← Chapters

ပိုက်ကွန်မှလွတ်သွားသောငါး

Vol. 008 Ch. 729

ပိုက်ကွန်မှလွတ်သွားသောငါး

Vol. 008 Ch. 729

ဒီတစ်ကြိမ်တွင် အဒေါ်ဟိန်ကို ဖြုတ်လိုက်သည်သာမက အနီးအနားမှလူများကိုလည်း ချမ်းသာမပေး ပေ။

ရှီမာယူယူသည် ရလဒ်ကိုကျေနပ်ကာ နဂါးထောင်ချောက်တည်ဆောက်မှုအတွင်း စတင်လှည့်ပတ်ပြေး တော့သည်။ သူမသွားလိုက်သည့်နေရာတိုင်းတွင် မိုးကြိုးများ ခက်ထန်စွာလိုက်လာသည်။ သူမရောက်လာသည် ကိုတွေ့သော ခေါင်းမာသူများသည် သူတို့၏ခန္ဓာကိုယ်မှ နာကျင်မှုကိုမေ့ထားကာ မတ်တပ်ရပ်ပြီးပြေးကြလေ သည်။

အပြင်မှကြည့်နေသာလူများသည် သူမ၏လုပ်ရပ်ကိုမြင်သောအခါ နှုတ်ခမ်းတွန့်မိကြသည်။ ထိုကိစ္စမှာ ပြင်းထန်သည်ကိုသိကြသော်လည်း မသိမသာပျော်ရွှင်နေမိသည်။

“ဒီကောင်ကအရမ်းဆိုးတာပဲ” နီအန်းယီ မှတ်ချက်ပေးသည်။

တခြားသူများသည် သဘောတူသည့်အနေနှင့် ခေါင်းညိမ့်ကြသည်။

တကယ်ကိုဆိုးတာ…

သိုပသော် သူတို့သည် မုန်းတီးသည့်ပုံမပေါက်ပဲ သဘောကျနေကြသည်။

ရှီမာယူယူသည် စက်ဝိုင်းပုံပတ်ပြေးပြီးနောက် မပြေးနိုင်တော့ပေ။ ထိုလူများသည် မိုးကြိုးအပစ်ခံထားရ ပြီး သူမသည် ပိုအပစ်ခံထားရသည်။ ထို့အပြင် အသက်ရှင်သူများမှာ သိပ်မကျန်တော့ပေ။

ထိုဖြစ်စဉ်များအတွင်းတွင် နာလန်လန်၏ အံ့ဖွယ်လက်နက်မှာကွဲသွားပြီး ကာကွယ်ရေးအလုံးမှာလည်း ပျောက်ကွယ်သွားသည်။ သူတို့သည်လည်း မိုးကြိုးအပစ်ခံရသည်။

သို့သော် သူမသည် ရတနာများပိုင်ဆိုင်ထားသည်။ အမျိုးအမည်မသိရသော အဝတ်ကိုသူမ ခြုံထား သည်။ မိုးကြိုး သူမအပေါ်ကျရောက်သောအခါ သေစေလောက်သည့် လျှပ်စီးသည် လျော့နည်းသွားသည်။ အကြိမ်များစွာ ထိမှန်ပြီးသွားသော်လည်း သူမလဲကျမသွားသေးပေ။ သို့သော် သူမမျက်နှာမှာ နာကျင်မှုကို တောင့်ခံထားသော ခက်ခဲသည့်အနေအထားဖြစ်နေသည်။

ယုချန်းပီတွင် မိုးကြိုးကာကွယ်သည့်ပစ္စည်းကောင်းမရှိပေ။ သူသည် ပစ္စည်းများစွာကိုထုတ်လာသော် လည်း မိုးကြိုးကြောင့်ပျက်စီးသွားလေသည်။ သူသည် တောင့်ခံနိုင်ရန် သူ၏ဝိဉာဉ်စွမ်းအင်ကိုသာသုံးရတော့ သည်။ သူသည်လည်း ခက်ခဲသည့်အနေအထားဖြစ်နေသည်။

အားလုံးကျရှုံးသွားသည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူမကြိုးစားအားထုတ်မှုမှာ တန်ရာတန်ကြေး ရှိသည်ဟု ခံစားရသည်။ ရုတ်တရက်ပင် သူမမျက်နှာအမူအရာပြောင်းသွားပြီး အော်လိုက်သည် “မကောင်းတော့ ဘူး”

အကြောင်းမှာ နောက်ပိုင်းကျလာသောမိုးကြိုးများသည် အလွန်အားကောင်းလှသဖြင့် ကျလိုက်ချိန်တိုင်း တွင် နေရာသည် လှိုင်းထသွားသည်။ မိုးကြိုးသည် မတော်တဆ နဂါးထောင်ချောက်တည်ဆောက်မှုကို ပျက်စီး မိသွားသည်။

