← Chapters

တုလေးနှင့်တွေ့ဆုံခြင်း

Vol. 008 Ch. 713

တုလေးနှင့်တွေ့ဆုံခြင်း

Vol. 008 Ch. 713

ရှီမာယူယူနှင့် ရှောင်ချီတို့သည် ဝိဉာဉ်အတားအဆီးအတွင်းသို့ဝင်သွားသည်။ အဘိုးကြီးတစ်ဦးသည် ကန်အလယ်ရှိ ကျွန်းတစ်ခုပေါ်တွင်ရှိနေကာ ရုတ်တရက်မျက်လုံးပွင့်လာသည်။ သူ ခုန်ထွက်လာသည်။

ကျွန်းအရှေ့တွင် ပုံရိပ်နှစ်ခုသည် ရေတွင်မြုပ်နေကာ သူတို့၏ ခေါင်းသေးသေးလေးများ ပေါ်နေသည်။

“အပြင်ကနေဆိုရင် ဒီမှာမြူတွေအများကြီးရှိတယ်လို့ထင်ရတယ်၊ ဘာမှမရှိဘူးလို့ ထင်တောင်မထင်ရ ဘူး” ရှောင်ချီ မှတ်ချက်ပေးလေသည်။

“မြူခိုးတွေက တည်ဆောက်မှုကထွက်လာတာ၊ ငါတို့အမြင်ကို မှိန်သွားအောင်လုပ်ထားတာ၊ မဟုတ်ရင် သာမန်မြူခိုးက လူတစ်ယောက်ရဲ့ အံ့ဖွယ်အာရုံကို ဘယ်လိုလုပ် မှိန်အောင်လုပ်လို့ရမလဲ” ရှီမာယူယူ ပြောလိုက် သည်။

“အော်” ရှောင်ချီ ခေါင်းညိမ့်လေသည် “ယူယူ ဒီတည်ဆောက်မှုက နည်းနည်းရင်းနှီးနေတယ်လို့ ထင် သလိုပဲ”

“ဒီတည်ဆောက်မှုကို အရင်ကမြင်ဖူးလား” ရှီမာယူယူသည်လည်း အနည်းငယ်သံသယထားရှိထား သဖြင့် မအံ့သြတော့ပေ။

“ဒါပေါ့ ရင်းနှီးတယ်လို့ထင်မှာပေါ့” အဘိုးကြီးတစ်ယောက်သည် သူတို့ရှေ့ပေါ်လာကာ သူတို့ကို အေးစက်စွာ ကြည့်လေသည်။

ရှောင်ချီသည် ထိုအသံအားကြားသောအခါ မသိစိတ်မှထခုန်မိလေသည်။ သူမသည် ရှီမာယူယူ အနောက်ကိုဝင်ပုန်းကာ အော်လေသည် “ခင်ဗျား ခင်ဗျား ဒီကိုဘာလို့ရောက်နေတာလဲ”

ဒါကြောင့်ပဲ တည်ဆောက်မှုကိုရင်းနှီးနေတာကိုး… ဒီလူက သူမ မူလခန္ဓာကိုယ်ကို အချိန်အတော်ကြာ ပိတ်ထားတဲ့လူမလား။

“ငါလည်း ပြောချင်တာ၊ ဘာလို့ဒီရောက်လာတာလဲ၊ မင်းဘယ်လိုလွတ်သွားတာလဲ၊ အဘိုးကြီးယွမ်က မင်းကို မစီမံဘူးလား” ဖန်လိုင်သည် ရှောင်ချီအားကြည့်လေသည်။

“သူ ငါ့ကိုကတိပေးထားတယ်” ရှောင်ချီသည် ဖန်လိုင်အားအော်လေသည်။

“ဆရာကြီးက ဒုကျောင်းအုပ်ဖန်လား” ရှီမာယူယူသည် ဖန်လိုင်အား အရိုအသေပေးလေသည်။

“မင်းက ဘယ်သူလဲ” ဖန်လိုင်သည် ရှီမာယူယူအား ကြည့်လေသည်။

လူနှစ်ယောက်ဝင်လာသည်ဟု ခံစားမိသောအခါ သူတို့သည် သတ္တိရှိလှသည်ဟု စဉ်းစားမိပြီး ရှင်းပစ်ရန် ဖြစ်သည်။ ရှောင်ချီပါ ပါလာမည်ဟု ထင်မထားခဲ့ပေ။

