တည်ဆောက်မှုစတင်ခြင်း
Vol. 008 Ch. 724
ရှီမာယူယူ၏ နှာမှုတ်လိုက်သံသည် ထိုလူများ၏ သုံးသပ်နေမှုကို အနှောင့်အယှက်ဖြစ်သွားလေသည်။ သူတို့သည် သူမကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထင်သေးစွာကြည့်လေသည်။
“ဟင် ပုရွက်ဆိတ်အသေးလေးက ဒီလိုပြောရဲတဲ့သတ္တိရှိနေတာပဲ” အမျိုးသမီးကြီးတစ်ယောက်က ပြော လေသည်။
“မင်းမှာ ဒဏ္ဍာရီလာဂဠုန်ငှက်ရှိတယ်ဆိုပေမယ့် မင်းနဲ့မင်းရဲ့စာချုပ်မိစ္ဆာက ဒီမှာဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အမှောင်တောထဲမှာ ငှက်မျိုးနွယ်တွေရှိတယ်ဆိုပေမယ့် အရမ်းမကြီးတဲ့မျိုးနွယ်တွေပဲ၊ အဲတော့ မင်းရဲ့ ဂဠုန်ဘုရင်က အသုံးမဝင်ဘူးပဲ၊ မင်း မင်္ဂလာသားရဲကို လိမ်လိမ်မာမာနဲ့ပေးလိုက်တာကောင်းမယ်၊ ငါတို့ မင်းကို အသက်ရှင်ခွင့်ပေးမယ်”
ထိုစကားများကိုကြားသောအခါ ရှီမာယူယူ စိတ်ပေါ့သွားကာ “ခင်ဗျားတို့က ကျွန်တော့်မိသားစုဝင်ကို လည်းယူချင်သေးတယ် မှန်နေသလိုလည်း လုပ်နေသေးတယ်၊ ခင်ဗျားတို့က ဝိဉာဉ်စွမ်းအင်ကိုတင် ကျင့်ကြံတာ မဟုတ်ပဲ အရေထူအောင်လည်း အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့တယ်ထင်တယ်၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် အရှက်မဲ့မှာလဲ”
“ကောင်စုတ်လေး” အဘိုးကြီးသည် ရှီမာယူယူပြောလိုက်သောစကားကြောင့် ကြောင်သွားကာ ရှီမာယူယူဆီသို့ ဝိဉာဉ်စွမ်းအင်ပစ်လိုက်လေသည်။
ရှီမာယူယူသည် တုလေးနှင့် ရှောင်ချီကိုနောက်ပြန်ဆွဲလိုက်သည်။ ဝိဉာဉ်စွမ်းအင်သည် ကျောက်တုံး အနက်ပေါ်သို့ကျသွားသည်။ ဝိဉာဉ်အတားအဆီးကာထားသော ကန်တွင် လှိုင်းဂယက်များထသွားလေသည်။
ထိုတည်ဆောက်မှုမှာ ဖန်လိုင်ထားသွားသော အရာဖြစ်သည်။ တုလေး ပတ်ဝန်းကျင်မှဝိဉာဉ်စွမ်းအင်ကို စုပ်ယူလိုက်ခြင်းကြောင့် ကျဆုံးသွားသော်လည်း မပျက်စီးသေးပေ။ သူမ ရပ်နေသောနေရာသည် တည်ဆောက် မှု စတင်သော ကျောက်တုံးဖြစ်သည်။ ဝိဉာဉ်စွမ်းအင် ကျောက်တုံးပေါ်ကျရောက်သောအခါ တည်ဆောက်မှု သည် အလိုလိုအသက်ဝင်လာသည်။
ဝိဉာဉ်အတားအဆီးတည်ဆောက်မှုများသည် အခက်ခဲသော တည်ဆောက်မှုအမျိုးအစားဖြစ်သည်။ သာမန်လူများ ရိုးရှင်းစွာအသက်သွင်းရုံနှင့် လုပ်နိုင်သောအရာမဟုတ်ပေ။ သူမ အင်အားနှင့်ဆိုလျှင် ထိုအထဲကို ဝိဉာဉ်စွမ်းအင်ထည့်ရန် အချိန်ယူရဦးမည်ဖြစ်သည်။ သူတို့ကို အံ့သြမှုပေးလောက်အောင်ဆိုလျှင် ထိုလူများ၏ ဒေါသကိုဆွပေးကာ အကူအညီကူရမည်။ ထိုအဘိုးကြီးများသည် လွယ်ကူစွာပင် ဒေါသထွက်မည်ဟုထင်မထား ပေ။ လူတစ်ယောက်သည် စောစီးစွာပင် လှုပ်ရှားလာသည်။
