မကြိုးစားနဲ့
Vol. 008 Ch. 721
“သက်တန့်လေး မင်းကြီးလာပြီပဲ” ရှီမာယူယူသည် သက်တန့်လေးအားကြည့်ကာ လက်ရမ်းပြလိုက် သည်။ ငှက်လေးသည် လူသားတစ်ယောက်အသွင်ပြောင်းနိုင်နေပြီဖြစ်သည်။
သက်တန့်လေးသည် ရှီမာယူယူရှေ့လာရာ ယူယူသည် ပန်းပေါ်မှဆင်းကာ သူမနှင့် အတူရပ်လိုက် သည်။
“အစ်ကိုကြီး သူက သက်တန့်လေးရဲ့ဦးလေးပါ၊ သူ့ရဲ့စာချုပ်သခင်ကိုမသတ်ပါနဲ့” သက်တန့်လေးသည် ရှီမာယူယူ၏လက်ကိုဆွဲကာ ပြောလေသည်။
“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ငါတို့သက်တန့်လေးကပြောမှတော့ သူ့အသက်ကို ညှာတာပေးရမှာပေါ့”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” သက်တန့်လေးသည် နောက်ဆုံးမှပင် ပြုံးနိုင်တော့သည်။
“သက်တန့်လေး သူမကိုတောင်းပန်နေလို့ ဘာအသုံးဝင်မှာလဲ၊ အခု ငါကစာချုပ်မိစ္ဆာဖြစ်နေပြီ၊ ရှင်နေ တာထက်စာရင် သေတာကောင်းတယ်” လုဖေသည် သက်တန့်လေးအားကြည့်ကာ အသက်ရှင်နေရခြင်းကို မကျေနပ်နိုင်ဖြစ်နေသည်။
“ဦးလေး…. ဦးလေးက သက်တန့်လေးကြောင့်နဲ့ ဒဏ်ရာရထားလို့ ဒီလူနဲ့ စာချုပ်ချုပ်တာခံလိုက်ရတာပါ သက်တန့်လေးကို အပြစ်ခံစားရပြီးသေသွားတာကို မြင်ချင်လို့လား” သက်တန့်လေးသည် မျက်ရည်များဖြင့် ပြော လေသည် “ဦးလေး.. ဦးလေးက သက်တန့်လေးရဲ့ နောက်ဆုံးဆွေမျိုးပါ၊ သက်တန့်လေးကို ဒီလိုပဲပစ်ထားသွား တော့မလို့လား”
“ငါ…” လုဖေ၏ အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားလေသည်။ သူမအတွက်ကြောင့်သာ မဟုတ်လျှင် သူသည် ဘာလို့ စာချုပ်ချုပ်ပြီးနေသွားရမှာလဲ။
“ဦးလေး စိတ်ချပါ သက်တန့်လေး နည်းလမ်းရှာပြီး ဦးလေးရဲ့ စာချုပ်ကိုဖျက်ပေးမယ်” သက်တန့်လေး ကတိပေးလေသည် “အဲမတိုင်ခင်ကို သေဖို့မတွေးပါနဲ့ မဟုတ်ရင် သက်တန့်လေး ဦးလေးနဲ့ အဖေနောက်လိုက် ခဲ့မှာ”
လုဖေလျှောက်လာကာ သူမမျက်နှာမှ မျက်ရည်များကိုသုတ်ပေးလိုက်သည် “ဦးလေးက သမီးကို ဂရုစိုက်ပါမယ်လို့ သမီးအဖေကိုကတိပေးပြီးမှတော့ သမီးအရွယ်မရောက်မချင်း ကတိမဖျက်ပါဘူး”
ထိုလူနှင့် စာချုပ်ဖျက်ရမည့်နည်းလမ်းရှိသည်ကို သူမယုံကြည်သော်လည်း သက်တန့်လေးအရွယ် မရောက်ခင်ကို သူသေ၍မဖြစ်ပေ။
“ဟင်း” ရှောင်ချီသည် သက်ပြင်းချကာ ထိုလူ၏ ခြေထောက်ပေါ်တက်နင်းလိုက်သည်။
