← Chapters

သေလူတွေက ပိုက်ဆံမလိုဘူး

Vol. 008 Ch. 728

သေလူတွေက ပိုက်ဆံမလိုဘူး

Vol. 008 Ch. 728

ပြီးခဲ့သည့်တစ်ခေါက် ကြယ်ကိုးပွင့်သမုဒ္ဒရာတွင် ကောင်းကင်လျှပ်စီးကိုလက်ခံပြီးနောက် မိုးကြိုးအပစ်ခံ ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် မိုးကြိုးဒဏ်ကိုစဉ်းစားကြည့်လျှင် ထွက်ရမည်ကို ကြောက်ရွံ့နေခဲ့သည်။ ဒီတစ်ကြိမ်တွင် သက်သာလိမ့်မည်ဟု သူမကိုယ်တိုင်ပင် မထင်ခဲ့ပေ။ ဝမ်းသာစရာပင်။

ဒီ ထိပ်တန်းအဆင့်ခရမ်းရောင်လျှပ်စီးက တကယ်ပဲအသုံးဝင်တာပဲ။

ထိပ်တန်းအဆင့်ခရမ်းရောင်လျှပ်စီးသည် သူမ၏ စက်ဆုပ်သောအတွေးများကို သိလာသည်။ ဒီလောက် အားနည်းတဲ့ကြက်ပေါက်လေးရဲ့ စုပ်ယူခြင်းကိုဘယ်လိုခံခဲ့ရလဲ မသိတော့ပေ။ တကယ့်ကိုနိမ့်ကျတာပဲ။

မဟုတ်ဘူး သူ မြန်မြန်သန်မာမှ ဒီအားနည်းတဲ့ကြက်ပေါက်ဆီကနေ ထွက်သွားနိုင်မှာ။ အင်း… သူသာ မိုးကြိုးတွေကို မစုပ်ယူဘူးဆိုရင် သန်မာလာမှာမဟုတ်ဘူး။

ထိုအကြောင်းတွေးမိသောအခါ အဆက်မပြတ်စုပ်ယူပြီး မိုးကြိုးလျှပ်စီးကိုပိုမိုဆွဲဆောင်လေသည်။

မိုးကြိုးလျှပ်စီးလှိုင်းများ ပိုတိုးလာသည်ကို ရှီမာယူယူသိလိုက်သည်။ သူမသည် ကာကွယ်ရေး တည်ဆောက်မှုမှထွက်ခွာခြင်းကြောင့်ဖြစ်ရမည်ဟု တွေးကာ အများကြီးစဉ်းစားမနေတော့ပေ။ သူမသည် နာလန်လန်ဆီသို့ ပျံသွားလိုက်သည်။

“ဘာလုပ်မလဲလို့ သွား” နာလန်လန်သည် ရှီမာယူယူလာနေသည်ကို မြင်လိုက်သည်။ သူမ အော်လိုက်ချိန်တွင် မျက်နှာမှာဖြူဖျော့နေသည်။

သူတို့သည် အပြင်ဘက်အခြေအနေတွင် ကျရောက်နေဆဲဖြစ်ကာ ရှီမာယူယူသည် မိုးကြိုးဘေးသင့်မှု၏ တောင်းခံသူဖြစ်ပြီး အများဆုံးပစ်မှန်ခံရသူဖြစ်ကြောင်းသိလိုက်ရသည်။ အခုသူမရောက်လာသည်။ သူတို့လည်း သူမနှင့်အတူ ပစ်မှန်ခံရတော့မှာလား။

ရှီမာယူယူသည် သူတို့၏ ကာကွယ်ရေးအလုံးအပြင်ဘက်အရောက်တွင် ရပ်လိုက်သည်။ သူမသည် အထဲမှလူများကိုပြုံးပြပြီးနောက်… သူမထွက်ခွာမသွားပေ။

“ရွှမ်း”

ကြီးမားသော မိုးကြိုးကျရောက်လာကာ သူမတင်မဟုတ်ပဲ ယုချန်းပီနှင့် ကာကွယ်အရေးအလုံးထဲရှိ တခြားသူများကိုပါ ထိမှန်သွားလေသည်။

“ရွှမ်း”

“ရွှမ်း”

မိုးကြိုးပစ်လွှတ်မှုများစွာကျရောက်ပြီးသည့်နောက်တွင်တော့ နာလန်လန်နှင့် ယုချန်းပီတို့သည် တုန်ယင် နေကြသည်။

“ဆရာ အပြင်ကမိုးကြိုးက အရမ်းအားကောင်းနေတယ်၊ ဒီမိုးကြိုးကာကွယ်ရေးက အကြာကြီးမခံမှာ စိုး တယ်၊ ဆရာ အစီအစဉ်စဉ်းစားရတော့မယ်” နာလန်လန် အော်လေသည်။

