ရင်ဆိုင်ရခြင်း
Vol. 008 Ch. 714
တုလေးသည် သတိပြန်ကောင်းလာပြီးနောက် နောက်အဖြစ်အပျက်တစ်ခုလုပ်ဆောင်လေသည်။
ရှောင်ချီ ကမ်းစပ်သို့ပြန်လာသောအခါ ရှီမာယူယူ လုပ်ပေးထားသော ဆေးနှစ်လုံးကိုသောက်လိုက် သည်။
“ရှောင်ချီ ကျေးဇူးပဲ” ရှီမာယူယူသည် သူမခေါင်းကိုပွတ်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ယူယူအတွက်လုပ်ပေးတာပဲ” ရှောင်ချီ ပြောလိုက်သည် “မဟုတ်ရင် လုပ်ပေးမှာမဟုတ်ဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
ဖန်လိုင်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ ရှောင်ချီသည် အရင်ကဂိုဏ်းအတွင်းတွင် ထိုကဲ့သို့ မဟုတ်သည်ကို သူသိသည်။ သူမသည် တခြားတစ်ယောက်နှင့် ရင်းနှီးသွားသည့် နေ့ရောက်မည်ဟု ထင်မထား ပေ။
“အပြင်မှာ လူတွေပိုပိုရောက်လာတယ်” ဖန်လိုင် မျက်မှောင်ကြုတ်လေသည်။ လူများ အတားအဆီးကို ဖျက်ရန်ကြိုးစားသည်ကို သူကြည့်ပြီး နောက်ပိုင်းဖြစ်လာမည့်ကိစ္စကို စိုးရိမ်လာသည်။
အပြင်တွင် မြူခိုးများထူနေသော်လည်း အထဲမှ အပြင်ကိုမြင်နိုင်သည်။ မိုးပေါ်မှ မြေကြီးအထိ လူများပြည့်နေသည်ကို ရှီမာယူယူ မြင်ရသည်။ လေးဘက်လေးလံဝန်းရံထားကြသည်။
“ဒုကျောင်းအုပ်ဖန်၊ အတားအဆီးအတွင်းကို လေဟာပြင်ဝင်ပေါက်ဖွင့်နိုင်လား”
ဖန်လိုင်သည် ခေါင်းရမ်းကာ “လူတစ်ယောက်က ကန်တစ်ခုလုံးနဲ့ အဲအပေါ်ကို ချိပ်ပိတ်လို့ရတယ်၊ နောက်မှရောက်တဲ့လူတွေက ကန်ပေါ်ကအတားအဆီးကို ပစ်မှတ်ထားနေတာ မမြင်ဘူးလား”
“ဒါဆို ဆရာကြီးက ချိပ်ဖွင့်နိုင်လား”
“အနည်းဆုံး နာရီဝက်ကြာမယ်” ဖန်လိုင် ပြန်ဖြေလေသည်။ “ဒါပေမဲ့ အဲလူတွေက အဲလောက်အချိန် ကြာအောင်ပေးမှာမဟုတ်ဘူး”
“ဒီဝိဉာဉ်အတားအဆီးက အပြင်ကလူတွေနဲ့ သီးသန့်ခွဲထားပေမယ့်၊ ဒီကလေဟာပြင်ကိုလည်း သီးသန့် ခွဲထားတာပဲ၊ လေဟာပြင်ဝင်ပေါက် ဒါမှမဟုတ် ဖြတ်လမ်းတည်ဆောက်မှုသုံးချင်ရင် ဒီတည်ဆောက်မှုကို အရင် ဖြေရှင်းရမယ်” ရှီမာယူယူ သတင်းပေးလေသည် “ဒါပေမဲ့ တည်ဆောက်မှုကို မလိုက်တာနဲ့ အဲလူတွေက ချိပ် ဖွင့်ဖို့ နာရီဝက်တောင်အချိန်ပေးမှာမဟုတ်ဘူး”
ဖန်လိုင်သည် နောက်ဆုံးတွင် သူမအား အလေးအနက်ထားကြည့်ကာ “မင်း တည်ဆောက်မှုတွေနဲ့ တရင်းတနှီးရှိမယ်လို့ ထင်မထားဘူး၊ မင်းကရှုဂျင်းရဲ့ ကျောင်းသားမဟုတ်ဘူးလား၊ မင်းကအဂ္ဂိရတ်ပညာရှင် မဟုတ်ဘူးလား”
