← Chapters

သူမကိုသတ်

Vol. 008 Ch. 719

သူမကိုသတ်

Vol. 008 Ch. 719

သို့သော် သူမပြောသည်မှာ အမှန်ဖြစ်သည်။ ထိုအကြီးအကဲများသည် ပေါ်ထွက်မလာသည်မှာ နှစ် အတော်ကြာပြီဖြစ်သည်။ ဒီဂိုဏ်းအကြီးအကဲများကို ဖြေရှင်းချက်မရှိ သေအောင်ထိ ဖိအားပေးနိုင်သော မျိုးနွယ် သို့မဟုတ် မျိုးနွယ်ခေါင်းဆောင်များကို သူမ မသိပေ။

ရှီမာယူယူသည် လူအုပ်အားကြည့်ကာ ဆက်တိုက်ရန် အစီအစဉ်မရှိတော့ပေ။ တည်ဆောက်မှုမှာ ကျိုး ပျက်သွားပြီဖြစ်ကာ ဝိဉာဉ်အတားအဆီးလည်းမရှိတော့ပေ။ တုလေး ပေါ်သွားလေပြီ။ သူမ ဂရုမစိုက်မိပဲ သူ့ကို ထိခိုက်စေမိပါက သူမအတွက် တစ်သက်လုံးနောင်တရသွားရမည်။

တစ်ဖက်လူများသည် တစ်စုံတစ်ရာကိုစောင့်နေသကဲ့သို့ ဘာလှုပ်ရှားမှုမှ မလုပ်ပေ။

နှစ်ဖက်လုံးသည် ရပ်တန့်နေကြသည်။

ဖန်လိုင်သည် ကျားဟုန်ဂေါင်၏ သေးငယ်သောလှုပ်ရှားမှုတစ်ခုကို သတိထားမိလိုက်သည်။ သူသည် တပ်ကူခေါ်နေသည်ကို သတိထားမိသော်လည်း တားလိုက်ခြင်းမရှိပေ။ တုလေးသည် အချိန်လိုအပ်နေသေး သည်။ အခုသူမျှော်လင့်နေသည်မှာ တစ်ဖက်လူသည် တပ်ကူခေါ်လာချိန်တွင် အဘိုးကြီးယွမ်လည်း လူခေါ်ကာ ရောက်လာမည်ဟု မျှော်လင့်ထားသည်။

နှစ်ဖက်အဖွဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် အချိန်သည်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ သည်။ တုလေး၏ အခြေအနေသည် တည်ငြိမ်လာကာ ရောင်ဝါသည် တစ်နေရာတည်းတွင်စုစည်းသွားသည်။ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။

တုလေးသည် ရေထဲမှထကာ ပန်းများကာထားသောအောက်တွင် အဝတ်များကိုဝတ်လိုက်သည်။ သူ ပန်းတစ်ပွင့်ပေါ်ခုန်တက်ကာ ဟိန်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရောင်ဝါသည် ပွင့်ထွက်လာသည်။ အားလုံးသည် ဖိနှိပ်ခံရသော ခံစားမှုကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် တောအတွင်းတွင် ရွှေရောင်မျက်လုံးများစွာ ပွင့်လာသည်။ သူတို့၏ မျက်လုံးများ သည် ပျော်ရွှင်မှုများပြည့်နေသည်။ လူအများသည် သူတို့ ရောက်နေသည့်နေရာမှ ထွက်လာကာ လေထဲတွင် စီတန်းလိုက်ကြသည်။

“မင်းခံစားမိလား”

“အင်း တကယ်ပဲ”

“သွားကြည့်ရအောင်”

“အင်း ငါတို့အတည်ပြုရမယ်”

တုလေးသည် ရောင်ဝါကိုထုတ်လွှတ်ပြီးနောက် ရှီမာယူယူဘေးလာလိုက်သည်။ သူသည် စိတ်လှုပ်ရှား စွာ ခေါ်လေသည် “အစ်ကိုကြီး”

ရှီမာယူယူသည် ကြီးထွားလာသော အသက်၂၀အရွယ် တုလေးကိုကြည့်ကာ သူမ၏ မိသားစုမှ ကလေး တစ်ယောက်ကြီးထွားလာသကဲ့သို့ ရုတ်တရက်ခံစားရလေသည်။

သူမ သူ့ခေါင်းအားပွတ်ပြီး ပြုံးလိုက်သည် “မင်းကြီးလာပြီပဲ ငါ့ထက်တောင်အရပ်ရှည်နေပြီ”

