← Chapters

သူမသေနိုင်ဘူး

Vol. 008 Ch. 720

သူမသေနိုင်ဘူး

Vol. 008 Ch. 720

လုထန်၏အမြင်တွင် ကျားဟုန်ဂေါင်နှင့် တခြားသူများသည် အသားစားပန်းဘုရင်ကို ကိုင်တွယ်နိုင်ခြင်း မရှိကာ ရှီမာယူယူသည် အသားစားပန်းဘုရင်၏ ပိုင်ရှင်ဖြစ်သည်။ သူမကိုရှင်းလိုက်ပါက ပြဿနာမဖြစ်နိုင်တော့ ပေ။

လုထန်၏ သိသာနေသောအပြုအမူကိုကြည့်ရသည်မှာ ငှက်လေးသည် ဂဠုန်များ၏ ဘုရင်ဖြစ် သော်လည်း ထိုငှက်မျိုးနွယ်များကို အမိန့်မပေးခဲ့သော်လည်း ထိုလူသည် သူတို့ကို အလွယ်တကူ အမိန့်ပေးနိုင် သည်ကိုတော့ ဝန်ခံရမည်။

ကြိုးကြာနီများသည် တိုက်ပွဲမြေပြင်နှင့် ကွာဝေးသော်လည်း အခြေအနေကို ခန့်မှန်းမိကြသည်။ သူတို့ သည် လုထန်၏ အမိန့်ကိုကြားသောအခါတွင် ခေါင်းဆောင်သည် သူ့နောက်လိုက်များကို တိုက်ခိုက်ရန်အမိန့်ပေး လေသည်။

ကြိုးကြာနီများသည် တခြားသောငှက်များလောက် အရွယ်အစားမကြီးပေ။ သူတို့သည် တစ်ကောင်လျှင် ၁မီတာမှ ၂မီတာအရှည်ရှိကြသည်။ သူတို့အတူတိုက်ကြရာ ရှီမာယူယူ၏ ဘေးဘက်ကို ပိတ်ဆို့ပြီးဖြစ်လေသည်။

ရှီမာယူလင်းတို့အဖွဲ့သည် တိုက်ပွဲကိုအဝေးမှကြည့်ပြီး တုန့်ပြန်မှုမရှိပေ။ သို့သော် အဒေါ်၃နှင့် ဝူလေး တို့သည် ရင်တုန်လျက်ရှိသည်။ သူတို့ ကူညီရန်သွားမည်အပြုတွင် ဘေဂုံထန်က တားလေသည်။

“အဒေါ်၃ မစိုးရိမ်ပါနဲ့ ယူယူအဆင်ပြေမှာပါ” ဘေဂုံထန် ပြောလိုက်သည်။

“ကြိုးကြာနီတွေ ဒီလောက်အများကြီး သူမကိုဝိုင်းထားတာ ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ” အဒေါ်၃ သည် စိုးရိမ်စွာပြောလေသည်။

“သူမကိုယုံရမယ်၊ ကြည့် အစ်ကိုဖန်တောင်မသွားဘူး” ဘေဂုံထန် ပြောလိုက်သည်။

အဒေါ်၃သည် ဘေဂုံထန်ညွှန်ပြသော ရှီမန်ဖန်ဘက်သို့ကြည့်လိုက်သည်။ သူသည် စိုးရိမ်နေသော်လည်း လှုပ်ရှားမှုမရှိပေ။

“အဒေါ်၃ သူမ အဆင်ပြေမှာပါ” ကုန်ရှန်ယိ ဝင်ပြောလေသည်။

သိပ်မကွာဝေးသောနေရာတွင် လူဆိုးကြီး၁၀ယောက်သည်လည်း ရှီမာယူယူအား ဝင်ကူညီလိုသည်။ သို့သော် သူမ၏ အပေါင်းအဖော်များ ငြိမ်နေသည်ကိုတွေ့သောအခါ မလှုပ်ရှားကြပေ။

