← Chapters

မင်္ဂလာသားရဲရဲ့ ရောင်ဝါထပ်မံထွက်ပေါ်လာခြင်း

Vol. 008 Ch. 709

မင်္ဂလာသားရဲရဲ့ ရောင်ဝါထပ်မံထွက်ပေါ်လာခြင်း

Vol. 008 Ch. 709

ရှီမာယူယူသည်နားနေချိန်တွင် ရုတ်တရက် မျက်လုံးများ တောက်ပစွာဖွင့်လာကာ သူမမျက်နှာသည် စိတ်လှုပ်ရှားမှုကိုဖော်ဆောင်နေသည်။

ရှောင်ချီသည် သူမဘေးတွင် တစ်ချိန်လုံးရှိနေကာ ရှီမာယူယူမျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် အရောင် တောက်လာသည်ကို သိသည်။

“ကောင်းတာတစ်ခုခုဖြစ်လို့လား” သူမ မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူသည် ပိုပိုပြုံးလာကာ “ငါတို့်တော့ ရတနာတစ်ခုရလိုက်တာပဲ”

“ရတနာတစ်ပါးရလိုက်တယ်ဟုတ်လား ဘာရတနာလဲ” ရှောင်ချီသည် သိချင်စိတ်ဖြင့်မေးလေသည်။

“ကောင်းတာတစ်ခု” ရှီမာယူယူသည် ပြောရင်းနှင့် သူဆံပင်ကိုဖွလေသည်။

“မြန်မြန်ပြောပြ” ရှောင်ချီသည် အလွန်စိတ်လှုပ်ရှားသွားသည်။

ဒိုင်ယိ နွယ်ပင်များကို ထိန်းချုပ်သည့်အကြောင်းကို ရှီမာယူယူ သူတို့ကိုပြောပြရာ အားလုံးသည် အံ့သြ သဖြင့် ပါးစပ်အဟောင်းသားဖြင့် နားထောင်ကြလေသည်။

“သူက သစ်သားအရည်အချင်းရှိတဲ့ဝိဉာဉ်သခင်ဖြစ်ရမယ် ဟုတ်တယ်မလား၊ သူက တောထဲကအရာ တွေကို ထိန်းချုပ်နိုင်တဲ့ ဝိဉာဉ်စွမ်းအင်ကိုသုံးပြီး လက်နက်အဖြစ်သုံးတာပဲ၊ တကယ့်ကိုရှားတဲ့စွမ်းရည်ပဲ” ရှီမာယူလင်း မှတ်ချက်ပေးသည်။

“ဟုတ်တယ် အရမ်းရှားတယ်၊ ဒီဟာကိုလုပ်နိုင်တဲ့သူ ငါတို့မှာမရှိဘူး” ဝေကျိရွှီ သဘောတူလေသည်။

“လူဆိုးကြီး ၁၀ယောက်က သူတို့ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်စီရှိကြတယ်လို့ ငါပြောတယ်မလား မဟုတ်ရင် ဒီလောက်လူတွေလိုက်တာကို နှစ်ပေါင်းများစွာ ဘယ်ရှောင်နိုင်မလဲ”

“အဲဒါကြောင့် ရတနာကောက်ရလိုက်တာပဲလို့ ငါပြောတာလေ” ရှီမာယူယူ ပြောလိုက်သည်။

“တခြားလူတွေလည်း ဘာအရည်အချင်းရှိလဲလို့ သိချင်လိုက်တာ” အားလုံးသည် သူတို့အကြောင်းကို ပိုသိချင်လာသည်။

“ဘာပဲဖြစ်ဖြစ် စိတ်တော့မပျက်စေဘူးပဲ” ဘေဂုံထန် ပြောလိုက်သည် “အားပိုကောင်းတဲ့လူက တခြား သူလက်အောက်ရောက်တာ မကြိုက်ဘူး၊ ပြီးတော့ လူဆိုးကြီး၁၀ယောက်က လွတ်လွတ်လပ်လပ်နေလာတာ၊ သူတို့ကို ငါတို့်အတွက်စိတ်ရင်းနဲ့ အလုပ်လုပ်ခိုင်းဖို့က လွယ်မှာမဟုတ်ဘူး”

“အချိန်ကျရင်တော့ သိရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ကောင်းပြီ သွားရအောင် ငါတို့် အဲဘက်ကို လျှောက်သွားမယ်၊ သူတို့နဲ့ တွေ့ဖို့အချိန်မကျသေးဘူး”