ကံကောင်းစွာပင် တချို့လူများသည် ကန်ငယ်၏အထက်တွင် ချိပ်ပိတ်ထားခဲ့သည်။ ထိုလူများ ရှေ့မှာ သာရှိပါက ထိုစွမ်းအင်သည် ကန်ဆီသို့သွားမည်မဟုတ်ပေ။ ဝိဉာဉ်အတားအဆီးအတွင်းတွင် အပြင်လူများရှိ မနေခဲ့ပေ။
“ရှောင်ချီ တုလေး အပြင်ကအခြေအနေကို သေချာကြည့်ထား၊ တစ်ယောက်ယောက်တိုက်လာရင် အဲထဲကို ဝိဉာဉ်စွမ်းအင်ထည့်ရမယ်” သူမ အမိန့်ပေးလိုက်သည်။
“ယူယူ ဘာလုပ်မလို့လဲ” ရှောင်ချီမေးလိုက်သည်။
“ငါတည်ဆောက်မှုလုပ်မလို့၊ အဲလူတွေက တုလေးကိုသတ်ချင်မှတော့ သူတို့ကို များများလေး ဒုက္ခပေး ရမယ်” ရှီမာယူယူသည် ကြီးမားသော တည်ဆောက်မှုကျောက်တုံးထုတ်လိုက်သည်။
ထိုကျောက်တုံးသည် မူလအစကပင် တောင်ခုနှစ်ပြည်နယ်စုတွင် ချူရှောင်ထန်နှင့် လဲလှယ်ခဲ့ခြင်းဖြစ် သည်။ အများအစားမရှိလှပေ။ အစက ထိုကျောက်တုံးကို သူမတည်ဆောက်မှုအားကောင်းလာမှ သုံးရန်ဖြစ် သည်။ လက်ရှိအခြေအနေလိုမျိုးဆိုလျှင် လိုအပ်နေသည်။
ရှီမာယူယူသည် ကျောက်တုံးကို ကျွန်းအလယ်တွင်ထားလိုက်သည်။ ထို့နောက်တွင် သူမသည် သာမန် တည်ဆောက်မှုကျောက်တုံးများကို ကျွန်းတွင် အစဉ်လိုက်ချလေသည်။
အပြင်မှလူများသည် မြူများဖုန်းနေသော အကာအကွယ်မှ ကန်ကိုကြည့်နေကြသည်။ ကန်အလယ်မှ ကျွန်းသည် ပျောက်ကွယ်နေသည်။ သူတို့သည် ခေတ္တမျှ အံ့သြနေပြီးမှ တုန့်ပြန်နိုင်ကြသည်။ အဲလူတော့ တည်ဆောက်မှု အသက်ဝင်အောင် လှုပ်ရှားနေပြီ။
“ဒါဘာတည်ဆောက်မှုလဲ” ယုချန်းပီသည် အံ့သြစွာမေးလေသည်။
“ဟုတ်ကဲ့ ဆရာ” နာလန်လန် ပြန်ဖြေလေသည် “ဒီတည်ဆောက်မှုက အရင်ကတည်းကရှိတာပါ၊ ကျွန်မတို့ကို ဒီတည်ဆောက်မှုက တော်တော်ကြာအောင် တားနိုင်ခဲ့တယ်၊ နောက်တော့ ဘာလို့ကျဆုံးသွား လည်းမသိဘူး၊ အခုအသက်ပြန်ဝင်လာမယ်လို့ မထင်မိဘူး”
“ဟင်း ဒီအတိုင်းဝိဉာဉ်အတားအဆီးတည်ဆောက်မှုလေးပဲကို ငါဖျက်ပြမယ်” ယုချန်းပီနှင့် ပါလာသော အဘိုးကြီးတစ်ဉ်းသည် ဘဝင်မြင့်စွာပြောလေသည်။ တစ်ချိန်တည်းမှာပင် သူသည် တည်ဆောက်မှုကို တိုက်ခိုက် လေသည်။
“ခဏလေး” သတ်လတ်ပိုင်းအရွှယ် လူတစ်ယောက်သည် အနောက်မှလာကာ တည်ဆောက်မှုအား စိတ်လှုပ်ရှားစွာကြည့်လေသည်။
“ရှဲ့ကျွင်း ဘာလုပ်တာလဲ” ယုချန်းပီသည် တည်ဆောက်မှုဂိုဏ်းမှ အကြီးအကဲဖြစ်သော ထိုလူကို မှတ်မိ သည်။ သူ့ကိုထိုပုံစံအတိုင်းမြင်သောအခါ လေးနက်စွာမေးလေသည်။
