ဖြန်ဖျေခြင်း
Vol. 008 Ch. 716
ဟော့ဘာဝူချန်းသည် သူ၏ မတူညီသောပုံစံကိုကြည့်လိုက်သည်။ လက်ထဲမှ ယပ်တောင်ကို ခေါက်ကာ သူ့ပခုံးကိုပုတ်ပြီးပြောလိုက်သည် “ဒါက မင်္ဂလာသားရဲနော် မင်းတကယ်ပဲ စိတ်မဝင်စားဘူးလား”
ဖန်ကျိရှင်း၏ မျက်လုံးများသည် အဖက်မလုပ်ပေ။ သူသည် လူအုပ်အားနောက်တစ်ခေါက် ပြန်ကြည့်ရာ ရှီမာယူယူကို မမြင်မိပေ။ သူထွက်သွားလိုသည်။
“မင်္ဂလာသားရဲလေးတစ်ကောင်ပဲ မင်းလိုချင်ရင် မြန်မြန်လုပ်ပြီး စောစောပြန်ခဲ့”
“ကောင်းပြီ” ဟော့ဘာဝူချန်းသည် ဖန်လိုင်အားမြင်ပြီး မေးလိုက်သည် “ဆရာက ကျောင်းအုပ်ကြီးဖန် လား”
“ဟုတ်တယ် ဒီသခင်လေးက ဘယ်သူပါလိမ့်” ဖိုင်လိုင်သည် ဟော့ဘာဝူချန်းအားမြင်သောအခါ ချက်ချင်း မလှုပ်ရှားပေ။ သူသည် သူ့ကိုလျစ်လျူမရှုပဲ ယဉ်ကျေးစွာ ပြန်ဖြေလေသည်။
အချိန်ခဏလောက် ဆွဲနိုင်ရင်လည်း ခဏပဲလေ။
“တကယ်ပဲဆရာကိုး” ဟော့ဘာဝူချန်းသည် အနည်းငယ်ရှက်ရွံ့သွားကာ “ကျိရှင်း ခက်တော့မှာပဲ”
“ဘာဖြစ်လို့လဲ”
“ဟန်လေး၊ ငါတို့ဒုကျောင်းအုပ်ဖန်နဲ့ တွေ့ရင်ကူညီဖို့ အဲကလေးပြောသွားတယ်၊ ငါကူညီပေးရမယ်၊ ဒါပေမဲ့ မင်းမြင်တဲ့အတိုင်း လူတွေအကုန်လုံးက သူ့ကိုဆန့်ကျင်နေကြတယ်၊ သူ့ကိုကူညီလိုက်ရင် အဲလူတွေ အကုန်လုံးကို ဆန့်ကျင်တာပဲမလား” ဟော့ဘာဝူချန်း သက်ပြင်းချလေသည်။ သူသည် ဒီကိစ္စနှင့် ပတ်သတ်ပြီး အခက်တွေ့နေသည့်ပုံပင်။
“အင်း ယူယူကလည်း ဂိုဏ်းကပဲ ငါတို့ကူညီသင့်တယ်” ဖန်ကျိရှင်း ပြောလိုက်သည်။
ထိုလူများသည် ထိုနေရာမှ အခြေအနေကိုအာရုံစိုက်ထားကာ ဟော့ဘာဝူချန်းသည် မင်္ဂလာသားရဲကို လိုချင်သည်ဟုပြောလိုက်သည်ကို ကြားလိုက်သည်။ သူတို့သည် စိတ်ဓာတ်ကျသွားသော်လည်း နားလည်နိုင် သည်။ သူတို့၏ စကားအတိုင်းဆိုလျှင် ဝိဉာဉ်အတားအဆီးကိုဖျက်ဆီးနိုင်မည်မှာ ပိုသေချာနေသည်။
ဒါပေမဲ့ အခုအခြေအနေကဘာလဲ။ သူတို့က ဖန်လိုင်ကိုကူညီချင်နေတာလား။
