အားလုံးထွက်သွားကြခြင်း
Vol. 008 Ch. 711
ကုန်ရှန်ယိသည် နားမလည်နိုင်ဖြစ်သွားသော်လည်း ခေါင်းညိမ့်ကာ ပြောလေသည် “အဲလိုပြောလိုက်ပါ မယ်”
ရှီမာယူယူသည် သူမအပေါ် ထိုကဲ့သို့ ချွင်းချက်မရှိအယုံအကြည်ရှိသည်ကို အလွန်ကျေနပ်မိသည်။ သူမ သည် ကုန်ရှန်ယိကို လိမ်ညာခြင်းမရှိသော်လည်း သူမအပေါ်တွင် သံသယဝင်ပါက ယုံကြည်မှုမရှိဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့သာ ဒီအခြေအနေတိုင် အချိန်အတော်ကြာကုန်ဆုံးလိုက်ပါက လုပ်ဖော်ကိုင်ဖက်အဖြစ်သာ နေ ရန်မလိုတော့ပေ။
ကုန်ရှန်ယိသည် ပြောပြီးနောက်ထွက်သွားသည်မှာ သူမသည် ရောက်ရာပေါက်ရာ လျှောက်သွားသည် ဟုထင်ရသော်လည်း အမှန်တကယ်တော့ ကုန်တောင်ကြားအဖွဲ့ဝင်တွေဆီသို့သွားခြင်းဖြစ်သည်။
သူမသည် မျက်နှာဖုံးဝတ်ဆင်ထားသဖြင့် ကုန်တောင်ကြားအဖွဲ့ဝင်များသည် သူမအား မြင်လိုက်သည့် အခိုက်အတန့်တွင် မမှတ်မိကြပေ။ သူမသည် အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်ဘေးသွားကာ အသံနိမ့်ပြီး “စီနီယာအစ်ကို”
လူရှန်ချူသည် တောင်တစ်လုံးဂိုဏ်းမှ နောက်လိုက်အဖွဲ့ဝင်များဖြင့် ကိစ္စတစ်ခုဆွေးနွေးနေရာ ကုန်ရှန်ယိအသံကိုကြားလိုက်သည်နှင့် လန့်သွားသဖြင့် ထခုန်မိလေသည်။ သူသည် လှည့်ပတ်ကြည့် သော်လည်း လူတစ်ယောက်မှကွယ်ထားသဖြင့် ချက်ချင်းမမြင်ရပေ။
“ဂျူနီယာညီမလေး ဘာလို့ဒီရောက်နေတာလဲ” လူရှန်ချူမေးလိုက်သည်။
“ညီမ ဖန်နဲ့တခြားသူတွေနဲ့ လိုက်လာတာ” ကုန်ရှန်ယိ ပြောလိုက်သည် “ညီမတို့အားလုံး မျက်နှာဖုံးဝတ် ထားကြတယ်၊ အဲတော့ လူတော်တော်များများ သိမှာမဟုတ်ဘူး”
“ဒီကိုဘာလာလုပ်ကြတာလဲ”
“ကုန်တောင်ကြားက ဒီကိစ္စကိုလက်ရှောင်ဖို့်လာပြောတာ၊ ဖြစ်နိုင်သမျှ မြန်မြန်ထွက်သွားလိုက်ပါ၊ ဒါပေမဲ့ သူများတွေ သတိမထားမိစေနဲ့”
“သွားရမယ်ဟုတ်လား” လူရှန်ချူသည် အနည်းငယ် ရှုပ်ထွေးသွားကာ “ဂျူနီယာညီမလေး ဒီမင်္ဂလာ သားရဲကိုလိုချင်တယ်လို့ ပြောဖူးတယ်မလား၊ ဒါ အခွင့်အရေးကောင်းပဲ”
“ယူယူကထွက်သွားခိုင်းနေတယ်၊ သူ့မှာသူ့အကြောင်းနဲ့သူရှိမှာပဲ သူကအမြဲတမ်းပါးနပ်တာပဲ ညီမတို့ကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး” ကုန်ရှန်ယိ ပြောလိုက်သည် “အကြောင်းအရင်းကိုမပြောသေးပေမယ့် အထဲက ရှိတဲ့ဟာကို သူမှန်းပြီးနေလောက်ပြီလို့ထင်တယ်၊ အဲဟာက အန္တရာယ်ခေါ်လာမယ့်ဟာဖြစ်လောက် တယ်၊ ဝင်မပါစေချင်လို့ ထွက်သွားခိုင်းတာဖြစ်လောက်တယ်”
