← Chapters

မိစ္ဆာနှင့် မိန်းမလှလေး

Vol. 008 Ch. 710

မိစ္ဆာနှင့် မိန်းမလှလေး

Vol. 008 Ch. 710

နီရဲကန်သည် အမှောင်တောတွင် အကြီးဆုံးကန်ဖြစ်သည်။ နီရဲကန်ဟုခေါ်ရခြင်းမှာ ထိုကန်ရှိရေများ သည် တစ်နှစ်ပတ်လုံး ပူနေသောကြောင့်ဖြစ်သည်။

ရွှမ်ယွမ်ဆိုင်မှပေးလိုက်သော သတင်းအရ ထိုရေအပူချိန်မှာ အလွန်မြင့်မားသည်။ ထိုရေတွင် မီးနှင့် ရေ စွမ်းအင်များရေနှောနေကာ ရေထဲတွင် တွင်းထွက်ကျောက်များပါနေသည်။ အချိန်အတော်ကြာ စွမ်းအင်များ စုပ်ယူပြီးနောက် ယနေ့အခြေအနေရောက်လာခြင်းဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်တွင် အထွတ်အထိပ်မိစ္ဆာအုပ်များ အများအပြားရှိကြသည်။ ဆိုလိုသည်မှာ ထို နေရာသို့ လူသူအရောက်အပေါက်နည်းသည်။ သည်လိုနှင့် ထိုနေရာကို ဘယ်သူမှအသုံးမပြုရဲကြပေ။

ထိုအချိန်တွင် ကန်ကို ထူထဲသောမြူခိုးဖြင့် ဖုံးအုပ်ထားလေသည်။ အပြင်ရှိလူများသည် အထဲကို ရှင်းလင်းစွာ မမြင်ရပေ။

ရှီမာယူယူသည် ပညာရှိစံအိမ်တော်မှ လူများ ဟာစွန့်ကိုသတိမထားမိခင်မှာ သိမ်းလိုက်သည်။ သူမသည် ဘေဂုံထန်နှင့်အတူ ကန်ဘောင်သို့ ပျံသွားလိုက်သည်။

“ငါတို့်အရှေ့ကိုပျံလို့မရတော့ဘူး၊ နေရာတစ်ခုလုံးကို အတားအဆီးနဲ့ပိတ်ထားတယ်”

နောက်မှလူများသည်လည်း ကန်ကိုမရောက်နိုင်ပဲ ကန်ဘေးတွင်သာနေရသည်။ ထို့ကြောင့် အရှေ့မှ ရောက်သူများလည်း ကန်ဘောင်တွင်သာ ရပ်ကြရသည်။ ပျံသွားလိုသည့်သူမရှိပေ။

ရှီမာယူယူတို့ ဆင်းသက်ပြီးမကြာမီတွင် ရှီချန်းတို့ ညီအစ်ကို၁၀ယောက်လည်း ရောက်လာသည်။ သူတို့ သည်လည်း တခြားသူများနည်းတူ အတားအဆီးကြောင့် အပြင်တွင်သာပိတ်နေသည်။

“ဒီအတားအဆီးက…” နီအန်းယိသည် လက်ကိုဆန့်ထုတ်ပြီး ခံစားပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည် “ဒါက သဘာဝအတားအဆီးမဟုတ်ဘူးပဲ၊ ဝိဉာဉ်မိစ္ဆာတစ်ကောင်လုပ်ထားတာ၊ လူတစ်ယောက် တည်ဆောက်မှုကိုသုံးသလိုပဲ”

“တည်ဆောက်မှုဟုတ်လား” ရှီချန်းသည် မိုးပေါ်ပျံကာ ကြည့်လေသည် “အမှန်ပဲ၊ ဒီတစ်ခါ ဒီနေရာမှာ ကာကွယ်ရေးတည်ဆောက်မှုကြီးရှိနေတယ်၊ ဘယ်လိုလူကများဒီလိုတည်ဆောက်မှုကို လုပ်နိုင်တာလဲ”

“ဒီဟာနဲ့ဆိုရင်တော့ အချိန်တစ်ခုလောက်ဝင်လို့ရမှာမဟုတ်ဘူး” နီအန်းယီ ပြောလိုက်သည်။

“ဘာတွေလောနေတာလဲ၊ ငါတို့ဝင်လို့မရသလို ဘယ်သူမှဝင်လို့မရဘူး” ဖန်ခိုင်သည် စိုးရိမ်မှုမရှိပေ။ ဘယ်သူမှဝင်လို့မရရင် ဘယ်သူအရင်ဝင်ရမယ်ဆိုတာမျိုးမဟုတ်ပေ။