တောအတွင်းတွင် ဒိုင်ယိသည် လက်ကိုဝေံရမ်းလိုက်ရာ လူတစ်စုသည် မြေပေါ်ကျသွားလေသည်။ ထိန်းချုပ်ခံရသော နွယ်ပင်များသည် မူလအသွင်ပြန်ဖြစ်သွားသည်။

“ရှုး…”

နွယ်တစ်ခုသည် သစ်ပင်ကြီးတစ်ခု၏ ထိပ်ပိုင်းသို့ ရုတ်တရက်ရိုက်ခတ်ကာ ထိုနေရာတွင် နားနေသော ပျားတစ်ကောင်ကို ဖမ်းလိုက်သည်။

“ဒါက အဲလူရဲ့ နီရဲပျားမလား” ရွှီချင်းယန်သည် လှုပ်ခတ်နေသော ပျားကိုကြည့်ပြီးမေးလေသည်။

“ငါတို့ဟိုတစ်ခေါက်ကတွေ့တဲ့ ပျားတွေနဲ့ တကယ်တူတယ်” ရှီချန်းသည် လက်ဆန့်ကာ ဖမ်းလိုက် သည်။

“နီရဲပျားတွေက တိုင်းပြည်တွေမှာ ပျောက်ကွယ်နေပြီလေ၊ ဒါပေမဲ့ ဒီလူ့မှာ အများကြီးရှိနေတာ၊ အဲလူက အံ့ဖွယ်နတ်ဆိုးတောင်ကြား သခင်လေးလို့စွတ်စွဲချင်ရင်တောင် အံ့ဖွယ်တောင်ကြားမှာ ဒါမျိုးရှိတယ်လို့ မကြား ဖူးဘူး” ယူရှီ ပြောလိုက်သည်။

“မဟုတ်ဘူး အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ဒုတောင်ကြားသခင်ဖြစ်တဲ့ အဘိုးနတ်ဆိုးက တစ်ခါတုန်းက ကြွားဖူးတယ်၊ ဒါပေမဲ့ အဲဒါက သူ့အပိုင်ဖြစ်ရင်တောင် သတင်းစုံစမ်းဖို့အတွက် ဒီလောက်အများကြီးသုံးမှာမဟုတ် ဘူး” ဖန်ခိုင် ပြောလေသည် “ဒါပေမဲ့ ဒီကောင်လေးက ငယ်သေးတာကို နီရဲပျားတွေအများကြီးရှိနေတယ်၊ သူ့မှာ နီရဲပျားဘုရင်မရှိရမယ်လို့ ထင်တယ်”

“နီရဲပျားဘုရင်မဟုတ်ဘား၊ သူမက အားအရမ်းကောင်းတာနော်” နီအန်ယိ အော်လေသည်။

“သူ ဘယ်သူပဲဖြစ်ဖြစ် ငါတို့နဲ့မဆိုင်ဘူး၊ ငါတို့သာ မင်္ဂလာသားရဲကို ဖမ်းမိရင် သူနဲ့ပတ်သတ်စရာ အကြောင်းမရှိဘူး” ဖန်ကျိပြောလိုက်သည်။

“ဟုတ်တယ် ငါတို့်သာ မင်္ဂလာသားရဲ ရမယ်ဆိုရင် အစ်ကို၃ကိုကုနိုင်မှာပဲ” ဒိုင်ယိ ပြောလိုက်သည်။

ထိုအချိန်တွင် သူသည် သူ၏ ပုံမှန်အခြေအနေသို့ရောက်နေပြီဖြစ်သည်။ အရင်ကကဲ့သို့ ကြောက်စရာ ကောင်းသောအသွင်မရှိတော့ပေ။

“သဘောတူတယ်” နီအန်းယိသည်လည်းထိုကဲ့သို့ ယုံကြည်သည်။

သို့သော ကုန်ရန်သည် တိတ်ဆိတ်နေကာ သူ့ညီအစ်ကိုများ၏ ပြုံးနေသော မျက်နှာကိုသာ ကြည့်နေ လေသည်။ သူစဉ်းစားနေသည့် အရာကို မည်သူမှမသိနိုင်ပေ။

“နီရဲပျားတွေကို ဘာလုပ်ရမလဲ”