“သခင်လေးဟော့ဘာ ကောင်းကင်ဂိုစ်းကလူတွေက မင်္ဂလာသားရဲကို အပိုင်စီးချင်နေကြတယ်၊ သူ့ အတွက်နဲ့ ငါတို့အားလုံးကိုဆန့်ကျင်မလို့လား” တစ်ယောက်ကမေးလိုက်သည်။
ဟော့ဘာဝူချန်း၏ ယပ်တောင်ခတ်လိုက်သည်နှင့် ထိုစကားပြောလိုက်သောလူသည် ဝပ်သွားလေ သည်။ တူညီစွာပင် သူပျံသွားကာ အဲလူဘေးသို့သွားလိုက်သည်။ သူသည် သူ့ရင်ဘတ်ကိုတက်နင်းလိုက်သည်။ သူ ကျိန်ဆဲလိုက်သည် “ဒီသခင်လေးက လုပ်ချင်တာအကုန်လုပ်လို့ရတယ်၊ ငါ့ကိုခြိမ်းခြောက်ရဲနေတယ် ဟုတ်လား”
“သခင်လေး ဟော့ဘာ ဘာလုပ်တာလဲ” ထိုလူ၏ ဂိုဏ်းထဲမှ တစ်ယောက်သည် အရိုက်ခံရသည်ကို မြင်လိုက်ရသောကြောင့် အော်လိုက်သည်။
“ဒီသခင်လေးကိုလုပ်လိုက်တာကို မမြင်လိုက်ဘူးလား” ဟော့ဘာဝူချန်းသည် သူ့ကိုကြည့်လိုက်သည်။ “သူက ဟော့ဘာမိသားစုကိုခြိမ်းခြောက်ရဲသေးတယ်၊ သူ့အသက်ကိုမယူတာပဲ ကျေးဇူးတင်သင့်တယ်၊ ငါ့ကို ဘယ်သူမေးခွန်းထုတ်ရဲလဲ”
“ဟော့ဘာဝူချန်း မင်းက ထိပ်တန်းမိသားစုနောက်ခံရှိတယ်ဆိုပြီး မျက်စိထဲမြင်တာမရှိတော့ဘူးလား” ဟော့ဘာဝူချန်း အနင်းခံထားရသောလူသည် အော်လိုက်သည်။
“ငါ မမြင်နိုင်တာမဟုတ်ဘူးထင်တယ်၊ ဒါပေမဲ့ မင်းကိုဖျက်ဆီးချင်ရတော့ လုပ်နိုင်စွမ်းရှိသေးတယ်” ဟော့ဘာဝူချန်း ပြန်ချေပလေသည် “အထူးသဖြင့် မင်း”
သူ ပိုဖိနင်းလိုက်ရာ ထိုလူသည် သွေးအန်ထွက်ကာ မေ့မြောသွားလေသည်။ သူ သေသွားသည်လား မေ့မြောသွားသည်လာားတော့ မသေချာပေ။
“ဟော့ဘာဝူချန်း မင်းလွန်နေပြီ” ဂိုဏ်းတုအဖွဲ့ဝင်တစ်ယောက်သည် အပြစ်တင်လေသည်။
“ငါမလွန်ပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်က ငါတို့ဟော့ဘာမိသားစုဂုဏ်ကိုထိပါးတာကို ဘယ်လိုလျစ်လျူ ရှုရမှာလဲ” ဟော့ဘာဝူချန်းသည် ခြေထောက်ကိုပြန်ရုတ်ကာ ထိုလူအားကြည့်လိုက်သည်။ “ဘာလို့လဲ မင်းလည်း စမ်းကြည့်ချင်လို့လား”
ထိုလူသည် ဟော့ဘာဝူချန်း၏ မျက်လုံးထဲမှ လူသတ်မည့်အကြည့်ကိုကြောက်ရွံ့သွားသော်လည်း ခေါင်းမာနေသည် “ဟော့ဘာဝူချန်း မင်းတို့မိသားစုက အလယ်ပိုင်းဒေသမှာ ထိပ်တန်းမိသားစုဆိုပေမယ့် ဒီနေ့ တစ်ယောက်ယောက်ကိုသတ်ချင်တာက တိုင်းပြည်တစ်ခုလုံးရဲ့ အင်အားကြီးတွေအကုန်လုံးကို ဆန့်ကျင်တာပဲ”
