မစ်ရှင်အား လမ်းကြုံ ပြီးမြောက်ခြင်း
Vol. 008 Ch. 730
ယွမ်ရှောင်ဂျီသည် လူများကိုခေါ်လာသည်။ ပထမဆုံးသူမြင်လိုက်ရသည်မှာ မြေပေါ်တွင်လဲနေသော အလောင်းများဖြစ်ကာ ပန်းများအပင်များသည် မရှိတော့ကာ အားလုံးရှုပ်ပွနေသည်။
ဖန်လိုင်သည် ရပ်နေကာ သူတို့အားလုံးကြည့်ပြီးသည်အထိစောင့်နေသည်။
“ဘာတွေဖြစ်သွားတာလဲ”
ဘယ်လိုစွမ်းရည်မျိုးက အမှောင်တောအလယ်ပိုင်းတစ်ခုလုံးကို ဖျက်ဆီးလိုက်တာလဲ။
“အဘိုးယွမ် အရမ်းကြတာပဲ” ဖန်လိုင်သည် ယွမ်ရှောင်ဂျီကိုမြင်သောအခေါ စောဒကတက်လေသည်။ သူသာ စောစောရောက်လာပါက ဒီကလေးသည် ဒီနည်းလမ်းကိုသုံးရန်မလိုပေ။
“ငါ မင်းပြောတဲ့သတင်းကြားတာနဲ့ လူတွေခေါ်လာတာပဲ၊ ဘာတွေဖြစ်သွားတာလဲ” ယွမ်ရှောင်ဂျီသည် အံ့သြနေလေသည်။ အမြဲတမ်းမာနကြီးနေတဲ့ ဒီလူက ဒီနေ့မှာမှ ဘာလို့ထူးဆန်းနေတာလဲ။
ဖန်လိုင်သည် ဖြစ်ပျက်သမျှကို အတိုချုပ်ရှင်းပြလေသည်။ ယွမ်ရှောင်ဂျီနှင့် သူ့နောက်မှလူများသည် အံ့သြကြသည်။
“ဧကရာဇ်အဆင့်ရာချီနေတာကို သေသွားကြတယ်ဟုတ်လား” ရှုဂျင်းသည် အံ့သြသွားကာ နောက်မှ ရယ်မောလေသည် “ဟားဟား မဆိုးဘူး ငါ့တပည့်ပီသတယ် အရမ်းကိုသြဇာညောင်းတယ်”
“ဆရာ ပျော်နေတာလား ကျွန်တော်က အင်အာားရာချီနေတာကို တိုက်ခိုက်ရတာ” ရှီမာယူယူသည် သူ စိတ်ပါလက်ပါရယ်မောနေသည်ကို မတတ်နိုင်ပေ။
“ဘာတွေကြောက်နေတာလဲ၊ ဘာဖြစ်လဲ မင်းမှာမင်းဆရာတွေရှိနေတာပဲ” ရှုဂျင်းသည် သဘောမတူစွာ ပြောလိုက်သည်။
ယွမ်ရှောင်ဂျီနှင့် ပါလာသောတခြား၂ယောက်သည် ထိုအကြောင်းကို စိတ်မပူကြပေ။ နဂါး ထောင်ချောက် တည်ဆောက်မှုဟု ဖန်လိုင်ပြောသည်ကိုကြားလိုက်သည်နှင့် ကျွန်းတစ်လျှောက် လှည့်ပတ်ကြည့် ကြလေသည်။ သူတို့သည် စိတ်လှုပ်ရှားစွာပြေးသွားကာ ပြောလေသည် “တကယ်ပဲ နဂါးထောင်ချောက် တည်ဆောက်မှုပဲ ဘယ်သူဒီတည်ဆောက်မှုကိုလုပ်တာလဲ”
“ယူယူလုပ်ထားတာ” ဖန်လိုင် ပြန်ဖြေလေသည် “ဒီတည်ဆောက်မှုကြောင့်သာမဟုတ်ရင် ဒီလောက် လွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး”
ထောင်ချောက်တွင် မပိတ်မိသောလူများသည် ဒီနေရာမှ ထွက်သွားကာ မိုးကြိုးဘေးသင့်မှုပြီးမှသာ ပြန်လာကြသည်။ မဟုတ်လျှင် ယူယူနှင့်အတူ အန္တရာယ်ကျရောက်မည်ဖြစ်သည်။