“ကျွန်တော်က အစ်ကိုတို့ အစ်မတို့ရဲ့ တုလေးပါပဲ” တုလေး၏ ခန္ဓာကိုယ်မှာ ရင့်ကျက်လာသော်လည်း သူ့အပြုံးမှာ အရင်ကအတိုင်း သူမကို မှီခိုတုန်းပင်။

အဝေးရှိတောင်တစ်နေရာတွင် ဘေဂုံထန်နှင့်တခြားသူများလည်း စိတ်လှုပ်ရှားကြသည်။ သူတို့သည် တုလေးသည် ဝေဒနာများစွာခံစားရပြီးမှ ကြီးထွားလာရခြင်းကို စိတ်မကောင်းကြပေ။

“အရင်က တုလေးအန္တရာယ်ရှိတယ်ဆိုတာကို သိခဲ့တယ်၊ ဒါပေမဲ့ ဒီလောက်နှစ်တွေကြာအောင် ခံစားရ ခဲ့မယ်လို့ မထင်ထားဘူး၊ အခုအဆင်ပြေသွားလို့တော်သေးတယ်” ဖက်တီးကျူသည် စိတ်ခံစားချက်အပြည့်ဖြင့် ပြောလေသည်။

“သူကအဆင်ပြေတယ် ဒါပေမဲ့ အခြေအနေကတော့ မကောင်းဘူး” ရှီမာယူလင်းသည် ကောင်းကင် တစ်နေရာကိုကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ” ရှီမာယူမင် မေးလိုက်သည်။

“ဟိုလေဟာပြင်မှာ လှုပ်ရှားမှုရှိတယ်၊ လူတစ်ယောက်တော့လာနေပြီ” ရှီမာယူလင်းသည် လေဟာပြင် ပြောင်းလဲမှုကို ခံစားလွယ်သည်။ သေးငယ်သော လှုပ်ရှားမှုတစ်ခုကိုပင် သူခံစားနိုင်သည်။

တုလေးသည် ဖန်လိုင်အား အရိုအသေပေးကာ ကျေးဇူးတင်စွာ ပြောလေသည် “လွန်ခဲ့တဲ့ ၂နှစ်က ဒီကိုလာပြီးဂရုစိုက်ပေးတဲ့အတွက် ဒုကျောင်းအုပ်ဖန်ကိုကျေးဇူးတင်ပါတယ်”

“ရပါတယ်” ဖန်လိုင်ပြုံးလိုက်သည် “ဒီနေရာကအရင်ထွက်သွားရအောင်”

တစ်ဖက်လူမှ တပ်ကူမရောက်ခင် သူတို့အမြန်ထွက်သွားသင့်သည်။

“မင်းတို့ထွက်သွားလို့ရမယ်လို့ ထင်တုန်လား” ကျားဟုန်ဂေါင် နှာမှုန်လိုက်သည်။

“ဆရာဦးလေး ဆရာတို့လာမှာလား” မာလင်းသည် စိတ်လှုပ်ရှားစွာမေးလေသည်။

“ရောက်တော့မယ်” ကျားဟုန်ဂေါင် ပြောလိုက်သည် “သူတို့ကိုသွားတားလိုက်၊ သူတို့ဘာပဲပြောပြော သူတို့ကိုထွက်သွားခွင့်ပြုလို့မရဘူး၊ ဒီနေ့သူတို့ထွက်သွားတာနဲ့ နောက်ကို မင်္ဂလာသားရဲဖမ်းဖို့ပိုခက်သွားမယ်”

“ဟုတ်ကဲ့ပါ ဆရာဦးလေး”

ပညာရှိစံအိမ်တော်မှလူများသည် သူတို့ခေါင်းဆောင်လာနေပြီဖြစ်၍ အသားစားပန်းများကို ကြောက်ရန် မလိုတော့ကြောင်းကို သိသည်။ သူတို့သည် လေထဲတွင် ဝန်းရံထားကြသည်။

တခြားလူများလည်း သူတို့တပ်ကူများကို ဆက်သွယ်ထားကြသည်။ သူတို့ရောက်မလာခင်တွင် တုလေး နှင့်တခြားသူများကို ထွက်မသွားခိုင်းရဲပေ။ လူအုပ်လိုက်ကြီးသည် လမ်းကိုပိတ်ထားကြသည်။

