← Chapters

အရှက်မရှိသော အဘိုးကြီးအုပ်စု

Vol. 008 Ch. 723

အရှက်မရှိသော အဘိုးကြီးအုပ်စု

Vol. 008 Ch. 723

“သူမ ဒီကိစ္စကိုသေချာပေါက် ကျော်ဖြတ်နိုင်မှာ၊ ခင်ဗျားတို့ပြောထားတာကိုပဲ သတိရပေးရမှာ” ရှီမာယူလင်းသည် သူ၏မိစ္ဆာပျံကိုခေါ်ထုတ်ပြီး “သွားရအောင်”

“ဒီကိစ္စက ယူယူ့အတွက်ဘာမှမဟုတ်ဘူး ဒါပေမဲ့ ထပ်ပြီးတော့ နာကျင်မှာပဲ” ဖက်တီးကျူသည် ရှီမာယူယူကိုလုံးဝစိတ်မပူပဲ ထိုလူများ၏ ရလဒ်ကိုကြိုမြင်နေသည်။

“တကယ်လား” သက်တန့်သည် သူတို့အားမယုံကြည်နိုင်သေးပဲ သူမကိုပြန်ပြီး ကူညီနေချင်သေးသည်။

“သက်တန့် ငါတို့်ဒီမှာနေရင် ယူယူ့အတွက် အနှောင့်အယှက်ပဲဖြစ်လိမ့််မယ်” ဘေဂုံထန်သည် အကြောင်းပြလေသည် “ငါတို့နေခဲ့ရင် ယူယူ အဲလူတွေကိုမရှင်းနိုင်တဲ့အပြင်၊ ငါတို့ကအသုံးမဝင်ဖြစ်လိမ့်မယ်၊ ဒီမှာသေဖို့စောင့်မယ့်အစား အရင်သွားပြီး အားဖြည့်ထားရမယ်၊ အဲဒါမှာ နောက်ကိုငါတို့လည်း သူမကိုသန်မာ လာအောင်လို့”

“ဟုတ်တယ်” ရှီမာယူလီသည် သဘောတူညီစွာဖြင့် ခေါင်းညိမ့်လိုက်သည်။

ယူယူသည် သူတို့ကို ထိုစကားများကို ထပ်ခါထပ်ခါပြောခဲ့ဖူးပြီ။ သူတို့သာ တိုက်နိုင်သည့်ပြိုင်ဘက် မဟုတ်ပါက သေလမ်းမရှာပဲ ထွက်ပြေးပြီး နောက်ကို လက်တုန့်ပြန်ရမည်။ လူတစ်ယောက်သေသွားပါက ဘာမှ ကျန်ခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် အသုံးမဝင်သောအရာတွက် အသက်မပေးနိုင်ပေ။

ဟော့ဘာဝူချန်းနှင့်အဖွဲ့သည် ဖက်တီးကျူတို့ ဘာကြောင့် ရှီမာယူယူနှင့်ပတ်သတ်လျှင် အဲလောက် ယုံကြည်ချက်ရှိနေသည်ကို မသိတော့ပေ။ သို့သော် သူတို့က ထိုကဲ့သို့ပြောသဖြင့် စိတ်အေးသွားရသည်။

“သွားကြမယ်” ရှီမာယူလင်း ထပ်ပြီးလောပြန်သည်။

ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲများ၊ လုံရိနှင့် တခြားသူများသည် ရှီမာယူယူလုပ်ချင်သည့်အရာကို သိကြ သည်။ ထို့ကြောင့် ငှက်လေး သူတို့ကိုထွက်သွားရန်အမိန့်ပေးချိန်တွင် သူတို့သည် တွေဝေမှုမရှိပဲ ထွက်ခွာခဲ့ကြ သည်။

သူတို့သည် ကီလိုမီတာများစွာကွာဝေးသည်အထိ ပျံသွားပြီး လေထဲတွင်နေကာ နီရဲကန်မှ အခြေအနေ ကိုအကဲခတ်နေခဲ့ကြသည်။

တခြားအပြင်လူများလည်း အဝေးသို့ဆုတ်ကြသည်။ အင်အားကြီးအုပ်စုများ ပိုပိုရောက်လာလေ ပိုပြင်းထန်လာသည်ကို သူတို့ခံစားမိကြသည်။ တိုက်ပွဲတစ်ခုဖြစ်ပွားပါက သူတို့အရင်နေခဲ့သောနေရာသည် သက်ရောက်မှုဖြစ်သွားမည်ကို သိကြသည်။

