လေဟာပြင်ပျက်ပြယ်မှု
Vol. 008 Ch. 725
ဟာစွန်သည် ရှီမာယူယူအား ခေါင်းညိမ့်ပြလိုက်သည်။ သူသည် လက်များကို ရိုက်ခတ်ကာ အပြင်သို့ ပျံသွားပြီး ဝိဉာဉ်အတားအဆီးကို တိုက်ခိုက်လေသည်။ မူလက မတည်ငြိမ်သော ဝိဉာဉ်အတားအဆီးသည် ပြန် လွှမ်းမိုးနိုင်ကာ တည်ငြိမ်သွားလေသည်။
“အာ….”
ထို့နောက်တွင် သူမြေပေါ် ဒူးထောက်လျက်သားကျလေသည်။ သူ ရင်ဘတ်ပေါ်လက်ဖိကာ ပါးစပ် ထောင့်မှ သွေးများစီးကျလာသည်။
“ဟာစွန် အဆင်ပြေရဲ့လား” တည်ဆောက်မှုကို စွမ်းအင်ထည့်ပြီးသွားသော တုလေးနှင့် ရှောင်ချီသည် အပြေးလာကာ သူ့အားထူပေးလေသည်။
“ဟာစွန် ဒဏ်ရာရသွားတာလား”
ဟာစွန်သည် လက်ရမ်းကာ “ငါအဆင်ပြောတယ်၊ ငါ့လက်ရှိအားနဲ့ ဒီအကွက်ကိုလုပ်ဖို့ ခက်သွားတာ လောက်ပဲ”
ရှီမာယူယူသည် သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသည်။ သို့သော် သူမသည် တည်ဆောက်မှုလုပ်နေခြင်းနှင့် အလုပ်များနေကာ သူ့ကိုစစ်ဆေးရန်အချိန်မရှိပေ။ သူမသည် ဆေးတစ်လုံးထုတ် ကာ ပစ်ပေးလိုက်သည်။ တုလေးဖမ်းပြီးနောက် ချက်ချင်းပင် သူ့ကိုတိုက်လိုက်သည်။
ဟာစွန်သည် ဆေးသောက်ပြီးနောက် ကောင်းလာကာ ထလိုက်သည်။ “ဒီလေဟာပြင်ပုံပျက်တာက တခြားဟာတွေနဲ့ မတူဘူး၊ ဒါက ဝိဉာဉ်အတားအဆီးအပြင်ဘက်က လေဟာပြင်ကိုပဲ ပျက်အောင်လုပ်လို့ရတယ်၊ အဲဒါကြောင့် သူတို့ တိုက်ချက်က ဝိဉာဉ်အတားအဆီးကို တိုက်ရိုက်မထိတာပဲ၊ ဒါပေမဲ့ အကြာကြီးခံနိုင်မှာတော့ မဟုတ်ပဲ၊ အချိန်ကျရင်တော့ ဝိဉာဉ်အတားအဆီးပေါ်ကျလာဖို့ဖြစ်လာမှာပဲ”
ရှီမာယူယူ၏ တည်ဆောက်မှုကျောက်တုံးများသည် မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခုနေရာချပြီးဖြစ်ကာ ပုံစံများကို တစ်ချိန်တည်းပင် ဆွဲပြီးသားဖြစ်လေသည်။ များစွာသော နည်းလမ်းများကို မျက်စိတစ်မှတ်အတွင်း လုပ်ပြီးလေသည်။
တစ်ချိန်တည်းမှာပင် အပြင်မှလူများသည် တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်သည်။
“ငါတို့ တိုက်ချက်တွေကတော့ ဝါးမြိုခံလိုက်ရပြီ ဝိဉာဉ်အတားအဆီးကို ထိတောင်မထိဘူး” အဒေါ်ဟိန် မျက်မှောင်ကြုတ်လေသည်။
“လေဟာပြင်ပျက်ပြယ်မှု” ရှဲ့ကျွင်း ဝေဝါးသွားလေသည် “ဒါ လေဟာပြင်ပျက်ပြယ်မှုဖြစ်ရမယ်”
“လေဟာပြင်ပျက်ပြယ်မှုဆိုတာ ဘာလဲ” ယုချန်းပီမေးလေသည်။
