← Chapters

ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီးနိုင်သည့် စွမ်းအား

Vol. 008 Ch. 727

ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီးနိုင်သည့် စွမ်းအား

Vol. 008 Ch. 727

တည်ဆောက်မှုမှာ ပြိုကွဲမသွားပဲ တိမ်တိုက်များသည် ပိုပို၍ထူလာသည်။ ထိုအဘိုးကြီးများ၏ မျက်နှာ များမှာ သွေးမရှိတော့ပေ။

“မိတ်ဆွေလေး မိတ်ဆွေလေး အားလုံးဆွေးနွေးလို့ရပါတယ်၊ ဒီတည်ဆောက်မှုကိုဖွင့်ပေးပါ ငါတို့ မင်္ဂလာသားရဲကို မလိုချင်တော့ပါဘူး၊ ဘယ်လိုလဲ” လူတစ်ယောက်သည် အော်ကာ ရှီမာယူယူနှင့် အပေးအယူ တည့်ရန်ကြိုးစားလေသည်။

“အခုမှပဲပြောတော့တယ် နောက်ကျနေပြီလို့မထင်ဘူးလား” ရှီမာယူယူသည် သူတို့မျက်လုံးများထဲမှ ကြောက်ရွံ့မှုနှင့် ဒေါသများကို ပျော်မွေ့နေသည်။ ထိုလူများသည် အမြဲလိုလိုပင် ဘဝင်မြင့်ကာအထက်တွင်နေခဲ့ သည်။ သူတို့သည် စင်းတီတုံးပေါ်တွင် လှီးဖြတ်ခံရသည့်ခံစားချက်မျိုးကို မခံစားခဲ့ဖူးကြပေ။

“မိတ်ဆွေလေး မင်းတည်ဆောက်မှုကိုဖွင့်လိုက်တာနဲ့ ငါတို့ဘာရန်ငြိုးမှမရှိတော့ဘူး” လူတစ်ယောက်က အော်လိုက်သည်။

“ပြန်လည်သင့်မြတ်ချင်တာလား” ရှီမာယူယူသည် အခုချိန်ထိ ကိုယ့်ကိုယ်သာကြည့်ပြီး အပေါ်စီး ဆက်ဆံနေသော ထိုလူများကိုကြည့်နေလိုက်သည်။ “ဒီမတိုင်ခင်ဆိုရင်တော့ ပြန်သင့်မြတ်တာက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ ဒါပေမဲ့ အခုတော့အရမ်းနောက်ကျသွားပြီ၊ ပြီးတော့ ဒီနေ့ခင်ဗျားတို့ကိုလွှတ်ပေးပြီး သင့်မြတ် အောင်လုပ်မယ်ဆိုရင်တောင် ခင်ဗျားတို့ကနောက်ကို လွှတ်မပေးမှာစိုးတယ်၊ အဲဒါကြောင့် ဘာလို့သင့်မြတ် အောင်လုပ်တော့မှာလဲ”

“မိတ်ဆွေလေး မင်းတကယ်ပဲအင်အားာကီးတွေကို ဆန့်ကျင်တော့မှာလား၊ မင်းက ကောင်းကင်ဂိုဏ်းရဲ့ ကျောင်းသားဆိုရင်တောင် ဂိုဏ်းကမင်းကိုခွင့်ပြုမှာမဟုတ်ဘူး” ဖျောင်းဖျခြင်းမှာ အသုံးမဝင်ဟုသိသည်နှင့် ခြိမ်းခြောက်လာကြသည်။

“ဒီနေ့ကိစ္စက ဘယ်လိုဖြစ်ပြီးဂိုဏ်းနဲ့သက်ဆိုင်သွားတာလဲ” ရှီမာယူယူ ငြင်းဆန်လေသည် “ကျွန်တော် တို့က ဂိုဏ်းကကျောင်းသားတွေဖြစ်ပေမယ့် ဂိုဏ်းကဒီကိစ္စကို အရင်ကတည်းကလျစ်လျူရှုပြီးသား အဲတော့ ဒီကိစ္စက ကျွန်တော်တို့ကိစ္စပဲ”