ရှီမာယူယူ သူမကိုယ်ကို ကာကွယ်ရန် အသားစားပန်းများကို ခေါ်ယူခြင်းမရှိသည်ကို ပျာယာခတ် နေသော မြင်ကွင်းကိုကြည့်နေသော တခြားလူများမြင်လိုက်ရသည်။ သူတို့သည် သူမကိုရူးမိုက်သည်ဟု အပြစ် တင်ကြသည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူတို့အပြစ်မတင်နိုင်ကြတော့ပေ။ အကြောင်းမှာ သူမဆီသို့ ချည်းကပ်သွားသော ကြိုးကြာနီများသည် သူမကိုတိုက်ခိုက်ရန်မဟုတ်ပဲ မြေပေါ်လှဲကာ တုန်ယင်နေ ကြလေသည်။

“ဒါက ဒဏ္ဍာရီလာဂဠုန်ကြောင့်ဖြစ်ရမယ်”

“ဂဠုန်ဘုရင်လား သူကဘာလို့ဒီမှာပေါ်လာတာလဲ”

“ကြည့် ဒါတကယ်ပဲ ဒဏ္ဍာရီလာဂဠုန်ပဲ”

“အဲလူရဲ့ နောက်ခံကဘာလဲ၊ အသားစားပန်းဘုရင်ရှိတဲ့အပြင်ကို အပင်မိစ္ဆာစာချုပ်ရှိတယ်၊ အခု ဂဠုန် ဘုရင်အထိ၊ ကံကောင်းလို့ ငါတို့နောက်ဆုတ်ခဲ့လိုက်လို့ပေါ့၊ ဒါက ငါတို့ဒီနှစ်တွေထဲမှာ ချခဲ့တဲ့ဆုံးဖြတ်ချက်ထဲမှာ အမှန်ဆုံးပဲ”

ငှက်လေးသည် ရှီမာယူယူအား ဝေ့ပတ်ပျံသန်းပြီးနောက် လူသားအသွင်ပြောင်းကာ သူမဘေးသို့ ဆင်းသက်လိုက်သည်။ သူသည် မြေပေါ်မှလူများကို ဖိအားဖြင့် ကြည့်ကာ အေးစက်စွာပြောလိုက်သည် “မင်းတို့ က ဒီဘုရင်ကြီးရဲ့ စာချုပ်သခင်ကိုတိုက်ခိုက်ရဲတဲ့ သတ္တိရှိနေကြတာပဲ”

“ဘုရင်ရဲ့ စာချုပ်သခင်ဟုတ်လား”

မြေပါ်ရှိ ကြိုးကြာနီများသည် ကြောက်ရွံ့သွားကြသည်။ ဘယ်လိုလုပ်ဒီလူက ဘုရင်ရဲ့ သခင်ဖြစ်နေရ တာလဲ။ သူတို့သိခဲ့ပါက သေရင်တောင်တိုက်မည်မဟုတ်ပေ။ ငှက်လေးသည် သူ၏ ရောင်ဝါကိုလွှတ်လိုက်ရာ ကြိုးကြာနီများသည် အသက်ပင်မရှုရဲကြပေ။

လုထန်နှင့် စာချုပ်ချုပ်ထားသော ဖီးနစ်ပင်လျှင် မခံနိုင်ပဲ ခေါင်းငုံ့ထားရလေသည်။

“ဘုရင်ကြီး ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့၊ သူ့ကို ဘုရင်ကြီးရဲ့ စာချုပ်သခင်မှန်းမသိလို့ပါ၊ ဘုရင်ကြီး စိတ်မဆိုးပါနဲ့” ကြိုးကြာနီခေါင်းဆောင်မသည် ကျန်သောသူများထက် သန်မာသဖြင့် စကားပြောနိုင်သေးသည်။

“ငှက်လေး သူတို့ကိုမသတ်နဲ့” ရှီမာယူယူ ပြောလိုက်သည် “သူတို့က အမိန့်နာခံရတာပဲရှိတာ”

သူမသည် လုထန်နှင့် သူ၏ စာချုပ်မိစ္ဆာကိုကြည့်လိုက်သည်။

ငှက်လေးသည် ရောင်ဝါကိုပြန်သိမ်းလိုက်ရာ ကြိုးကြာနီများ အသက်ရှုချောင်သွားသည်။ သူတို့ တစ်ယောက်ချင်းစီသည် ကြိုးတန်းပေါ်လမ်းလျှောက်နေရသကဲ့သို့ဖြစ်နေသဖြင့် အသက်ကိုကျယ်လောင်စွာ မရှု ရဲကြပေ။ သူတို့သည် ငှက်လေးကို မပျော်မရွှင်ဖြစ်အောင်လုပ်မိကာ အသတ်ခံရမည်ကိုကြောက်နေကြသည်။