“လွှတ်ပေးလိုက်” ဖန်ခိုင် ပြောလေသည်။

ရှီချန်းလည်း ထိုသို့ထင်သဖြင့် လက်ဝါးဖြန့်ပေးလိုက်သည်။ နီရဲပျားသည် ချက်ချင်းပင် အဝေးသို့ပျံသွား လေသည်။

နီရဲပျားသည် ထိုနေရာအား တစ်ပတ်ပတ်ကာ ရုတ်တရပ်ပင် ပြန်လာပြီး ရှီချန်း၏ ပခုံးပေါ်သို့ ဆင်းသက် လိုက်သည်။

“ဒီကောင်က သွားဖို့ပျင်းနေတာပဲ” နီအန်းယိသည် လက်ကိုဆန့်ထုတ်ပြီး ဖမ်းရန်အလုပ်တွင် ရှီချန်းက တားလိုက်သည်။

“ဒါသူ့အကြံပဲဖြစ်ရမယ်” ရှီချန်းပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် အရေးကြီးတာမှမဟုတ်တာ ခေါ်သွားကြ တာပေါ့”

“အဲဒီရှီမာယူယူက သတ္တိရှိတာပဲ ငါတို့်ကိုတောင်မကြောက်ပဲ လာကမ်းလှမ်းရဲသေးတယ်” ရွှီချင်းယန် ပြောလိုက်သည်။

“အစ်ကို၃ တကယ်ပဲခေါ်သွားမလို့လား” ဒိုင်ယိမေးလိုက်သည်။

“ကိစ္စမရှိပါဘူး မဟုတ်လည်း ပျားတွေကငါတို့ကိုနောက်ယောင်ခံပြီးသားပဲ ငါတို့က အခုမှသိလို့သာ၊ ဒါက သူ့မှာ သူ့နည်းလမ်းနဲ့သူရှိနေတယ်ဆိုတာကို ပြနေတာပဲ၊ ငါတို့မောင်းထုတ်လိုက်ရင် တခြားကောင်တွေ ရောက်လာမှာပဲ၊ ငါတို့ခေါ်သွားတာကောင်းတယ်” ရှီချန်းပြောလိုက်သည်။

ဖန်ကျိသည် ဘာမှမပြောပဲ မြေပေါ်မှလူကိုကြည့်ကာ မျက်လုံးများသည် မှောင်မိုက်လာသည် “သွားရ အောင်”

“အဲလူတွေ ထပ်မလာဖို့မျှော်လင့်တယ်၊ ငါတို့သည်းခံနိုင်စွမ်းကကုန်သွားပြီ၊ သူတို့ထပ်လိုက်လာရင် တော့ လူသတ်တာကို လာအပြစ်မတင်နဲ့တော့”

“အမှန်ပဲ၊ ငါတို့နောက်ကိုလိုက်တဲ့လူတွေက ငါတို့ကိုသတ်ချင်နေကြတာချည်းပဲ၊ ငါတို့က အကျင့် မကောင်းဘူးလို့ သူတို့တကယ်ပဲ တွေးနေကြတာလား” နီအန်းယိသည် မုန်းတီးစွာပြောလေသည်။

“မဟုတ်ရင် သူတို့ကိုလုံးဝပျောက်သွားရောင် ရှင်းဖို့လိုနေပြီလား….” ရှီချန်းသည် ဖြေးညင်းစွာပြောလေ သည်။

“ဝါး…”

ကျယ်လောင်သော ဟိန်းသံတစ်ခုသည် ရုတ်တရက်ပေါ်လာပြီး ကောင်းကင်အပြည့် ရောင်ဝါတစ်ခု ပြည့်နှက်သွားရာ တောထဲရှိလူအားလုံးသတိကပ်ထားလေသည်။

“အစ်ကိုကြီး ဒီရောင်ဝါက မင်္ဂလာသားရဲပဲ” ရွှီချင်းယန်သည် စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။

“ကြည့်ရတာ မင်္ဂလာသားရဲကရှိနေတယ်၊ မြန်မြန်သွားရအောင်” နီအန်းယီသည် မျှော်လင့်ချက်အကြီး အကျယ်ထားထားသည်။

“ဟုတ်တယ် မြန်မြန်သွားရမယ်၊ အားလုံးလည်း ဒီဟိန်းသံကိုကြားမှာပဲ ငါတို့်နောက်ကျသွားရင် သူများ ယူသွားလိမ့်မယ်” ယူရှီ ပြောလိုက်သည်။