တစ်ဖက်တွင် ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် တူညီစွာကောက်ချက်ချလေသည်။

“ဒီတည်ဆောက်မှုကိုလုပ်တဲ့လူက အရမ်းအားကောင်းတာပဲ၊ တည်ဆောက်မှုကနေ အတားအဆီးဖြစ် သွားတယ် ဒီအတားအဆီးက နင့်ရဲ့သာမာန် ကာကွယ်ရေးတည်ဆောက်မှုထက်တောင် ကောင်းသေးတယ်” ရှီမာယူလင်း သက်ပြင်းချလေသည် “သာမန်တည်ဆောက်မှုက ပြိုကွဲနိုင်တယ်၊ ဒါပေမဲ့ ဒီအတားအဆီး တည် ဆောက်မှုကတော့ ပြန်ယူမှပဲပြိုကွဲနိုင်မယ်”

“ဒီနေရာမှာ ကာကွယ်ရေးတည်ဆောက်မှုကို တစ်ယောက်ယောက်ကလုပ်ထားတယ်ဆိုရင် ဒီနေရာကို အရင်ရောက်ပြီးတဲ့လူရှိနေပြီလို့ ဆိုလိုတာမဟုတ်ဘူးလား” ဝေကျိရွှီ မေးလေသည်။

“ဟုတ်တယ်” ရှီမာယူယူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည် “ပြီးတော့ ဒီတည်ဆောက်မှုကို လုပ်တဲ့လူက အခုလက်ရှိ အထဲမှာပဲ၊ အဲမြူခိုးတွေက ငါတို့ကိုပိတ်ထားတာပဲ၊ ဒီတည်ဆောက်မှုကတော့ အထဲက နေပဲ ရွေ့လို့ရမယ်”

“သူကအထဲမှာလား၊ မင်္ဂလာသားရဲကလည်းအထဲမှာပဲ၊ အဲဒါဆိုရင် အဲလူက မင်္ဂလာသားရဲရဖို့ အခွင့်အရေးရှိနေပြီဆိုတာ အာမခံထားသလိုပဲ” ဖက်တီးကျူ အော်လေသည်။

အားလုံးသည် သူတို့နားဝိုင်းကာ သူတို့ပြောသမျှကိုနားထောင်ပြီး မျက်နှာတင်းမာနေကြသည်။ သူတို့ သည် သူတို့သာပထမဆုံးရောက်ရှိသည်ဟု ထင်ထားသော်လည်း တစ်စုံတစ်ယောက်သည် အရင်ရောက်နှင့် မည်ဟု ထင်မထားကြပေ။

“ဝါး…”

နာကျင်စွာအော်သော အော်သံတစ်ခုသည် ကန်အလယ်မှထွက်လာရာ ထိုအသံကြားသည်နှင့် အားလုံး၏ မျက်လုံးများသည် ဒေါသများဖြင့်တောက်ပလာကြသည်။ လူတစ်ယောက်က အရင်ရောက်နှင့်လည်း ဘာဖြစ်လဲ။ သူ စာချုပ်မချုပ်ရသေးရင် မျှော်လင့်ချက်ရှိသေးတာပဲ။

“ဒီရောင်ဝါ… ပိုပိုပြီးရှင်းလာတယ်… မင်္ဂလာသားရဲ အသွင်ပြောင်းနေပြီ” သတ်လတ်ပိုင်းအရွယ်လူငယ် တစ်ယောက်သည် စိတ်လှုပ်ရှားစွာအော်လေသည်။ သူ့မျက်လုံးများသည် အစပိုင်းတွင် မပျော်ရွှင်သော်လည်း စတင်ပြီး မင်္ဂလာသားရဲကို စိတ်ဝင်စားလာသည်။

“အသွင်ပြောင်းတယ် ဟုတ်လား၊ သူသွေးသားတစ်ခုခု လက်ခံရလို့လည်းဖြစ်နိုင်တာပဲ”

“ဒီအတားအဆီးက ကာကွယ်ထားတာလား၊ မင်္ဂလာသားရဲတွေက အသွင်ပြောင်းတဲ့အချိန်ကို အရမ်း အားနည်းတယ်လို့ကြားဖူးတာပဲ”

