လွှမ်းမိုးနိုင်သော ပန်းလေး
Vol. 008 Ch. 718
ရှီမာယူယူဘေးမှ လေအေးများသည် သန်လှသဖြင့် ကျားဟုန်ဂေါင်တို့ လျစ်လျူရှု၍မရပေ။
သူမ အနောက်မှအုပ်စုသည် အလွန်ထူးခြားသည်။ သူတို့ထက် အရေအတွက်နည်းသော်လည်း အင်အားမှာ သူတို့အောက်မလျော့ပေ။
သို့သော် မင်္ဂလာသားရဲအတွက် သူ၏ စိတ်ကိုလျော့မရပေ။
“အကြီးအကဲအဖြူ ကူစောင့်ပေးပါ၊ တုလေးနားကိုကပ်ရဲတဲ့သူကို သတ်ပစ်လိုက်ပါ” ရှီမာယူယူသည် အေးစက်စွာ အမိန့်ပေးလေသည်။
“ဟုတ်ကဲ့ သခင်လေး” အကြီးအကဲအဖြူသည် ပြန်ဖြေလေသည်။ သူတို့သည် ပျံသွားကာ တုလေးဘေး တွင် ပုံစံအမျိုးမျိုးဖြင့်ရပ်လိုက်ကြပြီး တုလေးအားအလယ်တွင်ထားလိုက်ကြသည်။ သူတို့သည် တုလေးကို မည်သူမျှထိခွင့်ပေးမည်မဟုတ်ပေ။
“ဟုန်ဂေါင် မင်္ဂလာသားရဲရဲ့သွေးသား အသက်ဝင်လာပြီ၊ အခုသူ့ခန္ဓာကိုယ်က ကြီးထွားလာနေပြီ၊ ဒီအချိန်ကို စာချုပ်ချုပ်လိုက်နိုင်ရင်တော့ ထိန်းကျောင်းဖို့ မိစ္ဆာထိန်းကျောင်းသူတောင်မလိုတော့ဘူး” ကျားဟုန်ဂေါင်၏ သူငယ်ချင်းယောက်ကပြောလေသည် “သူကြီးထွားတာပြီးလို့ လှုပ်ရှားလာတဲ့အထိ စောင့်ရင် စာချုပ်ချုပ်တဲ့နေရာမှာ ပြဿနာဖြစ်လာနိုင်တယ်”
“ဂိုဏ်းအကြီးအကဲ… သူ့သွေးအဆီအနှစ်ကိုလိုချင်တယ်ဆိုရင် အခုချိန်ကအကောင်းဆုံးပဲ၊ သူ့ခန္ဓာကိုယ် ပြီးပြည့်စုံအောင်ကြီးထွားပြီးတဲ့နောက်ဆိုရင် သူ့ကိုသတ်ဖို့ပိုခက်သွားလိမ့်မယ်” ကောင်းကင်တောင်ဂိုဏ်း ခေါင်းဆောင်ဘေးမှ လူတစ်ယောက်သည် သူ့ကိုသတိပေးလေသည်။
“အင်း ငါတို့က စာချုပ်ချုပ်ချင်ရင်တောင် အခုက လှုပ်ရှားဖို့အကောင်းဆုံးအချိန်ပဲ” ကောင်းကင်တောင် ဂိုဏ်းအကြီးအကဲသည် ခေါင်းညိမ့်ကာ သူ့ဘေးမှလူများကို အမိန့်ပေးလိုက်သည်။
“အားလုံးပဲ ငါတို့ဒီမင်္ဂလာသားရဲကိုရမှဖြစ်မယ်” ကောင်းကင်တောင်ဂိုဏ်းခေါင်းဆောင်ဘေးမှလူက အော်လိုက်သည်။ ကောင်းကင်တောင်ဂိုဏ်းမှလူများသည် ချက်ချင်းပင် တုလေးဆီသို့သွားကြလေသည်။
“အတူလုပ်ရင်အောင် သူတို့အရေအတွက်ကလည်းများတာမဟုတ်ဘူး၊ ငါတို့ပြန်တိုက်နိုင်ရင် မင်္ဂလာသားရဲကို ရနိုင်ချေရှိတယ်”
“သွားကြမယ် တခြားသူတွေကိုမင်္ဂလာသားရဲမပေးနိုင်ဘူး”
ကောင်းကင်တောင်ဂိုဏ်းမှလှုပ်ရှားသည်ကို မြင်သည်နှင့် အားလုံးသည် ငြိမ်မနေတော့ပဲ အရှေ့သို့တိုး ကြလေသည်။