“ကျွန်တော်က အဂ္ဂိရတ်ပညာနဲ့ တည်ဆောက်မှုတွေအကြောင်းနည်းနည်းသိတာပါ” ရှီမာယူယူ ပြန်ဖြေ လေသည်။
“ရှုဂျင်းကတောင် သတိထားမိတယ်ဆိုတော့ နည်းနည်းလောက်သိတာမဟုတ်ဘူးထင်တယ်၊ တည်ဆောက်မှုရဲ့ လုပ်ဆောင်တာတွေကိုနားလည်ဖို့ဆိုရင် တည်ဆောက်မှုလုပ်တာကို ကျွမ်းကျင်မှရမယ်၊ ရှုဂျင်းက ကျောင်းသားကောင်းရထားတာပဲ”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုကျောင်းအုပ်” ရှီမာယူယူ ပြန်ဖြေလေသည်။
“အဘိုးကြီးဖန် ခဏနေရင် ဘယ်လိုထွက်ကြမလဲ” ရှောင်ချီသည် အပြင်မှလူများကိုမြင်သောအခါ မေး လိုက်သည်။
“ငါလည်းမသိဘူး” ဖန်ခိုင် ပြန်ပြောလေသည်။
“ဘာလို့မသိတာလဲ” ရှောင်ချီသည် သူ့ကိုမယုံပေ “ဆရာက အမြဲတမ်းထုံထိုင်းနေပေမယ့် အကြံတွေ အမြဲပြည့်နေတာလေ၊ ကျွန်မတို့ကိုမလိမ်နဲ့”
ရှီမာယူယူသည် ရှောင်ချီကိုကြည့်ပြီးနောက် ဖန်ခိုင်ကိုကြည့်လိုက်သည်။ သူမနှင့် ကျောင်းအုပ်များ ကြား မှဆက်ဆံရေး ကောင်းမွန်သည်ဟု ရှီမာယူယူ ခံစားရသည်။
ဖန်လိုင်သည် ခေါင်းရမ်းဆဲဖြစ်ကာ “ဒီတစ်ခါတော့ ငါတကယ်ပဲ နည်းလမ်းမရှိဘူး၊ အရင်က ဒီလောက် လူတွေအများကြီးလာမယ်လို့ ထင်မထားခဲ့ဘူး၊ တောင်တစ်လုံးဂိုဏ်းကအကြီးအကဲတွေလာမယ်တောင် မထင် ဘူး၊ အဆင့်တွေအရမ်းများတယ်၊ ငါတို့အတားအဆီးကိုဖျက်ပြီး မဟုတ်ရင် ဖြတ်လမ်းတည်ဆောက်မှုကို သုံးပြီး ထွက်သွားမှာကို ကြောက်လို့ သူတို့က နေရာကိုချိပ်ပိတ်ထားတယ်”
“ဒါဆို ဘာလုပ်ကြမလဲ” ရှောင်ချီမေးလေသည်။
“ငါ အဘိုးကြီးယွမ်ကိုသတင်းပေးစရာရှိတယ်၊ အခု သူတို့ဖြတ်လမ်းတည်ဆောက်မှုက ဒီအထိရောက် ပြီး ဝင်လာဖို့ကိုပဲမျှော်လင့်ရတော့မှာပဲ” ဖန်လိုင် ပြောလေသည်။
“သူတို့ဒီကိုရောက်မလာရင် ဘယ်လိုလုပ်မလဲ”
“သူတို့ရောက်ကိုရောက်ရမယ်” ဖန်လိုင် ပြောလိုက်သည်။
“ဒုကျောင်းအုပ်ဖန်၊ တုလေး ဒီအသွင်ပြောင်းတာ ပြီးဖို့ ဘယ်လောက်ကြာဦးမလဲ”
“အချိန်နည်းနည်းပဲဖြစ်မှရမယ်၊ အခု သူကနောက်ဆုံးအဆင့်မဟုတ်ရင် နောက်ဆုံးအဆင့်ရဲ့ ရှေ့အဆင့်ကို ရောက်နေတာပဲ” ဖန်လိုင် ပြောလိုက်သည်။
“ဘုန်း”
ရုတ်တရက် ဝိဉာဉ်စွမ်းအင်သည် ဝိဉာဉ်အတားအဆီးကို တိုက်ခိုက်လာရာ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။
“အဲလူတွေ ဝိဉာဉ်အတားအဆီးကိုတိုက်နေပြီ” ရှောင်ချီ အော်လိုက်သည်။