ထိုလူ၂ယောက်သည် ရှီမာယူယူ တည်ဆောက်သည်ဟုကြားသည်နှင့် သူတို့၏ မျက်လုံးများသည် အံ့သြမှု၊ တွေဝေမှုနှင့် မယုံကြည်မှုတို့ကို တစ်ခုပြီးတစ်ခုဖြစ်သွားကြလေသည်။ တစ်ယောက်သည် သတိရှိသည်။
သူတို့ တစ်စုံတစ်ရာပြောမည်အပြုတွင် ရှုဂျင်းသည် စကားဖြတ်ပြောလေသည် “မင်းတို့ပြောစရာရှိရင် နောက်မှပြော၊ ငါ့တပည့်က နာလန်ထူဖို့လိုတယ်၊ သူ ဒီလောက်အများကြီးထိခိုက်ထားတာမမြင်ဘူးလား”
ထိုလူများသည် သူ့တပည့်ကို ထိမည်ဟု မစဉ်းစားတာကောင်းမယ် မဟုတ်ရင် သူ သူတို့ကိုမယဉ်ကျေး နိုင်တော့ဘူး။ သူတို့အဆင့်မှာ ထင်ပေါ်ကျော်ကြားသော်လည်း သူ့မှာလည်း စွမ်းရည်မနိမ့်ပေ။
ထိုလူ၂ယောက်သည် အတွင်းဂိုဏ်းမှ ဖြတ်လမ်းတည်ဆောက်မှုကို စောင့်ကြပ်သူ၂ယောက်ဖြစ်ကြောင်း ရှီမာယူယူ မှတ်မိသည်။ သူတို့ဘာလို့ဒီကိုလာတာလဲ။
ယွမ်ရှောင်ဂျီသည် လှည့်ပတ်ကြည့်ပြီးနောက် ရှောင်ချီကို မမြင်မိပေ။ သူမေးလိုက်သည် “ယူယူ ရှောင်ချီ ရော”
သူမကို ခေါ်သွားလိုက်ကြပြီလား။
“ကျောင်းအုပ် စိတ်ချပါ ရှောင်ချီက လုံခြုံတဲ့နေရာမှာရှိပါတယ်” ရှီမာယူယူသည် ထူးခြားမှုမရှိပဲ ဖြေလိုက် သည်။
“ကောင်းပြီ ဒီကထွက်သွားရအောင်” ရှုဂျင်း ပြောလိုက်သည်။
အလောင်းများပြည့်နေသော ပတ်ဝန်းကျင်သည် စကားပြောရန်ကောင်းသော နေရာမဟုတ်ပေ။
ယွမ်ရှောင်ဂျီနှင့် တခြားသူများသည် အဖြစ်အပျက်ကို ပိုသိချင်နေသည်။ သူ ပြောလိုက်သည် “အနီးဆုံး မြို့ကိုသွားကြအောင်”
ရှီမာယူမင်သည် ရှေ့တိုးကာ ရှီမာယူယူအား တွဲကာ ဖန်လိုင်သည် တုလေးအား ထူလိုက်သည်။
ဒီတစ်ကြိမ်တွင် ရှဲ့ကျွင်းသည် သူ့လူများကိုခေါ်ကာ လူအုပ်မှထွက်လာပြီး ရှီမာယူယူအား အရိုသေပေး လေသည်။ သူသည် ကျေးဇူးတင်စွာဖြင့် “ကျွန်တော်တို့ကိုလွှတ်ပေးတဲ့တွက် ကျေးဇူးပါ မိတ်ဆွေလေး”
ရှီမာယူယူသည် သူ၏ အပြုအမူကိုကြည့်ပြီး ပြုံးလိုက်သည် “ဒီနေ့ ခင်ဗျားအသက်ကိုကယ်လိုက်တာက ခင်ဗျားကိုယ်တိုင်ပါ၊ ကျွန်တော်ကအခွင့်အရေးပေးရုံပါပဲ”
“ခင်ဗျားသာ ဒီအခွင့်အရေးမပေးဘူးဆိုရင် ကျွန်တော်တို့ကမှန်ကန်တဲ့ရွေးချယ်မှုလုပ်မိမှာမဟုတ်ဘူး” ရှဲ့ကျွင်းပြောလိုက်သည် “နောက်ကိုလိုတာရှိရင် ဒီတံဆိပ်ပြားယူပြီး ကျွန်တော့်ကိုလာရှာလို့ရပါတယ်”
ရှီမာယူရွှီသည် တံဆိပ်ပြားကိုယူလိုက်သည်။
“ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး” ရှဲ့ကျွင်းသည် အားလုံးကိုအရိုအသေပေးကာ သူ့လူများကိုခေါ်ပြီး ထွက်သွားလေသည်။ သူသည် ယွမ်ရှောင်ဂျီကို ဝိဉာဉ်နယ်နိမိတ်အတားအဆီးအကြောင်းကိုမေးလိုသော်လည်း မေးရန်အချိန်ကောင်းမဟုတ်သည်ကို သူသိသည်။ သူတို့သည် လုပ်ရမည့်ကိစ္စများစွာရှိနေသေးသည်။ သူတို့ကို အခုချိန်တွင် နှောင့်ယှက်လိုက်ပါက ဒေါသဆွပေးသကဲ့သို့ဖြစ်သွားမည်။
ပွဲကြည့်နေသောတခြားသူများလည်း ထွက်သွားကြလေပြီ။ ထိုကိစ္စသည် သူတို့ကို များစွာသက်ရောက်မှု ရှိသည်မှာတော့ အမှန်ပင်။ သူတို့သာ ဒီအခြေအနေမျိုးထပ်တွေ့ပါက စဉ်းစားရန်ပင်မလိုတော့ပေ။ သူတို့သည် အခြေအနေကိုရှင်းလင်းစွာ နားလည်ကြသည်။ မဟုတ်လျှင် သူတို့သေသွားပါက အမှန်တကယ်ပင် အရေးမပါ ပေ။
ယွမ်ရှောင်ဂျီ ဝင်ပေါက်အားဖွင့်ရန်ပြင်ဆင်သည်နှင့် ရှီမာယူယူသည် တားလိုက်သည် “ကျောင်းအုပ် ခဏလေး ကျွန်တော်လုပ်စရာရှိသေးတယ်”
“ဘာလုပ်စရာကျန်သေးတာလဲ”
ရှီမာယူယူသည် ဘေးဘက်ရှိ ကြိုးကြာနီများကို ကြည့်လိုက်သည်။ ကြိုးကြာနီဘုရင်သည် အရှေ့သို့ အလျင်စလိုလာကာ တောင်းပန်လေသည် “သခင်လေးကို ဘုရင်ကြီးရဲ့ စာချုပ်သခင်မှန်းမသိလို့ပါ၊ သခင်လေး ကို ပြစ်မှားမိပါတယ် ကျေးဇူးပြုပြီး အပြစ်ပေးပါ”
ကြိုးကြာနီဘုရင်သည် အနောက်မှ ငှက်လေး၏ ရောင်ဝါကိုခံစားမိသည်။ သူရောက်လာချိန်တွင် ရှီမာယူယူသည် နဂါးထောင်ချောက်တည်ဆောက်မှုတွင် ပိတ်မိနေပြီးဖြစ်သည်။
“အင်း အပြစ်ပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။ ကြိုးကြာနီဘုရင် အေးစက်သွားသည်။ သူသာ လူသားအသွင်ဖြစ်ပါက ချွေးအေးများထွက်နေနိုင်သည်။
သူတုန်ယင်နေသည်ကို ကြည့်ပြီး သူမမျက်လုံးလှန်လိုက်သည်။ “ဘယ်လိုအပြစ်ပေးမလဲဆိုတာ မပြော ရသေးဘူး ဘာတွေတုန်နေတာလဲ”
“ဘုရင်ကြီးရဲ့ စာချုပ်သခင်အပြစ်ပေးမယ်ဆိုရင် ကျွန်တော်လိုက်နာပါမယ်” ခေါင်းဆောင်သည် ပြော လေသည်။
သူမက သူတို့ကိုသတ်မယ်လို့ထင်နေကြတာလား။
“ကောင်းပြီ တုန်မနေကြနဲ့တော့၊ အမွေးတွေကျွတ်ကုန်တော့မယ်” ရှီမာယူယူသည် သူတို့ကိုခြောက်လန့် မနေပေ “ငါက စကားပြောရတာလွယ်ပါတယ် မင်းတို့ကိုအရင်ကမသိခဲ့လည်း မင်းတို့အသက်ကိုယူဖို့ အစီအစဉ် မရှီဘူး၊ သတိပေးတဲ့အနေနဲ့ ဥ အလုံး၂၀ပဲပေးလိုက်”