“သူတို့ တပ်ကူတွေခေါ်ထားပြီး အချိန်ဆွဲနေတာထင်တယ်၊ လမ်းပေါက်ဖို့ဆိုရင် သူတို့ကိုသတ်ရမယ်” ဖန်လိုင်သည် ပြောပြီးသည်နှင့် ချက်ချင်းပင် ကျားဟုန်ဂေါင်ကိုတိုက်လေသည်။ သူတို့နှစ်ယောက်သည် တိုက်ခိုက်ကြသည်။

ကျားဟုန်ဂေါင်နှင့် တခြားသူများ အချိန်ဆွဲနေသည်ဟု ရှီမာယူယူလည်း ခံစားမိသည်။ ဖန်လိုင် အမိန့် ပေးလိုက်သည်နှင့် ပန်းလေးသည် ပန်းများကို ထိန်းချုပ်ကာ ထိုလူများကို ကိုက်ဖြတ်လေသည်။ အဆင့်နိမ့်သော လူများသည် သူတို့အရှိန်နှင့် ပြေးမလွတ်ပဲ အစားခံလိုက်ရတော့သည်။

တုလေးသည် ပျံတက်နိုင်လောက်သော အားရှိနေပြီဖြစ်သည်။ သူ့အားသည် အံ့ဖွယ်အဆင့်မှ ဧကရာဇ် အဆင့်မြင့်သို့ရောက်နေပြီဖြစ်သည်။ သူသည် ကျားဟုန်ဂေါင်နှင့် ပါလာသော ကျွမ်းကျင်သူများကို တိုက်ခိုက် လေသည်။

ဖန်ကျိရှင်းတို့သည်လည်း ဝင်ပူးပေါင်းကာ တိုက်ကြလေသည်။

“ဟုန်ဂေါင် ငါမခံနိုင်တော့ဘူး၊ ငှက်မျိုးနွယ်ကို ကူညီခိုင်းဖို့ ဆင့်ခေါ်မှရတော့မယ်” ကျားဟုန်ဂေါင်၏ သူငယ်ချင်းသည် ဝန်ခံလေသည်။

“ဒါဆို သူငယ်ချင်း သူတို့ကိုဆင့်ခေါ်လိုက် ပြန်သွားရင် ပညာရှိစံအိမ်တော်က မင်းကို ကျေးဇူးဆပ်မှာပါ” ကျားဟုန်ဂေါင် ပြောလိုက်သည်။

တစ်ဖက်လူသည် ထိုစကားအားစောင့်နေသည်။ သူ၏ အာမခံမှုနှင့် သူ၏ စာချုပ်မိစ္ဆာအားဆင့်ခေါ်လိုက် သည် “မင်း ငါ့ကိုကူညီမယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ ငါသေသွားမယ်ဆိုရင် မင်းလည်းသေမှာပဲ၊ ငါ မင်းကိုဆွဲ မသွင်းချင်ဘူး၊ ဒါပေမဲ့ ကျေးဇူးပြုပြီး အနားမှာရှိတဲ့ငှက်မျိုးနွယ်တွေကို ကူညီပေးဖို့ပြောပေးပါ မင်းလည်း ငါ့ကို မသေစေချင်ဘူးမလား”

ထိုလူ ခေါ်ထုတ်လိုက်သည်မှာ သာမန်ဖီးနစ်ငှက်မဟုတ်ပဲ အလွန်သန်မာသော ဖီးနစ်ငှက်ဖြစ်သည်။ သူ ဘာနည်းလမ်းကိုသုံးပြီး စာချုပ်ချုပ်ခဲ့သည်ကိုတော့ မသိနိုင်ပေ။

ဖီးနစ်ငှက်ဘေးတွင် အေးစက်သော လေများပေါ်လာသည်။ သူသည် အေးစက်သောအကြည့်ဖြင့် သူ့သခင်ကို ကြည့်လိုက်သည်။

သူသည် ရှုပ်ယှက်ခတ်နေသော တိုက်ပွဲမြေပြင်ကိုကြည့်ပြီး သူ့သခင်ပေါ်မှ ဒဏ်ရာများကိုကြည့်လိုက် သည်။ သူသည် ဖိနှိပ်သောရောင်ဝါထုတ်လိုက်သည်။ မကြာမီတွင် အဝေးမှအော်သံထွက်လာသည်။

ဖီးနစ်ငှက်ထွက်လာချိန်တွင် ရှီမာယူယူသည် သူ့ကိုသတိထားမိပြီး သူ၏ ထူးခြားသော ဖိနှိပ်မှုကိုခံစားမိ သည်။