“ဒီမှာ ဘာအစီအစဉ်ရှိလို့လဲ” ယုချန်းပီသည် စိုးရိမ်လေသည် “ငါတို့ထွက်သွားချင်တယ်ဆိုရင်တောင် နေရာကိုချိပ်ပိတ်ထားပြီးပြီ”

“ရွှမ်း”

“အာ…”

ကျယ်လောင်သော အသံကြီးသည် လူနှစ်ယောက်၏ ဦးခေါင်းအထက်သို့ကျရောက်သွားသည်။ နာလန်လန်သည် ကြောက်လန့်တကြားအော်လေသည်။

ထိုမျှလောက်ကြီးသော မိုးကြိုးလျှပ်စီးရုတ်တရက်ကျရောက်လာမည်ဟု ရှီမာယူယူ မထင်ထားခဲ့ပေ။ မခုခံလိုက်နိုင်ခင်မှာပင် အမည်းရောင်မီးသွေးဖြစ်သွားလေသည်။

ထိပ်တန်းအဆင့်ခရမ်းရောင် မိုးကြိုးပစ်ခတ်မှုသည် အပြိုင်ပင်။ မကောင်းပေ…. ထိုလျှပ်စီးသည် အများ အပြားစုပ်ယူလိုက်သဖြင့် အားအင်ကိုထိန်းချုပ်ရန်မေ့သွားကာ ကြီးမားသော မိုးကြိုးကိုဆွဲဆောင်မှုကိုဖြစ်စေ သည်။ သူမ သံသယမဝင်စေရန်ကိုပင် မျှော်လင့်မိသည်။

“အဟွတ် အဟွတ်”

သူမသည် ချောင်းနှစ်ကြိမ်ဟန့်လိုက်ရာ ပါးစပ်မှ အမည်းရောင်မီးခိုးငွေ့များထွက်လာသည်။ သူမ ခန္ဓာကိုယ်သည် အနက်ရောင်ဖြစ်သွားကာ ဆံပင်များသည် ထပ်မံလောင်ကျွမ်းသွားပြန်သည်။ ကံကောင်းစွာပင် သူမ အဝတ်များသည် အထူးပြုလုပ်ထားသဖြင့် ပြဲသွားခြင်းမရှိပေ။ မဟုတ်လျှင် သူမသည် ကိုယ်လုံးတီးဖြင့် ပြေးလွှားနေရမည်။

“သေစမ်း မသေလောက်ဘူးလို့ ပြောတယ်မလား၊ ဘာလို့ဒီလောက်နာရတာလဲ” သူမသည် ဆေး တစ်လုံးထုတ်ကာ ဝါးစားလိုက်သည်။ ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းသောနာကျင်မှုသည် အနည်းငယ်သက်သာ သွားသည်။

ကောင်းကင်မှ ဘေးသင့်မှုတိမ်တိုက်များသည် ထူထပ်နေဆဲပင်။ ထိုတိမ်တိုက်များသည် ကြာမြင့်စွာ ပစ်ခတ်ပြီးသော်လည်း ပျောက်ကွယ်မသွားသေးပဲ နောက်ထပ်မိုးကြိုးများကျလာဦးမည်ဟု ညွှန်ပြနေသလိုပင်။

နဂါးထောင်ချောက်တည်ဆောက်မှုအတွင်းတွင် လူအများသည် မြေပေါ်တွင်ကျကာ သေဆုံးနေကြ သည်။ မဟုတ်လျှင် သူတို့သည် မြစ်ထဲကျကာ အဆုံးသတ်သွားကြသည်။ အချိန်တိုအတွင်းမှာပင် မြေပေါ်တွင် မိုးကြိုးကြောင့်သေဆုံးသော အလောင်းများစွာပြည့်သွားသည်။

အရင်က ထိုမိုးကြိုးပစ်ခတ်မှုနည်းလမ်းကိုသုံးခဲ့ဖူးသူ များစွာရှိသည်။ သို့သော် အချိန်ကြာမြင့်သောအခါ ထိုနည်းလမ်းများသည် အသုံးမဝင်ဖြစ်ခဲ့သည်။ သူတို့သည် ကောင်းကင်မိုးကြိုးကို ရင်ဆိုင်ရန်မိမိဘာသာ အားကိုးလာကြသည်။

ရှီမာယူယူသည် တုလေးနှင့် ရှောင်ချီကိုကြည့်လိုက်သည်။ ကာကွယ်ရေးတည်ဆောက်မှုသည် ပြိုလဲ သွားလေပြီ။ နှစ်ယောက်လုံးသည် တိုက်ခိုက်ရန် ကိုယ့်အားကိုသုံးနေရလေပြီ။