ကောင်းကင်တောင်ဂိုဏ်းမှအကြီးအကဲနှင့် တခြားဂိုဏ်းအကြီးအကဲများသည် ဗျိုင်းဖြူဂိုဏ်းအကြီးအကဲ များနှင့် တိုက်ကြသည်။ သူတို့သည် လေထဲတွင်တိုက်ကြကာ တုလေးကိုကာကွယ်သည့်နေရာမှ တစ်ဖဝါးမှ မခွာ ကြပေ။
“မင်းတို့သွားကြ အဲလူကိုကောင်းကောင်းစောင့်ပေး” ဟော့ဘာဝူချန်းသည် သူ့လူများကို အမိန့်ပေးလေ သည်။
“ဟုတ်ကဲ့ သခင်လေး” ဟော့ဘာမိသားစုမှလူများသည် သူတို့၏မိစ္ဆာပျံများကိုဆင့်ခေါ်ပြီး ထိုလူများနှင့် တိုက်ခိုက်ကြလေသည်။
“မင်းလည်းသွားသင့်တယ်၊ အောက်ကလူနဲ့ သခင်လေးကို ကာကွယ်” ဖန်ကျိရှင်းသည် ရှီမာယူယူဆီသို့ ပျံသွားပြီး သူမနောက်မှလူများကိုပြောလိုက်သည်။
သူတို့ခေါ်လာသော ဟော့ဘာမိသားစုနှင့် ဖန်မိသားစုတို့၏ အင်အားမှာမကြီးလှပေ။ သူတို့၏ စာချုပ် ဝိဉာဉ်မိစ္ဆာများနှင့်ပါ ပေါင်းလျှင်တောင် ထောင်ချီသောလူများကို ရှင်းရန် ခက်ခဲနေသေးသည်။
“အာ…”
တုလေး၏ ရောင်ဝါသည် ပိုသန်မာလာသည်။ သူ၏ဟိန်းသံသည် လူအများ၏ အာရုံကိုဖမ်းစားထား သည်။ တုလေးကိုရရန်အတွက် သူတို့သည် ဟော့ဘာမိသားစုနှင့် ဖန်မိသားစုကိုဖြတ်ကျော်ရန်လိုသည်။
ဝိဉာဉ်အတားအဆီးသည် ဝိဉာဉ်စွမ်းအင်မရှိခြင်းနှင့် မျိုးစုံသောတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့ လေပြီ။ ဝိဉာဉ်အတားအဆီးမရှိသောအခါ ထိုလူများ၏ မျက်လုံးများသည် တုလေးအပေါ်ကျရောက်လာသည်။
“ဟင် ငါ့ကိုမမြင်ကြတာလား” ရှောင်ချီသည်အော်ပြီးနောက် တုလေးဆီသို့ပျံလာသည်။ သူမသည် လက်သီးမြှောက်ကာ အနားကပ်လာသောလူများကို တစ်ယောက်ပြီးတစ်ယောက် ထိုးချလေသည်။ သူမသည် အားလုံးကိုပျံအောင် ထိုးလိုက်သည်။
“ပန်းလေး ဒီနေ့တော့ မင်းကိုအသားစားခွင့်ပြုတယ်” ရှီမာယူယူလက်ဝေ့ရမ်းလိုက်သည်နှင့် ပန်းလေး ထွက်လာသည်။
ပန်းလေးသည် ကန်ထဲသို့ကျပြီး ကြီးထွားလာသည်။ မည်သူမှ တုန့်ပြန်နိုင်ခြင်းမရှိခင်မှာပင် ပန်းလေး သည် ကန်ဘောင်တစ်ခုလုံးကိုဖြန့်ကျက်လိုက်သည်။
ယူယူ၏ ခွင့်ပြုချက်ရပြီးနောက်တွင် ပန်းလေးသည် စိတ်အားထက်သနလာသည်။ လူသားအရွယ်ရှိ သော ပန်းများသည် ကန်အထက်တွင် လူးလွန့်နေသည်။ အသားစားပန်းများသည် နေရာအနှံ့ပြန့်သွားသည်။