ကျားဟုန်ဂေါင်နှင့် တခြားသူများသည် ကြောင်နေကြသည်။ သူတို့သည် အစပိုင်းက အကူအညီပေးခိုင်း ရန် ကြိုးကြာနီများကိုဆင့်ခေါ်ကာ တစ်ဖက်လူကိုအနိုင်ရလိုခြင်းဖြစ်သည်။ ရှီမာယူယူသည် ဂဠုန်ဘုရင်၏ စာချုပ် သခင်ဖြစ်ကာ ကြိုးကြာနီမားသည် ရုတ်တရက် အလျင်အမြန်ပင် သူတို့အကူအညီရသွားမည်ဟု ထင်မထားပေ။

ငှက်လေးသည် ရောင်ဝါကိုပြန်ရုတ်သိမ်းလိုက်ပြီဟု ဆိုသော်လည်း ဒေါသထွက်နေသေးကာ အေးစက် စွာပြောလေသည် “ဒီခဏတော့ ငါ့စာချုပ်သခင်အတွက်တိုက်ပေးမယ်ဆိုရင် မင်းတို့ကိုခွင့်လွှတ်ပေးမယ်၊ အခု အဲလူတွေကိုအရင်သွားသတ်၊ ဒီဘုရင်ကြီးရဲ့ စာချုပ်သခင်ကိုတိုက်ရဲတဲ့လူ ဘယ်သူမဆိုအလွတ်မပေးဘူး”

“ဟုတ်ကဲ့ပါ ဘုရင်ကြီး”

ကြိုးကြာနီများသည် ထကာ ဘက်ပြောင်းပြီး တစ်ဖက်လူကိုတိုက်ခိုက်ကြလေသည်။ သူတို့၏ တပ်ကူ များသည် ရန်သူများဖြစ်သွားကြသည်။

အစပိုင်းကတည်းက ယူယူ၏ဘေးလူများသည် တခြားသူများထက် သန်မာကြသည်။ အခု ကြိုးကြာနီ များထပ်ပေါင်းလိုက်သောအခါ ထိုလူများသည် ကျရှုံးကြလေသည်။

လုဖေသည် သူ့စာချုပ်သခင် နောက်ဆုံးထွက်သက်ကျန်သည်အထိ အရိုက်ခံနေရသည်ကို စောင့်ကြည့် နေသည်။ သူသည် မူလနေရာတွင်နေကာ ကူညီရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ရှီမာယူယူ သူ့ရှေ့လာ သောအခါ မည်ကဲ့သို့အပြုအမူမှမပြပေ။

“ပြောဦး ငါ သူ့ကိုသတ်လိုက်မယ်ဆိုရင် ဘာဖြစ်မလဲ”

“သေသွားမှာ” လုဖေသည် သူသေဆုံးမှုသည် သူနှင့်ဘာမှမဆိုင်သလို ရေရွှတ်လေသည်။

“မင်းမကြောက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ဘာကိုကြောက်ရမှာလဲ” လုဖေသည် သေရမည်ကို မကြောက်ပေ။ “စာချုပ်က အသက်နဲ့ဆက်နေတာ ဒါပေမဲ့ ငါအသက်ဆက်ရှင်နေမှာကိုပဲ စိုးရိမ်နေခဲ့တာ၊ ငါသေသွားမယ်ဆိုရင် အထောက်အကူတောင်ဖြစ်သေး တယ်”

ရှီမာယူယူရယ်မောလိုက်သည်။ သူ့ကို သတ်မည်ဟု သူမပြောသဖြင့် သတ်မည်မဟုတ်ပေ။

သို့သော် ရှောင်ချီသည် စိတ်တိုနေသေးသည်။ သူမ လုဖေ၏ စာချုပ်သခင်ဆီသို့ပျံသွားကာ ခြေထောက် မြှောက်ပြီး သူ့ရင်ဘတ်ပေါ်သို့တင်လိုက်သည်။

“မင်းကများ ယူယူကိုသတ်ဖို့ လူတွေခေါ်ရဲတယ်ဟုတ်လား ဟင် လူတွေထပ်ခေါ်လိုက်လေ”

