← Chapters

အတားအဆီးအတွင်းဝင်ခြင်း

Vol. 008 Ch. 712

အတားအဆီးအတွင်းဝင်ခြင်း

Vol. 008 Ch. 712

ရှီမာယူယူပြောလိုက်သည့်စကားကို ကြားသောအခါ ရှီချန်းသည် တုန့်ပြန်မှုကြီးမားစွာမပြသော်လည်း နီအန်းယိနှင့် တခြားသူများသည် မကျေနပ်ကြပေ။

“ဘာပြောချင်တာလဲ၊ ဘာကိုကြည့်ပြီး ငါတို့ကိုထွက်သွားခိုင်းတာလဲ၊ ငါတို့က မင်္ဂလာသားရဲရသွားလို့ အစ်ကို၃ရောဂါကို ကုလိုက်နိုင်ရင် ငါတို့နဲ့ သဘောတူညီချက်မရတော့မှာကို ကြောက်တာလား” နီအန်းယိသည် စိတ်တိုစွာဖြင့် ပြောလေသည်။

ရှီမာယူယူသည် နီရဲကန်ကိုကြည့်ပြီး ညင်သာစွာပြောလေသည် “ဒီမှာနေချင်တဲ့ဟာ ဘာမှမရှိဘူး၊ နေစရာ အကြောင်းမရှိဘူး၊ ခင်ဗျားတို့ကောင်းဖို့အတွက် ထွက်သွားခိုင်းတာပါ၊ ခင်ဗျားပြောသလိုထင်ရင်တော့ စိတ်တိုင်းကျသာဆက်လုပ်လိုက်ပါ”

ပြောပြီးနောက်တွင် သူမသည် ရှောင်ချီ့အား ဆွဲပြီးထွက်ခဲ့လိုက်သည်။

ညီအစ်ကိုများသည် သူမ၏ အပြုအမူကို တွေးတောရခက်နေသည်။

“အစ်ကိုကြီး အစ်ကို၂ ဘယ်လိုထင်လဲ” ရှီချန်းမေးလိုက်သည်။

“သူ့ဘေးကလူတွေလည်း သွားကုန်ကြပြီ” ဖန်ခိုင် သတိထားမိသည်။

“သူတို့က အကုန်မျက်နှာဖုံးဝတ်ထားကြတာမလား၊ ငါတို့မမှတ်မိအောင်လုပ်ထားတာပဲ” ရွှီချင်းယန် ခန့်မှန်းသည်။

“ငါတို့ သူတို့ကိုတစ်ချိန်လုံးတွေ့နေတာ အင်္ကျိလဲတာကိုတွေ့မိလို့လား” ရှီချန်းမေးလိုက်သည်။

ရွှီချင်းယန်သည် ခေါင်းရမ်းလေသည်။ သူတို့သည် ရှီမာယူယူတို့ ခြေရာခံလိုက်ခြင်းကိုခံရသော်လည်း သူတို့အင်္ကျိလဲခြင်းကို မတွေ့ရပေ။ ဆိုလိုသည်မှာ သူတို့သည် ထိုနေရာတွင် ရှိမနေတော့ပေ။

“သူတို့လည်းထွက်သွားတာကို သူကဘာလို့ကျန်နေခဲ့တာလဲ၊ သူက ကလေးကိုတောင်ခေါ်လာလိုက် သေးတယ်” ကုန်ရန်သည် နားမလည်ပေ။

“အဲဒါ သာမန်ကလေးမဟုတ်ဘူး” ဖန်ကျိ ပြောလေသည် “သူ့ဆီကနေ ရင့်ကျက်တဲ့ ဝိဉာဉ်စွမ်းအင်ကို ငါ ခံစားမိတယ်၊ ပြီးတော့ သူ့မှာ သာမန်ရောင်ဝါရှိတာမဟုတ်ဘူး”

“သူမက အသွင်ပြောင်းအံ့ဖွယ်မိစ္ဆာများဖြစ်နေမလား”

“မဟုတ်ဘူး သူမမှာ ဝိဉာဉ်မိစ္ဆာရောင်ဝါမရှိဘူး” ဖန်ကျိ ခေါင်းရမ်းလေသည်။

“ဒါဆို သူအခုပြောလိုက်တာကို မသိချင်ယောင်ဆောင်ရမှာလား”