“ငါမှဝင်မပါတာ၊ ဝင်ပါချင်ရင်တောင် ငါ့အဘိုးကြီးကခွင့်ပြုမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ဟော့ဘာမိသားစုကို ပြစ်များရင်တော့ ဘယ်သူမဆိုအလွတ်မပေးဘူး” ဟော့ဘာဝူချန်းသည် ငတုံးမဟုတ်ပေ။ ဒီလူသည် သူ့ကို ရွံ့နွံ ထဲနှစ်ချင်နေသည်။ သူသည် သူ့စကားအတိုင်းလိုက်မလုပ်ပေ။
ထိုနေရာရှိ လူများ၏ စိတ်များပြောင်းသွားသည်။ ဘော့ဟာဝူချန်း ဆိုလိုသည်မှာ ရှင်းနေသည်။ သူတို့ သည် အားလုံးကိုဆန့်ကျင်လိုခြင်းမရှိပေ။ သို့သော် တစ်ယောက်ယောက်သာ ဟော့ဘာမိသားစုကို ပြစ်မှားပါက သူတို့သည်းခံနေမည်မဟုတ်ပေ။
ဟော့ဘာဝူချန်းသည် သူ့မိစ္ဆာပျံဆီသို့ ပြန်သွားပြီး “အားလုံးပဲ ကောင်းကင်ဂိုဏ်းက လွယ်လွယ်နဲ့ ရန်စ လို့ရတဲ့ဂိုဏ်းမဟုတ်ဘူး၊ ဒီနေ့ မင်းတို့ သူတို့ဒုကျောင်းအုပ်ကို ဖိအားပေးမယ်ဆိုရင်တော့ သူတို့နဲ့ ရန်သူဖြစ်သွား လို့ကတော့ နောက်ကို တိုင်းပြည်အတွင်းမှာ ဘာတွေဖြစ်မလဲဆိုတာ တွေးကြည့်ပေါ့”
“ဒီမင်္ဂလာသားရဲက ကောင်းကင်နဲ့မြေကြီးရဲ့ ဝိဉာဉ်မိစ္ဆာပဲ၊ ကောင်းကင်ဂိုဏ်းကမပိုင်ဘူး၊ ကောင်းကင်နဲ့ မြေကြီးရဲ့ပစ္စည်းတွေက ပြည်သူပိုင်ပဲ၊ ပြီးတော့ ငါတို့က ရတနာနောက်ကိုလိုက်တာပဲရှီတယ်၊ ငါတို့်က ကောင်းကင်ဂိုဏ်းကိုဆန့်ကျင်နေတာမဟုတ်ဘူး” အဘိုးကြီးတစ်ယောက် စပြောလေသည်။ သူ၏ နောက်ကျိနေ သော မျက်လုံးများသည် စူးရှနေသည်။ သို့သော် သူ၏ ထိုကားသည် ကောင်းကင်ဂိုဏ်းကိုဆန့်ကျင်သည့် အနေအထားမှ ရတနာတစ်ပါးနောက်သို့ လိုက်သည်အဖြစ်ပြောင်းသွားကာ ရန်သူအဖြစ်လုပ်ချင်သည်ဟု ဆိုလို သည့်အဓိပ္ပာယ်မသက်ရောက်ပေ။
“ကောင်းကင်တောင်ဂိုဏ်းက အဘိုးကြီးတောင်လာတာလား” ဟော့ဘာဝူချန်းသည် နောက်ဆုံးတွင် ထိုအဘိုးကြီးအားကြည့်လိုက်သည် “အဘိုးကြီးသေတော့မယ်လို့ကြားတယ်၊ မင်္ဂလာသားရဲရဲ့ သွေးအဆီအနှစ်နဲ့ အသက်ဆက်ချင်လို့လား”
