ရှင်းလင်းခြင်း
Vol. 008 Ch. 722
လေထဲတွင် လှိုင်းများထသွားသည်။ အင်အားကြီးတစ်ခုပြီးတစ်ခုမှလူများ လေဟာပြင်ဝင်ပေါက်မှ ပေါ် လာကြသည်။ လက်တစ်ဆုပ်စာလူသာရှိနေရာမှ သူတို့လူများကို ဆင့်ခေါ်ရာ တစ်ခဏအတွင်းမှာပင် အင်အား ကြီးလာလေသည်။
ရှီမာယူယူသည် အသစ်ရောက်လာသောအင်အားကိုကြည့်ပြီး ဖန်လိုင်ဘေးလာကာ “ဒုကျောင်းအုပ်ဖန် ဘယ်လိုလုပ်မလဲ”
“အခြေအနေတွေကတော့ ပိုပြီးရှုပ်လာပြီ၊ အဲလူတွေက တခြားရည်ရွယ်ချက်ကြောင့်ရောက်လာတာ ဖြစ်မယ်” ဖန်လိုင် ပြောလိုက်သည် “ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့ အဲလောက်အင်အားကြီးတွေရောက်လာတာလဲ”
“ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်က တုလေးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငါ အဘိုးကြီးယွမ်တို့ကို အကူအညီတောင်းလိုက်တာ၊ ဒီလောက်အင်အားတွေအများကြီးရောက်လာ မယ်လို့ထင်မထားဘူး၊ အခုတော့ သူလူအများကြီးခေါ်လာလည်း အသုံးမဝင်တော့ဘူး” ဖန်လိုင်သည် စိုးရိမ်စွာ ပြောလေသည်။
ရှီမာယူယူသည် ထိုလူများကိုကြည့်ပြီး မှတ်ချက်ပေးလေသည် “ဒီမှာ အင်အားကြီးတွေအများကြီး ရောက်လာကြတယ် ဘာလို့လဲ”
“သူတို့အင်အားတွေကို မင်းသတိပြုမိတာတော့ကောင်းပါတယ်၊ ကံကောင်းစွာနဲ့ပဲ ငါတို့တော့ အင်အား မဲ့နေပြီ” ဖန်လိုင် ပြောလိုက်သည်။
ထိုနေရာတွင် လူအများအပြားရှိကာ အင်အားလည်းမြင့်ကြသည်။ အဘိုးကြီးယွမ်မှ တပ်ကူများခေါ်လာ လျှင်တောင်၊ ရှီမာယူယူမှ ဒဏ္ဍာရီလာဂဠုန်ငှက်နှင့် ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများရှိလျှင်တောင် ဧကရာဇ် အဆင့်ရှိသော ကျွမ်းကျင်သူများကို ပိတ်ဆို့ရန်တတ်နိုင်မည်မဟုတ်ပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တုလေးကိုလက်လွှဲမပေးနိုင်ဘူး” ရှီမာယူယူ ကြေညာလေသည် “ဒုကျောင်းအုပ်ဖန်၊ ကျွန်တော်အဲလူတွေကို ကိုင်တွယ်ဖို့နည်းလမ်းရှိတယ် ပြီးတော့ ဒုကျောင်းအုပ်ဖန် နည်းလမ်း ရှာပြီးထွက်သွားလိုကပါ”
“ထွက်သွားရမယ်ဟုတ်လား” ဖန်လိုင်သည် သူမအားကြည့်ပြီး ခေါင်းရမ်းလေသည် “မင်းနဲ့ တုလေးက ငါတို့အတွင်းဂိုဏ်းကကျောင်းသားတွေပဲ ဘယ်လိုလုပ် မင်းတို့ကိုပစ်ပြီးထွက်သွားရမှာလဲ ငါအသက်ရှင်ရင် တောင် အဘိုးကြီးယွမ်ကိုဘယ်လိုမျက်နှာချင်းဆိုင်ပြီး ဂိုဏ်းကကျောင်းသားတွေအကြောင်းပြောမှာလဲ”