ယုချန်းပီနှင့် နာလန်လန်တို့သည် ထိုအရာကိုမြင်သောအခါ ပျော်သွားကြသည်။ နာလန်လန် အော် လိုက်သည် “ဆရာ”

ယုချန်းပီသည် ဒဏ်ရာများဖြင့် ပြည့်နေသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူအံကြိတ်ထားသည်။ သူသည် နယ်နိမိတ်ဖျက်သည့်အဆောင်ကိုထုတ်ပြီး ဝိဉာဉ်စွမ်းအင်ထည့်လိုက်သည်။ ထိုအဆောင်အသက်မဝင်ခင်တွင် သူသည် မိုးကြိုးအပစ်ခံလိုက်ရာ အပြင်ပိုင်းသည် မီးမြှိုက်ခံလိုက်ရသည်။

ယုချန်းပီသည် ထိုကဲ့သို့နာကျင်မှုမျိုးကို တစ်သက်နှင့်တစ်ကိုယ် အခုမှခံစားဖူးခြင်းဖြစ်သည်။ စိတ်ထဲ တွင် အမုန်းတရားများ ပြည့်နှက်သွားသည်။ သူသည် အမှန်တကယ်ပင် ရှီမာယူယူကို တစ်စစီ ဆုတ်ဖြဲပစ်ချင်မိ သည်။ သို့သော် အခုချိန်တွင် သူ့အတွင် အချိန်မရှိကာ စွမ်းအင်လည်းမရှိပေ။

သူလက်ထဲမှ နယ်နိမိတ်ဖျက်အဆောင်တစ်ဝက်ကို ပစ်လိုက်သည်။ သူနောက်တစ်ခုကိုထုတ်ပြီး အောင်မြင်စွာ လေဟာပြင်ဝင်ပေါက်ဖွင့်လိုက်ပြီးချိန်တွင် နောက်ထပ် မိုးကြိုးတစ်ခုသည် သူတို့နှစ်ယောက်ကို ထပ်ပစ်ပြန်သည်။ သူတို့ပြန်ကောင်းလာချိန်တွင် ဝင်ပေါက်သည် ပိတ်သွားလေပြီ။

နယ်နိမိတ်ဖျက်အဆောင်နှစ်ခုဆုံးရှုံးပြီးနောက်တွင် ယုချန်းပီသည် စိတ်နာနာနှင့် နောက်ဆုံးတစ်ခုကို ထုတ်ရတော့သည်။ သူဒီတစ်ကြိမ်တွင် မအောင်မြင်ပါက ဒီနေ့သေဆုံးတော့မည်ဖြစ်သည်။

ကံကောင်းစွာပင် ဒီတစ်ကြိမ်အောင်မြင်သွားသည်။ မိုးကြိုးသည် သူ့အားနှစ်ကြိမ်ပစ်ပြီးနောက်တွင် အနားယူသွားသည်နှင့်တူသည်။ သူ့ကိုအချိန်လုံလောက်အောင်ပေးသည်။

“သွားမယ်” ယုချန်းပီသည် နာလန်လန်အားဆွဲကာ လေဟာပြင်ဝင်ပေါက်သို့ဝင်လေသည်။

“ဆရာ စီနီယာအစ်ကို သူ…” နာလန်လန်သည် အဝေးမှ နောက်ဆုံးအသက်အား လုရှုနေရသည့် မီးသွေးတုံးအားကြည့်လိုက်သည်။

“သူ့အတွက်အချိန်မရှိဘူး သွားမယ်”

သူတို့နှစ်ယောက်ဝင်သွားသည်နှင့် ဝင်ပေါက်သည် ပိတ်သွားကာ နှစ်ယောက်သားအောင်မြင်စွာ ထွက် သွားနိုင်လေသည်။ ထွက်မသွားခင်တွင် နာလန်လန်လှည့်ကြည့်ရာ ရှီမာယူယူကိုမြင်လိုက်ရသည်။ သူမကို မှတ်မိသည့်အား နာလန်လန်၏မျက်လုံးများသည် ရုတ်တရက်ကျယ်သွားသည်။

မိုးကြိုးလျှပ်စီးပစ်ခတ်မှုကြောင့် သူမ၏ လူသားအရေမျက်နှာဖုံးကွာသွားကာ သူမသည် မူလပုံစံအတိုင်း ဖြစ်နေလေပြီ။ အခုချိန်တွင် သူမ မျက်နှာမှာမည်းနက်နေသော်လည်း သူမကိုမှတ်မိနေဆဲပင်။

မိုးကြိုးဘေးသင့်မှုစွမ်းအားကောင်းလာသဖြင့် ရှီမာယူယူသည်လည်း လွှမ်းမိုးခံနေရသည်။ သူမသည် နာလန်လန်နှင့် ယုချန်းပီတို့ ဝင်ပေါက်လုပ်ကာထွက်သွားသည်ကို ကြည့်သာကြည့်နေရသည်။