“ဒါက အစ်ကို၃ရဲ့ မျှော်လင့်ချင်ပဲ၊ သတိပေးတာလောက်နဲ့တော့ ထွက်မသွားနိုင်ဘူး” ဖန်ကျိ ပြောလေ သည် “ဒါပေမဲ့ သူ့ဘေးကလူတွေထွက်သွားတာတော့ နောက်ကျရင် အခြေအနေဆိုးနိုင်တယ်ဆိုတာကို ပြနေ တာပဲ၊ ငါတို့ပိုပြီး သတိထားမှဖြစ်မယ်၊ မင်းတို့ ပိုပြီး အာရုံစိုက်ထား ကိုယ့်ဘာသာမလှုပ်ရှားနဲ့”

“ဟုတ်ကဲ့ အစ်ကိုကြီး”

ရှီမာယူယူသည် ရှောင်ချီ့လက်ကိုဆွဲကာ ကန်ဘောင်ဘေး သူတို့နှင့် မီတာအနည်းငယ်အကွာတွင် ရပ် နေလေသည်။ သူမသည် လက်ကိုဆန့်ထုတ်ကာ အတားအဆီးကိုကိုင်လိုက်သည်။

ရှောင်ချီသည် ဖန်ကျိပြောလိုက်သည့်စကားကိုကြားသောအခါ နှုတ်ခမ်းဆူလေသည် “ယူယူ ရှောင်ချီတို့ က သဘောကောင်းပြီး သူတို့ကိုသတိလည်းပေးရသေးတယ် ကျေးဇူးအတင်မခံရဘူး၊ သူတို့က မလှုပ်မယှက်ရှိ နေကြသေးတယ်”

“သူတို့လည်း သူတို့အစီအစဉ်နဲ့ရှိမှာပေါ့ သူတို့ကိုဖိအားပေးလို့မရဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သူတို့လည်း အန္တရာယ်ကိုခံစားမိပေမယ့် ရှီချန်းဆက်ပြီးအသက်ရှင်သွားဖို့အတွက် ထွက်မသွားတာပဲ၊ သူတို့ အကောင်းဆုံးကြိုးစားပြီး အန္တရာယ်နဲ့ရင်ဆိုင်ကြမှာပဲ၊ ဒီအကောင်က အရမ်းတန်ဖိုးရှိပြီး ထွက်လာဖို့လည်း ခက်တာကို သိတယ်မလား”

“အဲလောက်ခက်တာလား၊ ယူယူသာဆိုရင်ရော အဲလိုပဲလုပ်မှာလား” ရှောင်ချီ ပြောလိုက်သည်။

“သူတို့ ဘယ်လိုခံစားရလဲဆိုတာကို ငါသိတဲ့အတွက် ငါလည်းအဲလိုလုပ်မိမှာပဲ၊ အဲဒါကြောင့်ပဲ သူတို့ကို ငါတန်ဖိုးထားတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ရှောင်ချီအန္တရာယ်ရှိရင်ရော ယူယူ ရှောင်ချီ့အတွက် အဲလိုလုပ်မှာလား” ရှောင်ချီသည် သူမကို ကြည့် ရင်းမေးလေသည်။

“ဒါပေါ့” ရှီမာယူယူသည် သူမ၏ ညာဖက်လက်ဖြင့် ရှောင်ချီ၏ လက်ကိုဆွဲထားကာ ဘယ်ဘက်လက် ဖြင့် နှာခေါင်းကိုဆွဲဆိတ်လိုက်သ်ည။

ရှောင်ချီသည် သူမလိုချင်သောအဖြေကိုရသည်နှင့် ပျော်ရွှင်စွာ သွားဖြဲလိုက်သည်။

နောက်ပိုင်းနေ့တစ်ဝက်အတွင်းတွင် လူများပိုပိုရောက်လာကြသည်။ အများစုသည် ထိုနေရာသို့ လေဟာပြင်ဝင်ပေါက်မှ ဝင်လာခြင်းဖြစ်ပြီး သူတို့မျိုးနွယ်များ ဂိုဏ်းများ၏ ညွန်ကြားချက်အရ ရောက်လာခြင်းဖြစ် သည်။

