မိုးကြိုးဘေးသင့်မှုတွင် ပါဝင်ခြင်း
Vol. 008 Ch. 726
“ကျွန်တော်တို့် နောက်ဆုတ်မယ်” ရှဲ့ကျွင်းသည် ရုတ်တရက် စပြောလသည်။
“ရှဲ့ကျွင်း မင်းဦးနှောက်ပျက်သွားတာလား” လူတစ်ယောက်သည် နှာမှုတ်လေသည်။
ရှဲ့ကျွင်းသည် ရှီမာယူယူကို လက်ရမ်းပြကာ “ငါတို့နောက်ဆုတ်မယ်”
ရှီမာယူယူသည် သူ့အားလက်ရမ်းပြကာ ထွက်သွားနိုင်ကြောင်းအချက်ပြလေသည်။ ရှဲ့ကျွင်းကိုတော့ သူမ ကျေးဇူးတင်ရမည်။ သူ ဝိဉာဉ်အတားအဆီးကို မြင်ခဲ့စဉ်က အားလုံးကိုတိုက်ခိုက်ရာမှ ချက်ချင်းရပ်ရန် တား ခဲ့သည်။ ထို့အတွက် သူမ အချိန်ရခဲ့သည်။ ထပ်ပြောရလျှင် သူသည် လူသတ်မည့်အရိပ်အယောင်မပြခဲ့ပဲ သူတို့ အသက်ကို မလိုချင်ခဲ့ပေ။
ရှဲ့ကျွင်းသည် သူ့ဂိုဏ်းအဖွဲ့ဝင်များကိုခေါ်ကာ ထွက်သွားလေသည်။ သူတို့သည် လေဟာပြင် ဝင်ပေါက် မှထွက်သွားခြင်းမလုပ်ပဲ တခြားသူများကဲ့သို့ အဝေးမှစောင့်ကြည့်လေသည်။
သူသည်လည်း ဒီနေ့ ထိုလူလုပ်မည့် အကွက်ကိုသိချင်နေသည်။
ရှီမာယူယူသည် တခြားသူများကိုကြည့်ကာ မေးလိုက်သည် “ထွက်သွားချင်တဲ့ တခြားလူများရှိဦးမလား”
ဘယ်သူမှ မတုန့်ပြန်ကြပေ။
“ကောင်းပြီ ခင်ဗျားတို့ကထွက်မသွားချင်မှတော့ နေခဲ့ကြပေါ့” ရှီမာယူယူ ပြောပြီးသည်နှင့် သူမ ခြေထောက်အောက်သို့ ဝိဉာဉ်စွမ်းအင်ထည့်လိုက်သည်။ သူမ စီစဉ်ထားသော တည်ဆောက်မှုသည် အသက်ဝင် လာသည်။ ထိုလေဟာပြင်အနည်းငယ်တုန်သွားသည်ကို ထိုလူများခံစားမိသော်လည်း အာရုံသိပ်မထားကြပေ။
အမှောင်တော၏အလယ်ပိုင်း အဝေးတစ်နေရာရှိ ရှဲ့ကျွင်းသည် အမူအရာပြောင်းသွားလေသည်။
“နဂါးထောင်ချောက်တည်ဆောက်မှု၊ တကယ်ပဲ ခိုကိုးရာကင်းတည်ဆောက်မှုပဲ” သူသည် တိတ်တဆိတ် ပြောမိလေသည်။
သူ အံ့သြနေသည်ကို သူ့နောက်မှလူများမြင်သောအခါ မေးကြလေသည် “ဆရာ၊ နဂါးထောင်ချောက် တည်ဆောက်မှုက ဘာမို့လို့ ဆရာအဲလောက်အံ့သြသွားရတာလဲ”
“နဂါးထောင်ချော်ကတည်ဆောက်မှုက အဲဂိုဏ်းကချန်ထားခဲ့တဲ့ တည်ဆောက်မှုပဲ၊ အရမ်းအားကောင်း တဲ့ ထောင်ချောက်တည်ဆောက်မှုပဲ၊ တည်ဆောက်မှုအတွက် လိုအပ်တာက မများဘူး ဒါပေမဲ့ စီစဉ်ဖို့က အရမ်း ခက်တယ်၊ ငါတို့တောင်အနောက်က တည်ဆောက်မှုအစအနက နဂါးထောင်ချောက်တည်ဆောက်မှုပဲ၊ ငါတို့ ဒီလောက်ကြာအောင်လေ့လာတာတောင် အဲလောက်ရိုးရှင်းတဲ့နည်းလမ်းကိုမရတာတော့ နှမြောစရာပဲ၊ အဲဒါကို ဒီနေ့ ငါ့မျက်စိနဲ့မြင်ရမယ်လို့ ထင်တောင်မထားဘူး၊ လုံးဝကို မျှော်လင့်မထားတဲ့အရာပဲ”
