← Chapters

ဆရာရောက်နေပြီ

Vol. 008 Ch. 715

ဆရာရောက်နေပြီ

Vol. 008 Ch. 715

ထိုလူများ ဝိဉာဉ်အတားအဆီးကို အတူတကွတိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို ရှီမာယူယူ စောင့်ကြည့် နေသည်။ သူမသည် ဝိဉာဉ်အတားအဆီး တောင့်မခံနိုင်မည်ကို စိုးရိမ်နေသည်။

“လူတွေအများကြီး အတူတိုက်နေကြပြီ အဘိုးကြီးဖန်ရဲ့ တည်ဆောက်မှုက ခံနိုင်ပါ့မလား” ရှောင်ချီ ပြောလိုက်သည် “ရှောင်ချီအပြင်ထွက်ပြီး အဲလူတွေပျံသွားအောင်လုပ်လိုက်ရမလား”

“မင်းပြဿနာမရှာတာကိုပဲ တော်နေပါပြီ” ဖန်လိုင် ပြောလိုက်သည် “မင်းဒီမှာနေပြီး တုလေးကို စောင့် ကြည့်ထား၊ ငါသွားပြီး အချိန်ဆွဲလိုက်မယ်”

ဖန်လိုင် အပြင်ထွက်သွားသည်မှာ အသုံးဝင်သည်ဟု ရှီမာယူယူ မထင်ပေ။ သို့သော် တုလေးသည် အပြည့်အဝ အသွင်မပြောင်းသေးပေ။ ဒီအချိန်အတွင်းကို အနှောင့်အယှက်ပေးခံရလျှင် မကောင်းပေ။ ထို့ကြောင့် သူမခေါင်းညိမ့်လိုက်သည် “ကျောင်းအုပ်ကြီးဖန်၊ ဂရုစိုက်ပါ သူတို့ကိုအချိန်နိုင်တော့ရင် ပြန်လာခဲ့ပါ၊ ဒီ တည်ဆောက်မှုက ခဏတော့ ခံနိုင်မှာပါ”

“အင်း” ကျောင်းအုပ်ကြီးဖန်သည် ပျံတက်သွားကာ ဝိဉာဉ်အတားအဆီးကိုဖြတ်ပြီး အပြင်သို့ရောက်သွား လေသည်။

အပြင်မှလူများသည် လှုပ်ရှားမှုလုပ်မည်အပြုတွင် လူတစ်ယောက်ဝိဉာဉ်အတားအဆီးအတွင်းမှ ထွက် လာသည်ကို မြင်လိုက်ရသည်။ သူတို့သည် တိုက်ခိုက်မှုကိုရပ်လိုက်ကြသည်။

“အတားအဆီးထဲမှာ ပုန်းနေတဲ့လူပေါ်လာပြီပဲ” အနက်ရောင်ကတုံး၏ လက်ထဲမှ စုထားသော ဝိဉာဉ် စွမ်းအင်များသည် မပျောက်ကွယ်သွားသေးပေ “မင်္ဂလာသားရဲကို ဖမ်းဖို့လုပ်တဲ့လူက ဘယ်သူပါလိမ့်”

“ဒီမှာ ဘာမင်္ဂလာသားရဲမှမရှိဘူး မြန်မြန်သွားကြတော့” ဖန်လိုင်သည် လက်ကို နောက်ပစ်ထားကာ အားလုံးအားကြည့်လိုက်သည်။

“ကောင်းကင်ဂိုဏ်းကလူတွေက ဘယ်တုန်းက မင်္ဂလာသားရဲကို အပိုင်စီးလိုက်တာလဲ၊ မင်းတို့်လုပ်ရဲမှာ တော့ တာဝန်ယူရဲရမှာပေါ့၊ မဟုတ်ရင် နောက်ကို ဂိုဏ်းကကျောင်းသားတွေကို ဘယ်လိုခေါ်တော့မှာလဲ” ကျားဟုန်ဂေါင်သည် ဖန်လိုင်အား သတိပြုမိကာ ထေ့ငေါ့စွာပြောလေသည်။

“ငါတို့ကောင်းကင်ဂိုဏ်းက အမြဲတမ်း ပွင့်ပွင့်လင်းလင်းလှုပ်ရှားတယ်၊ ဒီမှာ မင်္ဂလာသားရဲမရှိဘူးလို့ ငါ ပြောမှတော့ မင်္ဂလာသားရဲမရှိဘူးပဲ” ဖန်လိုင် ပြောလိုက်သည် “သူက ငါတို့်ဂိုဏ်းရဲ့ ကျောင်းသားဖြစ်ပြီး အခုမှ နလန်ထူနေတာ အနှောင့်အယှက်ပေးလို့မရဘူး၊ ငါတောင်းဆိုတဲ့အတိုင်းလုပ်ပေးပါ”