တုလေးပြောသည်မှာ မှန်သည်။ အခုချိန်တွင် သူသည် လူသားအသွင်ဖြစ်သော်လည်း သူသည် ဝိဉာဉ် မိစ္ဆာတစ်ကောင်၏ ကာကွယ်နိုင်စွမ်းအပြည့်ရှိသည်။ ရှောင်ချီသည် ပို၍ ဝမ်းနည်ဖွယ်ကောင်းသည်။ သူမသည် မိုးကြိုးဘေးသင့်မှုကိုကြုံဖူးခြင်းမရှိကာ တုလေးခန္ဓာကိုယ်ကဲ့သို့လည်း သန်မာခြင်းမရှိပေ။ မိုးကြိုးအပစ်ခံလိုက်ရ သောအခါ သူမ ခန္ဓာကိုယ်သည် ဆုတ်ဖြဲခံရသကဲ့သို့ ခံစားရပြီး သူမ၏ ဝိဉာဉ်စွမ်းအင်သည် အလိုလို လှည့်ပတ် လာသည်။

နောက်တွင် သူတို့နှစ်ယောက်လုံးသည် အကြိမ်ပေါင်းများစွာ မိုးကြိုးထိမှန်ပြီး နှစ်ယောက်လုံး ဒဏ်ရာရ လေသည်။ ရှောင်ချီသည် ရှီမာယူယူပေးသော ဆေးကိုကြိုစားထားသော်လည်း သူမသည် သေတော့မည်ဟုသာ ခံစားနေရသည်။

“အစ်ကို ရှောင်ချီကသေတော့မယ်” တုလေးသည် ရှီမာယူယူဆီသို့အော်လေသည်။

ရှီမာယူယူသည် ကောင်းကင်မိုးကြိုးအား နာလန်လန်နှင့်အဖွဲ့ဆီသို့ လမ်းပြလေသည်။ တုလေးအော်သံ ကို သူမကြားသောအခါ လှည့်ကြည့်ပြီး လှုပ်ရှားမှုကိုရပ်လုကိသည်။ သူမ လျင်မြန်စွာပင် ကျွန်းဆီသို့ပျံသွားကာ ရှောင်ချီအားရေအောက်သို့ ဆွဲခေါ်သွားလေသည်။ ထို့နောက်တွင် သူမသည် ရှောင်ချီကို ဝိဉာဉ်စေတီထဲသို့ ထည့်လိုက်သည်။

ထိုနည်းလမ်းမှာ သူမစဉ်းစားပြီးသားဖြစ်သည်။ သူမသည် နေ့အချိန်လူမြင်ကွင်းတွင် လူများကို ပျောက် သွားအောင်မလုပ်နိုင်သော်လည်း ရေအောက်တွင်တော့ လုပ်လို့ရသည်။ ရှောင်ချီ ဘယ်သွားလိုက်သည်ကို တခြားသူများ သိလိုက်မည်မဟုတ်ပေ။

ရေသည်လျှပ်စီးနိုင်သဖြင့် မိုးကြိုးလျှပ်စီးသည် သူမအား ပို၍အခက်တွေ့စေနိုင်သောကြောင့် လျင်မြန် စွာထွက်လာလိုက်သည်။

ရေထဲမှထွက်ပြီးနောက်တွင် နာလန်လန်နှင့် သူမဆရာကို ဒုက္ခမပေးတော့ပဲ သူမ လုပ်လိုက်သော မြင်ကွင်းကို ကြည့်ရန်သာဆုံးဖြတ်လိုက်သည်။

“ဒီထိပ်တန်းအဆင့်ခရမ်းရောင်လျှပ်စီးက သုံးရတာတကယ်လွယ်တာပဲ၊ အရင်က မိုးကြိုးတွေအများကြီး အပစ်ခံရဖူးတာ အချိန်အတော်ကြအောင် လဲသွားဖူးတယ်” ရှီမာယူယူသည် သူမဘာသာပြောနေလေသည်။

ထိပ်တန်းခရမ်းရောင်မိုးကြိုးသည် ရှီမာယူယူပြောလိုက်သည့်စကားကိုကြားသောအခါ ချေငံစွာပြုံးလိုက် သည်။ သူသည် ပျော်သွားသဖြင့် ရောင်ဝါကိုထိန်းချုပ်ရန်မေ့သွားကာ နောက်ထပ် ပြင်းထန်သောမိုးကြိုးကို ဆွဲငင် မိလိုက်လေသည်။

“ရွှမ်း”

သူမသည် ကြီးမားသောလျှပ်စီး သူမအပေါ်ကျရောက်နေချိန်တွင် မှင်တက်နေခဲ့သည်။

“ကောင်းကင်လျှပ်စီးက ပုံမှန်ဆိုသေးသေးပဲမလား၊ ဒီမိုးကြိုးအကြီးကြီးက ဘယ်လိုဖြစ်တာလဲ”