“ကျွန်တော်က အတွင်းဂိုဏ်းကကျောင်းသားတစ်ယောက်ပါ ကျွန်တော့်ဆရာကရှုဂျင်းပါ” ရှီမာယူယူ ပြောလိုက်သည် “ထပ်ပြောရရင် ကျွန်တော်ကတုလေးရဲ့ ဆွေမျိုးပါ”

ဖန်လိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် “မင်းက ရှီမာယူယူလား”

“ဒုကျောင်းအုပ်ဖန်က ကျွန်တော့်ကိုသိတာလား” ရှီမာယူယူသည် အနည်းငယ်အံ့သြသွားသည်။

“တုလေးက မင်းအကြောင်းပြောပြတယ်” ဒုကျောင်းအုပ်သည် အင်္ကျိလက်ကိုသပ်ကာ “ရောက်လာမှ တော့ဝင်ခဲ့ပေါ့”

“ဒုကျောင်းအုပ် တုလေးဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူ့အခြေအနေက အရမ်းတော့မကောင်းဘူး” ဖန်လိုင် ပြောလိုက်သည်။

ဒုကျောင်းအုပ်ဖန်သည် တခြားကျောင်းအုပ်များနှင့် မတူဟု ရှီမာယူယူ ခံစားမိသည်။ သူသည် စကား အများကြီးမပြောပဲ ပြောရာတွင်လည်း အေးစက်သည်။

သူတို့ကန်အလယ်သို့ရောက်သောအခါ နာကျင်သောမျက်နှာဖြင့် ရေပေါ်ပေါ်နေသော တုလေးကို ရှီမာယူယူမြင်လိုက်ရသည်..

သူမသည် သူ့ကိုမမြင်ရသည်မှာ နှစ်ပေါင်းတချို့ရှိနေပြီဖြစ်သည်။ တုလေးသည် များစွာပြောင်းလဲသွား သည်။ ၇နှစ် ၈နှစ်အရွယ်ကလေးမှ ဆယ်ကျော်သက်ဖြစ်လို့နေပြီ။ သူ၏ မျက်နှာပုံပန်းသဏ္ဍာန်လည် ရင့်ကျက် သွားသော်လည်း ကလေးဆန်မှုများကျန်နေသေးသည်။ သူ့မျက်နှာသည် အနည်းငယ်ဖြူဖျော့ကာ မျက်မှောင် ကြုတ်ထားသည်။ သူသည် နာကျင်မှုကို ခံစားနေရသည်နှင့်တူသည်။

“ဒုကျောင်းအုပ်ဖန် ဒီနေရာကို လွန်ခဲ့တဲ့၂နှစ်ကလာခဲ့တာလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း သူဒီရေထဲမှာ စိမ်နေတာ ၂နှစ်ရှိပြီ” ဒုကျောင်းအုပ်ဖန်သည် တုလေးနှင့် ၂နှစ်ကြာအောင် အတူရှိ နေပေးခဲ့သည်။ သူ့မျက်နှာနှင့် အင်အားကိုမြင်သောအခါ သူသည် တုလေးကို များစွာနှစ်သက်သည်ကို သိနိုင် သည်။ သူ တုလေးအကြောင်းပြောချိန်တွင် လေသံမှာ နူးညံ့နေသည်။

“အာ…” တုလေး၏ ပိတ်နေသော မျက်လုံးများရုတ်တရက် ပွင့်လာသည်။ သူ၏ အနက်ရောင် မျက်အိမ် များသည် ရွှေရောင်ပြောင်းသွားသည်။ သူ ဟိန်းဟောက်ကာ ခေါင်းမော့လာရာ မင်္ဂလာသားရဲ၏ ရောင်ဝါထွက် ပေါ်လာသည်။

ထိုရောင်ဝါသည် သူတို့အပြင်မှ ခံစားမိသော ရောင်ဝါဖြစ်သည်။ ထိုရောင်ဝါကပင် သူမ၊ ဘေဂုံထန်နှင့် တခြားသူများ တုလေးထိုနေရာတွင် ရှိနိုင်သည်ဟု ခံစားမိစေခြင်းဖြစ်သည်။

မမျှော်လင့်စွာပင် အမှန်တကယ်ပင် သူဖြစ်နေခဲ့သည်။

တုလေး၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့နေသည်။ ကြီးမားသောချွေးပေါက်များသည် ကန်ပေါ်ကျ သွားကာ လှိုင်းထသွားကာ သူ့ခန္ဓာကိုယ်သည် ထိုလှိုင်းများကြားတွင် ပြောင်းလဲမှုဖြစ်နေသည်။