“ယုချန်းပီ ဒီတည်ဆောက်မှုက ဘာအမျိုးအစားလဲဆိုတာသိလား” ရှဲ့ကျွင်းမေးလေသည်။
“ဒါက ဒီအတိုင်းပဲ သာမန်ပိတ်ပင်တဲ့တည်ဆောက်မှုမဟုတ်ဘူးလား၊ ဘာတွေရှုပ်ရှုပ်ယှက်ယှက်လုပ် စရာလိုလို့လဲ” ယုချန်းပီ ပြန်ချေပလိုက်သည်။
“မဟုတ်ဘူး၊ ဒါက ဝိဉာဉ်အတားအဆီးတည်ဆောက်မှုပဲ ဝိဉာဉ်အတားအဆီးတည်ဆောက်မှု” ရှဲ့ကျွင်း သည် စိတ်လှုပ်ရှားစွာပြောလသေည်။
“ဝိဉာဉ်အတားအဆီးတည်ဆောက်မှုက ဘာလဲ”
“တည်ဆောက်မှုတွေပေါ်မှာနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်ဆိုတာ မှတ်မိလား၊ သူတို့က ကမ္ဘာဦးနယ်မြေ မှာ နာမည်ကြီးတယ်၊ အင်အားကြီးတွေအကုန်လုံးတောင် သူတို့ကိုဦးခိုက်ရတယ်၊ နောက်တော့ သူတို့ ရုတ်တရက်ပျောက်သွားကြတာလေ” ရှဲ့ကျွင်း မေးလေသည်။
“အဲဒါကို ဘယ်သူမသိပဲနေလို့လဲ၊ မင်းတို့ဂိုဏ်းတောင်မှ သူတို့အမွေပစ္စည်းတွေရဲ့ အောက်မှာ ဆောက် ထားတာမဟုတ်ဘူးလား၊ အဲဒါနဲ့အခုဖြစ်တာနဲ့ ဘာဆိုင်လို့လဲ” အနက်ရောင်ဝတ်ထားသော အမျိုးသမီးကြီးတစ် ယောက်သည် ရှေ့တိုးလာကာ မေးလေသည်။
ထိုအချိန်တွင် ရှီမာယူယူသည် ကြည့်မိလိုက်ရာ အနက်ရောင်ဝတ်အမျိုးသမီးကြီး၏ အင်္ကျိပေါ်မှ အမှတ် အသားကို မြင်လိုက်သည်။ သူမသည် ကောင်းကင်ဂူ၏ အမှတ်အသားဖြစ်သည်ကို သိလိုက်သည်။
ကောင်းကင်ဂူကလူတွေလည်း လာတာလား။ လောကအသေးတွင် ကောင်းကင်ဂူမှ လူများနှင့် တွေ့ဆုံ ပြီးနောက်တွင် ကောင်းကင်ဂူမှ လူများကို ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။
သူမ ဝူလင်းယူနှင့် စကားပြောခဲ့စဉ်က ကောင်းကင်ဂူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် တိုက်ခိုက်ခဲ့ သည်ကို သူပြောပြခဲ့သည်။ အခု သူမ ကောင်းကင်ဂူမှလူများကိုမြင်သောအခါ သူတို့ကိုလည်း နောက်ဆုတ်ရန် လုပ်ရမည်။ သို့သော် ဒီလူသည် ကောင်းကင်ဂူဘက်မှ ရပ်တည်ခြင်းဟုတ်မဟုတ်ကို သူမ မသေချာပေ။
“အဒေါ်ဟိန် ဒီအကြောင်းကိုဘာမှမသိလို့ပါ” ရှဲ့ကျွင်းသည် အဒေါ်ဟိန်ကို အရိုအသေပေးလိုက်သည် “ဒီဝိဉာဉ်အတားအဆီးတည်ဆောက်မှုက အဲဂိုဏ်းရဲ့ ထူးခြားတဲ့ဟာပဲ သူတို့တပည့်တွေပဲသင်လို့ရတာ၊ အခုဒီမှာ ပေါ်လာပြီ၊ မသိချင်ဘူးလား”
“ဒီတည်ဆောက်မှုကို ကောင်းကင်ဂိုဏ်းကလူတွေလုပ်ထားတာပဲ၊ အဲဂိုဏ်းကမဟုတ်ဘူး” ယုချန်းပီ ပြောလိုက်သည် “အဲဂိုဏ်းပျောက်သွားတာလဲ နှစ်၁ထောင်နီးပါးရှိတော့မယ်၊ ဘယ်လိုလုပ် အဲဂိုဏ်းနဲ့ ဆက်စပ် မှာလဲ၊ ကောင်းပြီ ဖယ်တော့ ဒီတည်ဆောက်မှုနဲ့ ပျက်စီးသွားပြီဖြစ်တဲ့ ဂိုဏ်းအကြောင်းဆွေးနွေးဖို့ အချိန်မရှိဘူး”