“မဟုတ်တာမပြောနဲ့” ကောင်းကင်တောင်ဂိုဏ်းမှ အကြီးအကဲသည် ဒေါသဖြင့် အော်လေသည်။ “ငါ မင်္ဂလာသားရဲရမယ်ဆိုရင် ဂိုဏ်းရဲ့ မျိုးဆက်ငယ်တွေအတွက် စာချုပ်လုပ်ပေးမှာ၊ အသက်ဆက်ဖို့အတွက် ဘာလို့ သုံးရမှာလဲ”
“မဟုတ်ဘူးလား” ဟော့ဘာဝူထန်းသည် ကြည့်လိုက်ကာ လိမ်နေသည်ကို အသိအမှတ်ပြုသည့်အနေ နှင့် “ဒါဆိုရင် မင်္ဂလာသားရဲအတွက် ကျွန်တော်တို့နဲ့ မတိုက်ခိုက်ပါနဲ့”
“မင်္ဂလာသားရဲက ရှားပါးတယ် အဲတော့ ငါလက်မလျော့နိုင်ဘူး” ကောင်းကင်တောင်ဂိုဏ်းအကြီးအကဲ ပြောလေသည်။
“ဟော့ဘာဝူချန်း လူတွေကိုလမ်းလွဲအောင်မလုပ်နဲ့”
“လူတွေကို လမ်းလွဲအောင်လုပ်နေတာမဟုတ်ဘူး” ဟော့ဘာဝူချန်းသည် ရိုးသားသော မျက်နှာထား လုပ်လေသည်။ “ငါက မင်္ဂလာသားရဲကို ကာကွယ်မယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောနေတာ၊ မျက်နှာထောက် ထားမယ်ဆိုရင်တော့ ဟော့ဘာမိသားစုက အားလုံးကိုကျေးဇူးတင်မှာပဲ”
“ဖန်မိသားစုလည်း အတူတူပဲ” ဖန်ကျိရှင်းသည် သံယောင်လိုက်လေသည်။
တချို့လူများသည် တွေဝေနေသည်။ ဟော့ဘာမိသားစု၊ ဖန်မိသားစုတို့ကို ရန်သူလုပ်ခြင်းနှင့် မင်္ဂလာသားရဲအကြားတွင် သူတို့အတွက် ဆုံးဖြတ်ရခက်နေသည်။
တချို့လူများသည် လျင်မြန်စွာတုန့်ပြန်ကာ ဆုံးဖြတ်ချက်ချကြသည်။ သူတို့သည် အင်အားမကြီးကြပေ။ ဒီနေ့တွင် လူအများလာရောက်ကြသောကြောင့် တိုက်ခိုက်လျှင်တောင် သူတို့လက်ထဲရောက်မလာနိုင်ပေ။ ထို့အပြင် သူတို့သည် ဟော့ဘာမိသားစုနှင့် ဖန်မိသားစုတို့၏ လက်အောက်တွင်ရှိနေသည်။ ဒီနေ့ကိစ္စတွင် ဟော့ဘာနှင့် ဖန်မိသားစုတို့သည် သူတို့ကိုလွှတ်ပေးမည်မဟုတ်ပေ။
ထိုအကြောင်းတွေးလိုက်သောအခါ လူတချို့သည် ချက်ချင်းပင်မတ်တပ်ရပ်ကာ ပြောလေသည် “သခင်လေးဟော့ဘာက ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ မျက်နှာသာပေးလိုက်ပါမယ်၊ ကျွန်တော်တို့် ဒီနေ့ ကိစ္စကိုဝင်မပါတော့ဘူး”