“ဂျူနီယာညီမလေး သူ့ကိုအဲလောက်ယုံတာလား” လူရှန်ချူသည် သံသယဝင်နေဆဲဖြစ်ကာ ရှုပ်ထွေးနေ သည်။
ကုန်ရှန်ယိ ခေါင်းညိမ့်ကာ “ယုံတယ်၊ အဲဒါကြောင့် ဆင်ခြေတစ်ခုခုရှာပြီး ထွက်သွားလိုက်ပါ၊ ထွက်မသွား ဘူးဆိုရင်တောင် လုံခြုံတဲ့နေရာရှာပြီး အဝေးကနေစောင့်ကြည့်လိုက်ပါ”
“ဒါပေမဲ့…”
“စီနီယာ ဒါအမိန့်ပါ” ကုန်ရှန်ယိသည် စိတ်ပိုင်းဖြတ်ထားသည်။
လူရှန်ချူသည် သူမအပြုအမူကိုမြင်သောအခါ ရွေးချယ်စရာမရှိတော့ပဲ သက်ပြင်းချကာ “ဒါဆိုလည်း ကောင်းပြီလေ တခြားတပည့်တွေကို ငါခေါ်သွားလိုက်မယ်၊ ဒါပေမဲ့ ငါတို့ထွက်မသွားဘူး အနောက်ဆုတ်နေ လိုက်မယ်၊ မင်းလုံခြုံတာကို ကြည့်ရဦးမယ်”
“အစ်ကို့သဘောပဲ” ကုန်ရှန်ယိ ပြောလိုက်သ်ည “အရမ်းမသိသာစေနဲ့ ကောင်းပြီ ညီမသွားမယ်”
ကုန်ရှန်ယိသည် လူအုပ်နှင့် ရောနှောဟန်ဆောင်သော်လည်း ချက်ချင်းပြန်မသွားပေ။ သူမ တခြားဦးတည်ရာသို့ တစ်ပတ်ပတ်ပြီး အနည်းငယ်နားစွံပြီးမှ ပြန်သွားလေသည်။
သူမထွက်သွားသည်နှင့် လူရှန်ချူသည် ထွက်ခွာရန်အမိန့်ချလေသည်။ လူများ ပိုပိုပြီးစုလာကာ သူတို့ သည် တဖြည်းဖြည်းဆုတ်ခွာသွားရာ ဘယ်သူမှသတိမထားလိုက်မိပဲ လူအုပ်အနောက်သို့ရောက်သွားလေသည်။
ကုန်ရှန်ယိသည် လှည့်ပတ်လျှောက်ပြီးနောက် ရှီမာယူယူတို့ဆီသို့ ပြန်လာလေသည်။ ထိုအခါမှပင် သူမ မေးလေသည် “ယူယူ သူတို့ကိုဘာလို့သွားခိုင်းတာလဲ”
ရှီမာယူယူသ်ည ရောင်ဝါပိုပိုပြီးထူလာသည်ကို ခံစားမိပြီး စိုးရိမ်မှုလည်း ပိုတိုးလာသည်။ ကုန်ရှန်ယိ ပြန် လာသည်ကို မြင်သည်နှင့် ပြောလိုက်သည် “ထွက်သွားရမှာက သူတို့တင်မဟုတ်ဘူး မင်းတို့်လည်းသွားရမယ်၊ ဒီမှာ ငါတစ်ယောက်တည်းကျန်နေရင်ဖြစ်တယ်”
“တစ်ယောက်တည်းလား အန္တရာယ်များလွန်းတယ်” ကုန်ရှန်ယိသည် သဘောမတူပေ။
“ငါတို့က မင်္ဂလာသားရဲကိုဖမ်းဖို့ စိတ်မဝင်စားဘူးလေ မှတ်မိလား” ရှီမာယူယူ ပြောလိုက်သည် “အဲရောင်ဝါကို ရင်းရင်းနှီးနှီးခံစားမိလို့ ငါလာတာပဲ၊ ဒါပေမဲ့ ဒီကိုလူတွေရောက်ရောက်လာတာ မြင်သားပဲ၊ အဲအချိန်ကျရင် ရှုပ်ယှက်ခတ်သွားတော့မှာ ထွက်သွားတာကောင်းတယ်”