“ဆရာ ဒီဝိဉာဉ်အတားအဆီးနဲ့ နဂါးထောင်ချောက်တည်ဆောက်မှုက ကောင်းကင်ဂိုဏ်းမှာပေါ်လာ တယ်၊ အဲဂိုဏ်းရဲ့အဖွဲ့ဝင်က ကောင်းကင်ဂိုဏ်းမျာပဲရှိနေတာများလား”
“ဖြစ်နိုင်တယ်” ရှဲ့ကျွင်းပြန်ဖြေလေသည် “ငါတို့ထွက်လာတာ ကံကောင်းသွားတယ် မဟုတ်ရင် ဒီတစ်ခေါက်ကို လုံးဝထွက်သွားနိုင်မှာမဟုတ်ဘူး” ရှဲ့ကျွင်း သက်ပြင်းချလေသည်။
“ဆရာ ဒီနဂါးထောင်ချောက်တည်ဆောက်မှုကို ဖျက်နိုင်လား”
“တကယ့်နဂါးတစ်ကောင်တောင်မှ နဂါးထောင်ချောက်တည်ဆောက်မှုကနေမထွက်နိုင်ဘူး၊ ငါတို့က ရပါ့မလား” ရှဲ့ကျွင်း ပြန်ဖြေလေသည် “ပြီးတော့ နဂါးထောင်ချောက်တည်ဆောက်မှုက ပြောင်းလဲနေတာ၊ နည်းနည်းလောက်ကွာသွားတယ်ဆိုရင် ဖျက်ဖို့နည်းလမ်းလည်းကွာမှာပဲ၊ အရင်ကတည်းက အခုထိ တည်ဆောက်တဲ့လူပဲ အဲတည်ဆောက်မှုကိုဖျက်နိုင်မယ်”
“ဒါဆိုရင် အဲလူကလွဲပြီးကျန်တဲ့လူ ထွက်လို့မရဘူးပေါ့”
“သီအိုရီအရတော့ အဲလိုပဲ”
“အဲလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ နဂါးထောင်ချောက်တည်ဆောက်မှုက အားကောင်းတယ်ဆို ပေမယ့် သူတို့နဲ့အတူ ပိတ်မိနေပြီလေ”
“ဆက်ကြည့်ကြတာပေါ့” ရှဲ့ကျွင်းပြောလိုက်သည်။ “သူတို့ အဲဒီကနေ တကယ်လည်းထွက်သွားနိုင် တာဖြစ်လောက်တယ်…”
အပြင်မှ ကြည့်ရှုသူများသည် ရှီမာယူယူ၏ အကွက်ကိုရှုပ်ထွေးသွားလေသည်။
“သူက သူကိုယ်တိုင်တောင် အဲလူတွေနဲ့အတူပိတ်အောင်လုပ်လိုက်တာလား” တည်ဆောက်မှုသခင် ဖြစ်သော ဟုန်ဝူသည် ကြည့်လိုက်သည်နှင့်ပင် ထိုအရာသည် အားလုံးအတူပိတ်မိနေသော ထောင်ချောက် တည်ဆောက်မှုဖြစ်သည်ကို သိသည်။
“ဒီထောင်ချောက်တည်ဆောက်မှုက ဘယ်ကလာတာလဲ” နီအန်းယိ မေးလိုက်သည်။
“ယူယူလုပ်လိုက်တာပေါ့” ဖက်တီးကျူသည် ဘေးမှ ဂုဏ်ယူစွာပြောလေသည်။
“သူက တည်ဆောက်မှုသခင်ရောပဲလား” နီအန်းယိသည် အံ့သြမှုကြောင့် မျက်လုံးပြူးလာသည်။
“ဒါပေမဲ့ မဟုတ်ရင် အဲတည်ဆောက်မှုက ဘယ်ကရောက်လာမှာလဲ” ဖက်တီးကျူသည် နီအန်းယီအား ကြည့်ပြီး တုံးအသည်ဆိုသည့်အနေနှင့် မေးခွန်းထုတ်လေသည်။
“သူက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးလား”
“အဂ္ဂိရတ်ပညာရှင်က တည်ဆောက်မှုသခင်မဖြစ်ရဘူးလို့ ဘယ်သူပြောထားလို့လဲ”
လူဆိုးကြီး၁၀ယောက်သည် မှင်တက်သွားကြသည်။ ဒီလူက တည်ဆောက်မှုသခင်တစ်ယောက်လည်း ဖြစ်နေတာလား၊ ကြောက်စရာကောင်းလိုက်တာ။