“မင်းတို့ ဦးလေး၊ သူတို့ဒီလိုမျိုးထွက်ပြေးသွားနိုင်တယ်” သူမသည် စိတ်ထဲမှ ရေရွတ်ကာ မိုးကြိုးကို ဆက်လက်တောင့်ခံလေသည်။

ယုချန်းပီနှင့် နာလန်လန်တို့ ထွက်ပြေးသွားနိုင်သော်လည်း တခြားသူများမှာ ကံမကောင်းလှပေ။ သူတို့ အများစုတွင် နယ်နိမိတ်ဖျက်အဆောင်များရှိကြသော်လည်း မိုးကြိုးအကြာကြီးအပစ်ခံထားရသဖြင့် သုံးနိုင်စွမ်း မရှိကြပေ။ သူတို့သည် ထွက်ပြေးနိုင်မည့်အခွင့်အရေးကိုသာ စောင့်ကြည့်နေရတော့သည်။

ပျံသန်းရုံမျှ ပျံသန်းနိုင်သူများ တချို့ရှိသည်။ သူတို့သည် မပျံသန်းနိုင်ခင်မှာပင် မိုးကြိုးအပစ်ခံလိုက်ရ သည်ချည်းပင်။

လူများပိုပိုပြီး ရှုံးနိမ့်သည်နှင့် မိုးကြိုးစွမ်းအားသည် လျော့နည်းလာသည်။ အရင်ကပစ်ခဲ့သော မိုးကြိုးများ သည် ဘယ်တုန်းကမှ အားမကောင်းခဲ့ဖူးသလိုပင်။

နာရီဝင်ကြာသောအခါ ဘေးသင့်မှုတိမ်တိုက်သည် ကျေနပ်စွာဖြင့် ဆုတ်ခွာသွားလေသည်။

ရှီမာယူယူသည် ဒီတစ်ကြိမ်တွင် မြေပေါ်လဲနေကာ မထနိုင်တော့ပေ။ သူမသည် မိုးကြိုးလျှပ်စီးများကို ခံနိုင်ရည်ရှိသော်လည်း အကြိမ်ရေများလာသောအခါ မရပ်တည်နိုင်တော့ပေ။ ထပ်ပြောရလျှင် သူမသည် အမြဲတမ်း ကြီးမားသောမိုးကြိုးများကိုသာ ကြုံတွေ့ရသည်ဖြစ်၍ သူမခန္ဓာကိုယ်သည် နာကျင်နေလှပြီ။

တုလေးသည် သူမဘေးတွင် လှဲနေသည်။ သူ့အခြေအနေသည် သူမထက်ဆိးသော်လည်း နောက်ဆုံး အသက်ရှုသံကြားနေရသဖြင့် တော်သေးသည်။

အပြင်မှကြည့်ရှုသူများ ပျံလာကြသည်။ ဖန်ကျိရှင်းနှင့် တခြားသူများသည် ရှီမာယူယူဆီသို့လာကြသည်။

“ယူယူ ဘယ်လိုနေလဲ” ဖန်ကျိရှင်းသည် သူမ တစ်ကိုယ်လုံးလောင်ကျွမ်းကာ ပိုင်းဖြတ်ခံထားရသည်ကို မြင်သောအခါ စိတ်မချမ်းသာလှပေ။

သူသည် ထိုလူများကို တိုက်ခိုက်ရန် လုံလောက်စွာအားမရှိသောကြောင့်ပင်။ မဟုတ်လျှင် သူမသည် ဒီလောက်ရက်စက်မှုကို လုပ်စရာမလိုပေ။

ဟော့ဘာဝူထန်းသည် ဖန်ကျိရှင်း၏ အမူအရာကိုမြင်သောအခါ သူဘာစဉ်းစားနေသည်ကို သိသည်။ သူ့ ကိုယ်သူ အပြစ်တင်နေသည်ကိုကြည့်ပြီး မျက်လုံးလှန်မိသည်။

ညီအစ်ကို… တစ်နေရာလုံးက လဲနေတဲ့အလောင်းတွေကိုလည်းကြည့်ဦး… မင်းရဲ့ တပည့်လေးက လုံးဝ အဆင်ပြေနေသေးတယ် ဟုတ်ပြီလား…

ရှီမာယူယူသည် နာကျင်နေသော်လည်း ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ နေရမခက်ပေ။ သူမသည် မြေပေါ်တွင် လှဲကာ သူမအားဝိုင်းနေသာလူများကိုကြည့်ကာ ပြန်ဖြေလေသည် “ကျွန်တော်အဆင်ပြေပါတယ် လောလောဆယ်ကို ကျွန်တော့်ကိုထားပြီး အသက်ရှင်တဲ့လူရှိလားသွားကြည့်လိုက်”