ရှီမာယူယူနှင့် တုလေးသည် ကန်အလယ်မှကျွန်းငယ်တစ်ခုပေါ်တွင် ရပ်နေကြသည်။ ရှောင်ချီသည် သူမဘေးမှထွက်သွားရန် ငြင်းဆန်နေကာ ငှက်လေးသည် သူမအားစောင့်ကြပ်ပေးနေသည်။ အခု ကျွန်းပေါ်တွင် သူတို့၄ယောက်သာ ကျန်ခဲ့ကာ ကန်ဘောင်နှင့် လေထဲတွင် လူရာချီရှိနေသည်။ အားလုံးသည် သူမထက် အဆင့်မြင့်သော ကျင့်စဉ်ပိုင်ရှင်များဖြစ်ကြသည်။

“တုလေး ဒီလောက်လူအများကြီးမင်းကြောင့်နဲ့ရောက်လာအောင် ဘယ်တုန်းက အဲလောက်တောင် နာမည်ကြီးသွားတာလဲ” ဒီလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မှာပင် သူမသည် တုလေးနှင့် စကားပြော နိုင်သေးသည်။

“မသိဘူးလေ ငါပိုချောလာလို့နေမှာပေါ့” တုလေးသည် ရွှတ်နောက်နောက်ပြောလေသည်။

“အဲလိုစကားတွေဘယ်တုန်းကသင်လိုက်တာလဲ” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက်သည်။ “အဲ လူတွေအများကြီးကို ဆွဲဆောင်နိုင်တာ မင်းကအသုံးဝင်လို့နေမှာ၊ ဒါပေမဲ့ ဘာအသုံးဝင်တာလဲ”

“သိချင်လား၊ လွယ်ပါတယ် သိချင်ရင် သူတို့ကိုမေးလိုက်ပေါ့” တုလေး ပြန်ဖြေလေသည်။

“မေးတိုင်း သူတို့ကပြောပြပါ့မလား မင်းရူးနေတာလား” ရှောင်ချီသည် အထင်သေးစွာပြောလေသည်။

“မစမ်းကြည့်ပဲ ဘယ်လိုသိမှာလဲ” တုလေး နှာမှုတ်လေသည်။ သူသည် ရှေ့တိုးကာ ရှီမာယူယူ၏ အရှေ့ တွင် ရပ်လိုက်သည် “ငါ့ကိုရှာကြတာလား၊ ငါကမင်္ဂလာသားရဲတစ်ကောင်ပဲ၊ အဲလောက်အင်အားကြီးတွေပေါ် လာအောင် ငါလုပ်နိုင်တာထူးဆန်းတာပဲ”

“မင်္ဂလာသားရဲ ဒီနေ့ငါတို့်လူတွေအများကြီးခေါ်လာတယ် မင်းကျိုးကျိုးနွံနွံနဲ့ ငါတို့နဲ့လိုက်ခဲ့လိုက်” လူတစ်ယောက် အမိန့်ပေးလေသည်။

“ငါ လိုက်ခဲ့ရင် ဘာအကျိုးရှိမှာလဲ” တုလေး မေးလေသည်။

“မင်းသူငယ်ချင်း အသက်ရှင်နိုင်မယ်”

“အဲဒါ ငါ့အတွက်အကူအညီမဖြစ်ဘူး” တုလေး ကြေညာလေသည် “ငါက မင်္ဂလာသားရဲပဲ၊ အဲလောက် လူအများကြီးကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား ခင်ဗျားတို့ကို စာချုပ်သခင်အဖြစ်သတ်မှတ်စေ ချင်ရင် အကြောင်းအရင်းကိုပြောပြလို့ရမလား၊ ပြောပြတဲ့လူက ငါ့ကိုနိုင်ရင် အဲလူနဲ့ လိုက်ခဲ့မယ်”

