မျိုးဆက်
Vol. 008 Ch. 717
ဟော့ဘာဝူချန်းသည် ရင်းနှီးသော ထေ့ငေါ့သော အသံကိုကြားလိုက်ရသည်။ သူမေးမော့ကာ “ဘယ်သွားသွား ပညာရှိစံအိမ်တော်ခြေရာတွေချည်းပဲနော် မဟုတ်ဘူးလား ကျိရှင်း”
“နေရာတိုင်းပဲ” ဖန်ကျိရှင်းသည် မျက်စိကိုစောင်းကြည့်ကာ စူးရှသည့်အကြည့်တစ်စုံလွှတ်လိုက်သည်။
“ဟော့ဘာဝူချန်း တခြားလူတွေက မင်းတို့ဟော့ဘာဝူချန်းမိသားစုကို ကြောက်ရင်ကြောက်လိမ့်မယ်၊ ဒါပေမဲ့ ငါတို့်ပညာရှိစံအိမ်တော်က မကြောက်ဘူး” ကျားဟုန်ဂေါင်က ပြောလေသည် “ဒီနေ့မင်္ဂလာသားရဲကို ပညာရှိစံအိမ်တော်က လိုချင်တယ်”
“ဒါဆို သူတို့အားလုံးကိုသတ်လိုက်” ဖန်ကျိရှင်းသည် ပညာရှိစံအိမ်တော်မှ လူများကိုကြည့်လေသည်။
“ဆရာဖန်” နာလန်လန်သည် ဖန်ကျိရှင်းပေါ်လာသည်ကို အံ့သြနေလေသည်။ ခဏအကြာတွင် သူမ စိတ်မှ မုန်းတီးစိတ်များပွားလာသည်။ အရင်က သူမ အင်ပါယာကျောင်းတော်က အထုတ်ခံခဲ့ရတာ သူ့စနက် လည်း ပါတာပဲလေ။ ဒီတိုင်းပြည်မှာ ပြန်တွေ့မယ်လို့ တစ်ခါမှမတွေးဖူးဘူး။ အဲတုန်းက အဲဒါကြောင့် အဲလောက် အားကောင်းနေတာကိုး။
“ဂျူနီယာညီမလေး သူ့ကိုသိတာလား” မာလင်းမေးလေသည်။
“သိတာပေါ့၊ ညီမ အနိမ့်တိုင်းပြည်မှာတုန်းက သူက ညီမတို့ကျောင်းက ဆရာပဲ၊ သူက ရုတ်တရက် ပေါ်လာပြီး ရုတ်တရက်ပျောက်သွားခဲ့တာလေ၊ သူကဒီတိုင်းပြည်ကလူဖြစ်နေတာကိုး” နာလန်လန်သည် ဖန်ကျိရှင်းအား ကြည့်ပြီး ဒီနေရာတွင်ပေါ်လာရခြင်းအကြောင်းပြချက်ကို ခန့်မှန်းနေသည်။ ရှီမာယူယူလည်း ဒီမှာ ရှိနေတာလား။
ဟော့ဘာဝူချန်းသည် နာလန်လန်၏ ပြောစကားများကိုမကြားရသော်လည်း သူမ၏ မုန်းတီးသော အကြည့်တို့ကို မြင်လိုက်သည်။ သူရယ်မောကာ “အဲဒါက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်တဲ့သမီးတော်မလား၊ ကျိရှင်း သူက ဘာလို့အဲလောက် နာနာကျင်ကျင်ကြည့်နေရတာလဲ၊ မင်းက သူမကိုအရင်က ရှင်းဖူးလို့လား”
ဖန်ကျိရှင်းသည် နာလန်လန်အားကြည့်လိုက်သည်။ သူမကို ရင်းနှီးသည်ဟုထင်သော်လည်း သူမသည် မျက်နှာကိုဖုံးအုပ်ထားကာ မျက်လုံးသာဖော်ထားလေသည်။ သူသည် ထိုအချိန်တွင် သူမကို စဉ်းစားမရပေ။
“မသိဘူး” သူအေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဒီမှာဆက်ပြီးစကားပြောနေဦးမှာလား၊ ပြောချင်တယ်ဆိုရင် အဝေးကိုသွားပြော ငါတို့လမ်းကိုမပိတ် ထားနဲ့” အနက်ရောင်ကတုံးသည် စိတ်မရှည်စွာအော်လေသည်။