“လူတွေပိုပိုရောက်လာတော့ သူတို့တွေ စိုးရိမ်လာကြတာနေမှာ” ရှီမာယူယူ ပြောလိုက်သည်။
“အဲလူတွေ ဝိဉာဉ်အတားအဆီးကို စတိုက်နေကြပြီ ပြဿနာပဲ” ဖန်လိုင် မှတ်ချက်ပေးလေသည်။
“ဘာလို့လဲ ဆရာ့ရဲ့ ဝိဉာဉ်အတားအဆီးကအသုံးမဝင်ဘူးလား၊ အဲလူတွေရဲ့ တိုက်တာလောက်ကို တောင်မခံနိုင်ဘူးလား” ရှောင်ချီသည် မေးခွန်းထုတ်လေသည်။
“ဝိဉာဉ်အတားအဆီးက အချိန်တစ်ခုအတွင်းတော့ ဖျက်ဆီးလို့မရဘူး၊ ဒါပေမဲ့ သူတို့တိုက်တာ စောလွန်း နေတယ်၊ ဝိဉာဉ်အတားအဆီးက တုလေးအသွင်ပြောင်းတာ ပြီးတဲ့အထိ မခံနိုင်မှာစိုးတယ်” ဖန်ခိုင် ပြန်ဖြေလေ သည်။
“ဘုန်း”
“ဘုန်း”
နောက်ထပ် ဝိဉာဉ်စွမ်းအင်တိုက်ခိုက်မှုသည် ဝိဉာဉ်အတားအဆီးကိုလာမှန်လေသည်။ နေရာတစ်ခုလုံး တုန်ခါသွားသည်။
“အဲလူတွေ အကုန်အတူစုပြီးတိုက်နေကြတာပဲ” ရှီမာယူယူ၏ မျက်နှာထားပြောင်းသွားသည်။
ဖန်လိုင်သည် လေထဲတွင်ပျံလာသော တိုက်ခိုက်မှုကိုမြင်သောအခါ ဒေါသထွက်သွားလေသည် “သူတို့ က ဂိုဏ်းတွေရဲကအကြီးအကဲတွေပဲ၊ အင်အားကြီးတွေစုပြီး ငါတို့ကိုတိုက်နေပြီ”
“အဲဒီတောင်တစ်လုံးဂိုဏ်းက အကြီးအကဲတွေက ဘာမှသာမဟုတ်တာ အားကတော့ ကောင်းတာပဲ” ရှီမာယူယူသည် လေထဲတွင်ပျံနေသာ အနက်ရောင်ကတုံးအားမြင်သောအခါ ပြောလိုက်သည်။
“ကျားဟုန်ဂေါင်ပါလာမယ်လို့ ထင်မထားဘူးပဲ” ဖန်လိုင်သည် အနက်ရောင်ကတုံးနှင့် မျက်နှာချင်းဆိုင် တွင်ရှိသောလူကိုတွေ့သောအခါ ပြောလိုက်သည်။
“ကျားဟုန်ဂေါင်က ဘယ်သူလဲ”
“ပညာရှိစံအိမ်တော်ရဲ့ စံအိမ်တော်သခင်ကိုယ်စားလှယ်ပဲ” ဖန်လိုင် ပြန်ဖြေလေသည် “အဲလူက မညှာ မတာလုပ်တတ်တယ်၊ ပညာရှိစံအိမ်တော်ရဲ့ ဖြောင့်မတ်တဲ့ပုံစံနဲ့မတူဘူး”
သူ့စကားလုံးများသည် ပိရိယာယ်ဆန်လှသည်။ ပညာရှိစံအိမ်တော်သည် ဖြောင့်မတ်မှုကို ပြသ သော်လည်း တကယ်တော့ ဖြောင့်မတ်ခြင်းမရှိပေ။
“ကျားဟုန်ဂေါင် မင်းရဲ့ ယုတ်မာတဲ့စီနီယာအစ်ကိုကဘယ်ရောက်နေတာလဲ” အနက်ရောင်ကတုံးသည် ကျားဟုန်ဂေါင်ကိုမြင်သောအခါ မကျေနပ်ပေ။ သူသည် အစတုန်းက ဝိဉာဉ်အတားအဆီးကို တိုက်ခိုက်ရန် လုပ် ထားသော်လည်း ကျားဟုန်ဂေါင်ဘက်လှည့်လိုက်သည်။
ကျားဟုန်ဂေါင်သည် အခုမှရောက်သည်ဖြစ်ရာ အရှေ့တွင်ဖြစ်ပျက်နေသော အနက်ရောင်ကတုံး၏ တိုက်ခိုက်မှုကို မမိလိုက်ပေ။ သို့သော် သူလျင်မြန်စွာတုန့်ပြန်ကာ အနက်ရောင်ကတုံး၏ တိုက်ချုက်ကို ဝိဉာဉ် စွမ်းအင်ဖြင့် ကာလိုက်နိုင်သည်။