“အဲလိုဆိုရင်လည်း အတူသွားရအောင်” ကုန်ရှန်ယိ ပြောလိုက်သည်။
“ငါတို့ထင်တဲ့ဟာ ဟုတ်လား မဟုတ်လားဆိုတာကို ငါသေချာချင်တာ” ရှီမာယူယူ ပြောလိုက်သည် “စိတ်ချပါ တစ်ယောက်တည်းနေရတာ ပိုလွယ်တယ်၊ အချိန်စောသေးတယ် မြန်မြန်သွားတော့၊ ဖန်လေး အဒေါ်၃ နဲ့ ဝူလေးကိုဂရုစိုက်ပါ၊ သူတို့ဒီ ဂယက်အတွင်းကို ဒဏ်ရာမရစေနဲ့”
“သိပါပြီ” ရှီမန်ဖန် သဘောတူလိုက်သည်။
“ယူယူ အတူတူသွားရအောင်” အဒေါ်၃သည် ရှီမာယူယူ တစ်ယောက်တည်းထားပြီးထွက်သွားရမည်ကို စိတ်ပူပန်နေသည်။
“အဒေါ်၃ သမီးမမှားဘူးဆိုရင် အထဲကလူက သမီးအတွက်အရမ်းအရေးကြီးတယ် သမီးထွက်သွားလို့ မရဘူး မစိုးရိမ်ပါနဲ့ သမီးအဆင်ပြေမှာပါ”
“အဒေါ်၃ သူ့ကိုမသိတာလည်းမဟုတ်ဘူး သွားရအောင်ပါ” ရှီမန်ဖန်သည် ပြောပြီးသည်နှင့် သူတို့အား ဦးဆောင်ပြီး ဆုတ်ခွာသွားလေသည်။
“ယူယူ” ဘေဂုံထန်သည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
“တကယ်ပဲ သူဆိုရင် သူလုံခြုံအောင် ငါလုပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ခုခုဖြစ်တယ်ဆို ရင် နင်တို့ အထိတ်တလန့်မဖြစ်ကြနဲ့ ဒီနေရာနေထွက်သွားတာ ပိုကောင်းတယ်”
“အင်း”
“ရှောင်ချီနေခဲ့ချင်တယ်” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုကိုင်ပြီး ထွက်မသွားချင်ပေ။
“ရှောင်ချီက အားကောင်းတယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ ဒါကငါလုပ်ကိုလုပ်ရမယ့် ဟာပဲ၊ ရှောင်ချီ့ကို ယူယူ ဂရုမစိုက်နိုင်တော့ဘူး လိမ္မာနော်၊ သူတို့နဲ့သွားလိုက်” ရှီမာယူယူ နှစ်သိမ့်လေသည်။
“ရှောင်ချီမသွားချင်ဘူး” ရှောင်ချီ ငြင်းဆန်လေသည်။
“ယူယူ့စကားကိုနားမထောင်ဘူးလား” ရှီမာယူယူသည် မျက်နှာကိုတင်းထားသည်။
“ယူယူ လုပ်ချင်တာကို ရှောင်ချီကူညီပေးနိုင်ပါတယ်၊ ရှောင်ချီက အရမ်းအားကောင်းတယ်” ရှောင်ချီ သည် ရှီမာယူယူ၏ အပြုအမူကိုမြင်သောအခါ ခေါင်းမာစွာကြည့်လေသည်။
“ရှောင်ချီ ငါတို့သဘောတူထားတာမေ့သွားပြီလား၊ ငါ့နောက်လိုက်မယ်ဆိုရင် ငါ့စကားနားထောင်ရမယ်၊ ဒီအခြေအနေက ငါထင်သလိုဖြစ်မလားဆိုတာ ငါ့ကိုယ်ငါတောင်မသေချာဘူး၊ မဖြစ်ဘူးဆိုရင် ငါလည်း ထွက် လာမှာပဲ၊ ငါထင်သလိုဖြစ်တယ်ဆိုရင်တော့ ငါ့ဘေးမှာတစ်ယောက်ယောက်ရှိနေတာက ဟန့်တားသလိုဖြစ်နေ မယ်၊ ရှောင်ချီ ယူယူ့ကို မထိခိုက်စေချင်ဘူးမလား” ရှီမာယူယူသည် ဒူးတစ်ဖက်ထောက်ကာ ကလေး တစ်ယောက်ကို ဖြန်ဖျေသကဲ့သို့ ပြောနေသည်။