ဘေဂုံထန်နှင့် တခြားသူများသည် သူမဆိုလိုသည်ကို နားလည်သည်။ သူတို့သည် ချက်ချင်းပင် စစ်ဆေး ရန်သွားကြည့်ရာ အမှန်တကယ်ပင် အသက်ရှင်သူအနည်းငယ်ကိုတွေ့လေသည်။ ထိုလူများသည် အင်အားမြင့် ကာ လျှို့ဝှက်နည်းလမ်းများရှိကြသည်။ သူတို့သည် ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီးနိုင်လောက်သည့် မိုးကြိုး ကြားမှ အသက်ရှင်သူများဖြစ်ကြသည်။

သို့သော် သူတို့တွင် အောင်ပွဲခံရန်အချိန်မရှိတော့ကာ ဘေဂုံထန်နှင့်တခြားသူများသည် နိဂုံချုပ်ပေး လိုက်ကြသည်။

ထို့ကြောင့် စောစီးစွာထွက်သွားသော ရှဲ့ကျင်းနှင့်အဖွဲ့သားများနှင့် ထွက်ပြေးသွားသော နာလန်လန်နှင့် သူမဆရာမှလွဲပြီး အားလုံးအားရှင်းပြီးသားဖြစ်သွားလေသည်။

“ယူယူ ဆရာ့ကိုပြောဦး ဘယ်လိုနေလဲ” ဖန်ကျိရှင်းသည် ရှီမာယူယူ၏ သွေးကြောကိုစမ်းသပ်ရန် လုပ် သော်လည်း သူမ၏ လောင်ကျွမ်းထားသောခန္ဓာကိုယ်ကို စမ်းသပ်ရန်မဖြစ်နိုင်ပေ။

“ဆရာ ကျွန်တော်အဆင်ပြေပါတယ်၊ ဆေးနည်းနည်းသာပေးပါ ၂ရက် ၃ရက်နေရင် အဆင်ပြေသွားမှာ ပါ” ရှီမာယူယူသည် ဖန်ကျိရှင်းအားပြုံးပြသော်လည်း သူမပုံစံမှာ အကျည်းတန်နေသည်။

လူဆိုးကြီး၁၀ယောက်နှင့် ရှဲ့ကျင်းတို့သည် အတူလာရောက်ကြရာ သူမသည် ဖန်ကျိရှင်းအား ဆရာဟု ခေါ်လိုက်သည်ကို ကြားသည်နှင့် အံ့သြသွားကြလေသည်။

သူမနှင့် ဖန်ကျိရှင်းတို့ကြားမှ ဆက်ဆံရေးသည် ကောင်းသည်ဟု ထင်ထားမိကြသော်လည်း ဆရာ တပည့်ဖြစ်လိမ့်မည်ဟု မထင်ထားမိကြပေ။

သူတို့အားလုံးသည် အတွင်းပိုင်းဒေသမှ ဖန်မိသားစု၏ အင်အားကို သိထားပြီးသားဖြစ်ကြသည်။ အတွင်းပိုင်းဒေသမှ ထိုမိသားစု၏ အဖွဲ့ဝင်ဖြစ်ပါက သူတို့သည် အတွင်းပိုင်းဒေသသို့ခြေချလိုက်သည်နှင့် အတွင်းပိုင်းဒေသတစ်ခုလုံး တုန်နေအောင်ကြောက်ရသည်။ ထို့အပြင် ဖန်ကျိရှင်းသည် ဖန်မိသားစု၏ အရေးပါ သောရာထူးကိုရထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် သူမ၏ ဆရာဖြစ်နေသည်။

လူဆိုးကြီး၁၀ယောက်သည် ရှီမာယူယူကြောင့် တစ်မျိုးပြီးတစ်မျိုး အံ့သြနေရသည်။ သူမအကြောင်း သူတို့ပိုသိလေ ဒီလောက်အသက်အရွယ်နှင့် ဒီအဆင့်ရောက်နိုင်သော သူမကိုလေးစားလေဖြစ်သည်။

“ယူယူ အကုန်ပြီးသွားပြိ” ဘေဂုံထန်တို့ ပြန်လာကြသည်။ ဖက်တီးကျူသည် ဗျိုင်းဖြူမျိုးနွယ်အကြီးအကဲ များကို ဦးဆောင်ကာ အလောင်းများကိုရှင်းလင်းနေသည်။

အားလုံးပြီးဆုံးသွားပြီဟုထင်နေချိန်တွင် လေဟာပြင်သည် ရုတ်တရက် တုန်ခါလာသည်။ မကြာမီတွင် လေဟာပြင်ဝင်ပေါက်ပွင့်သွားကာ လူတချို့ထွက်လာသည်….

***

All Chapters