ဥအလုံး၂၀ပဲလား…
ငှက်များသည် အံ့သြသွားကြသည်။
“ဘာလဲ မပေးချင်ဘူးလား မဟုတ်ရင် သေချင်လို့လား” ရှီမာယူယူသည် သူတို့တိတ်နေသည်ကို ကြည့် ပြီး လေးနက်စွာမေးလေသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး” ကြိုးကြာနီဘုရင် ပြန်ဖြေလေသည် “ကျွန်တော်တို့် ဥတွေပေးပါမယ် သွား ဥ အလုံး၂၀ယူခဲ့”
သူသည် စိတ်ပူပန်နေသော်လည်း သူ့မျိုးနွယ်ဝင်များ ပြတ်သုဉ်းသည်ထက် ပေါ့ပါးသော အပြစ်ဒဏ်ပင် ဖြစ်သည်။
ရှီမာယူယူသည် ဒီလိုအချိန်မှာတောင် မစ်ရှင်အကြောင်းတွေးမိလိမ့်မည်ဟု ရှီမာယူလင်းနှင့် တခြားသူ များ မထင်မိပေ။ သူတို့သည် ရယ်ရမည်လား ငိုရမည်လားကိုမသိတော့ပေ။
သူမ နာလန်ထူပြီးမှ ပြန်လာယူလည်းရတာပဲမလား။
သူတို့မသိခဲ့သည်မှာ ထိုအဖြစ်အပျက်ပြီးသည်နှင့် သူမသည် အမှောင်တောသို့နောက်တစ်ခေါက် ပြန်လာရန် အစီအစဉ်မရှိတော့ခြင်းပင်။ ထိုနေရာသည် သူမလာရန်မလိုအပ်တော့သော နေရာဖြစ်သည်။
အင်အားကြီးများကို အများအပြားတစ်ခါတည်းသတ်ပြီးနောက်တွင် သူမ၏ နှလုံးသားသည် ဂနာမငြိမ် ဖြစ်ခဲ့သည်။
မကြာမီတွင် ကြိုးကြာနီဥများပို့လာရာ ရှီမာယူယူသည် သူတို့ဒီတစ်ခေါက် ဂိုဏ်းမှ မစ်ရှင်ဖြစ်ကြောင်း မပြောပဲ တည်ငြိမ်စွာပင် သိမ်းလိုက်သည်။
“ကောင်းပြီ ပြန်ရအောင်” သူမသည် လိုချင်သည့်ပစ္စည်းရသည်နှင့် လောတော့သည်။
“ကျွန်တော်တို့ကိုလည်း သွားခွင့်ပြုပါဦး” ထိုကြိုးကြာနီဘုရင်သည် သူ့မမျိုးနွယ်ဝင်များကိုခေါ်ကာ လျင်မြန်စွာပင် ပျံသွားလေသည်။ သူသည် ဥအလုံး၂၀ ပေးလိုက်ရသည့်အတွက် မပျော်ရွှင်နိုင်ပေ။
“သွားရအောင်” ရှုဂျင်း ပြောလိုက်သည်။
ယွမ်ရှောင်ဂျီသည် လေဟာပြင်ဝင်ပေါက်အားဖွင့်လိုက်သည်။ ဝင်ပေါက်လုံးဝမပွင့်ခင်တွင် အကြောင်း တစ်ခုကြောင့် ပြန်ပိတ်သွားလေသည်။
“ဘာဖြစ်တာလဲ” ရှုဂျင်း မေးလိုက်သည်။
“တစ်ယောက်ယောက်က ဒီနေရာရဲ့ လေဟာပြင်ကိုထိန်းချုပ်ထားတယ်” ယွမ်ရှောင်ဂျီ ပြန်ဖြေလေ သည်။
“ခင်ဗျားတောင်မဖွင့်နိုင်ဘူးလား” ဖန်လိုင်၏ မျက်နှာပြောင်းသွားသည်။
“အဲလူရဲ့အားက ငါ့ထက်အားကောင်းနေတယ်” ယွမ်ရှောင်ဂျီသည် တည်သွားသည်။
အားလုံးသည် တိတ်နေကြသည်။ ဒီကမ္ဘာငယ်လေးမှာ သူတို့ကိုပိတ်မိအောင်လုပ်ထားတာ ဘယ်သူလဲ။
***