“ကျေးဇူးအများကြီးတင်ပါတယ်” ဟော့ဘာဝူချန်းသည် လက်အုပ်ချီကာ ပြုံးလိုက်သည် “ဒီနေ့ မိတ်တွေတို့ရဲ့ သိတတ်မှုကို ဝူချန်းအမှတ်ရနေပါမယ်”
“သခင်လေးဟော့ဘာက ယဉ်ကျေးနေပါပြီ ကျွန်တော်တို့်သွားပြီ” ထိုလူသည် လက်ရမ်းပြရာ သူ့အနောက်မှ လူများသည် သူနှင့်အတူထွက်သွားကြလေသည်။
သူတို့အားသည် သန်မာခြင်းမရှိပဲ အင်အားကြီးများ ပိုပိုပါဝင်လာသည်။ သူတို့အားနည်းသဖြင့် တပ်ခေါက်နိုင်သည်။ ထွက်သွားလိုက်ပါက သူတို့အသက်ကို ကယ်တင်ရာရောက်သည်။
ပထမဆုံးလူတစ်စုထွက်သွားသည်။ တချို့အင်အားငယ်များနှင့် အင်အားမကြီးသောလူများနှင့် ထွက်သွားရန် ရွေးချယ်ကြသည်။
တစ်ခဏအတွင်းမှာပင် တတိယမြောက်လူစုထွက်သွားကြသည်။ ကျန်ရှိသူများမှာ အလယ်ပိုင်းနှင့် အတွင်းပိုင်းဒေသများမှ အင်အားကြီးများဖြစ်ကြသည်။
လူအများထွက်သွားသည်ကိုမြင်ပြီး ကျန်သောလူများသည် ငြင်းဆန်မှုမရှိကြပေ။ လူနည်းလေ ပြိုင်ဘက် နည်းလေဖြစ်သည်။ ထိုလူများသည် သူတို့ကို ခြိမ်းခြောက်မှုမရှိလျှင်တောင် သူတို့်ထွက်သွားမှုသည် အချိန်ဆွဲနိုင် သွားသည်။
“ကျေးဇူးတင်ပါတယ် သခင်လေးဟော့ဘာ” ဖန်လိုင်သည် လက်အုပ်ချီကာ ကျေးဇူးတင်လေသည်။
“ရပါတယ် ရပါတယ် ဆရာတို့ကျောင်းသား ကျွန်တော့်တူကလုပ်ခိုင်းတာပဲ” ဟော့ဘာဝူချန်းသည် ခေါက်ထားသော ယပ်တောင်ကိုရမ်းကာ ပြောလေသည် “ဒုကျောင်းအုပ်ဖန် လူတွေအများကြီးကျန်သေးတယ်၊ သူတို့က ထွက်မသွားကြပဲ ရအောင်လုပ်မယ့်ပုံပဲ အထဲမှာဘာရှိလဲဆိုတာ ပြောပြပါ”
“အတွင်းဂိုဏ်းက ကျောင်းသားတစ်ယောက် နလန်ထူနေတာပါ” ဖန်လိုင် ပြန်ဖြေလေသည်။
“အဲလိုဆိုမှတော့ ဘာလို့မဖွင့်လိုက်တာလဲ” ဟော့ဘာဝူချန်းမေးလေသည်။
“ဟော့ဘာဝူချန်း ဖန်ကျိရှင်း၊ မင်းတို့က အခုမှပြန်ရောက်တာကို မင်းတို့မိသားစုမျိုးနွယ်မှာပဲနေပြီး ကောင်းကောင်းကျင့်ကြံသင့်တယ်၊ ဘာလို့လျှောက်သွားပြီး ကိုယ့်ကိုယ်ကို အရူးဖြစ်အောင်လုပ်နေကြတာလဲ”
***