ပန်းတစ်ပွင့်သည် တုလေးအား ငုံထားသည်။ အနားကိုလာသူမှန်သမျှကို စားရာ တခြားလူများအတွက် အာရုံစိုက်စရာဖြစ်နေသည်။
“အသားစားပန်းဘုရင်ပဲ” လူတစ်ယောက်သည် ပန်းလေးကို သတိထားမိကာ အံ့သြစွာဖြင့် အော်လေ သည်။
“ဝါး ဒီနေ့တော့ လူတွေအများကြီးပဲ ငါတော့ဗိုက်ပြည့်တော့မယ်” ပန်းလေး၏ ပန်းများသည် လေထဲတွင် ပျော်ရွှင်နေကြသည်။
“နောက်ဆုတ်ကြ ပန်းတွေရဲ့ ထောင်ချောက်ထဲမကျမိစေနဲ့” လူတစ်ယောက် အော်လိုက်သည်။
သတိပေးသည်မှာ နောက်ကျသွားကာ အဆင့်နိမ့်သောလူများသည် ပန်းလေး၏ ပန်းများစားခြင်းကိုခံ လိုက်ရလေသည်။ အဆင့်မြင့်သောလူများသာ သူတို့၏ လှုပ်ရှားမှုမြန်ဆန်သောကြောင့် လွတ်မြောက်သွားခဲ့ကြ သည်။
“ဟုန်ဂေါင် ဒါက အသားစားပန်းဘုရင်ပဲ” ကျားဟုန်ဂေါင်၏ သူငယ်ချင်းသည် ပန်းများကို မျက်မှောင်ကြုတ်ကြည့်ရင်း အကြောက်တရားဖြင့်ပြောလေသည်။
“အသားစားပန်းဘုရင်က အားကောင်းလို့လား” မာလင်းနှင့် ဂျူနီယာများသည် ထိုပန်းဝိဉာဉ်မိစ္ဆာ အကြောင်းကို မသိကြပေ။
“အသားစားပန်းဘုရင်က သူ့ပင်မအမြစ်အသက်ရှင်နေသရွေ့ကို ပန်းတွေပွင့်အောင်လုပ်နိုင်တယ်၊ ပန်းတွေအကုန်ကလည်း စွမ်းအားအတူတူပဲ၊ အသားစားပန်းဘုရင်က ထောင်ချီအောင်ထုတ်နိုင်တယ်လို့လည်း ပြောကြတယ်” ကျားဟုန်ဂေါင် ပြန်ဖြေလေသည်။
“အဲလောက် အားကောင်းတာလား” မာလင်း အံ့သြသွားလေသည်။ အားလုံးသည်လည်း အသားစား ပန်းဘုရင်ကို ကြောက်သွားကြသည်။
ကျားဟုန်ဂေါင်သည် ကျောက်စိမ်းတစ်ပိုင်းကို တိတ်တဆိတ်ထုတ်လိုက်ရာ တခြားသူများလည်း ထို အတိုင်းလုပ်ကြသည်။
“ဝါး ဘာလို့ဒီဘက်ကိုမလာတာလဲ” ပန်းလေးသည် နောက်ဆုတ်နေသော ထိုလူများကိုအော်လိုက်လေ သည်။ ထိုအသံသည် လေတိုးသည့်အသံလိုပင်။
ရှီမာယူယူသည် ပန်းတစ်ပွင့်ဆီပျံသွားပြီး တက်လိုက်သည်။ ဗျိုင်းဖြူအကြီးအကဲများသည်လည်း သူမ အနောက်ရှိ ပန်းများအပေါ်တက်ကာ သူမအားအလယ်တွင်ထားလိုက်ကြသည်။
သူမဘေးတွင် ဝန်းရံထားကြပြီး သူမသည် တိတ်ဆိတ်နေသည်။ သို့သော် သူမသည် လောကထိပ်ဖျား တွင် ရပ်ပြီးအားလုံးကိုကြည့်နေသကဲ့သို့ အားလုံးခံစားရသည်။
ဖန်လိုင်သည် ပန်းလေး၊ သူမအနောက်မှဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများကို မြင်သောအခါ သူမအပေါ် အမြင်ပြောင်းသွားသည်။