ရှီမာယူယူသည် သူမ၏ သွေးနားထင်ရောက်သော အမူအရာကိုတွေ့သောအခါ လျှောက်သွားလိုက် သည် “ရှောင်ချီ မိတ်ဆက်ပေးရမယ်၊ ဒါကသက်တန့် အရင်တုန်းကငါ့သူငယ်ချင်းပဲ၊ သက်တန့် ဒါကရှောင်ချီ”
ရှောင်ချီသည် ခေါင်းလွှဲလိုက်သည်။ သူမသည် သက်တန့်ကိုမနှစ်သက်ပေ။
ဟင်း… ယူယူက ဒီကောင်မလေးက တောင်းပန်တာနဲ့ ဒီလူကို ဘာလို့လွှတ်ပေးရတာလဲ။
သက်တန့်သည် အသက် ၁၅နှစ် ၁၆နှစ်အရွယ် မိန်းကလေးဖြစ်ကာ ရှောင်ချီသည် ၇နှစ်အရွယ် ကလေး ဟု ထင်ရသည်။ သူမထက်ငယ်သည့်ပုံပေါက်နေသည်ကို မနှစ်သက်ပေ။
သူမသည် ထိုခံစားချက်ကိုမကြိုက်ပေ။
ရှီမာယူယူသည် သက်တန့်ကို ဆေးတစ်လုံးပေးလိုက်ပြီး ထိုအမျိုးသားကိုပေးခိုင်းလိုက်သည်။
“သက်တန့် ဒီလူကို ဘေဂုံနဲ့ တခြားသူတွေဆီခေါ်သွားလိုက်၊ ငါ ရှင်းစရာရှိသေးတယ်” သူမသည် ဘေဂုံထန်နှင့် တခြားသူများရှိသော တောင်ထိပ်ကိုညွှန်ပြလိုက်သည်။
ရှီမာယူယူ လုပ်ချင်သည့်အရာကို သက်တန့်မသိပေ။ သို့သော် သူမ ခေါင်းညိမ့်ပြီး လုဖေနှင့်အတူ ပျံသွား လိုက်သည်။ ထိုအမျိုးသမီးကြီးသည်လည်း အမျိုးသား၏ အဝတ်များကိုဆုပ်ကိုင်ကာ သူတို့နှင့်ထွက်သွားလေ သည်။
“ရှောင်ချီ သူတို့နဲ့လိုက်သွား” ရှီမာယူယူသည် ရှောင်ချီအားပြောလိုက်သည်။
“ရှောင်ချီ မသွားချင်ဘူး” ရှောင်ချီသည် နှုတ်ခမ်းဆူလေသည်။
ရှီမာယူယူသည် သူမအား ဖိအားမပေးချင်ပေ။ သူမသည် ပန်းလေးအား အမိန့်ပေးလိုက်သည် “ပန်းလေး အဲလူတွေကို အကုန်စားလိုက်”
ပန်းလေးသည် အမှန်အကန်သမားဖြစ်သည်။ ပန်းတစ်ပွင့်ပြီးတစ်ပွင့် ထိုလူများကို စားသောက်လေ သည်။ မာလင်းသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အံ့ဖွယ်အကာအကွယ်သုံးနိုင်သော နာလန်လန်နှင့်မတူသော ကြောင့် ပန်းများလက်မှ ထွက်ပြေးလေသည်။
“မြင့်မြတ်သောသမီးတော် ကျွန်တော်တို့ကိုကယ်ပါဦး” ပညာရှိစံအိမ်တော်မှလူများသည် သူမအား အဆက်မပြတ်တောင်းပန်ကြလေသည်။ သို့သော် အံ့ဖွယ်အကာအကွယ်သည် လူတစ်ယောက်အတွက်သာ အသုံးပြုနိုင်သည်။ သူမသည် တခြားသူများကို ဝင်ခိုင်းရန် နည်းလမ်းမရှိပေ။
ထို့ကြောင့် သူမသည် ဘာမှမပြောနိုင် ဘာမှမလုပ်နိုင်ဖြစ်နေသည်။ သူမသည် သူတို့ကိုမကယ်နိုင်သည့် အပြစ်ခံစားရမှုနှင့် နောင်တရမှုစသည့် နာကျင်မှုတို့ကိုတောင့်ခံနိုင်ရန် မျက်လုံးပိတ်ထားလေသည်။