ထို့ကြောင့်ပင် သူမ ဖန်လိုင်ကို ထွက်သွားခိုင်းခြင်းဖြစ်သည်။ ဂိုဏ်းသည်တိုက်ရိုက်ပါဝင်ပတ်သတ်ခြင်း မရှိသောကြောင့် သူတို့သည် ဂိုဏ်းကိုအပြစ်တင်မရတော့ပေ။

“မိတ်ဆွေလေး…”

“ကျွန်တော်သာ ခင်ဗျားတို့ဆိုရင် တခြားကိစ္စတွေမှာ အားအကုန်မခံတော့ပဲ မိုးကြိုးဘေးသင့်မှုအတွက် ပြင်ဆင်ထားလိုက်တော့မှာ၊ ဒါပေမဲ့ ခင်ဗျားတို့ နောင်တရနေတာကိုကြည့်ရတာတော့ ကြိုက်သား” ရှီမာယူယူ စကားဖြတ်ပြောလေသည် “ခင်ဗျားတို့က ကျွန်တော်တို့ကိုသတ်မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကတည်းက ကျွန်တော်တို့ကြားက ညှိနှိုင်းတာကပြီးသွားပြီ၊ ကျွန်တော်ကအကျင့်ကောင်းတဲ့လူမဟုတ်ဘူး၊ တစ်ယောက် ယောက်ကကျွန်တော့်ကိုသတ်ချင်တယ်ဆိုတာနဲ့၊ သူတို့အတွက် ကျွန်တော်ကပြန်ပြီးသတ်ပေးရမှာပဲ၊ ပြီးတော့ ခင်ဗျားတို့ကို ထွက်သွားဖို့ အခွင့်အရေးပေးသေးတယ်လေ၊ ခင်ဗျားတို့ဘာသာ မယူကြတာ”

ဘေးသင့်ခြင်းတိမ်တိုက်များ၏ အရောင်သည် ပိုပိုပြီးမည်းလာရာ အပြင်မှကြည့်သူများသည် ကြောက်ရွံ့ လာသဖြင့် နောက်ဆုတ်ကြလေသည်။ တောထဲမှ ဝိဉာဉ်မိစ္ဆာများသည် ဒေါသပြင်းထန်လာကာ တောထဲမှ ထွက် ပြေးကြလေသည်။

ဘေဂုံထန်နှင့် တခြားသူများသည် အဝေးသို့ရောက်နေပြီဟု သူတို့ကိုယ်သူတို့ထင်ကြသော်လည်း အခု ချိန်တွင် သူတို့သည် မိုးကြိုးဘေးသင့်ခြင်းနှင့်လွှတ်ရုံမျှဟု ခံစားရသည်။

“ဒီဘေးသင့်မှုတိမ်တိုက်က ခဏနေပစ်တော့မယ့်ပုံပဲ” ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်လောက် သည့် အားရှိသော ထိုမိုးကြိုးဘေးသင့်မှုကို မြင်ဖူးသည်မှာ နီအန်းယီ အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

“သူ့အကွက်ကအရမ်း ကြောက်စရာကောင်းတယ်၊ အရင်ဆုံးသူတို့ကိုပိတ်မိအောင်လုပ်ပြီးတော့ သူတို့နဲ့ အတူ မိုးကြိုးဘေးသင့်တာကိုခံဦးမယ်၊ ဒါက ပြောင်းပြန်လှန်လိုက်တာပဲ” ၉ယောက်မြောက် ထောင်ဟုန်ရှန် သည် ပါးစပ်ကိုအုပ်ကာ သက်ပြင်းချလေသည်။ ရှီမာယူယူ ထိုအကွက်ကို သူတို့ကိုမသုံးခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားရသည်။

သူမ တကယ်သာသူတို့နှင့် ရှင်းချင်ပါက ထိုဝန်းရံမှုကိုဖောက်ဖျက်နိုင်သည့်ဖြစ်နိုင်ချေမှာ နည်းပါးသည်။

ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့သည်လည်း တူညီစွာပင် တုန်လှုပ်ကြသည်။ ရှီမာယူယူ မိုးကြိုး ဘေးသင့်မှုတွင် ပါဝင်ချိန်က သူတို့၏ခံစားချက်ကို ရိုးရှင်းစွာဖော်ပြ၍မရပေ။

ထိုအကွက်မှာကြောက်စရာကောင်းလှသဖြင့် အားလုံးကိုအန္တရာယ်အတွင်းသို့ အတူဆွဲခေါ်လိုက်သလို ပင်။ မိုးကြိုးဘေးသင့်မှုသည် ဒီလောက်လူအများကြီးကို အာရုံခံမိပါက သူတို့တွေ့ဖူးသမျှတွင် အကြီးဆုံး မိုးကြိုး ဘေးသင့်မှုဖြစ်မည်ကို ကြောက်ရွံ့နေကြသည်။ သူတို့အားမှာ သန်မာသော်လည်း သူတို့၏ခန္ဓာကိုယ်မှာ ဝိဉာဉ် မိစ္ဆာများကဲ့သို့ ပြောင်းလဲတတ်ခြင်းမရှိပေ။ သူတို့သည် မိုးကြိုးပစ်ခတ်မှုအောက်တွင်တော့ အားနည်းသော ကြက်ပေါက်အုပ်စုမျှသာဖြစ်သည်။

သို့သော် အားလုံးစိတ်ထဲမှ စိုးရိမ်မှုသည် ပျောက်ကွယ်မသွားပေ။

မိုးကြိုးဘေးသင့်မှုကို သက်တန့်မြင်သောအခါ မျက်လုံးထဲတွင် ကြောက်ရွံ့မှုကြီးစွာပေါ်နေလေသည်။ သူမသည် ဘေဂုံထန်၏ လက်ကိုဆုပ်ကိုင်ကာ တုန်ယင်သောအသံဖြင့် မေးလေသည် “အစ်မဘေဂုံ ကြီးလိုက်တဲ့ မိုးကြိုးဘေးသင့်မှုကြီးပဲ၊ အစ်ကိုကအထဲမှာရှိတာ အန္တရာယ်မများလွန်းဘူးလား”

ထိုဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေတောင် မခံနိုင်တာ ရှီမာယူယူက ဘယ်လိုခံနိုင်မှာလဲ။

“ယူယူရဲ့ခန္ဓာကိုယ်က လျှပ်စီးအဆင့်ထိပ်တန်းပဲ၊ ပုံမှန်ဆိုရင် မိုးကြိုးဘေးသင့်မှုက သူမအတွက် မသေ စေနိုင်ဘူး” ဘေဂုံထန်ရှင်းပြလေသည်။

မသေနိုင်ဘူးဟုတ်လား။

အားလုံးသည် ပါးစပ်အဟောင်းအားဖြစ်သွားပြီး တူညီစွာဖြစ်နေကြသော မျက်နှာများကို လှောင်ရယ် လိုက်ကြသည်။

“သူက မယုံနိုင်လောက်စရာပဲ” နီအန်းယီ အော်လေသည် “သူဘယ်လိုလုပ်နိုင်တာလဲ ဘာလို့ အဲလောက်တောင်အားကောင်းရတာလဲ”

“ဘယ်သူမှ လွယ်လွယ်နဲ့ရမလာပါဘူး၊ ယူယူ အများကြီးအားထုတ်ပြီး သွေးချွေးတွေအများကြီး ပေးခဲ့ရတာပါ” ဝေကျိရွှီသည် စိတ်ခံစားချက်အပြည့်ဖြင့် ပြောလေသည်။ “သူမခန္ဓာကိုယ်ထဲမှာ ထိပ်တန်းအဆင့် ခရမ်းရောင်လျှပ်စီးရှိတယ်ဆိုပေမယ့် အဲဒါရဖို့အတွက်ကို သူမ မိုးကြိုးဘေးသင့်မှုခံခဲ့ရတယ်၊ သူမ တစ်ကိုယ်လုံး မီးသွေးတုံးလိုဖြစ်သွားပြီး အတွင်းပိုင်းကလီစာလောက်ပဲကျန်ခဲ့တယ်၊ ဒီလိုနာကျင်မှုမျိုးကို သာမန်လူတွေ နားလည်မှာမဟုတ်ဘူး”