“ဒုကျောင်းအုပ်ဖန် တုလေးကကျွန်တော့်ညီလေးပါ၊ သူ့ကိုပေးလိုက်ဖို့က ကျွန်တော့်အတွက်မဖြစ်နိုင်ဘူး ပြီးတော့ အဲလူတွေကလည်းလက်လျော့မှာမဟုတ်ဘူး၊ တုလေးအတွက်ကတော့ ကျွန်တော် အကြီးအကျယ် ပြန်တိုက်ရမယ်” ရှီမာယူယူ ရှင်းပြလေသည် “ကျွန်တော်က အတွင်းဂိုဏ်းကကျောင်းသားပေမယ့် ဒီကိစ္စကို ဂိုဏ်းနဲ့ မပတ်သတ်စေချင်ဘူး၊ ပြီးတော့ ဆရာလည်းဒီမှာရှိရင် ကျွန်တော် သတ်ပစ်နိုင်လောက်တယ်”
“မင်းဘာလုပ်မလို့လဲ” ဖန်လိုင်သည် ခံစားချက်မကောင်းပေ။
“ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်၊ ခွဲခြားခြင်းမရှိတိုက်ခိုက်မှု… ဒါပေမဲ့ အဲဒါပြီးရင်တော့ ကျွန်တော့်ရဲ့ တိုက်ခိုက်မှုသက်ရောက်ခြင်းက ဆုံးရှုံးသွားနိုင်တယ်၊ တခြားအခြေအနေရှိရင်တော့ ဒုကျောင်းအုပ်ဖန် ဖြေရှင်း ပေးပါ” ရှီမာယူယူ ပြောလိုက်သည် “ဒုကျောင်းအုပ်ဖန် မကျေမနပ်မဖြစ်ပါနဲ့”
သည်လိုနှင့် သူမသည် ဖန်လိုင် သတိလွတ်နေသည်ကိုအခွင့်ကောင်းယူကာ သူ့လက်မောင်းမှကိုင်ပြီး ကန်အပြင်ကိုဆွဲပစ်လိုက်သည်။
ယုချန်းပီနှင့် တခြားသူများသည် တုလေးကိုပစ်မှတ်ထားကြသည်။ သူထိုနေရာတွင်ရှိနေသရွေ့တော့ ထိုကလေးကိုဂရုမစိုက်ကြပေ။
ရှီမာယူယူသည် ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့ဆီလာပြီး အရိုအသေပေးကာ “သခင်လေးဟော့ဘာ အခုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ တုလေးကို ကျွန်တော့်ကိုအပ်ထားခဲ့လိုက်ပါ ဝင်မပါပဲ ဒီကထွက် သွားလိုက်ပါ”
“မသွားနိုင်ဘူး” ဟော့ဘာဝူချန်းသည် သဘောမတူပေ။ ကောင်းကင်ဂိုဏ်းမှတခြားလူသာ ထိုအဖြစ် အပျက်မျိုးဖြစ်ပွားပါက တွေဝေမှုမရှိပဲထွက်သွားမည်ဖြစ်သည်။ သို့သော် သူမသည် သူ၏ကျေးဇူးရှင်ဖြစ်ကာ ဖန်ကျိရှင်း၏ တပည့်ဖြစ်ပြီး ကလေးတစ်ယောက်ကို ထိုလူများကြားတွင် မည်ကဲ့သို့ရင်ဆိုင်ခိုင်းရမည်နည်း။
ဖန်ကျိရှင်းသည် စကားမပြောပေ။ သူသည် သူမကိုကြည့်ပြီး အဓိပ္ပာယ်ပါပါ ဖော်ပြလိုက်သည်။
ရှီမာယူူသည် ဖန်ကျိရှင်းအားကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ “စိတ်ချပါ ကျွန်တော့် မိဘတွေလည်း ရှာမတွေ့သေးဘူး လုပ်စရာတွေလည်းများသေးတယ်၊ ကျွန်တော့်အသက်ကို နောက်ပြောင်စရာလိုမလုပ်ပါဘူး၊ ဆရာတို့ကိုထွက်သွားခိုင်းတာ ကျွန်တော့်မှာယုံကြည်ချက်ရှိလို့ပါ၊ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း အဝေးကို ခေါ်သွားပေးပါ အဲဒါမှ ကျွန်တော်မစိုးရိမ်ရတော့မှာ”