“ရှောင်ချီ ယူယူနဲ့နေချင်တယ်” ရှောင်ချီသည် ခေါင်းမာနေသည် “ယူယူက ရှောင်ချီနဲ့မနေချင်ရင် တခြား နေရာမှာ သွားရပ်နေလိုက်မယ်လေ”
သူမ ထွက်မသွားလိုဘူးဆိုဟုဆိုသည်နှင့် သူမကိုတိုက်ရိုက်သာပြောရတော့သည်။ ဒီနေရာတွင် တစ်ခုခု ဖြစ်သွားပါက ထိုအဖြစ်အပျက်ကြောင့် သူမ နောက်ထပ်အသွင်ပြောင်းမှုကိုတွေ့ကြုံရနိုင်သည်ဖြစ်ကြောင်း ပြော ပြသည်။
ထို့ကြောင့်ပင် သူမ ထွက်မသွားနိုင်ပေ။ သူမ အသွင်ပြောင်းသည်ကို ဒီနေရာတွင်ပင် စောင့်နေမည်။
သူမ ခေါင်းမာနေသည်ကို ယူယူတွေ့သည်နှင့် သူမ ထိုနေရာတွင်နေရမည့် ကိုယ်ပိုင်အကြောင်းပြချက်ရှိ ရမည်ဟု ခန့်မှန်းမိသည်။
“ကောင်းပြီလေ ဒါဆိုလည်း၊ ငါ့အနားမှာနေ၊ အန္တရာယ်တစ်ခုခုဖြစ်ရင် ငါ့စကားကိုနားထောင်ရမယ်” သူမ သည် ရှောင်ချီ၏ မျက်လုံးထဲမှ မျက်ရည်များကိုသုတ်ပေးလိုက်သည်။
“အင်း” ရှောင်ချီသည် ခေါင်းညိမ့်ပြီး ရှီမာယူယူ၏ လည်ပင်းအားဖက်ပြီး နဖူးကို နမ်းလိုက်လေသည်။
ရှီမာယူယူသည် ရှောင်ချီ၏ ပါးကိုပြန်နမ်းလိုက်ပြီး မတ်တပ်ရပ်ကာ ဘေဂုံထန်နှင့် တခြားသူများကို ပြောလိုက်သည် “ရှောင်ချီမ မသွားချင်မှတော့ နင်တို့သွားနှင့်လိုက်ကြ”
ဘေဂုံထန်နှင့် တခြားသူများသည် ခေါင်းညိမ့်ပြီး လှည့်ထွက်သွားကြလေသည်။ သူတို့၏ မူလယူထား သောနေရာကို တခြားသူများရောက်လာကြသည်။
ရှီမာယူယူသည် ရှောင်ချီအားဆွဲကာ ရှီချန်းနှင့် တခြားသူများရှိသည့်နေရာသို့သွားလိုက်သည်။ သူမ သည် မျက်နှာဖုံးတပ်ထားသဖြင့် မျက်နှာကိုမမြင်ရသော်လည်း သူမအင်္ကျိကိုကြည့်ပြီး ရှီချန်းသိသည်။
“ယူထားတဲ့အတွက်ကျေးဇူးပါပဲ” ရှီမာယူယူသည် ရှီချန်းပခုံးပေါ်မှ နီရဲပျားကိုမြင်သောအခါ ပြုံးလိုက် သည်။
“ငါဖမ်းမိတာကို ပြန်ပေးနိုင်ပါတယ်” ရှီချန်းသည် နီရဲပျားကိုကိုင်ကာ ရှီမာယူယူအား ပေးလိုက်သည်။
“ယူထားလိုက်ပါ၊ နောက်ထပ်လွှတ်ဖို့ပျင်းတယ်၊ ကျွန်တော်လာတာ ဒီအကြောင်းပြောဖို့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ဘာအတွက်လာတာလဲ” ဖန်ခိုင်မေးလိုက်သည်။
“ဒီကနေထွက်သွားစေချင်လို့” ရှီမာယူယူသည် ပြောလိုသည့်အချက်အား တိုက်ရိုက်ပြောလိုက်သည်။
***