“ကျွတ် ဒီမှာ မင်္ဂလာသားရဲမရှိဘူးလို့ မင်းပြောလိုက်တာလား” မုတ်ဆိတ်နှင့် လူက ပြောလေသည်။ “အကုန်လုံးက မင်္ဂလာသားရဲရဲ့ ရောင်ဝါကိုအာရုံခံမိကြတယ် ငါတို့ကို ငတုံးတွေလို့ထင်နေတာလား”

“ဟုတ်တယ်”

“ဒီမှာ မင်္ဂလာသားရဲမရှိဘူးဆိုရင် ဝိဉာဉ်အတားအဆီးကိုဖွင့်ပြီး မရှိတဲ့အကြောင်းအားလုံးကို ကြည့်ခိုင်း လိုက်၊ မင်းကျောင်းသား နလန်လူနေတာ သေချာရင် ငါတို့ သူ့ကိုအနှောင့်အယှက်မပေးဘူး” တစ်စုံတစ်ယောက် ကပြောလိုက်သည်။

“အမှန်ပဲ အဲအကြံကောင်းတယ်” အနက်ရောင်ကတုံးသည် သွားဖြဲလေသည် “မင်းဘယ်သူပဲဖြစ်ဖြစ် အတားအဆီးကိုဖွင့်လိုက်ပါ၊ အထဲက အခြေအနေကိုကြည့်လိုက်ရင် ငါတို့ ကောင်းကင်ဂိုဏ်းနဲ့ ပြဿနာဖြစ်မှာ မဟုတ်ဘူး”

ဖန်ခိုင်၏ မျက်နှာသည် တည်ငြိမ်နေသည်။ တုလေးသည် လူသားသွေးသားဖြစ်သော်လည်း သူ၏ သွေးသားနိုးထပြီးနောက်ပိုင်းတွင် လူသားသွေးသားသည် နှစ်မြုပ်သွားခဲ့သည်။ သူသည် ဝိဉာဉ်မိစ္ဆာတစ်ကောင် ဖြစ်လာသည်။ အဲလူတွေ သူ့ကိုတွေ့လိုက်ရင် သူက စွဲဆောင်စရာတစ်ခုဖြစ်သွားမှာပဲ။

“ဘာလဲ မလုပ်ချင်ဘူးလား” ကျားဟုန်ဂေါင် သရော်လေသည် “ငါတို့မှန်းတာမှန်သွားတာလား”

“ဒီမှာမင်္ဂလာသားရဲမရှိဘူးလို့ ငါပြောပြီးပြီလေ၊ ငါ ဝိဉာဉ်အတားအဆီးကိုဖွင့်လိုက်ရင် မတော်တဆ ငါ့ကျောင်းသားကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ” ဖန်ခိုင် ပြန်ဖြေလေသည် “မြင်ချင်တယ်ဆိုရင်တော့ သူ့ ဒဏ်ရာ လုံးဝပြန်ကောင်းတဲ့အထိစောင့်”

“မစောင့်ဘူး” ကျားဟုန်ဂေါင် ငြင်းဆန်လေသည် “မင်းကိုယ့်ဘာသာမဖွင့်ရင် ငါတို့ဖွင့်မှာပဲ ရွေးလိုက်”

“ကျားဟုန်ဂေါင် မင်းက ကောင်းကင်ဂိုဏ်းကိုဆန့်ကျင်ချင်တာလား” ဖန်လိုင် အော်လိုက်သည်။

“ဒါက ပညာရှိစံအိမ်တော်က ကောင်းကင်ဂိုဏ်းကိုဆန့်ကျင်ချင်တာမဟုတ်ဘူးလေ၊ ကောင်းကင်ဂိုဏ်း က ငါတို့အားလုံးကို ဆန့်ကျင်နေတာပဲ” ကျားဟုန်ဂေါင် ပြန်ပြောလေသည်။