သူတို့မျက်နှာမှ တုန်လှုပ်မှုကိုမြင်သောအခါ ဖက်တီးကျူသည် စိတ်ထဲမှ ကြိတ်ရယ်မိလေသည်။ အစပိုင်း တွင် သူတို့သည် သူမကြောင့် အကြိမ်ကြိမ်အံ့သြခဲ့ရသည်။ ဒီလူတွေကတော့ သူမအကြောင်းကို အပြည့်အစုံ မသိသေးဘူးပဲ။
ခဏအကြာတွင် ဟုန်ဝူသည် ရေရွှတ်လေသည် “သူက ဒီအတိုင်း တည်ဆောက်မှုသခင်တစ်ယောက် မဟုတ်ဘူး၊ အရမ်းအားကောင်းတဲ့ တည်ဆောက်မှုသခင်ပဲ၊ ဒီတည်ဆောက်မှုက သာမန်တည်ဆောက်မှုသခင် တွေ အချိန်တိုအတွင်းမှာ တစ်ယောက်တည်း လုပ်လို့ရတဲ့ဟာ မဟုတ်ဘူး”
“ဒါပေမဲ့ သူလည်း အတူပိတ်မိနေတာပဲ၊ သူတို့ဘယ်လိုပြန်ထွက်မှာလဲ” ရှီချန်းမေးလိုက်သည်။
“သူအခု ထွက်ဖို့ကိုမလောဘူး၊ ယူယူ့ကို ပစ်မှတ်ထားရဲတဲ့လူတွေ ငရဲသွားရမှာပဲ” ဖက်တီးကျူသည် လက်သီးဆုတ်ကာ ပြောလေသည်။
ရှီချန်းနှင့် ဖန်ခိုင်တို့သည် နားမလည်သည့်သဘောနှင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြ သည်။
ထိုအချိန်တွင် ဟုန်ဟူသည် ရုတ်တရက်အောလေသည် “တည်ဆောက်မှုထဲက တည်ဆောက်မှု”
အားလုံးသည် တည်ဆောက်မှုထဲမှ တည်ဆောက်မှုဟူသည့် အဓိပ္ပာယ်ကိုသိကြသည်။ နီအန်းယီသည် သူ တစ်ခါမကပြောဖူးသည်ကို ကြားခဲ့ရသည်။ သူသည်လည်း တည်ဆောက်မှုထဲကတည်ဆောက်မှုကိုလုပ်နိုင် သော်လည်း ဒီလောက်အချိန်တိုအတွင်းကို မလုပ်နိုင်ပေ။
“ဘုရားရေ သူက ဘယ်လိုပါရမီရှင်လဲ” ဟုန်ဝူ၏ရှီမာယူယူကိုကြည့်လိုက်သည့် မျက်လုံးများသည် တောက်ပနေသည်။ နီအန်းယီနှင့် တခြားသူများသည် သူ့ကိုထိုပုံစံအတိုင်းတစ်ခါမှမမြင်ဖူးပေ။
ရှီမာယူယူသည် ထိုနေရာတွင်ရပ်နေကာ လူတစ်စု တုန့်ပြန်လာသည်ကိုစောင့်နေသည်။ သူမသည် ချိုသာစွာပြုံးလိုက်သည်။
“ငါတို့ကို ဘာလို့ပိတ်ထားတာလဲ” ယုချန်းပီသည် သူမအား လူသတ်မည့်အကြည့်ဖြင့်ကြည့်လေသည်။ သူမ ရုတ်တရက် သူတို့၃ယောက်ကိုကာကွယ်ဖို့ တည်ဆောက်မှုအသေးတစ်ခုကို အသက်သွင်းခြင်းကြောင့်သာ မဟုတ်လျှင် သူတို့ကို သတ်ပြီးဖြစ်နေပြီ။
“ဟင်းကောင်းတစ်ခွက်အတွက် ဖိတ်လိုက်တာပါ” ရှီမာယူယူ ပြန်ဖြေလေသည် “ကျွန်တော့် ကြွက်သား တွေနဲ့ အရိုးတွေ လေ့ကျင့်ခန်းမလုပ်ရတာကြာနေပြီ အဲဒါကြောင့် အားလုံးကိုဖိတ်လိုက်တာ”
သူမဆိုလိုရင်းကို လူများနားမလည်သော်လည်း သူတို့စိတ်ထဲတွင် သတိပေးခံလိုက်ရသလိုပင်။
ရှီမာယူယူသည် အဆင့်မြင့် ခရမ်းရောင်မိုးကြိုးများကို ရွေ့ပြောင်းပြီး သူမခန္ဓာကိုယ်မှ အထူးရောင်ဝါကို ထုတ်လိုက်လိုက်သည်နျင့် အမှောင်တိမ်တိုက်သည် လေထဲတွင် စတင်ထူထပ်လာသည်။