“စကားပြောရမယ်၊ ဒီသခင်လေးက ခင်ဗျားတို့နဲ့ စကားပြောဖို့အချိန်မရှိဘူး၊ ဒီနေ့ သခင်လေးက မင်္ဂလာ သားရဲကိုကာကွယ်မယ်၊ ငါတို့်ဟော့ဘာမိသားစုကို မဆန့်ကျင်ချင်ဘူးဆိုရင်တော့ oသွားလိုက်တော့” ဟော့ဘာ ဝူချန်းသည် အနက်ရောင်ကတုံးကို ပြန်အော်လိုက်သည်။
“ဟော့ဘာဝူချန်း မင်းတကယ်ပဲ ငါတို့အားလုံးကိုတိုက်နိုင်မယ်လို့ ထင်နေတာလား” ကောင်းကင်တောင် ဂိုဏ်းမှ အကြီးအကဲသည် ကြေညာလေသည် “ငါတို့တွေကတော့ မင်းနဲ့ဒီလောက်နဲ့ပဲညှိမယ်”
“အတင့်ရဲလိုက်တာ၊ ငါ့အဘိုးကြီး ဒေါသထွက်မှာကို မကြောက်ကြဘူးလား” ဟော့ဘာဝူချန်းသည် မေး လေသည်။
“ဟားဟား”
ဟော့ဘာဝူချန်း၏ ပေတေသော အကျင့်ကိုမြင်သည်နှင့် အဖေနှင့်ကိုင်ပေါက်သော လူများကို သတိသွားရကာ ရှီမာယူယူသည် ရှိနေသည့်နေရာမှရယ်မိသည်။
“အာ...”
တုလေးသည် ရုတ်တရက် ဟိန်းလေသည်။ ရှီမာယူယူသည် အခြေအနေအားကြည့်နေရာမှ လန့်သွားမိ သည်။ ပြန်ကြည့်ရာ တုလေး၏ ခန္ဓာကိုယ်သည် မီးလောင်ရာများဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မှ လောင်ကျွမ်းသော အသံများ အဆက်မပြတ်ထွက်နေသည်။ သွေးများသည် ကန်ထဲသို့လျင်မြန်စွာ စီးဝင်သွားသည်။
“သူ့နောက်ဆုံးအသွင်ပြောင်းတဲ့အဆင့်ရောက်နေပြီထင်တယ်” ရှောင်ချီပြောလိုက်သည် “သူ ဒီတစ်ခါ အနှောင့်ယှက်ခံရလို့ကတော့ မဖွံ့ဖြိုးနိုင်တော့ပဲ အသုံးမကျဖြစ်သွားတော့မှာ၊ အဆိုးဆုံးဆိုရင် သူ့အသက် တောင် သေသွားနိုင်တယ်”
ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ကာ ဟိန်းနေသော တုလေး၏ ပါးစပ်ထဲသို့ထည့်ပေးလိုက်သည်။
“ယူယူ ကြည့်” ရှောင်ချီသည် လေထဲသို့ စိတ်လှုပ်ရှားစွာ ညွှန်ပြလေသည်။
ရှီမာယူယူကြည့်လိုက်ရာ ထိုလူများသည် မင်္ဂလာသားရဲ၏ ရောင်ဝါကိုအာရုံခံမိပြီး ပိုစိတ်လှုပ်ရှားလာကြ သည်။ ဟော့ဘာဝူချန်း၏ တားဆီးမှုသည် အသုံးမဝင်တော့ပေ။ မင်္ဂလာသားရဲကို လိုချင်သောဆန္ဒများ အရူးအမူး ပြင်းထန်လာကြသည်။ ဒီတစ်ကြိမ်တွင် လူအများသည် ဝိဉာဉ်အတားအဆီးကိုတိုက်ခိုက်လေသည်။
“သူတို့ ဒီလိုဆက်သွားမယ်ဆိုရင် ဝိဉာဉ်အတားအဆီးက ကြာကြာခံမှာမဟုတ်ဘူး၊ တုလေးက အသွင် ပြောင်းနေတုန်းပဲရှိသေးတယ် ငါသွားပြီးကြည့်မယ် ရှောင်ချီ ဒီမှာနေပြီးတုလေးကို ကြည့်ထား”
“အင်း” ရှောင်ချီသည် ခေါင်းညိမ့်ကာ သူမနှင့်လိုက်မည်ဟုမပြောပေ။
ရှီမာယူယူသည် လုံရိနှင့် ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများကို ဆင့်ခေါ်လိုက်သည် “ငါနဲ့အပြင်လိုက်ခဲ့”