လူများပိုပိုရောက်လာသည်ကို တွေ့သောအခါ ရှီမာယူယူ မျက်မှောင်ကြုတ်ကာ သူမ၏ ရောင်ဝါသည် ပိုပိုပြီး အေးစက်လာသည်။

သို့သော် သူမသည် ပို၍စိုးရိမ်လာကာ ဖန်ခိုင်နှင့် တခြားသူများသည် ပိုပြီး လေးနက်လာသည်။

လာသောလူများ အားကောင်းလေ သူတို့အတွက် အောင်မြင်မှုနှုန်းကျလေဖြစ်သည်။ ထို့အပြင် သူတို့၏ အရင်ကရန်သူများလည်း ပါဝင်ကြသည်။ သူတို့သည် အချင်းချင်းသတိပြုမိသော်လည်း မင်္ဂလာသားရဲကိုသာ အာရုံစိုက်ထားကြကာ ရှင်းမပစ်ကြသေးပေ။

အခြေအနေပြီးဆုံးသည်နှင့် သတ်ဖြတ်ကာ ထိုနေရာမှထွက်ကြရမည်ဖြစ်သည်။

“ငါတို့သွားမယ်” ရှီချန်းပြောလိုက်သည်။

“အစ်ကို၃”

“ညီလေး၃”

“သွားမယ်” ရှီချန်း ပြောပြီးသည်နှင့် လှည့်ထွက်ကာ တခြားသူများလည်း ထွက်ကြသည်။ အခုချိန်တွင် ထွက်သွားသည်မှာ မထူးဆန်းတော့ပေ။

ဖန်ခိုင်နှင့် တခြားသူများသည် ထိုနေရာတွင်ကျန်နေခဲ့ပါက မင်္ဂလာသားရဲမျှော်လင့်ချက်မှာ ဝေးကွာပြီး အန္တရာယ်များလာသည်ကို သိကြသည်။ အင်အားကြီးများ မျိုးနွယ်များမလာလျှင် အဆင်ပြေသေးသည်။ သို့သော် လွှတ်လိုက်သော လူများကိုကြည့်ခြင်းအားဖြင့် ပြိုင်ဆိုင်ရန်နည်းမရှိပေ။

သူတို့သည် အနီးနားရှိတောင်သို့လာရာ ရှီမာယူလင်းနှင့် တခြားသူများနှင့် တွေ့လေသည်။ ထိုနေရာ သည် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်းမြင်ရသည့်နေရာဖြစ်သည်။

သူတို့သည် စောစီးစွာထွက်ခွာခဲ့သဖြင့် နေရာကောင်း၇သည်။ နောက်မှလာကြသောလူများသည်လည်း ထိုတောင်သို့လာကြသဖြင့် နေရာကောင်းမရကြပေ။

“စောစောစီးစီးထွက်သွားဖို့ သူပြောသားပဲ၊ ဒါပေမဲ့ တင်းခံနေတာလေ၊ ကျွန်တော်တို့ နေရာကောင်းရ ထားလို့တော်သေးတယ် မဟုတ်ရင် ပွဲကြီးပွဲကောင်းကြည့်လိုက်ရမှာမဟုတ်ဘူး” ဖက်တီးကျူ ပြောလေသည်။

ဖန်ခိုင်နှင့် တခြားသူများသည် တောင်သို့ရောက်သောအခါ သူတို့နှင့်တွေ့သည်နှင့် မေးလေသည် “သူ့ကို စိတ်မပူကြဘူးလား”

“ဘာကိုစိတ်ပူရမှာလဲ ယူယူက တကယ်အားကောင်းတယ်” ဖက်တီးကျူ ပြောလိုက်သည် “ခင်ဗျားတို့ အသိစိတ်ဝင်သွားလို့တော်သေးတယ် အဲဒီမှာ တင်းခံပြီးနေမယ်ဆိုရင် တခြားဟာမပြောနဲ့ အဲလူတွေက ခင်ဗျား တို့ကို အလွတ်ပေးမှာမဟုတ်ဘူး၊ ခြေတစ်လှမ်းဆုတ်ရင်တောင် ရလိုက်မှာမဟုတ်ဘူး အဲလောက်လူတွေ အများ ကြီးနဲ့ ရင်ဆိုင်ရမှာကို ရနိုင်ပါ့မလား”

