဆက်လျှောက်သွား လေသည်။
သူတို့ရှိသောနေရာနှင့် ကီလိုမီတာအနည်းငယ်အကွာတွင် ရှီချန်းနှင့် တခြားညီအစ်ကိုများသည် လူတစ်စု၏ လိုက်ခြင်းကိုခံရလေသည်။ သူတို့၁၀ယောက်သည် အနည်းငယ်ဆိုးရွားသောနေရာသို့ ပြေးသွား သော်လည်း ကြောက်ရွံ့ခြင်းရှိမနေပေ။ သူတို့နေရာလွတ်တစ်ခုသို့ရောက်သောအခါ မပြေးတော့ပဲ သူတို့ရန်သူ ဘက်သို့မျက်နှာလှည့်လိုက်သည်။
“အာ…”
“ဒါဘာလဲ”
“နွယ်ပင်တွေက ဘာလို့လှုပ်နေတာလဲ”
“ဖမ်းစားတယ်၊ ဒီနွယ်ပင်တွေက ဖမ်းစားတယ် မြန်မြန်ဖြတ်လိုက်”
“ငါလှုပ်လို့မရတော့ဘူး”
“ဒီနွယ်ပင်တွေက အဆိပ်ရှိတယ်”
သူတို့ကိုလိုက်သော လူများသည် တောထဲတွင် အော်နေကြကာ မိုးပေါ်ပျံနေသော နွယ်ပင်များနှင့် တိုက်နေကြလေသည်။ နွယ်ပင်ဖမ်းစားခံရသောလူများသည် သတိမေ့သွားကြကာ ထုံကျင်သွားလေသည်။
“ဒီနွယ်ပင်တွေက ဘာလို့အဲလောက်ထူးဆန်းတာလဲ”
“အာ.. အဲလူပဲ သူကမကောင်းဆိုးဝါးပဲ”
ဒိုင်ယိသည် တောအပြင်တွင်ရပ်ကာ လက်နှင့်ပိတ်ထားလေသည်။ သူ့ပါးစပ်မှ စကားများသည် အဆက် မပြတ်ထွက်လာသည်။
ထိုသာမှန်ဖြစ်သောနွယ်ပင်များသည် သူ့ထိန်းချုပ်မှုအောက်ရောက်ကာ တောထဲရှိလူအားလုံးကို ကျုံ့ သွားစေသည်။ သူတို့အရေပြားအောက်ထိုးဖောက်ကာ စက္ကန့်အနည်းငယ်အတွင်းမှာပင် လှုပ်ရှားမရဖြစ်သွား သည်။
***