သူမသည် ဝိဉာဉ်အတားအဆီးကို မဝင်နိုင်သော်လည်း ပြန်ထွက်နိုင်သည်။ သူမဝင်ခဲ့စဉ်က ဟိန်းသံ လေးနှင့် ပေါင်းစပ်ခဲ့ရသည်။ သို့သော် လုံရိနှင့် တခြားသူများရှိသဖြင့် သူမဘာသာဝင်ရန်မလိုတော့ပေ။
ဝိဉာဉ်အတားအဆီး အားနည်းလာသည်နှင့်အမျှ အထဲမှမြူခိုးထူများသည် ပါးလာသည်။ အထဲရှိ မြင်ကွင်းကို ဖျော့တော့စွာမြင်ရလာသည်။
“ဖန်လိုင် ဒီဝိဉာဉ်အတားအဆီးဘယ်လောက်ကြာအောင် ခံနိုင်လဲကြည့်ရအောင်” လူကြီးတစ်ယောက် သရော်ကာ ဝိဉာဉ်အတားအဆီးကို တိုက်ခိုက်လေသည်။
ရှီမာယူယူသည် လူများကိုခေါ်ကာ ဝိဉာဉ်အတားအဆီးမှထွက်လာပြီး ထိုလူကြီးကိုတိုက်လေသည်။
ထိုလူသည် အံ့ဖွယ်သူတော်စင်အဆင့်သာဖြစ်သည်။ ရှီမာယူယူနှင့် တိုက်ခိုက်ရသည့်အတွက် တုံပြန်မှု မရှိ အရိုက်ခံရတော့သည်။
“ဒီနေရာက ကောင်းကင်ဂိုဏ်းရဲနေရာပဲ၊ ဒီဝိဉာဉ်အတားအဆီးကိုတိုက်တဲ့ဘယ်သူမဆို မျိုးနွယ် ခေါင်းဆောင်တွေက ငါ့အတွက် သတ်ပေးရမယ်” ရှီမာယူယူသည် အေးစက်စွာကြေညာလေသည်။
“ဟုတ်ကဲ့ သခင်လေး” မျိုးနွယ်ခေါင်းဆောင်များသည် တောင့်တင်းကြသည်။ သူတို့ ကန်တွင်ရပ်လိုက် သည်နှင့် ထိုလူများသည် လှုပ်ရှားရန်ကြောက်ရွံ့ကြသည်။
ရှီမာယူယူ လေထဲတွင်ရပ်လိုက်သည်ကို ဖန်ကျိရှင်းမြင်လိုက်သည်။ သူ ဒီနေရာသို့ရောက်သည့်အချိန်မှ စပြီး ပထမဆုံးအကြိမ်ပြုံးလိုက်သည်။
သူမ ပုံစံပြောင်းနေသော်လည်း သူမနောက်မှလူများမပြောင်းပေ။ ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများသည် သူမ နောက်မှ အမြဲလိုက်ပြီး သူမအမိန့်ကိုနာခံကြသည်။
“မင်းက ဘယ်သူလဲ” ထိုလူများသည် အသွင်ပြောင်းထားသော မိစ္ဆာများပေါ်လာသည်ကို တွေ့သည်နှင့် လှုပ်ရှားနေရာမှ ရပ်လိုက်သည်။
“ငါက ကောင်းကင်ဂိုဏ်းကကျောင်းသားပဲ” ရှီမာယူယူ ပြန်ဖြေလေသည် “ဒီမှာ မင်္ဂလာသားရဲမရှိဘူးလို့ ကျောင်းအုပ်ကြီးဖန် ရှင်းပြပြီးပြီလေ မြန်မြန်ထွက်သွားလိုက်တော့”
ကောင်းကင်ဂိုဏ်းက ကျောင်းသားဟုတ်လား၊ ကောင်းကင်ဂိုဏ်းက ဘယ်တုန်းကတည်းက ဒီလောက် အားကောင်းတဲ့ကျောင်းသားရှိသွားတာလဲ။
“အော် မင်း…” ဟော့ဘာဝူချန်းသည်လည်း ရှီမာယူယူကို မှတ်မိသွားသည်။ သွေးလွှမ်းဂူအတွင်းတုန်းက ရှီမာယူယူသည် ဗျိုင်းဖြူမျိုးနွယ်ကို ဦးဆောင်ခဲ့ကြောင်း သတိပြန်ရသွားသည်။
“အချိန်ဆွဲပေးတဲ့အတွက် ဟော့ဘာသခင်လေးကိုကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ကို စကား ဖြတ်ကာ အရိုအသေပေးလေသည်။