“ဝိဉာဉ်မိစ္ဆာပျံသုံးမယ်” ဖန်ခိုင်သည် သူ၏ ဝိဉာဉ်မိစ္ဆာပျံခေါ်ရာ အားလုံးသည် အလျင်စလိုတက်လိုက်ကြ သည်။

“ကောင်းပြီ”

အခုချိန်တွင် အားလုံးသည် မင်္ဂလာသားရဲအပေါ်တွင်သာ အာရုံစိုက်ထားကြသည်။ ဘယ်သူမှ ပြဿနာ မရှာကြပေ။

ဖန်ခိုင်၏ ကြီးမားသောလင်းယုန်သည် သူတို့ကိုတင်ကာ တောကိုဖြတ်သွားလေသည်။ ပျံလာရင်းနှင့် ရှီမာယူယူတို့သည် သူတို့အရှေ့ကီလိုမီတာ အနည်းငယ်အကွာမှ ပျံလာသည်ကို မြင်လိုက်ရသည်။

“သူတို့ပဲ” နီအန်းယိသည် သူတို့အားတွေ့သည်နှင့် အသံလျော့ကာ ပြောလေသည်။

“သူတို့က ငါတို့်နဲ့နီးနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ” ယူရှီ ပြောလိုက်သည်။

“အခုသူတို့ကို အာရုံစိုက်ဖို့အချိန်မရှိဘူး ညီ၂ မြန်မြန်” ဖန်ကျိ ပြောလိုက်သည်။

“ဒါငါတို့သွားနိုင်တဲ့ အမြန်ဆုံးပဲ” ဖန်ခိုင် ပြောလိုက်သည်။

သို့သော် သူတို့မည်မျှပင် မြန်အောင်ပျံစေကာမူ ရှီမာယူယူတို့ ဝေးဝေးသွားသည်ကို ကြည့်နေရသည်။

ရှီမာယူယူသည် မင်္ဂလာသားရဲ၏ ဟိန်းသံကိုကြားသည်နှင့် ထိုရောင်ဝါကိုရင်းနှီးနေသဖြင့် မှင်တက်သွား သည်။ သူမသည် ဟာစွန်အားအသွင်ပြောင်းခိုင်းကာ ထိုနေရာသို့ အားလုံးနှင့်အတူ အလျင်စလိုသွားလေသည်။

“ယူယူ ငါတို့ထင်တာမမှားဘူးမလား၊ အဲဒါတကယ်ပဲ….” ဘေဂုံထန်သည် တောဗဟိုချက်ကိုကြည့်ပြီး စိုးရိမ်စွာနှင့် စိတ်လှုပ်ရှားစွာပြောလေသည်။

ရှီမာယူယူ၏ အမူအရာပြောင်းသွားကာ “ငါတို့ထင်တာမတူရင်တော့ မပြောတတ်ဘူး၊ အခု ထင်တာ တစ်သားတည်းဆိုရင်တော့ မမှားနိုင်ဘူး”

“တကယ်ပဲ…”

“ငါတို့ရောက်တာနဲ့သိမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “အခုချိန်မှာ စိုးရိမ်နေဖို့မလိုဘူး”

မိုးပေါ်တွင် လူများဖြင့် ပြည့်နေသည်။ အစပိုင်းတွင် လမ်းလျှောက်သူများသည် ပျံသန်းကာ အားလုံး သည် တောဗဟိုချက်သို့ အလျင်စလိုပြေးသွားကာ မင်္ဂလာသားရဲကိုကြည့်ချင်နေကြသည်။

ရှီမာယူယူနှင့် တခြားသူများသည် နေ့တစ်ဝက်ပျံပြီးသောအခါ တောဗဟိုချက်ကိုရောက်လေသည်။ သူတို့သည် ကန်ပေါ်ဆင်းသက်လိုက်ပြီး ထိုနေရာကို မြေပုံပေါ်တွင် မှတ်သားထားလိုက်သည်။

သူတို့ရောက်သည်နှင့် လူအများထိုနေရာတွင် ရပ်နေကြလေသည်။ နာလန်လန်သည် မြစ်ဘေးတွင်ရပ် နေကာ ရှီမာယူယူသည် ဖက်တီးကျူလုပ်ပေးထားသော အမှတ်အသားများကို အားလုံးကိုပေးလိုက်သည်။

***

All Chapters