“ငါတို့ထင်ထားတာထက်ကို အများကြီးလာကြတာပဲ” ရှီချန်း ပြောလိုက်သည်။

“သူ့ကိုစိတ်မပူဘူးလား ကလေးတစ်ယောက်နဲ့ပစ်ထားပြီးလေ”

“ယူယူက အားကောင်းတယ်”

“သူနဲ့နေတာမှ သူ့ကိုဆွဲချသလိုဖြစ်နေမယ်”

“ရောက်လာပြီးမှတော့ ဒီမှာနေပြီး အခြေအနေကြည့်ချင်ရင် ကြည့်လို့ရပါတယ်” ရှီမာယူရွှီ ပြောလေ သည်။

“ကျေးဇူးတင်ပါတယ်”

ဖန်ကျိသည် လက်အုပ်ချီကာ သူ့ညီအစ်ကိုများနှင့် ဘေးတွင်စောင့်လေသည်။

“ဝါး…”

အတားအဆီးအတွင်းမှ မိစ္ဆာ၏ အသံသည် အရင်နေ့ထက်ပိုပိုကျယ်လာရာ အပြင်မှလူများသည် အလွန် စိတ်လှုပ်ရှားလျက်ရှိသည်။

“သူ့ဟိန်းသံကိုနားထောင်ရတာ မင်္ဂလာသားရဲက အခြေအနေကောင်းတဲ့ပုံမရှိဘူး” တစ်စုံတစ်ယောက် ကပြောလိုက်သည်။

“အသွင်ပြောင်းတဲ့အချိန်ကို အန္တရာယ်ရှိနေတာတော့မဟုတ်လောက်ပါဘူးနော်” တစ်စုံတစ်ယောက် ခန့်မှန်းလေသည်။

“မသေရင်ပဲကောင်းနေပြီ မဟုတ်ရင် ငါတို့လာတာအလကားဖြစ်သွားမယ်”

ရှီမာယူယူသည် ဘေးမှ ပြောစကားများကို နားထောင်ချိန်တွင် နာကျင်စွာအော်ငိုသောအသံကို ကြား လိုက်ရပြန်သည်။ သူမသည် အချိန်မဆွဲတော့ပဲ ဟိန်းသံလေးကိုခေါ်ထုတ်ကာ ပေါ်လာသည်နှင့် ချက်ချင်းပင် ပေါင်းစပ်လိုက်သည်။

“သွားကြမယ်” ရှီမာယူယူသည် ရှောင်ချီအားဖက်ပြီး ကန်အလယ်သို့သွားလေသည်။ သူမ အတားအဆီး နှင့်တွေ့သောအခါ အပေါက်ဖွင့်ပြီး သူမအား ဝင်ခွင့်ပြုလေသည်။

“လူတစ်ယောက်ဝင်သွားနိုင်တာလား မဖြစ်နိုင်တာ”

“အတားအဆီးရှိတယ်မလား သူဘယ်လိုဝင်သွားနိုင်တာလဲ”

“ဟုတ်တယ် အတားအဆီးက အသုံးမဝင်လို့များလား”

“မဖြစ်နိုင်ဘူး၊ သူ့မှာ ရတနာတစ်ခုခုရှိရမယ်”

“မသေချာဘူး” တစ်စုံတစ်ယောက်က ငြင်းဆန်လေသည် “ဒါပေမဲ့ ငါတို့စမ်းကြည့်ရင်သိမှာပဲ”

“အင်း စမ်းကြည့်ရအောင်”

လူအများလည်း ထိုသို့စဉ်းစားကြသဖြင့် ကန်အတွင်းသို့ ပျံကြလေသည်။

အားလုံးကိုအံ့သြသွားစေသည်မှာ လူအများလိုက်လာသော်လည်း အားကောင်းသည်ဖြစ်စေ အားနည်း သည်ဖြစ်စေ ရှီမာယူယူမှလွဲပီး အတားအဆီးအပြင်တွင်ကျန်ခဲ့လေသည်။

***

All Chapters