“လေဟာပြင်ပျက်ပြယ်မှုဆိုတာ ဝိဉာဉ်အတားအဆီးအပြင်ဘက်က လေဟာပြင်အလွှာကို ကာကွယ် ထားတာပဲ၊ ကျွန်တော်တို့ တိုက်ချက်က လေဟာပြင်ပျက်ပြယ်မှုအလွှာကို ထိသွားရင် သူတို့က ဝါးမြိုသွားတယ် အဲတော့ ကျွန်တော်တို့်တိုက်ချက်က အခုဆိုရင် အသုံးမဝင်ဘူး” ရှဲ့ကျွင်းရှင်းပြလေသည်။
“အဲတော့ ဘာလဲ”
“နည်းလမ်းမရှိဘူး၊ ရှိတယ်ဆိုရင်တော့ အဲဒါပျောက်ကွယ်တဲ့အထိ စောင့်ရုံပဲ၊ လူတစ်ယောက်က လေဟာပြင်ပျက်ပြယ်မှုသုံးချင်တယ်ဆိုရင်တော့ အားမြင့်မှဖြစ်မယ်၊ အဲလူရဲ့ အားကအရမ်းနိမ့်နေတယ်ဆိုရင် ဒီအကွက်သုံးလို့မဖြစ်နိုင်ဘူး၊ ဒါတခြားနည်းလမ်းသုံးမှရမယ် ထိန်းသိမ်းတဲ့အချိန်ကတော့ အရမ်းတိုတယ်၊ အချိန် ကုန်သွားတာကိုပဲ စောင့်ရမှာပဲ” ရှဲ့ကျွင်း ပြန်ဖြေလေသည်။
“ဒါဆို စောင့်ကြတာပေါ့၊ ဒီကလေးက အံ့ဖွယ်သူတော်စင်အဆင့်ပဲရှိသေးတာ သူဘယ်လိုလုပ်လိုက်တာ လဲ” ယုချန်းပီသည် နှာမှုတ်လေသည်။
ပြောစရာများပျောက်သွားကာ အားလုံးသည် စောင့်ရုံသာရှိတော့မည်။ သူတို့ဘာလုပ်နိုင်ဦးမှာလဲ။ သူတို့ တိုက်ချက်တွေဟာ အသုံးမဝင်ဖြစ်သွားသောကြောင့် ဘယ်သူမှဘာမှမလုပ်နိုင်ကြတော့ပေ။
၅မိနစ်ကြာသောအခါ ရှီမာယူယူသည်တည်ဆောက်မှု စီစဉ်ခြင်းမှာ လုံးဝပြီးဆုံးသွားလေပြီ။ သူမ ဝိဉာဉ် စွမ်းအင်ထည့်လိုက်သည်နှင့် ချက်ချင်းပင် အသက်ဝင်လာသည်။
သူမသည် ဟာစွန်ဘေးလာကာ ကျေးဇူးတင်စွာပြောလေသည် “ကျေးဇူးပဲ ဟာစွန် သွားပြီးနားလိုက် တော့”
ဟာစွန် ခေါင်းညိမ့်ရာ သူမ သူ့ကိုပြန်ပို့လိုက်သည်။
ရှီမာယူယူသည် ဟာစွန်နှင့် ငှက်လေးကို ဝိဉာဉ်စေတီသို့ပို့လိုက်သ်ည။ ထို့နောက်တွင် သူမသည် တိုးတိုးလာသော လူအုပ်ကြီးအားကြည့်လိုက်သည်။ သူမ မျက်နှာသည် အေးစက်နေသည်။
“ရှောင်ချီ ငါ ခဏနေရင် မိုးကြိုးဘေးသင့်မှုကို ခေါ်တော့မယ်၊ ဒီကအားလုံးက အသနားခံဖို့ပဲဖြစ်လာ လိမ့်မယ်” သူမသည် ရှောင်ချီအားကြည့်ပြီးပြောလေသည် “မင်းရဲ့ မူလခန္ဓာကိုယ်ကဘာလဲဆိုတာ ငါမသိဘူး ဒါပေမဲ့ မင်းကလူသားမဟုတ်ဘူးဆိုတာ ငါသိတယ်၊ မင်းမိုးကြိုးကိုခံနိုင်မလားဆိုတာ မသေချာဘူး”
“မိုးကြိုးဘေးသင့်မှုကို ယူယူကခေါ်နိုင်တယ်ဟုတ်လား” ရှောင်ချီသည် ရှီမာယူယူအား အံ့အားသင့်စွာ ကြည့်လေသည်။ သူမသည် ထိုလူများအတွက် သုံးမည့်နည်းလမ်းကို သိချင်နေသေးသည်။ သူမသည် နည်းလမ်း ပေါင်းများစွာကို စဉ်းစားခဲ့သည်။ သို့သော် ထိုနည်းလမ်းသုံးမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။