“ဟုတ်တယ်” တစ်စုံတစ်ယောက်သည် သံယောင်လိုက်လေသည်။

“ငါတို့အားလုံး မင်္ဂလာသားရဲရဲ့ ရောင်ဝါကိုအာရုံခံမိတယ်၊ ဒါပေမဲ့ မင်းက မင်္ဂလာသားရဲမဟုတ်ဘူးလို့ ပြောနေတယ်၊ ကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကို သက်သေပြဖို့ မင်းကိုအခွင့်အရေးပေး မယ်၊ အဲလိုဆိုရင် ငါတို့လက်လျော့ပြီး မင်းကိုပြဿနာမရှာတော့ဘူး၊ ဒါပေမဲ့ မင်းက အဲလိုမလုပ်ချင်ဘူးဆိုတော့ ဘာအဓိပ္ပာယ်လဲ၊ ဆိုလိုတာက မင်းကအပြစ်လုပ်ထားပြီး အထဲကအခြေအနေကို အားလုံးကိုမပြရဲတာပဲ၊ ဘာလို့လဲဆိုတော့ အထဲမှာ ဒီအတိုင်းကျောင်းသားတစ်ယောက်က နလန်ထူတာမဟုတ်လို့ပဲ” ကျားဟုန်ဂေါင် ဆက်ပြောလေသည် “ပြောလေ၊ ငါတို့အားလုံးကို ဆန့်ကျင်တာမဟုတ်ရင် ဘာလဲ”

“အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့တော့ ဒီအတိုင်းပဲဝင်လိုက်တော့” အနက်ရောင်ကတုံးက အော်လေ သည်။

တခြားသူများသည် ကောင်းကင်ဂိုဏ်းကိုကြောက်ရွံ့သော်လည်း အနက်ရောင်ကတုံးမှာ ကြောက်ရွံ့ခြင်း မရှိပေ။ အရင်က သူသည် မင်္ဂလာသားရဲကိုဖမ်းပြီး ဂိတ်စောင့်အဖြစ်ထားမည်ဟု ကြွားဝါဖူးသည်။ ဒီနေ့ မဖမ်းမိ ပါက သူဘယ်လိုမျက်နှာပြရတော့မှာလဲ။

“အားလုံးပဲ ဂိုဏ်းကငါတို့ကို ကျေးဇူးမှမရှိထားတာ သူတို့ကိုလေးစားစရာမလိုဘူး၊ အဆုံးမှာ မင်္ဂလာ သားရဲကို ဘယ်သူပဲရရ အတူလက်တွဲပြီး ဝိဉာဉ်အတားအဆီးကိုဖျက်ကြမယ် ရရဲ့လား”

“ရတယ်၊ ဝိဉာဉ်အတားအဆီးမပွင့်ဘူးဆိုရင် ဘယ်သူမှ မင်္ဂလာသားရဲရမှာမဟုတ်ဘူး”

“ဟုတ်တယ် ဒီဝိဉာဉ်အတားအဆီးကို အတူဖျက်ကြမယ်”

“ဟုတ်တယ်”

နေရာရှိအားလုံးသည် သဘောတူကြသည်။ သူတို့သည် ခုဏက ဝိဉာဉ်အတားအဆီးကိုတိုက်ခိုက်ရာ သက်ရောက်မှုမရှိခဲ့ပေ။ အတူတကွတိုက်ပါက ဝိဉာဉ်အတားအဆီးသည်မခံနိုင်စရာ အကြောင်းမရှိပေ။ သူတို့ သည် ဝိဉာဉ်အတားအဆီးကို ဖျက်ပြီးနောက်မှပင် ရလဒ်ကိုရင်ဆိုင်မည်။

ရုတ်တရပ်ပင် မိစ္ဆာပျံတစ်စု ပျံလာသည်။

“ကျိရှင်း ဒီမှာအသက်ဝင်နေတာပဲ” ဘော့ဟာဝူချန်းသည် မိစ္ဆာပျံအရှေ့တွင်ထိုင်လာသည်။ သူသည် အနောက်မှလူကို အားရပါးရပြုံးပြလိုက်သည်။

“အင်း လူတွေများတာပဲ” ဖန်ကျိရှင်းသည် စိတ်မဝင်စားသလိုကြည့်လိုက်သည်။

“ဟော့ဘာမိသားစုနဲ့ ဖန်မိသးစုပဲ သူတို့ကဘာလို့ရောက်လာတာလဲ”

“ဟော့ဘာဝူချန်းနဲ့ ဖန်ကျိရှင်းတို့က ပျောက်နေတာကြာနေပြီ ဘာလို့ပေါ်လာတာလဲ”