ရှီမာယူယူသည် တုလေးထိုကဲ့သို့ဖြစ်နေသည်ကို ကြည့်ပြီး စိတ်မချမ်းသာလှပေ “သူ ပြောင်းလဲတဲ့အချိန် တိုင်းကို ဒီလိုမသက်မသာဖြစ်တာလား”

“သူ့သွေးသားနိုးထလာကတည်းက သူ့ခန္ဓာကိုယ်ထဲက လူသားသွေးသားကနှစ်မြုပ်သွားခဲ့ပြီ၊ အခု သူ့ ပြောင်းလဲမှုက သူ့အားပေါ်မှာပဲမူတည်တော့တယ်၊ သူ့အားတိုးလာတိုင်း သူ့ပုံစံကလည်း ပြောင်းမှာပဲ၊ သူ့ ရုပ်ပိုင်း ဆိုင်ရာ ခန္ဓာကိုယ်က အနိုင်ရချင်တဲ့အတွက် အောင်မြင်စွာ အသွင်ပြောင်းဖို့အတွက်အချိန်တစ်ခုလိုတယ်”

လွန်ခဲ့သည့် ၂နှစ်က သူတို့ထိုသတင်းကြားခဲ့သည်။ ဆိုလိုသည်မှာ သူသည် လွန်ခဲ့သည့်၂နှစ်ကတည်း က ဒီလိုမျိုးနေခဲ့ရတာလား

“အန္တရာယ်အများဆုံးအပိုင်းကို ဖြတ်ကျော်ခဲ့ပြီးပါပြီ၊ သူ အသွင်ပြောင်းတာပြီးတော့မယ်၊ အခု အန္တရာယ် များတာ သူမဟုတ်ဘူး အပြင်ကလူတွေပဲ” ဖန်လိုင်သည် ကန်ဘောင်မှ လူအုပ်ကြီးကိုကြည့်ကာ ခေါင်းကိုက်လာ သည်။

တုလေးသည် အသွင်ပြောင်းမှုကို ကျော်ဖြတ်လာနိုင်သည်။ သူ၏ ရွှေရောင်မျက်လ့ုးများသည် အနက်သို့ ပြန်ပြောင်းကာ ခေါင်းကြည်လာသည်။ ရှီမာယူယူ ကျွန်းပေါ်တွင်ရပ်နေသည်ကို မြင်သောအခါ သူ၏ ဖျော့တော့ နေသောမျက်နှာသည် ပြုံးလာသည်။

“အစ်ကို ဘာလို့ဒီရောက်လာတာလဲ”

“ငါ ဒီကိုတခြားကိစ္စနဲ့လာရင်းနဲ့ မင်းကို မထင်မှတ်ပဲတွေ့တာပဲ၊ အားလုံးကမင်းကို စိတ်ပူနေကြတာ မင်း လုံခြုံတယ်ဆိုတော့ ကောင်းတာပဲ” ရှီမာယူယူသည် ပြန်ပြုံးပြလေသည်။

“အစ်ကို ငါထွက်တဲ့အချိန်ကျရင် အစ်ကိုကြီးနဲ့အတူတူနေမယ်” တုလေးသည် ပျော်ရွှင်စွာပြောလေ သည်။

“အင်း ငါတို့်မင်းကိုစောင့်နေကြတာ၊ ဘေဂုံနဲ့ တခြားသူတွေ အပြင်မှာ မင်းကိုစောင့်နေကြတယ်၊ မင်း အပြင်ထွက်ရင် သူတို့ကိုတွေ့ရမှာပါ” ရှီမာယူယူ ခေါင်းညိမ့်ပြီး ပြုံးလိုက်သည်။

“အင်း အာ….”

တုလေးသည် သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုကိုထပ်ခံစားရသည်။ သူ့မျက်အိမ်များသည် ရွှေရောင် ပြန်ပြောင်းသွားကာ ခန္ဓာကိုယ်သည် အနည်းငယ်စီပြောင်းလဲလာသည်။

“သူ့ကြည့်ရတာ အရမ်းနာမှာပဲ” ရှောင်ချီသည် တုလေး၏ ပုံစံကိုမြင်ရသောအခါ သူမထက်ပင် မသက် မသာဖြစ်ရသည်ဟု ခံစားမိသည်။

“အင်း” ဖန်လိုင်သည် အကြိမ်များစွာမြင်ပြီးဖြစ်သော်လည်း ထိုပုံစံကိုမြင်လိုက်သည့်အချိန်တိုင်းပင် စိတ် မချမ်းမြေ့ပေ။ သူသည် ရှောင်ချီအား ပြောလိုက်သည် “မင်း သူ့ကိုကူညီလို့ရတယ်”