ရှီမာယူယူ ခေါင်းညိမ့်ကာ “တုလေးက သူတို့နဲ့သွားမယ်ဆိုရင်တောင် အဲလူတွေက ငါတို့ကို အသက်ရှင်လျက်ထားဖို့ အစီအစဉ်မရှိဘူး အဲလောက်သခင်တွေ အများကြီးငါတို့ကိုဝိုင်းထားတာ ထွက်သွားဖို့ တခြားနည်းလမ်းရှိသေးလို့လား၊ အဲလိုဖြစ်လာမှတော့ သူတို့ကို ကောင်းကောင်းကြီးပညာပေးရမှာပေါ့”
ရှောင်ချီသည် ရှီမာယူယူ၏ မျက်နှာမှ ရက်စက်မှုကိုတွေ့လိုက်ရသည်။ သို့သော် သူမရက်စက်သည်ဟု မခံစားရပဲ စိတ်လှုပ်ရှားနေသည်ကို မြင်နေရသည်။ သို့သော် သူမ မိုးကြိုးဘေးသင့်မှုကိုစဉ်းစားလိုက်ရာ အနည်း ငယ်ကြောက်မိသည်။
“ရှောင်ချီ အရင်က မိုးကြိုးဘေးသင့်တာကို မကြုံဖူးဘူး၊ အဲဒါမှန်လိုက်ရင် နောက်ထပ် ဆက်ကြီးထွားဖို့ ဖြစ်နိုင်မလားဆိုတာ မသေချာဘူး စမ်းကြည့်ရမှာပဲ” ရှောင်ချီ တည်ငြိမ်စွာပြောလေသည် “ဒီတစ်ခါတော့ တကယ်ပဲကြိုးစားကြည့်ရမှာပဲ”
“ရှောင်ချီ ဒီမိုးကြိုးဘေးသင့်မှုက အရမ်းအားကောင်းတယ်၊ မင်း မကြုံချင်ဘူးဆိုရင် နေရာတစ်ခုကို ပို့ ပေးမယ်၊ အဲဒီမှာ စောင့်ပြီး ဒီမှာပြီးသွားပြီဆိုမှ ထွက်ခဲ့လိုက်” ရှီမာယူယူသည် သူမတိတ်ဆိတ်နေမှုကို ကြည့်ပြီး ဆက်ပြောလေသည်။
“ယူယူ ရှောင်ချီရှိနေပေးမယ်” ရှောင်ချီသည် ခိုင်မာစွာပြောလေသည် “ဒါပေမဲ့ ရှောင်ချီက အရင်က မိုးကြိုးဘေးသင့်တာကိုမခံဖူးဘူး၊ ရှောင်ချီတစ်ခုခုဖြစ်သွားရင် ရှောင်ချီ့ရဲ့ခန္ဓာကိုယ်ကို အဘိုးယွမ်ဆီကိုပို့ပေးဖို့ သတိရပေးပါ”
“မိုးကြိုးဘေးသင့်တာခံရရင် မင်းအသက်ဆုံးရှုံးနိုင်တာလား”
“မသေချာဘူး” ရှောင်ချီ ဝန်ခံလိုက်သည် “ရှောင်ချီက လူသားမှမဟုတ်တာ၊ အားတိုးမှ ကြီးထွားနိုင်မှာ၊ ဒါပေမဲ့ မကြီးထွားခဲ့တာ နှစ်ပေါင်းကြာနေပြီ၊ တကယ်တော့ ရှောင်ချီ ယူယူ့နောက်ကိုလိုက်တယ်ဆိုတာက နောက်ကြီးထွားမှုကို ရောက်နိုင်မယ်ထင်လို့၊ ဒါပေမဲ့ဘာတွေဖြစ်နေလဲဆိုတာ မသိတော့ဘူး၊ ဒီတစ်ခါတော့ ကြီးထွားဖို့အခွင့်အရေးရောက်ပြီထင်တာပဲ ရှောင်ချီစမ်းကြည့်ချင်တယ်”
ရှောင်ချီ သူမနောက်လိုက်သည့် ရည်ရွယ်ချက်ကို ရှီမာယူယူမှန်းမိပြီးဖြစ်သည်။ သို့သော် အန္တရာယ်မရှိ နိုင်ဟု ရှုဂျင်းပြောခဲ့သည်။ ထို့ကြောင့် သူမ မမေးတော့ပေ။ ဒီအတွက်လုပ်မည်ဟု သူမ မထင်ထားပေ။
“မင်းက မိုးကြိုးဘေးသင့်တာကို မကြုံဖူးဘူး၊ မခံနိုင်တော့ဘူးဆိုရင် ငါ့ကိုပြော ငါအဲဒီကိုပို့ပေးမယ်”