“ဟုတ်တယ် အဂ္ဂိရတ်ပညာနဲ့ တည်ဆောက်မှုပညာကိုသင်ယူဖို့အတွက် သူမ လပေါင်းများစွာ မနားမနေ လုပ်ခဲ့ရတယ်၊ သူမကိုယ်တိုင် လေ့လာစမ်းသပ်ခဲ့တယ်၊ သူမ အောင်မြင်ခဲ့ပေမယ့် ခေါင်းကိုက်စရာတွေကြုံခဲ့တာ လည်းအများကြီးပဲ”

ထိုနေရာရှိလူများသည် စိတ်လှုပ်ရှားသွားကြကာ ရှီမာယူယူသည် ထိုမျှလောက်နာကျင်မှုများကိုခံခဲ့ရ မည်ဟု မထင်ခဲ့မိကြပေ။ သူတို့သည် သူမအား အားကျခြင်းထက် လေးစားသကဲ့သို့ကြည့်ကြလေသည်။

တခြားကိစ္စတွေမပြောနှင့် မိုးကြိုးဘေးသင့်မှုကိုဆင့်ခေါ်နိုင်ခြင်းကပင် သူမနှင့် ရင်ဆိုင်ရန် သတ္တိမရှိကြ တော့ပေ။

ရုတ်တရက်ပင် သူတို့၏ မျက်နှာများပြောင်းသွားကာ အားလုံးသည် တညီတညာနောက်ဆုတ်ကြလေ သည်။ မိုးကြိုးဘေးသင့်မှုတိမ်တိုက်သည် လျင်မြန်စွာကြီးထွားလာကာ မိုးကြိုးဘေးသင့်မည့်နေရာကို ဦးတည် ထားလေသည်။

“ဘုရားရေ ဒီမိုးကြိုးဘေးသင့်မှုကြီးက တောတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မှာတော့မဟုတ်လောက် ပါဘူးနော်” ဖက်တီးကျူ အော်လိုက်သည် “ယူယူ ဖြတ်ကျော်နိုင်ပါ့မလား”

ဘေဂုံထန်နှင့်အဖွဲ့သည် လေးနက်လာကာ စိုးရိမ်လာသည်။

နဂါးထောင်ချောက်တည်ဆောက်မှုအတွင်းတွင် ပိတ်မိနေကြသောလူများသည် မည်းနက်ကာ တိုးများ လာသော ဘေးသင့်မှုတိမ်တိုက်ကိုကြည့်နေကြသည်။ သူတို့၏ မျက်နှာများသည် ဖျော့တော့လာသည်။ သူတို့ သည် ရှီမာယူယူကို ခါးသီးစွာကြည့်ကြလေသည်။

ဒီလိုဖြစ်မယ်မှန်းသိရင် မင်္ဂလာသားရဲတစ်ကောင်ရဲ့သွေးလောက်နဲ့ သူမကို မဆန့်ကျင်ခဲ့ပါဘူး။

ဆေးကပါးစပ်ထဲရောက်ပြီးမှ နောင်တရနေလို့ဘယ်ရတော့မလဲ။ ခါးသီးမှုကိုဝါးစားပြီး ဗိုက်ထဲထည့်ရ တော့မှာပဲ

“ရွှမ်း…”

“အာ….”