“ဟား”

ထိုလူသည် ဒဏ်ရာများစွာရထားသော်လည်း တောင့်ခံနေသေးသည်။

လုဖေသည် ထိုနေရာတွင် ရပ်နေသေးသည်။ ထိုလူ၏ သေခြင်း ရှင်ခြင်းသည် သူနှင့် မဆိုင်သည့်ပုံပင်။

“ဟင် မင်းကိုသေတွင်းထဲပို့ပေးမယ်” ရှောင်ချီပြောပြီးနောက် နောက်ဆုံးကန်ချက်ကို ပြင်ဆင်လိုက် သည်။

ရုတ်တရက်ပင် သန်မာသောလေပြင်းတိုက်လာသည်။ အန္တရာယ်ရှိသည်ဟု ရှောင်ချီ ခံစားရသဖြင့် နောက်ပြန်ဆုတ်လိုက်သည်။ ထိုကန်ချက်သည် တစ်ဝက်ရောက်နေပြီဖြစ်သည်။

“အစ်ကို သနားပေးပါ” အသံတစ်သံသည် အဝေးမှ ရှီမာယူယူဆီသို့အော်လာသည်။

ရှီမာယူယူ အသံလာရာကြည့်ရာ အရောင်စုံလှသောဝတ်စုံကိုဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်သည် အမျိုးသမီးကြီးတစ်ယောက်နောက်မှ အလျင်စလိုလိုက်လာသည်။ ရှောင်ချီအား ပစ်မှတ်ထား သော စွမ်းအင်သည် ထိုအမျိုးသမီးကြီးဆီမှဖြစ်သည်။

သူမသည် ထိုအမျိုးသမီးအား မတွေ့ဖူးသော်လည်း သူမကိုမှတ်မိနေဆဲဖြစ်သည်။ သူမသည် ရှောင်ချီ လှုပ်ရှားတော့မည်ကို မြင်သေအခါ လျင်မြန်စွာအော်လိုက်သည် “ရှောင်ချီ ခဏလေး”

ရှောင်ချီသည် ခြေထောက်ကိုမရာမှ ရှီမာယူယူ ပြောလိုက်သည်ကိုကြားသောအခါ ခြေထောက်သည် လေထဲတွင် တွဲလောင်းဖြစ်နေသည်။ သူမသည် ထိုအမျိုးသမီးကြီးကိုကြည့်ကာ “အခု ကျွန်မကိုတိုက်လိုက်တာ ရှင်လား”

“သူငယ်ချင်းလေး သနားပေးပါ” ထိုအမျိုးသမီးသည် ထိုကဲ့သို့ပြောသော်လည်း သူ့အမူအရာမှာ စကားလုံးနှင့် ပြောင်းပြန်ဖြစ်နေသည်။

“သနားမပေးဘူးဆိုရင်ရော” ရှောင်ချီသည် လက်နှစ်ဖက်ကိုနောက်ပစ်ထားကာ ထိုလူအားတက်နင်း လိုက်သော်လည်း ဖိအားမထည့်ပေ။

“မလုပ်လိုက်ပါနဲ့” ရောင်စုံအင်္ကျိနှင့် မိန်းကလေးသည် လုဖေဘေးသို့ပျံလာပြီး ရှောင်ချီအားကြည့်လေ သည် “သူ့အသက်ကိုသက်ညှာပေးပါ”

“မင်းကဘယ်သူလဲ သူက ပညာရှိစံအိမ်တော်ကလူမို့လို့ကူညီပေးနေတာလား” ရှောင်ချီသည် ရောင်စုံ အင်္ကျိနှင့် မိန်းကလေးကိုကြည့်လိုက်သည် “ဟုတ်တယ်ဆိုရင်တော့ ငါအဲစကားနားမထောင်နိုင်ဘူး”

ရောင်စုံအင်္ကျိနှင့် မိန်းကလေးသည် ရှီမာယူယူအားကြည့်ပြီး တောင်းပန်လေသည် “အစ်ကိုကြီး သူ့ကို သနားပေးပါ၊ သူဘယ်သူဆိုတာလဲတော့ ကျွန်မမသိပါဘူး ဒါပေမဲ့ သူသေလို့မရဘူး”

***

All Chapters