“မြင့်မြတ်သောသမီးတော် ကယ်ပါဦး”
“ငါတောင်းပန်ပါတယ် တောင်းပန်ပါတယ်….” နာလန်လန်သည် သူမ ဆရာအမြန်ရောက်လာပါစေဟု ဆုတောင်းရင်း ခေါင်းရမ်းနေလေသည်။
“ရွှီး ရွှီး”
ရုတ်တရက်ပင် များစွာသော ဝိဉာဉ်စွမ်းအင်များသည် လေထဲတွင်ပေါ်လာကာ ပန်းအကိုင်းများ ကျိုးပျက် သွားပြီး အဖူးအငုံများ မြေပေါ်သို့ကျသွားလေသည်။ အစားခံရသောလူများ လိမ့်ထွက်လာသည်။
ရှီမာယူယူ၏ မျက်နှာတည်တံ့သွားသည်။ အချိန်ဆွဲပြီးနောက်တွင် တပ်ကူများရောက်လာလေပြီ။
“ဆရာ” နာလန်လန်သည်မျက်လုံးဖွင့်ကာ ပျော်ရွှင်စွာဖြင့် မိုးပေါ်သို့ကြည့်လိုက်သည်။
လေဟာပြင်ဝင်ပေါက် ပွင့်လာသည်။ နာလန်လန်၏ ဆရာ ယုချန်းပီသည် လူတစ်စုနှင့် ထွက်လာသည်။ လက်တစ်ချက်ဝေ့လိုက်သည်နှင့် ပန်းလေး၏ ပန်းအကိုင်းများ ပြတ်ကျကုန်သည်။
ပန်းလေးသည် ပန်းအကိုင်းများ အဖြတ်ခံလိုက်ရသဖြင့် နာကျင်မှုကြောင့် ရူးခါနေသည်။ ကိုင်းအသစ် များသည် ပန်းအကိုင်းများအဖြစ် လျင်မြန်စွာ ပြန်ကြီးထွားလသည်။
“ဟင်း အသားစားပန်းဘုရင်လောက်ကများ ငါ့အရှေ့မှာ မြန်မြန်ကြီးလာသလိုဟန်ဆောင်နေတယ်” ယုချန်းပီသည် အော်ကာ သူ၏ ဝိဉာဉ်စွမ်းအင်ဖြင့် လျင်မြန်စွာပင် ပန်းလေးအားတိုက်ခိုက်လိုက်သည်။ ထိုစွမ်းအင်သည် ပန်းလေးကို အစိတ်စိတ်အမွှာမွှာဖြစ်စေနိုင်သည်။
ရှီမာယူယူသည် လျင်မြန်စွာပင် စိတ်တိုနေသော ပန်းလေးကိုပြန်ခေါ်လိုက်သည်။ ထိုပန်းသည် နှိုးဆွခံရ ပြီးနောက်တွင် စိတ်လွတ်သွားလေပြီ။ ထိုတိုက်ခိုက်မှုကိုမြင်သော်လည်း မရှောင်ရှားနိုင်တော့ပေ။
ယုချန်းပီသည် ပစ်မှတ်ပျောက်သွားပြီး သူ့တိုက်ချက်သည် မြေပေါ်ထိမှန်သွားရာ မီတာ ၁၀ဂဏန်း အနက်ရှိသော တွင်းဖြစ်သွားလေသည်။
ပန်းလေးအားပြန်ခေါ်ပြီးနောက်တွင် နာလန်လန်သည် သူမ၏ အံ့ဖွယ်အကာအကွယ်အားပြန်သိမ်းပြီး ယုချန်းပီဘေးပျံလာကာ “ဆရာ”
“အဆင်ပြေလား” ယုချန်းပီသည် စိုးရိမ်စွာမေးလေသည်။
“အဆင်ပြေပါတယ်၊ ကံကောင်းလို့ ဆရာအချိန်မှီရောက်လာတာ၊ ဒါပေမဲ့ စီနီယာအစ်ကိုတွေ အစ်မတွေ ကတော့…” နာလန်လန်သည် ဝမ်းနည်စွာပြောလေသည်။
ပန်းလေး၏အဖူးများ ပြတ်သွားသော်လည်း တချို့လူများသည် အသက်ဆုံးရှုံးပြီးဖြစ်ကာ မနိုးထနိုင်ကြ တော့ပေ။