ပထမဆုံးမိုးကြိုးကျရောက်လာရာ လူအများမှန်သွားပြီး အော်ဟစ်ကြလေသည်။

အင်အားကြီးသူများသည် အကာအကွယ်များလုပ်ကြသော်လည်း တစ်ခဏအတွင်းမှာပင် အစိတ်စိတ် အမွှာမွှာကွဲသွားလေသည်။

မိုးကြိုးတစ်ခုပြီးတစ်ခုကျရောက်လာပြီး အော်သံများဆက်သွားလေသည်။ စွမ်းအားနိမ့်သူများသည် နှစ်ချက်မျှ အပစ်ခံပြီးနောက်တွင် မီးသွေးအဖြစ်ပြောင်းသွားလေသည်။

အင်အားကောင်းသူများသည် ထိုအခြေအနေတွင် မရှက်နိုင်တော့ပဲ ရောင်ခြည်အောက်တွင် ပုန်းကြ လေသည်။

ဥပမာဆိုလျှင် နာလန်လန်နှင့် ယုချန်းပီတို့သည် သူတို့၏ ကာကွယ်ရေးအလုံးထဲမှ အပြင်မှအခြေအနေ ကိုစောင့်ကြည့်နေလေသည်။

“အံ့ဖွယ်ရှေးဟောင်းမိုးကြိုးကာကွယ်ရေးပဲ” လူတစ်ယောက်သည် နာလန်လန်၏ လက်ထဲမှ ပစ္စည်းကို မှတ်မိလေသည်။

နာလန်လန်နှင့် ယုချန်းပီတို့သည် ထိုအချိန်တွင် အကောင်းဆုံးလူများဖြစ်ကြသည်။ နာလန်လန်၏ ခန္ဓာကိုယ်တည်ဆောက်မှုပြဿနာကြောင့် သူမ အံ့ဖွယ်အဆင့်တက်စဉ်က မိုးကြိုးဘေးသင့်မှုခံရမည်ဖြစ် ကြောင်းကို ယုချန်းပီတွက်ချက်ခဲ့သောကြောင့် ထိုပစ္စည်းကိုသူမကိုပေးခဲ့သည်။ သိုပသော် သူမ အံ့ဖွယ်အဆင့် တက်ခဲ့စဉ်က မိုးကြိုးဘေးသင့်မှုမခံခဲ့ရပေ။ ဒီအချိန်ကိုခံရမည်ဟု မထင်ထားခဲ့ကြပေ။

ရှီမာယူယူ၏ သေးငယ်သောကာကွယ်ရေးတည်ဆောက်မှုသည် သူတို့သုံးယောက်ကို ကာကွယ်ပေး နိုင်သော်လည်း အချိန်ကြာအောင်မကာကွယ်နိုင်ပေ။ သူမသည် လေထဲတွင် ကာကွယ်ရေးယူထားသော နှစ် ယောက်ကိုကြည့်ကာ မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ရွှမ်း”

“ရွှမ်း”

မိုးကြိုးလျှပ်စီးများသည် ဆက်လက်ကျရောက်လာသည်။ သူမသည် မိုးကြိုးလျှပ်စီးပိုမိုကျရောက်သော နေရာကိုတွေ့သွားသည်။ ရုတ်တရက်ပင် စိတ်ထဲတွင် အကြံပေါ်လာသည်။

“မင်းတို့နှစ်ယောက် မခံနိုင်ရင် ငါ့ကိုခေါ်လိုက်” သူမပြောပြီးနောက် ကာကွယ်ရေးတည်ဆောက်မှုမှ ပျံထွက်သွားလေသည်။

“ရွှမ်း”

လျှပ်စီးတစ်ခုသည် သူမအပေါ်ကျရောက်လာသည်။ သူမသည် အနည်းငယ်ထုံကျင်မှုကိုခံစားလိုက်ရ ပြီး ထိုနာကျင်မှုကို အရင်ကအတွေ့အကြုံမရှိခဲ့ပေ။ အခုလက်ရှိ သူမခန္ဓာကိုယ်အရ ထိပ်တန်းအဆင့်ခရမ်းရောင် လျှပ်စီးသည် သူမပင်မသွေးကြောထဲ စီးဆင်းသွားခြင်းဖြစ်သည်။

***

All Chapters