ဟော့ဘာဝူချန်းသည် မျက်တောင်နှစ်ချက်ခတ်ကာ သူမဆိုလိုသည်ကို နားလည်ကြောင်းပြလိုက်သည်။ ဒီကောင်လေးက သရုပ်မှန်ကိုမပြချင်ဘူးပဲ။
“မျှမျှတတဖြစ်အောင်လို့ မိုးပေါ်မှာရောက်နေတဲ့လူတွေ အမြီးသိမ်းလိုက်ပါ” ဟော့ဘာဝူချန်းသည် ကျားဟုန်ဂေါင်နှင့် တခြားသူများကိုကြည့်လေသည်။
ရုတ်တရက်ပင် လူတစ်ယောက်သည် ကန်ကိုညွှန်ပြကာ အော်လေသည် “အထဲမှာ တကယ်ပဲ လူ တစ်ယောက်ရှိနေတယ်”
“တကယ်လူတစ်ယောက်ပ”
ရှီမာယူယူနှင့် ဖန်လိုင်တို့ကြည့်လိုက်သည်။ သူတို့သည် ဝိဉာဉ်စွမ်းအင်များစုပ်ယူနေသော တုလေးကို မြင်လိုက်ပြီး စွမ်းအင်အားလုံးသည် ပတ်ပတ်လည်တွင်စုနေသည်။ တည်ဆောက်မှု၏ ဝိဉာဉ်စွမ်းအင်ပင်လျှင် စုပ်ယူခြင်းခံလိုက်ရသည်။ တည်ဆောက်မှုသာ ဝိဉာဉ်စွမ်းအင်မလုံလောက်ပါက လှုတ်ခတ်သွားမည်ဖြစ်သည်။ ထူထဲစွာဖုံးအုပ်ထားသော မြူသည် ပျောက်ကွယ်သွားကာ အပြင်မှလူများသည် အထဲမှအခြေအနေကို ရှင်းလင်း စွာမြင်ရလေသည်။
“အထဲမှာ လူတစ်ယောက်ပဲရှိတယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါဆိုရင် မင်္ဂလာသားရဲရဲ့ ရောင်ဝါက ဘယ်ကလာတာလဲ” အနက်ရောင်ကတုံးသည် တုလေးအားကြည့်ပြီး အံ့သြစွာပြောလေသည်။
တခြားသူများလည်း အံ့သြသွားကြသည်။ သူတို့သည် မင်္ဂလာသားရဲ၏ ရောင်ဝါကို ရှင်းလင်းစွာ အာရုံခံ မိကြသည်။ ဘယ်လိုလုပ် လူတစ်ယောက်ဖြစ်နေတာလဲ။
“ငါပြောသားပဲ သူက အတွင်းဂိုဏ်းကကျောင်းသားတစ်ယောက်ပါလို့ သူကနလန်ထူနေတာ” ဖန်လိုင် ပြောလေသည်။
“မဟုတ်သေးဘူး” ကောင်းကင်တောင်ဂိုဏ်းမှ အကြီးအကဲအော်လိုက်သည် “အဲကလေးမှာ သွေးသား ရှိနေတယ်၊ သူကမင်္ဂလာသားရဲသွေးသားစီးဆင်းနေတယ်၊ မဟုတ်ဘူး အဲသွေးသားကအသက်ဝင်နေပြီ၊ အခု သူက ဆင့်ကဲဖြစ်စဉ်ပြီးသွားပြီ၊ ဆင့်ကဲဖြစ်စဉ်သာအောင်မြင်သွားရင် သူက ပြီးပြည့်စုံတဲ့ မင်္ဂလာသားရဲဖြစ်သွား ပြီ”
“အစပိုင်းမှာ လူသားကနေမင်္ဂလာသားရဲဖြစ်သွားတယ်ဆိုရင် သာမန်မင်္ဂလာသားရဲထက်တောင် ပို ကောင်းသေးတယ်” ကျားဟုန်ဂေါင်နှင့် ပါလာသော လူတစ်ယောက်သည်ပြောလေသည်။
“ဒါဆိုရင် ဟုန်ဂေါင်တော့ အမြတ်ရတော့မယ်” နောက်တစ်ယောက်က ရယ်မောလေသည်။
“ငါ့ကံကောင်းတာပဲ” ကျားဟုန်ဂေါင်၏ မျက်နှာသည် ပြုံးသွားလေသည်။
“ကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးနေတာပဲ” ရှီမာယူယူ နှာမှုတ်လိုက်သည်။
***