အခုရှိနေသည့်လူများသည် အတွေ့အကြုံများကြကာ များစွာသောအရာများကို ကြုံတွေ့ခဲ့ရပြီးဖြစ် သည်။ မိုးကြိုးရောင်ဝါပေါ်လာသည်နှင့် သူတို့သည် ဖျော့တော့သွားကြသည်။
သူတို့သည် လူအများနှင့်ဆိုလျှင် သန်မာကြသည်။ သူတို့သာ မိုးကြိုးထိမှန်ပါက မိုးကြိုးဘေးသင့်မှုသည် သူတို့ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်မည်ကို ကြောက်ရွံ့နေကြသည်။
“မိုးကြိုးဘေးသင့်မှု”
“ဒီမှာ မိုးကြိုးဘေးသင့်မှုက ဘာလို့ရောက်လာတာလဲ”
“သူပဲ သူလုပ်လိုက်တာ”
ရှီမာယူယူသည် ဝန်ခံကာ “ဟုတ်တယ် ကျွန်တော်လုပ်လိုက်တာ၊ အရိုးနဲ့ကြွက်သားတွေ လေ့ကျင့်ခန်း မလုပ်ချင်ဘူးလားလို့ ကျွန်တော်မမေးခဲ့ဘူးလား၊ ဘေးသင့်မှုကိုလုပ်ခဲ့တာ ကျွန်တော်တစ်ယောက်တည်းပဲ၊ ဒီလောက်လူအများကြီး ကျွန်တော်နဲ့အတူ မိုးကြိုးအပစ်ခံမယ်ဆိုတော့ ပျော်တော့ပျော်သား”
“စက်ဆုပ်ဖို့ကောင်းလိုက်တာ” မာလင်းသည် ပြောလေသည်။
“စက်ဆုပ်ဖို့ကောင်းတယ်ဟုတ်လား” ရှီမာယူယူ ရုတ်တရက် ရယ်မောလိုက်သည် “ခင်ဗျားတို့အားလုံး ဒီမှာ ကျွန်တော်တို့ကိုဝိုင်းပြီး ကျွန်တော့်ညီရဲ့သွေးကိုယူချင်နေတာ၊ အဲဒါက စက်ဆုပ်ဖို့မကောင်းဘူးလား၊ ကျွန်တော်က ပြန်တိုက်တာပဲ”
“တော်တော့ မိုးကြိုးဘေးသင့်မှုကို တားလိုက်” လူတစ်ယောက်က အော်လိုက်သည်။
“နောက်ကျသွားပြီ မိုးကြိုးစုလာတာနဲ့ လူတွေကို မပစ်ပဲဘယ်လိုလုပ်ထွက်သွားမှာလဲ” ရှီမာယူယူသည် သူတို့ကို အမှန်တရားကို ကြင်နာစွာပြောလေသည်။
ထိုလူများသည် မိုးကြိုးပေါ်လာသည်နှင့် ထွက်သွားရန်မလွယ်ကူကြောင်းကိုနားလည်လိုက်သည်။ တိမ်တိုက်များ မှောင်လာသည်ကိုကြည့်ပြီး သူတို့သည် တုလေးကိုလျစ်လျူရှုကာ တည်ဆောက်မှုကို တိုက်ခိုက် ရန် ကြိုးစားလေသည်။ တည်ဆောက်မှုပျက်သွားသည်နှင့် သူတို့ဒီနေရာမှ ထွက်သွားရမည်။ မိုးကြိုးမကျခင် ထွက်သွားခြင်းမှာ အကောင်းဆုံးဖြစ်သည်။
သူတို့ တိုက်ခိုက်သော်လည်း မအောင်မြင်သောကြောင့် ပျာယာခတ်လာသည်ကို ရှီမာယူယူ ကြည့်နေ သည် “ဒါက နဂါးထောင်ချောက်တည်ဆောက်မှုပဲ တကယ့်နဂါးတောင်မှ ထွက်မပြေးနိုင်ဘူး၊ စိုးရိမ်မှုတွေ ချန် ထားပြီး မိုးကြိုးဘေးသင့်မှုကို ကျွန်တော်နဲ့အတူခံဖို့သာ ပြင်ထားကြတော့”
သူမစကားများကိုကြားသောအခါ ထိုလူများသည် ထိတ်တလန့်ဖြစ်ကြကာ တည်ဆောက်မှုကိုပို တိုက်ခိုက်ကြသော်လည်း အသုံးမဝင်ပေ။
***