သူမ၏ တောက်ပသောမျက်လုံးများကို ဖန်ကျိရှင်းမြင်သောအခါ သူမ အမေကိုသွားသတိရမိသည်။ သူတို့သည် ယုံကြည်ချက်အပြည့်ရှိသော မျက်လုံးများတူကြကာ ယုံကြည်ချက်ရှိသော စကားများပြောကြသည်။ သူ မထင်မှတ်ပဲ ခေါင်းညိမ့်ကာ “ကောင်းပြီ မင်းတစ်ခုခုဖြစ်ရင် မင်းအတွက် တိုင်းပြည်တစ်ခုလုံးကို မီးလောင် တိုက်သွင်းလိုက်မယ်”
ရှီမာယူယူသည် သူ၏ အတည်အတံ့ဖြစ်သော ပုံစံကြောင့်လန့်သွားသည်။ သူမသည် ဒီလိုဆရာမျိုးရှိ သည့်အတွက် စိတ်ထဲတွင် ဝမ်းသာမိသည်။
ဖန်ကျိရှင်းသည် ဘေဂုံထန်နှင့် တခြားသူများရှိရာသို့ ပျံသွားလိုက်သည်။ ရှီမာယူယူစကားပြောနေချိန် တွင် သူမသည် ထိုနေရာအားကြည့်နေခဲ့သည်။ ဖန်မိသားစုမှလူများသည် သူနှင့်အတူလိုက်ပါ ထွက်ခွာခဲ့ကြ သည်။
“ဟေး မင်းတကယ်ကြီးလား” ဟော့ဘာဝူချန်းသည် ဖန်ကျိရှင်းထွက်သွားသည်ကို မြင်သည်နှင့် အနောက်မှ အော်လေသည်။ သူသည် ရှီမာယူယူအားပြန်ကြည့်ပြီး သက်ပြင်းချကာ “သူက မင်းအတွက် တိုင်းပြည်တစ်ခုလုံးကိုမီးလောင်တိုက်သွင်းချင်ရင်တောင် ငါနဲ့ဆိုအဆင်ပြေပါတယ်”
ရှီမာယူယူ အားရပါးရပြုံးကာ “သခင်လေးဟော့ဘာ သူပြောတာ ကျွန်တော်သေမှပါ၊ မစိုးရိမ်ပါနဲ့ ကျွန်တော်အဲလိုဖြစ်အောင်လုပ်မှာမဟုတ်ဘူး”
“မင်းက မင်းအဖေနဲ့အတူတူပဲ၊ မင်းကိုဒေါသထွက်လို့တောင်မရဘူး” ဟော့ဘာဝူချန်းသည် လှည့်ထွက် ကာပျံသွားလေသည်။ ဟော့ဘာမိသားစုမှလူများသည်လည်း သူနှင့်အတူထွက်သွားလေသည်။
မိသားစုနှစ်ခုထွက်သွားသည်နှင့် ကန်အလယ်မှဗလာဖြစ်သွားလေသည်။
ရှီမာယူယူသည် ကြိုးကြာနီများဆီသို့လာပြီး “မင်းတို့လည်း သွားသင့်ပြီ၊ ဒီကိစ္စကိုဒါပြီးမှ ပြောကြမယ်၊ သခင်လေးဟော့ဘာနဲ့ အဖွဲ့ကငါ့အပေါ်ကောင်းတယ် သူတို့ကိုစောင့်ရှောက်လိုက်ပါ”
ကြိုးကြာနီခေါင်းဆောင်သည် ငှက်လေးအားကြည့်ပြီး သူငြင်းဆိုချက်မရှိသည်ကိုတွေ့လိုက်သည်။ သူတို့ကိုထွက်သွားရန်အမိန့်ဖြစ်သဖြင့် ဖန်ကျိရှင်းတို့နောက်လိုက်ကာ ဘေဂုံထန်တို့အဖွဲ့နှင့် တွေ့ဆုံလေသည်။
“သွားကြမယ်၊ ငါမင်းတို့ကိုအဝေးကိုပို့ပေးမယ်” ဖန်ကျိရှင်းသည် ရှီမန်ဖန်အားပြောလိုက်သည်။