“ကတုံးနက် မင်းကအရင်အတိုင်းရုပ်ဆိုးတုန်းပဲ” ကျားဟုန်ဂေါင်သည် အနက်ရောင်ကတုံးအား ရွံရှာစွာ ကြည့်လိုက်သည်။ သူသည် တင့်တယ်စွာဖြင့် နာလန်လန်နှင့် တခြားသူများဘေးဆင်းသက်လိုက်သည်။
“ဆရာဦးလေး ဦးလေး” မာလင်းနှင့် နာလန်လန်တို့သည် ကျားဟုန်ဂေါင်ကို အရိုအသေပေးကြလေ သည်။
“အခြေအနေဘယ်လိုလဲ” ကျားဟုန်ဂေါင်မေးလေသည်။
“မင်္ဂလာသားရဲရဲ့ ရောင်ဝါက ပိုပိုသန်မာလာတယ်၊ ကြီးလာနေတုန်းပဲထင်တယ်” မာလင်းပြန်ဖြေလေ သည် “လူ၂ယောက်ဝင်သွားတယ်၊ ပြီးတော့ တခြားသူတွေက အပြင်ကနေပိတ်ထားတယ်”
“လူ၂ယောက်ဝင်သွားတာလား” ကျားဟုန်ဂေါင်၏ မျက်လုံးများ စူးနှစ်သွားသည် “သူတို့က ဘယ်ဂိုဏ်း ကလဲ”
“ဘယ်ဂိုဏ်းကမှမဟုတ်ဘူး၊ သူတို့ကိုဘယ်သူမှမသိဘူး” မာလင်းသည် ကျားဟုန်ဂေါင်၏ အကြည့်ကို ရှောင်လိုက်သည်။
ကျားဟုန်ဂေါင်၏ မျက်နှာထားသည် တင်းမာသွားကာ သူ့အကြည့်ထဲမှ အေးစက်မှုကို မာလင်းခံစားမိ သည်။
မာလင်း ကြောက်ရွံနေသည်ကို မြင်သဖြင့် နာလန်လန်သည် ရှေ့တိုးပြီးပြောလေသည် “ဆရာဦးလေး ဘယ်သူဝင်သွားလဲဆိုတာကို စုံစမ်းရမှာမဟုတ်ပါဘူး၊ မင်္ဂလာသားရဲရဲ့ ရောင်ဝါက ပိုပြီးသန်မာလာတယ်၊ ကျွန်မတို့် ဝင်သွားလို့ရမယ့် နည်းလမ်းကိုစဉ်းစားရမယ်၊ တခြားသူတွေကို အရင်ဝင်ခွင့်ပြုလိုက်ရင် မင်္ဂလာသားရဲ ကို သူတို့ရသွားရင်မကောင်းဘူး”
ကျားဟုန်ဂေါင်သည် နာလန်လန်အားကြည့်ပြီး ဒေါသပြန်ဝင်သွားလေသည်။ “မင်းပြောတာဟုတ်တယ် အဲရုပ်ဆိုးတွေကို မင်္ဂလာသားရဲမပေးနိုင်ဘူး၊ ငါ့သူငယ်ချင်းလေးနှစ်ယောက် ဝိဉာဉ်အတားအဆီးကို ငါနဲ့အတူ ဖျက်နိုင်မလား”
အနက်ရောင်ကတုံးသည် ကျားဟုန်ဂေါင်၏ စကားများကို ကြားသောအခါ ဒေါသဖြင့် ခုန်လေသည်။ သူ အော်လိုက်သည် “ကျားဟုန်ဂေါင် မင်းဘာပြောလိုက်တာလဲ”
“ဂိုဏ်းခေါင်းဆောင် သူတို့်နဲ့ စကားများရမယ့်အချိန်မဟုတ်ဘူး မင်္ဂလာသားရဲကပိုအရေးကြီးတယ်” အေးစက်သော မိန်းမလှလေးသည် အကြံပေးလေသည်။
“ဟင်း ငါနဲ့အတူ ဝိဉာဉ်အတားအဆီးလာဖျက်လိုက် ပညာရှိစံအိမ်တော်ကို အရှုံးမခံနိုင်ဘူး”
“ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်”
ကျားဟုန်ဂေါင်နှင့် လူနှစ်ယောက်ပါဝင်လာကာ အနက်ရောင်ကတုံးသည် သူ၏ မိန်းမလှလေးများနှင့်ဖြစ် ကာ ဝိဉာဉ်အတားအဆီးမှ ပြောင်းလဲမှုကြောင့် သူတို့သည် ရပ်တန့်သွားကြလေသည်။
***