“ဟုတ်တယ် ရှဲ့ကျွင်း ငါတို့ဒီဝိဉာဉ်အတားအဆီးကိုဖျက်ပြီးလို့ မင်းဒီတည်ဆောက်မှုကိုလေ့လာချင်ရင် တည်ဆောက်မှုအကြွင်အကျန်ကိုသာကြည့်လိုက်၊ အခုတော့ဖယ်” အဒေါ်ဟိန်ပြောလေသည်။
အားလုံးသည် သူ့ကိုကြည့်နေကြသည်ကို ရှဲ့ကျွင်းမြင်လိုက်ရသည်။ သူသည် ထပ်မပြောရဲတော့ပဲ နောက်ဆုတ်လိုက်သည်။ သူသည် စိတ်ထဲမှာ ဒီတည်ဆောက်မှုသည် ဘယ်လိုဖြစ်ပြီး ကောင်းကင်ဂိုဏ်းရောက် သွားသလဲဆိုသည်ကို တွေးနေမိသည်။ ဒီကိစ္စပြီးသွားပါက သူကိုယ်တိုင်ဂိုဏ်းကိုသွားမေးရမည်။
နောက်ကို ဂိုဏ်းကိုသွားလည်မည်ဟု တွေးလိုက်သောအခါ ဂိုဏ်းကို မဆန့်ကျင်လိုတော့ပေ။ ရှီမာယူယူ သည် ဂိုဏ်း၏ ကျောင်းသားတစ်ယောက်ဖြစ်သောကြောင့် သူမကိုအခက်အခဲတွေ့အောင် မလုပ်သင့်ပေ။
တည်ဆောက်မှုနှင့် ထာဝရနယ်မြေကြားတွင် ဝေခွဲမရဖြစ်ကာ သူတွေဝေနေစဉ်တွင် သတိမထားလိုက်မိ ချိန်တွင် ပေါက်ကွဲသံကြားလိုက်ရသည်။ ယုချန်းပီနှင့် တခြားသူများသည် ဝိဉာဉ်အတားအဆီးကို တိုက်ခိုက်နေ ကြပြီ။
ပထမဆုံးအချက်မှာ ထိမှန်သွားသော်လည်း လုံးဝကျိုးပျက်သွားခြင်းမရှိပေ။ တုလေးနှင့် ရှောင်ချီသည် လျင်မြန်စွာပင် ရှီမာယူယူ ညွှန်ပြထားသော နေရာသို့ ဝိဉာဉ်စွမ်းအင်ထည့်လိုက်ကာ ဝိဉာဉ်အတားအဆီးကို သန်မာအောင်လုပ်လိုက်သည်။
“ယူယူ အဲလူတွေတိုက်တာ အရမ်းအားကောင်းတယ် ငါတို့ခဏလောက်ပဲတောင့်ခံနိုင်မယ်” ရှောင်ချီ ပြောလိုက်သည်။
ရှီမာယူယူ တွေးပြီးသည်နှင့် ဟာစွန်ကိုဆင့်ခေါ်လိုက်သည် “မင်း ၅မိနစ်လောက် အချိန်ဆွဲနိုင်မယ့် နည်းလမ်းစဉ်းစားဦး”
သူမသည် ဟိန်းသံထောင်ချီနှင့် တခြားသူများကိုမခေါ်ထုတ်ရသည်မှာ နာလန်လန်သူကို မှတ်မိသွား မည်ကို စိုးသောကြောင့်ပင်။ ထို့အပြင် သူတို့အားမှာ မသန်မာသေးသဖြင့် ထုတ်လိုက်လျှင်လည်း အသုံးမဝင်နိုင် ပေ။ သို့သော် သူတို့အကူအညီလိုသည့်ပုံပင်။
အမှန်တော့ သူမ အတွေးလွန်နေခြင်းဖြစ်သည်။ နာလန်လန် နာလန်မိသားစုတွင်ရှိစဉ်က သူမသည် အပြင်မှ သတင်းများကိုမသိခဲ့ပေ။ သူမသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ထို့အပြင် သူမသည် ဟာစွန် အကြောင်း ဘာမှမကြားခဲ့ပေ။ သူမ သူတော်စင်မြို့တော်သို့ရောက်သောအခါ ဟာစွန်ကိုမမြင်လိုက်ရခင်မှာပင် ကမ္ဘာဦးနယ်မြေသို့ ခေါ်သွားခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူမသည် ဟာစွန်ကိုမသိပေ။