ယုချန်းပီသည် ပညာရှိစံအိမ်တော်ဝတ်စုံဝတ်ဆင်ထားသော သေလူများကိုကြည့်ကာ “ပညာရှိ စံအိမ်တော်ကလူတွေကို ထိခိုက်အောင်လုပ်တဲ့လူကိုအလွတ်မပေးဘူး”
“ကျေးဇူးတင်ပါတယ် ဆရာ” နာလန်လန်သည် ကျိုးနွံစွာဖြင့် အနောက်သို့လာပြီး ယုချန်းပီ၏နောက်တွင် ပါလာသောလူများနှင့် သွားရပ်လေသည်။
ယုချန်းပီသည် တုလေးဘက်ကြည့်ကာ “ဒါကမင်္ဂလာသားရဲလား၊ သူကတကယ်ပဲ လူသားအသွင် ပြောင်းသွားတာလား”
“ဆရာ သူကနဂိုကတည်းက လူပါ” နာလန်လန်ရှင်းပြလေသည် “သူက အစကလူသားပါ၊ အခု မိစ္ဆာ သွေးသားက လူသားသွေးသားကိုဝါးမြိုသွားပြီ၊ သူကမင်္ဂလာသားရဲဖြစ်နေပြီ”
“သူက ကြိုးစားပြီးမှ မင်္ဂလာသားရဲဖြစ်လာတာလား၊ အဲလိုမင်္ဂလာသားရဲက သက်ရောက်မှုမကောင်းဘူး” ယုချန်းပီသည် တုလေးအား မကျေနပ်စွာကြည့်လေသည်။
“ဆရာ သူကကြိုးစားပြီးမှဖြစ်လာတယ်ဆိုပေမယ့် သူ့သွေးသားစွမ်းအားက အရမ်းသန့်ရှင်းပြီး သာမန် မင်္ဂလာသားရဲထက်တောင် မြင့်သေးတယ်” နာလန်လန် ပြောလိုက်သည်။
“သူက ဘာမင်္ဂလာသားရဲအမျိုးအစားလဲ”
“ဒါက…. ကျွန်မလည်းမသိပါဘူး၊ သူက မင်္ဂလာသားရဲရောင်ဝါပဲထုတ်ပြပြီး ဘာမင်္ဂလာသားရဲလဲဆိုတာ ကို မပြပါဘူး” နာလန်လန် ပြန်ဖြေလေသည် “အဲဒါကြောင့် သူ့ရဲ့မူလခန္ဓာကိုယ်ကို မသိရပါဘူး”
“သူ့မူလခန္ဓာကိုယ်ကို မသိဘူးဟုတ်လား” လေဟာနယ်ထဲမှ အသံတစ်သံသည် ထွက်လာသည်။ ထိုအခါ ကန်ပတ်လည်တွင် လေဟာပြင်အပေါက်များစွာဖြစ်လေသည်။
မြေပေါ်မှလူများသည် တပ်ကူများရောက်လာသဖြင့် စိတ်သက်သာရာရကြလေသည်။
“ဒုအကြီးအကဲ”
“ဒုသခင်”
“ဆရာ ရောက်လာပြီလား”
“မိသားစုခေါင်းဆောင်”
မကြာမီတွင် ထိုလူများသည် သူတို့်၏တပည့်များ မျိုးနွယ်ဝင်များ ထိုကဲ့သို့အရိုက်ခံထားရသည်ကိုတွေ့ သောအခါ ဒေါသထွက်ကြလေသည်။ သို့သော် အခုချိန်မှာ ဒေါထွက်ရမည့်အချိန်မဟုတ်ပေ။ သူတို့၏ ရှည်လျား သော အင်္ကျိလက်များကိုသပ်ကာ ထိုလူများ၏ ပါးစပ်ထဲသို့ ဆေးများကျွေးလိုက်သည်။
ဖန်လိုင်သည် တပ်ကူများကိုမြင်သောအခါ သူ၏မျက်နှာသည် ရှီမာယူယူ၏ ဟင်းအိုးကဲ့သို့ မည်းသွား လေသည်။ ထိုလူများသည် တုလေးအား မတူညီသောရည်ရွယ်ချက်ထားနေသည်။ တုလေးသည် မင်္ဂလာသားရဲ ဖြစ်သောကြောင့်ဟု ရိုးရှင်းသောအကြောင်းအရင်းကြောင့် လာခြင်းမဟုတ်ပေ။
သူသည် တုလေးအားကြည့်ကာ အကြောင်းအရင်းအမှန်ကိုမမှန်းနိုင်တော့ပေ။
***