“ရှောင်ချီက ကူပေးလို့ရတာလား” ရှောင်ချီသည် မျက်တောင်ခတ်လေသည်။

“အဆီအနှစ်နည်းနည်းလောက်လိုတယ်” ဖန်လိုင် ပြောလိုက်သည် “အစတုန်းကတော့ အဘိုးကြီးမိုက ယူပေးလိုက်မလို့ပဲ၊ ဒါပေမဲ့ မင်းက ဂိုဏ်းမှာမရှိဘူးလို့ပြောတယ်၊ ဘယ်လိုလဲပေးမှာလား”

ရှောင်ချီသည် ခေါင်းရမ်းကာ တွန့်ဆုတ်စွာ ပြောလေသည် “နာလိမ့်မယ်”

“မင်း အရင်က ဒဏ်ရာရဖူးသလိုမဟုတ်ဘူး” ဖန်လိုင် ပြန်ချေပလေသည် “ပြန်သွားရင် မင်းကို အစား ကောင်းတွေကျွေးဖို့ အဘိုးကြီးယွမ်ကိုပြောလိုက်ပါမယ်”

ရှောင်ချီသည် အနည်းငယ် မှင်တက်သွားသည်။ ရှီမာယူယူ သူမအား စိုးရိမ်စွာကြည့်နေသည်ကို မြင် လိုက်ရသည်။ သူမသည် တွန့်ဆုတ်စွာ သဘောတူလေသည် “ကောင်းပြီ နည်းနည်းပဲနော်”

“နည်းနည်းပဲ.. သွားလိုက်”

ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုလွှတ်ကာ ရေထဲသို့လျှောက်လာသည်။

ရှီမာယူယူသည် သူတို့၏ ဆက်နွယ်မှုကို မသိပေ။ ရှောင်ချီသွားတော့မည်ကို တွေ့သောအခါ သူမ လက်အားဆွဲလိုက်ပြီး မေးလေသည် “ရှောင်ချီ ဘာလုပ်မလို့လဲ”

“ရှောင်ချီ သွားကြည့်လိုက်မယ်” ရှောင်ချီ ပြောလေသည်။

“အခုချိန်မှာ တုလေးအန္တရာယ်ရှိနေတယ်၊ မသွားနဲ့” ရှီမာယူယူ ပြောလိုက်သည်။

“အဆင်ပြေမှာပါ” ရှောင်ချီ ပြောလိုက်သည် “သူနာနေတာ ရှောင်ချီကူညီပေးလိုက်မယ်”

ထိုသို့ပြောပြီးနောက် သူမ အရှေ့သို့ဆက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်မှ ရနံ့ သင်းသင်းထွက်လာသည်။ တုလေးသည် ထိုအနံ့ကိုရှုရှိုက်ရင်း အနည်းငယ်သက်သာရာရလာသည်။

ရှောင်ချီသည် တုလေးဘေးသို့သွားလိုက်သည်။ သူမ လက်ချောင်းကိုကိုက်ပြီး တုလေး၏ ပါးစပ်ကို တေ့ပေးလိုက်သည်။ သူမ ပြောလိုက်သည် “ငါ့ကိုမကိုက်နဲ့ သွေးကိုပဲစုပ်”

တုလေးသည် သူ့အတွက်သက်သာရာတွေ့သည်ဖြစ်သဖြင့် ရှောင်ချီ၏ လက်ချောင်းကိုစုပ်လေသည်။

အနံ့ပျံ့နှံ့သွားလေသည်။ ရှီမာယူယူသည် သူမ အိပ်နေရင်းနှင့် အဆင့်တက်သည့်အချိန်ကို သတိပြန်ရ သွားသည်။ သူမသည် ထိုအရသာကြောင့်ပင် နိုးထလာခဲ့သည်။

ရှောင်ချီက သူမကိုကူညီခဲ့တာပဲ။

တစ်ခုအား မှန်းဆနိုင်ချိန်တွင် တခြားအရာကို သူမမျက်စိဖြင့်မြင်နေရသည်။

ရှောင်ချီသည် တုလေးကို သူမသွေးအနည်းငယ်တိုက်ပြီးနောက် လက်ပြန်ရုတ်လိုက်သည်။ သူမ လက်ပြန်ရုတ်ချိန်တွင် မတော်တဆ တုလေး၏ လျှာကိုထိမိရာ အနည်းငယ်အေးစက်မှုကို ခံစားရလေသည်။ သူမ သည် သူ့အားကြည့်လိုက်သော်လည်း တော်ပသောမျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။

***

All Chapters