သူ့စကားများသည် သက်ရောက်မှုရှိသည်။ တချို့လူများသည် စိတ်လှုပ်ရှားကာ ဝေဝါးသွားကြပြီး “တိုင်းပြည်မှာ ပျံ့နေတဲ့ကောလဟလရှိတယ်၊ ထာဝရနယ်မြေပွင့်တော့မယ်တဲ့ ဒါပေမဲ့ ဘယ်သူမှဝင်လို့မရဘူး၊ အဲဒါပွင့်ဖို့ မင်္ဂလာသားရဲလိုတယ်၊ မင်္ဂလာသားရဲပေါ်လာပြီးကတည်းက အမှောင်တောထဲမှာ မင်္ဂလသားရဲထပ် ပေါ်မယ်လို့ သတင်းထပ်ထွက်လာတယ်၊ အဲတော့ လူတိုင်းဖမ်းကြမှာပဲလေ၊ အကြောင်းအရင်းကိုပြောပြရင် ငါတို့ နဲ့လိုက်ခဲ့မယ်လို့ပြောတယ်မလား”

ထိုနေရာမှလူများသည် ထိုလူတုံးအခြင်းအတွက် ငေါက်ချင်ကြသည်။ သူတို့ပြောလိုက်လျှင် သိသွားကြ မည်ကို အားလုံးနားလည်ကြသည်။ အားလုံးက ဒီကိစ္စအတွက်လာကြခြင်းဖြစ်သဖြင့် ထိုသတင်းမှာ အမှန်ဖြစ် ကြောင်း မသိမသာ အတည်ပြုလိုက်သလိုပင်။ ထို့နောက်တွင် သူတို့သည် သေချာပေါက်ဖမ်းရမည်ဖြစ်သည်။

ထိုလူသည် တုလေးအားကြည့်နေကာ အမှန်တကယ်ပင် သူ့ကိုသခင်အဖြစ်သတ်မှတ်မည်ဟုတွေးနေ သည်။

“ဒီနေ့နိုင်ရင် လိုက်ခဲ့မယ်လို့ပြောတာ၊ ငါတို့ကိုမရိုက်နိုင်ရင်တော့ ဘယ်လိုလုပ်လိုက်ရမှာလဲ” တုလေး၏ အမူအရာမှာ သူတုံးအသည်ဟု ဖော်ပြနေသည်။ ထိုလူသည် ဉာဏ်ရည်နိမ့်သည်ဟု ခံစားမိကာ သူသည် ကျင့်ကြံ လွန်းသဖြင့် ဦးနှောက်ထိခိုက်သွားသည့်ပုံပင်။

“ဟင် ဒီလောက်လူတွေအများကြီးကို အသက်ရှင်နိုင်မယ်လို့ထင်နေတာလား” ထိုလူသည် အော်လေ သည် “ဒါပေမဲ့ ငါကမင်္ဂလာသားရဲသွေးလိုတယ်လို့ပြောတာ၊ အသက်ရှင်လျက်လိုတယ်လို့မပြောဘူး မင်းသေ ရင်တောင် ငါတို့ မင်းရဲ့သွေးလတ်လတ်ဆတ်ဆတ်တွေကို ခွဲယူကြမှာ ငါတို့တစ်ယောက်နဲ့တစ်ယောက် သတ်ကြ မှာမဟုတ်ဘူး”

သွေးပဲလိုတာလား။

ရှီမာယူယူသည် ထိုလူထွားကြီးကိုကြည့်လိုက်သည်။ ဒီလူက တကယ်ပဲ အ တာလား အ ချင်ယောင် ဆောင်တာလား။ သူ မအပါက ဘာလို့အကြောင်းအရင်းကို တုလေးကိုရှင်းပြနေတာလဲ။ သူ အသည်ဆိုပါက ဘာလို့ လူအုပ်ကြားမှာ လွယ်လွယ်နဲ့ပြောနိုင်ရတာလဲ။

အင်အားကြီးများသည် အစပိုင်းက တုလေးကိုဖမ်းချင်နေကြသည်။ သူ့စကားများကိုကြားသောအခါ ငြိမ်ကျသွားလေသည်။ ဟုတ်သားပဲ ထာဝရနယ်မြေကာ မင်္ဂလာသားရဲသွေးကိုပဲလိုတာပဲ၊ သူတို့အားလုံးအတူ ခွဲယူရင်ရတာပဲ။ သေတဲ့အထိ တိုက်ဖို့မှမလိုတာ။