“သူတို့ပြန်လာတာ ၂နှစ်ရှိပြီ မသိဘူးလား၊ သူတို့ကို မိသားစုကပဲသွားခေါ်လာတာလေ၊ အဲမိသားစုက သွေးလွှမ်းဂူမှာ နတ်ဆိုးတွေကို မခုခံနိုင်ခဲ့လို့ကတော့ သူတို့တော့ရှိတော့မှာမဟုတ်ဘူး” တစ်စုံတစ်ယောက်သည် လေသံဖြင့်ပြောလေသည်။

“ဟော့ဘာမိသားစုနဲ့ ဖန်မိသားစုက ငါတို့နဲ့ပေါင်းမလို့လား၊ အဲလိုဆိုရင်တော့ ငါတို့အတွက် မျှော်လင့် ချက်မရှိတော့တာမဟုတ်ဘူးလား”

“အဲလိုတော့မဟုတ်ဘူး၊ အင်အားကြီးတွေက ပိုပြီးလူများတယ်၊ ငါတို့အတွက်တော့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပဲ၊ ဒါပေမဲ့ ဖန်မိသားစုနဲ့ ပညာရှိစံအိမ်တော်ရဲ့ ဆက်ဆံရေးကမကောင်းဘူးလို့ ကြားဖူးတယ် သူတို့တွေ့တာနဲ့ တိုက်ကြမလားပဲ”

“တိုက်လောက်တယ်၊ အဲဒီကျားဟုန်ဂေါင်ရဲ့အားက ဖန်ကျိရှင်းထက်မြင့်တယ်၊ ဒါပေမဲ့ သူ့နောက်က လိုက်ရင်တော့ အသုံးမဝင်မဖြစ်ဘူး”

“လှုပ်ရှားတာကိုစောင့်ကြည့်ကြတာပေါ့”

ဖန်ကျိရှင်းကိုမြင်သောအခါ ကျားဟုန်ဂေါင်သည် မျက်နှာတင်းမာနေလေသည်။ လွန်ခဲ့သည့်၂နှစ်က သူ့ကို ဆက်သွယ်မရခဲ့ပေ။ သူတို့တိုက်ခိုက်တိုင်းပင် သူ့အားသည် ပိုကောင်းခဲ့သော်လည်း အားမသာခဲ့ပေ။ ထို တည်ဆောက်မှုသခင်၏ တိုက်ခိုက်မှုအားသည် လွန်စွာအားကောင်းခဲ့သည်။

ရှီမာယူယူသည် ဖန်ကျိရှင်းအားမြင်လိုက်ချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူမသည် သူ့ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ ဒါပေမဲ့ သူက အလယ်ပိုင်းဒေသမှာမဟုတ်ဘူးလား၊ ဒီကိုဘာလို့လာတာလဲ။ သူလည်း တုလေးအတွက်လာတာလား။

ဖန်မိသားစုနှင့် ဟော့ဘာမိသားစုတို့သည် အလယ်ပိုင်းဒေသတွင် မိသားစုကြီးများဖြစ်ကြသည်။ သူတို့ နောက်လိုက်သော ကိုယ်ရံတော်များသည် သာမန်လူများမဟုတ်ကြပေ။ သူတို့ တစ်ယောက်နှင့် တစ်ယောက်သိ သောကြောင့် ဒီကိစ္စတွင် ဝင်မပါအောင်ပြောဖို့ ဖြစ်နိုင်သည်။ ဒီလူများကို ဖြေရှင်းဖို့အတွက် အကူအညီပေးနိုင် လောက်သည်။

သို့သော် သူမသည် ဝန်းရံနေသော လူများကိုကြည့်လိုက်သည်။ သူမသည် ချက်ချင်းထွက်မသွားပေ။

“ကျိရှင်း ဒီမှာ မင်္ဂလာသားရဲရှိတယ်လို့ ကြာတးယ်၊ မင်းလည်းဝင်ပါချင်လား” ဟော့ဘာဝူချန်းသည် ရှုပ်ထွေးနေသော အခြေအနေကိုတွေ့သည်နှင့် ညင်သာစွာပြုံးလိုက်သည်။

ဖန်ကျိရှင်းသည် လူများကို အကဲခတ်လိုက်ရာ သူရှာနေသော လူကိုမတွေ့သောကြောင့် မျက်မှောင် ကြုတ်လိုက်သည်။

“စိတ်မဝင်စားဘူး မင်းကြိုက်တယ်ဆိုရင်တော့ ယူပေါ့” ဖန်ကျိရှင်းသည် ရေရွတ်ကာ ထိုလူများကို အာရုံ မစိုက်ပေ။

***

All Chapters