“အထဲကလူက မင်္ဂလာသားရဲ့အသွင်ပြောင်းတဲ့အချိန်ကို လူတွေကို ဆွဲဆောင်နိုင်မယ်ဆိုတာ သိလို့ အတားအဆီးလုပ်ထားတာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာသားရဲနဲ့ လူသားတစ်ယောက်က အထဲမှာ တစ်သက်လုံးနေသွားလို့မှမရတာ၊ သူတို့ထွက်လာတာနဲ့ အခွင့်အရေးယူပြီးဖမ်းရမယ်” နာလန်လန်၏ စီနီယာပြောလိုက်သည်။

နာလန်လန်သည်လည်း ရောက်လာသည့်လူများကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး အနည်းငယ်စိုးရိမ်စွာ ပြောလိုက်သည် “လူတွေထပ်ထပ်ရောက်လာပြီ၊ ငါတို့တပ်ကူတွေရောရောက်လာပြီလား၊ ဆရာဦးလေးရော လာပြီလား”

“ဂျူနီယာ စိတ်အေးအေးထား၊ ငါတို့တပ်ကူတွေက အမှောင်တောထဲဝင်လာပြီးနေပြီ၊ သူတို့အခုလောက် ဆိုရောက်လောက်ပြီ” မာလင်းပြန်ဖြေလေသည် “ဆရာဦးလေးကတော့ တခြား၂ယောက်ရှာမယ်လို့ပြောတယ်၊ အချိန်ကျရင်တော့ သူ ဒီနေရာကို ဖျက်မှာပဲ အချိန်ဆွဲမှာမဟုတ်ဘူး၊ ဆရာဦးလေးဘာပဲလုပ်လုပ် သေချာလုပ် တယ်မလား”

“အင်း ငါ ဆရာဦးလေးကို တစ်ခါ နှစ်ခါလောက်ပဲတွေ့ဖူးတာ၊ အစ်ကိုနားလည်သလို သူ့ကိုနားမလည် ဘူး” နာလန်လန် ပြောလိုက်သည် “အစ်ကိုအဆင်ပြေတယ်ပြောမှတော့ ရမှာပါ”

ရုတ်တရက်ပြင် လေဟာပြင်ဝင်ပေါက်ပွင့်သွားကာ အနက်ရောင်ဝတ်ထားသော ကတုံးနှင့်အရပ်ပုပု လူတစ်ယောက်နှင့် အနက်ရောင်ဝတ်လှပသောအမျိုးသမီးအနည်းငယ်ထွက်လာသည်။

“တောင်တစ်လုံးဂိုဏ်းကအကြီးအကဲရောက်လာပြီ” မာလင်းသည် အနက်ရောင်ဝတ်ထားသော လူတစ်စုကိုတွေ့သည်နှင့် လေးနက်သောမျက်နှာထားဖြင့်ပြောလေသည်။

“တောင်တစ်လုံးဂိုဏ်းက ဘယ်လိုဂိုဏ်းလဲ၊ သူတို့က အဆင့်၁ အဆင့်ရှိတာလား၊ စီနီယာတွေက သူတို့ ကိုဘာလို့ကြောက်နေကြတာလဲ” နာလန်လန်သည် ထိုနေရာသို့ရောက်သည်မှာ နှစ်အနည်းငယ်သာရှိသေး သောကြောင့် ဖြစ်ပျက်သည့်အရာများနှင့် မရင်းနှီးသေးပေ။

“တောင်တစ်လုံးဂိုဏ်းကအဆင့်၁ဂိုဏ်းတော့ မဟုတ်ပေမယ့် သာမန်တော့မဟုတ်ဘူး၊ သူတို့က အင်အားမကြီးပေမယ့် အတွင်းပိုင်းဒေသမှာတော့ မတုန်မလှုပ်ပဲရပ်တည်နိုင်တယ်၊ တောင်တစ်လုံးဂိုဏ်းက အကြီးအကဲက တကယ့်ကိုလူထူးလူဆန်း၊ သူက ပုံမှန်မဟုတ်တာတွေလုပ်တတ်တယ်၊ သူ့အကျင့်ကလည်း ထူးဆန်းတာပဲ၊ ပြီးတော့ သူမြင်တဲ့ မိန်းမလှတိုင်းကိုကြိုက်လိုက်သေးတယ်၊ သူ့ထက်အရပ်ရှည်ပြီး ရုပ်ချောတာ တွေတွေ့ရင်လည်း ဖြုတ်သေးတာ၊ ငါတို့က ဆရာ့ရဲ့ကျောင်းသားတွေဆိုတာသာသိရင် ပေါက်ကွဲတော့မှာ”