“ကမ္ဘာဦးနယ်မြေမှာ မင်္ဂလာသားရဲတွေအများကြီးပါ ဥပမာဆိုရင် ပညာရှိစံအိမ်တော်မှာဆိုရင် မင်းတို့ မြင့်မြတ်တဲ့သားတော်မှာ ရွှီလင်းမိစ္ဆာရှိတယ်မလား၊ ဘာလို့သူ့ကိုသွားမရှာကြတာလဲ၊ မင်းတို့မှာ စံအိမ်တော်ခွဲ တွေအများကြီးရှိတာပဲ၊ သူ့ကိုထုတ်ခိုင်းလိုက်ပေါ့၊ မင်းတို့မျှမျှတတ ခွဲလို့ရတယ်၊ ဘာလို့သူများဟာကို လုချင်နေ ကြတာလဲ” ရှီမာယူယူ နားမလည်ပေ။

“မင်္ဂလာသားရဲက ငယ်မှဖြစ်မှာ၊ အခုချိန်မှာ ဒီလိုမျိုးရှာဖို့ခက်နေပြီ” လူတစ်ယောက်က ဖြေလိုက်လေ သည်။

“မင်္ဂလာသားရဲရဲ့ သွေးကိုပဲလိုတယ်ဆိုတော့ ငါတို့်တိုက်ဖို့မလိုတော့ဘူးပဲ၊ မင်္ဂလာသားရဲသွေး လတ်လတ်ဆတ်ဆတ်ကို အညီအမျှခွဲကြမယ်ဆိုဘယ်လိုလဲ” ယုချန်းပီပြောလိုက်သည်။

နောက်မှရောက်လာကြသူများသည် သန်မာကြသည်။ သူတို့တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်ကြ ပါက ရလဒ်ကောင်းမည်မဟုတ်ပေ။ ထာဝရနယ်မြေရှာရန် အခွင့်အရေးအတွက် အားချန်ထားရမည်။

“အရမ်းကောင်းတယ်”

တိုက်ဖို့မလိုဘူးဆိုတော့ မတိုက်ဘူးပေါ့။ ပိုကောင်းတဲ့အဖြေရှိနေမှတော့ ဘာလို့တိုက်နေကြမှာလဲ။ မင်္ဂလာသားရဲတစ်ကောင်သာသာပဲကို ဘယ်လောက်တောင် တန်ဖိုးရှိမှာမို့လို့လဲ။ အဲအတွက် အင်အားကြီးတွေနဲ့ အတိုက်မခံလုပ်လို့မဖြစ်ဘူး၊ အညီအမျှခွဲလိုက်ရင် ဖြစ်ပြီမလား။

“ဒါဆို ရောက်တဲ့အစဉ်လိုက်နဲ့ အင်အားအလိုက်စီမယ်” ယုချန်းပီသည် အမိန့်ပေးလေသည်။

ပညာရှိစံအိမ်တော် အားသည်အလွန်သန်မာသည်။ သူသည် အရင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူက အရင်ဆုံးဖြစ်ရမည်လေ။

“ကောင်းပြီ”

“သဘောတူတယ်” ထိုအရှက်မရှိသောလူများသည် ရှီမာယူယူ၏ မျက်နှာမည်းမည်းလာသည်ကို သတိ မထားမိကြပေ။

“တုလေးရဲ့ သွေးကိုအညီအမျှတောင် ခွဲချင်နေကြတယ်ဟုတ်လား”

ရှီမာယူယူသည် ထိုလူများ ဆွေးနွေးနေသည်နှင့် ထိုလူများ တုလေးကိုကြည့်သော လူသတ်မည့် အကြည့်များကို မြင်လိုက်သည်။ သူမသည် ဒေါသများပိုတိုးလာကာ နှာမှုတ်လိုက်သည် “တော်ကြပြီလား၊ ဒီ တိုင်းပြည်က ခင်ဗျားတို့အိမ်များထင်နေတာလား၊ ခင်ဗျားတို့လုပ်ချင်တာ အကုန်လုပ်လို့ရမယ်ထင်နေတာလား၊ တုလေးကိုသတ်ပြီး သူ့သွေးကိုယူချင်တယ်ဆိုရင် သူ့အမြင်ကိုတော့မေးရဦးမှာပေါ့”

***

All Chapters