တခြားသူများ မသိသော်လည်း သူသိသည်။ ထိုမျိုးနွယ်အကြီးအကဲများသည် ဝိဉာဉ်အတားအဆီးထဲမှ ထွက်လာခြင်းဖြစ်သည်။ သူထွက်လာစဉ်က ထိုလူများမရှိပေ။ ဒီလူတွေဘယ်ကရောက်လာတာလဲ။ သူသည် စိတ်ထဲတွင် တချို့ကိုမှန်းဆထားသည်။
ဟော့ဘာဝူချန်းသည် ရှီမာယူယူအား ယုံကြည်ရခက်စွာကြည့်ပြီး မျက်လုံးကိုပွတ်လိုက်သည်။ သူသည် ဖန်ကျိရှင်း ပခုံးကိုပုတ်ကာ “ကျိရှင်းအဲဒါတကယ်ပဲသူလား”
ကျိရှင်းသည် သူ့ကိုငယ်စဉ်ကပင်သိခဲ့သည်။ သူ၏ ဆိုလိုရင်းကို အလိုလိုနားလည်ပြီးသားပင်။ သူ ဘာမှ မပြောပဲ ရှီမာယူယူအား ပြုံးပြီးကြည့်လိုက်သည်။
သူမက ဒီနှစ်တွေကိုကျော်ဖြတ်ပြီး အမြန်အရွယ်ရောက်ခဲ့ပြီပဲ။ အခု သူမက စတင်ကျင့်ကြံခဲ့ဖူးတဲ့ မိန်းကလေး တစ်ယောက်နဲ့လုံးဝကွဲပြားသွားခဲ့ပြီ။ သူမ ကျင့်စဉ်မှာမြန်သော်လည်း သူမ လုပ်စရာမှာများပြားလွန်း သဖြင့် ဒီ့ထက်မြန်မြန်အရွယ်ရောက်သည်ကို သူ မျှော်လင့်ခဲ့သည်။
ရှီမာယူယူ၏ လက်ရှိပုံစံကို နာလန်လန်မြင်သောအခါ သူမသည် ရုတ်တရက်ပင် ယိလင်းတိုင်းပြည်က ထိုလူကို ပြန်တွေးမိသွားသည်။ သူတို့အကျင့်များသည် လုံးဝပင်ကွဲပြားသည်။ သူတို့ အင်အားမှာလည်း မတူညီ ပေ။ သူမ ဘာလို့ အဲတစ်ယောက်ကိုတွေးမိသွားတာလဲ။
ရှီမာယူယူသည် ဂိုဏ်းအကြီးအကဲများကို ကြည့်လိုက်သည်။ ထိုလူများသည် သူတို့ဂိုဏ်း၏ ထိပ်တန်းလူ များဖြစ်ကြသည်။ သူတို့ အင်အားသည် သူမ၏ မျိုးနွယ်အကြီးအကဲများနှင့် သိပ်မကွာခြားလှပေ။ သူတို့်သည် သေရန်နီးလာသောကြောင့် ဒီနေ့ပွဲတွင်ဝင်ပါသည့် လူအိုကြီးများနှင့်တူလေသည်။
“ဒီတိုင်းပြည်မှာ အသားစားပန်းဘုရင်ကိုခေါ်လာနိုင်မယ်လို့ ထင်မထားဘူးပဲ” ကောင်းကင်တောင်ဂိုဏ်း အကြီးအကဲက မှတ်ချက်ပေးလေသည်။ “သူက အင်အားကောင်းပြီး ညှိနှိုင်းလို့ရပေမယ့် ဒီအဆင့်က ငါတို့နဲ့ ညှိနှိုင်းလို့ရတဲ့ အဆင့်မဟုတ်ဘူး၊ မင်းတို့မှာ အဲလောက်အရည်အချင်းမရှိဘူး”
“ဒီပန်းက ခင်ဗျားတို့ကို ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုတာ သိတယ်၊ ကျွန်တော့် မျိုးနွယ်အကြီးအကဲတွေ ကတော့ လုပ်နိုင်တယ်” ရှီမာယူယူ ပြန်ပြောလေသည် “သူတို့နဲ့ရှင်းနေတုန်းကို အသားစားပန်းဘုရင်နဲ့ကိုပါ တစ်ခါတည်းရှင်းနိုင်လို့လား”
***