“အင်း”
ရှီမာယူယူသည် ရှောင်ချီနှင့် ဆွေးနွေးပြီးနောက် တုလေးနှင့် ဆွေးနွေးလေသည် “မင်းက မင်္ဂလာသားရဲ အဖြစ်ကြီးထွားပြီးသွားပြီ၊ မိုးကြိုးဘေးသင့်တာကိုခံတာက မင်းအတွက် အကျိုးရှိနိုင်တယ်၊ ရှောင်ချီလိုပဲ မင်း မခံ နိုင်တော့ရင် မင်းကိုထုတ်ပေးမယ်”
တုလေး ခေါင်းညိမ့်လေသည်။
“ဘုန်း”
အချိန်ပြည့်သည်နှင့် လေဟာပြင်သည် မူလပုံစံပြန်ပြောင်းသွားသည်။ အပြင်မှလူများသည် မစောင့်နိုင် တော့ပဲ ဝိဉာဉ်အတားအဆီးကို ဖျက်ကြလေသည်။
“အကြာကြီးနှောင့်နှေးပြီးတဲ့နောက်တော့ မင်းနည်းနည်းလောက်တော့ နေခဲ့ပြီးပြီ” အဒေါ်ဟိန် အော်လေသည် “အခု မင်းရဲ့သွေးထုတ်ပေးလိုက်တော့”
သူမ၏ အသံသည် တုလေး သွေးထုတ်ပေးရသည်မှာပင် ဂုဏ်ယူရမလိုပင်။
“ကျွန်တော့်အသက်ကိုလိုချင်ရင် ခင်ဗျားတို့မှာ အရည်အချင်းရှိမှရမယ်” တုလေးသည် အင်အားကြီးများ နှင့် ရင်ဆိုင်ရသည်ဟုဆိုသော်လည်း ကြောက်ရွံ့မှု တစ်စုံတစ်ရာမရှိပေ။ သူသည် ခေါင်းမော့ထားဆဲပင်။
ရှီမာယူယူသည် အပြင်မှလူများကို အကဲခတ်လိုက်သည်။ အင်အားကြီးမှ ကျွမ်းကျင်သူများ အယောက် ၂၀၀နီးပါးရှိသည်။ အားလုံးသည် ဂိုဏ်းများကို ဦးဆောင်နေသော အကြီးအကဲများဖြစ်ကြသည်။
“ကျွန်တော်တို့ကို အထင်ကြီးတာကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့အသက်ကိုယူဖို့ အင်အားကြီးတွေ အများကြီးလာကြတာပဲ၊ လူတစ်ယောက် ကျင့်ကြံဖို့ဆိုတာ မလွယ်ပါဘူး၊ တစ်ယောက်ယောက်သာ ထွက်သွား ချင်တယ်ဆိုရင်တော့…”
“မင်းနောက်နေတာလား၊ ဒီအချိန်ကိုဘယ်သူကထွက်သွားချင်မှာလဲ” အဖြူရောင်မုတ်ဆိတ်နှင့် အဘိုး ကြီးသည် အော်လေသည်။
ကောင်းကင်တောင်ဂိုဏ်းအကြီးအကဲသည် သူ့နောက်တွင်ရပ်နေသည်ကို ရှီမာယူယူမြင်လိုက်သည်။ ထိုလူသည် ကောင်းကင်တောင်ဂိုဏ်းမှအကြီးအကဲတစ်ယောက်ဖြစ်ရမည်ဟု သူမ ခန့်မှန်းလိုက်သည်။ သူမ နှာမှုတ်ကာ “ခင်ဗျားတို့ ကောင်းကင်တောင်ဂိုစ်းကအကြီးအကဲတွေတော့ အဆုံးသတ်ဖို့နီးလာပြီ၊ တခြားသူတွေ က ခင်ဗျားတို့လို မတုံးကြဘူး၊ သွားချင်တဲ့လူတွေရှိသေးတယ် အခုသွားမယ်ဆိုရင်တော့ သက်ညှာပေးရမှာပေါ့”
“ဟားဟား သေတဲ့လူကပဲ ပြီးခဲ့တာပြီးပြီလို့ပြောမှာ မင်းအသက်ရှင်နိုင်မယ်လို့ထင်နေလား”
ရှီမာယူယူသည် စကားမပြောပဲထိုလူအားကြည့်လိုက်သည်။ သူမသည် ထိုသေတော့မည့်လူနှင့် လေကုန်ခံရမည်ကို ပျင်းရိလှသည်။
***