“ယူယူကရော” ကုန်ရှန်ယိသည် ကန်အလယ်မှ လူ၄ယောက်ကို စိုးရိမ်စွာကြည့်လိုက်သည်။
“သူမအဆင်ပြေမှာပါ” ဘေဂုံထန် ပြန်ဖြေလိုက်သည် “ငါတို့်ဒီမှာနေရင် သူမအတွက် အဟန့်အတား ဖြစ်လိမ့်မယ်၊ အဝေးသွားနေတာပိုကောင်းမယ်”
“ဒါပေမဲ့ အစ်မဘေဂုံ အစ်ကိုကြီးက တစ်ယောက်တည်း၊ သက်တန့်တို့ မျိုးနွယ်ဝင်တွေကို ခေါ်လာလို့ရ တယ်၊ အဲတော့ အစ်ကိုကြီးကိုအကူအညီပေးလို့ရတယ်” သက်တန့်သည် စိုးရိမ်စွာပြောလေသည်။
“သက်တန့် ယူယူ့ကိုယုံတယ်မလား၊ သူမက မသေချာတာကို ဘယ်တုန်းကလုပ်ဖူးလို့လဲ” ဝေကျိရွှီ ပြော လိုက်သည် “သူမ အဲဒီအကွက်ကိုသုံးတော့မယ်ထင်တယ်”
“အဲအကွက်ဟုတ်လား ဘာအကွက်လဲ” ဟော့ဘာဝူချန်းမေးလိုက်သည်။
“အရင်ဆုံးဒီကနေထွက်သွားရအောင်၊ စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး” ရှီမာယူလင်း သတိ ပေးလေသည် “သူမလုပ်ခိုင်းတယ်ဆိုရင် မကြာခင်သိရမယ်လို့ယုံတယ်၊ ခင်ဗျားတို့ လိုက်ကြမယ်မလား”
လူဆိုးကြီး ၁၀ယောက်သည် ထိုအချိန်တွင် လန့်သွားကြသည်။ ရှီမာယူယူသည် သူတို့အား အံ့သြမှု များစွာကိုပေးခဲ့သည်။ သူမသည် ပထမအဆင့်အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တောင်ကြားသခင်လေး၊ အဂ္ဂိရတ် ပညာရှင်၊ အသားစားပန်းဘုရင်နှင့် ဒဏ္ဍာရီလာဂဠုန်ငှက်ကိုပိုင်ဆိုင်ပြီး ပထမအဆင့် မိသားစုမျိုးနွယ်များနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ သူမ တစ်ခုခုဖြစ်ပါက သူမအတွက် တိုင်းပြည်တစ်ခုလုံးကိုမီးလောင်တိုက် သွင်းမည်ဟုတောင် ပြောပေးခဲ့သည်။ ဆိုလိုသည်မှာ သူတို့ဆက်ဆံရေးမှာ ထူးခြားသည်။
ထိုသတင်းများသည် သူတို့တစ်ယောက်ချင်းစီအတွက် အံ့သြလောက်စရာပင်။
သူမ အင်အားကြီးတစ်ခု တည်ထောင်မည်ဟု ပြောခဲ့စဉ်က သူတို့ အာရုံမစိုက်ခဲ့သည်မှာ သူမ လုပ်နိုင်မည်ဟု မယုံကြည်သောကြောင့်ဖြစ်သည်။ သို့သော် အခု အင်အားကြီးများစွာ၏ အရှေ့တွင် တည်ငြိမ်နေ သော သူမကိုကြည့်ပြီး ယုံကြည်ချက်များပိုလာသည်။ သူမသည် ဒီနေ့ပွဲတွင် အသက်ရှင်နိုင်ပါက သူမကိုယ်ပိုင် အင်အားကြီးထောင်နိုင်မည်ဖြစ်သည်။
“သူမ ဒီနေ့ကိုကျော်ဖြတ်နိုင်ရင်တော့ သူမအရင်ကပြောခဲ့တာကို သဘောတူကြမယ်” ဖန်ကျိရှင်းသည် သူ့စိတ်ထဲမှရှိရာကို ရေရွှတ်လေသည်။
***