“သူက အားမနည်းဘူးမလား၊ သူက လေဟာပြင်ဝင်ပေါက်ကိုတောင်လုပ်နိုင်တယ်လေ၊ ဆရာနဲ့ သူဆိုရင် ဘယ်သူကပိုပြီးအားကောင်းလဲသိချင်တာ” နာလန်လန် ရေရွတ်လေသည်။

“ဆရာကပိုအားကောင်းတာပေါ့၊ ဒါပေမဲ့ ဒီလူက သူ့အင်္ကျိလက်ထဲမှာ လှည့်ကွက်တွေအများကြီးပဲ၊ သူ့ တိုက်ပွဲစွမ်းအားကလည်း သာမန်ပဲ၊ ဒါပေမယ့် အခုချိန်ထိ အသက်ရှင်နေတုန်းပဲ” မာလင်းသည် ထိုလူကို တကယ်ပင်မနှစ်သက်ကာ သူ့ကိုကြည့်ပင်မကြည့်လိုသည့်ပုံဖြစ်သည်။

မာလင်းပြောသမျှကို နားထောင်နေသော ရှီမာယူယူသည် သူ့ကို အကြိမ်အနည်းငယ်ကြည့်ပြီးနောက် ထိုလူသည် အမှန်တကယ်ပင် ရုပ်ဆိုးသည်ကိုသိလိုက်ရသည်။ သို့သော် အနက်ရောင်ဝတ်ထားသော မိန်းကလေးများသည် လှပကြသည်။ သူတို့သည် အားလုံးက သူတို့ဆီ ဒေါ်လာ သန်း၈၀၀ လောက် အကြွေးတင်နေသည့် ပုံစံဖြင့် အနည်းငယ်အေးစက်လွန်းသည်။

ဒါက တကယ့်ကိုပဲ မိစ္ဆာနှင့် မိန်းမလှလေးဆိုသည့် စံတင်လောက်သည့် ဥပမာပင်ဖြစ်သည်။

အနက်ရောင်ဝတ်ကတုံးသည် လေထဲတွင်ရပ်နေကာ ကန်ဘောင်မှ လူများကိုကြည့်နေလေသည်။ သူ၏ ထူပိန်းနေသော နှုတ်ခမ်းသည် ဟလာသည် “အမလေး ဒီမှာလူတွေဒီလောက်များမယ်လို့ ဘယ်သူထင်မှာလဲ၊ အလှလေးတို့ ပြောဦး၊ အဲလူတွေကဘယ်ကနေလာကြတာလဲ”

“ပညာရှိစံအိမ်တော်”

“ကုန်တောင်ကြား”

“….”

“လူဆိုးကြီး၁၀ယောက်”

တစ်ယောက်ချင်းစီသည် စကားတစ်ခွန်းစီပြောကြကာ အင်အားကြီး၁၀ခုကို လျင်မြန်စွာပင် ဆွဲထုတ် လိုက်လေသည်။

ဒုတိယအမျိုးသမီး ကုန်တောင်ကြားဟုပြောလိုက်သည်ကို ကြားသည်နှင့် ရှီမာယူယူသည် တစ်ချက် ကြည့်လိုက်သည်။ သူမက တကယ်ပဲဒီမှာ တပည့်တစ်ယောက်ကိုပဲမြင်တာပဲ။ သူမ ခေါင်းမော့ပြီး မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကုန်ရှန်ယိကိုကြည့်လိုက်သည်။

“သူတို့က ကျွန်မလက်စားချေဖို့ကို အစတုန်းကလိုက်ခဲ့တဲ့ တပည့်တွေလေ၊ သူတို့လိုက်ကြတုန်းက ကျွန်မမကြိုက်ခဲ့ဘူး အဲဒါကြောင့် သူတို့ဘာသာလှုပ်ရှားခိုင်းတာ၊ အဲလူတွေကို ဒီမှာတွေ့မယ်လို့ မထင်ထားမိ ဘူး” ကုန်ရှန်ယိ ပြောလေသည်။

ရှီမာယူယူသည် သူမဘေးတိုးကာ တိုးညင်းစွာပြောလေသည် “ရှန်ယိ ခဏနေရင် သူတို့ကို ထွက်သွား ဖို့ပြောလိုက်၊ ဒီကအဖြစ်အပျက်မှာဝင်မပါဖို့ပြောလိုက် ဖြစ်နိုင်မယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်သွားဖို့ ပြော”

***

All Chapters