“ယူယူ၊ အဲဒါက သန်မာတဲ့မီးငှက်ဖြစ်ရမယ်၊ သူ့အကြည့်တွေကလည်း လိုက်လျောတဲ့ပုံမပေါက်ဘူး၊ သူ မတော်တဆ စာချုပ်ချုပ်မိသွားတယ်ထင်တယ်” ငှက်လေးသည် ရှီမာယူယူကို ဝိဉာဉ်စေတီအတွင်းမှ ပြောလေ သည်။

ဖီးနစ်ငှက်သွေးသားမှာ ဟင်္သာငှက်မျိုးနဲ့ နီးစပ်သည်။ ထိုသွေးသားတွင် မီးငှက်၊ အစိမ်းရောင်ရစ်ငှက် ရွှေရောင်ဖီးနစ်နဲ့ အပြာရောင်ဖီးနစ်တို့ပါဝင်သည်။ မီးငှက်သည် တခြားဖီးနစ်တွေထက်အဆင့်မြင့်ကာ ဖီးနစ်ဘုရင်ဟု ခေါ်ဆိုကြသည်။ သူတို့အရေအတွက်မှာလည်း တခြားမျိုးနွယ်များထက်နည်းပါးသည်။ သို့သော် သူတို့၏ပျမ်းမျှအားမှာ သန်မာပြီး သူတို့၏တိုက်ပွဲသက်ရောက်မှုကိုလည်း လွယ်ကူစွာပင် တွေ့မြင်နိုင်သည်။

မီးငှက်များသည် လွန်စွာဘဝင်မြင့်ကာ လူသားများကို သူတို့သခင်အဖြစ် အလွယ်တကူ အသိအမှတ် မပြုနိုင်ကြောင်းကို သူမ ကြားဖူးသည်။ ထိုလူသည် ဖီးနစ်ငှက်နှင့် မည်ကဲ့သို့စာချုပ်ချုပ်ခဲ့သည်ကို သူမ မသိ တော့ပေ။

“သူအခု ဘာလုပ်တာလဲမင်းသိလား” ရှီမာယူယူ မေးလိုက်သည်။

“မီးငှက်ရဲ့ရာထူးကမြင့်တယ်၊ အဲတော့ သူကအနီးအနားက ငှက်မျိုးနွယ်တွေကို ဆင့်ခေါ်မှာပဲ၊ သူအဲလူ တွေကိုဆင့်ခေါ်မယ်ထင်တယ်” ငှက်လေးခန့်မှန်းလေသည်။

“ဟား…” ရှီမာယူယူသည် ရယ်မောလိုက်သည်။ အဲလူက တကယ်ပဲ သူတို့ကိုကူညီဖို့အတွက် အနီးအနားက ငှက်မျိုးနွယ်တွေကို သုံးချင်နေတာပဲ။ နောက်ဆုံးဖြစ်လာမယ့် ရလဒ်ကိုတွေ့ရရင် သူ့မျက်နှာ ဘယ်လိုဖြစ်မလဲဆိုတာ သူမ သိချင်မိသား။

“ယူယူ ငှက်လေးကိုခဏလောက်အပြင်ပေးထွက်လိုက်၊ အဲအချိန်ကျရင် သူတို့မျက်နှာဘယ်လိုဖြစ်မလဲ ကြည့်ချင်တယ်” အိမ်မက်လေး သွားဖြဲလေသည်။

“အိုခေ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ပညာရှိစံအိမ်တော်မှ လူများဖြစ်သွားမည့် မျက်နှာ များကိုလည်း သူမသိချင်မိသည်။

မကြာမီတွင် ငှက်မျိုးနွယ်တစ်စုသည် အလယ်သို့ပျံလာသည်။ ရှီမာယူယူ ပျော်သွားသည်။ ရောက်လာ သူများသည် ခြေတံနီကြိုးကြာများသာဖြစ်သည်။ သူတို့ခေါင်းဆောင်၏ အင်အားမှာ အရမ်းမမြင့်ပေ။ သူတို့ ဘုရင် မဖြစ်နိုင်ပေ။

ကြိုးကြာနီများရောက်လာသောအခါ သူသည် ချက်ချင်းပင်တိုက်ပွဲတွင်ဝင်ပါလေသည်။ သို့သော် လူထန်ရှေ့ရောက်သောခါ အရိုအသေပေးလေသည် “သခင်ကြီး ကျွန်တော်တို့ကိုဘာလို့ခေါ်တာလဲ”

လူထန်သည် ရှီမာယူယူအားကြည့်ပြီး ပြောလေသည် “သူမကိုသတ်”

***

All Chapters