“အို… ငါတမင်လုပ်တာမဟုတ်ဘူး” ထိပ်တန်းကောင်းကင်လျှပ်စီးသည် အားနာသွားသည်။ ရှီမာယူယူ ၏ခန္ဓာကိုယ်သည် မခံနိုင်ဟုခံစားသဖြင့် ဖြေဆေးကိုအလျင်အမြန်စားလိုက်သည်။

ရှီမာယူယူသည် နာကျင်သဖြင့်အံကြိတ်ထားသည်။ ကံကောင်းစွာပင် ထိုမိုးကြိုးလျှပ်စီးကျပြီးတစ်ခဏ တွင် တခြားသောမိုးကြိုးမရှိတော့ပေ။ မိုးကြိုးလျှပ်စီးများသည် အနားယူသွားသည့်ပုံပင်။ ထို့နောက်တွင် သူသည် အားအင်ပြန်ရလာသည်။

မိုးကြိုးလျှပ်စီးများရပ်တန့်သွားသည်ကို တခြားသူများမြင်သောအခါတွင်လည်း မပျော်နိုင်သေးပေ။ မည်းမှောင်နေသော တိမ်တိုက်များသည် ပျောက်ကွယ်သွားခြင်းမရှိပဲ ပိုပို၍တိုးလာသည်။

“ကလေး မင်းကရက်စက်တာပဲ၊ မင်းဒီနေ့ မသေရင် ငါမင်းကို ငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်” အဒေါ်ဟိန် သည် မုန်းတီးစွာအော်လေသည်။

သူတို့၏ မိုးကြိုးဘေးသင့်မှုသည် ရှီမာယူယူဆီကျရောက်သော မိုးကြိုးလျှပ်စီးလောက် အားမကောင်း သော်လည်း သူတို့သည် သူမထက်ပင် သနားစရာကောင်းနေလေသည်။ အဒေါ်ဟိန်သည် ခန္ဓာကိုယ်တွင် အသားပင်မရှိတော့ကာ မီးသွေးလုံးလုံးဖြစ်နေလေပြီ။ သို့သော် အဘိုးကြီးများမှာ သန်မာသည်။ သူတို့သည် သူတို့၏ သွေးကြောများကိုကာကွယ်ရန် ဝိဉာဉ်စွမ်းအင်အသုံးပြုထားသည်။ သူတို့သည် အချိန်တစ်ခုလောက် တော့ မသေနိုင်သေးပေ။

အဒေါ်ဟိန်မပြောလျှင်တော်သေးသည်။ ထိုစကားကြောင့် သူတို့ကို ထွက်သွားခွင့်မပေးသင့်ဟု ရှီမာယူယူ သတိရသွားသည်။ ထိုလူအိုကြီးများသည် သူတို့်၏ ရန်သူအဖြစ်သတ်မှတ်သွားတော့မည်။ ထို့ကြောင့် သူမအစီအစဉ်ဆွဲရန် အချိန်ယူရတော့သည်။ သူမသည် သူတို့ကဲ့သို့အမှားလုပ်၍မဖြစ်တော့ပေ။

သူမ စိတ်များစုစည်းပြီး မိုးပေါ်မှ တိမ်တိုက်မည်းများကိုကြည့်ပြီး ကောက်ကျစ်စွာပြုံးလိုက်သည်။

“ခင်ဗျားတို့ကအဲလိုပြောမှတော့ ကျွန်တော်ကလည်းအသက်ရှင်လျက်ထွက်သွားခွင့်မပေးနိုင်ဘူး” သူမ သည် ဆေးတစ်လုံးသောက်ပြီး နောက်ထပ်မိုးကြိုးတစ်စင်းကိုစောင့်နေလိုက်သည်။

အဒေါ်ဟိန်သည် ရှီမာယူယူ၏ အပြုံးကိုမြင်သောအခါ ကြောင်သွားသည်။ သူမ ဘာမကောင်းတာတွေ များလုပ်ဦးမလို့လဲ

“ရွှမ်း…”

နောက်ထပ် မိုးကြိုးတစ်စင်းကျရောက်လာရာ ရှီမာယူယူသည် ရုတ်တရက်ပင် ကျွန်းမှပျံကာ အဒေါ်ဟိန် ဆီသို့ တိုက်ရိုက်သွားလေသည်။

အဒေါ်ဟိန်သည် သူမ၏ နောက်ဆုံးအသက်ကိုအောင့်ထားခြင်းဖြစ်သည်။ ရလဒ်မှာတော့ ရှီမာယူယူ ရောက်လာသည်နှင့် မိုးကြိုးသည် သူမဆီသို့ချက်ချင်းပစ်ခတ်လိုက်ရာ လျှပ်စီးများစီးဝင်သွားပြီး သူမသေ သွေးများအန်တော့သည်။

***

All Chapters