တုလေး၏ မူလပုံစံ
Vol. 008 Ch. 731
ရှီမာယူယူသည် စိတ်ထဲမှငိုင်နေမိသည်။ လူတွေမရောက်ခင်တွင် သူတို့သည် ထိုနေရာ၏ လေဟာပြင် ကိုထိန်းချုပ်ထားခဲ့ကြသည်။ သူတို့ဘယ်လောက် အားကောင်းတာလဲ။
တုလေးအတွက်လာကြသော တစ်ဖက်လူများသည် သူတို့ကိုတားရန်အရည်အချင်းရှိသေးတာလား။ သူမ၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် သူမသည် နောက်ထပ် မိုးကြိုးဘေးသင့်မှုတွင် မပါဝင်နိုင်တော့ပေ။
သူတို့သာ တုလေးကို မကိုင်တွယ်နိုင်ပါက… ရလာမည့် ရလဒ်ကိုသူမတွေးရဲတော့ပေ။ သူတို့သာ မကိုင် တွင်နိုင်ပါက သူမအကူအညီတောင်းရုံသာရှိတော့မည်။ နောက်ကျနေပြီလားမသိတော့ပေ။
ခဏအကြာတွင် လေဟာပြင်ဝင်ပေါက်ပွင့်လာကာ ရွှေရောင်မျက်လုံးများနှင့် လူများထွက်လာသည်။ သူတို့သည် ရှိနေသော လူများကိုဝေ့ကြည့်လိုက်သည်။ အများစုသည် ဒူးထောက်ကျသွားသည်။
ရှီမာယူယူသည် တောင်ကြီးတစ်တောင်မှ ဖိထားသကဲ့သို့ ခက်ခဲစွာအသက်ရှုနေရသည်။ သူမသည် အသက်ပင် မရှုနိုင်တော့ပေ။
ယွမ်ရှောင်ဂျီပင်လျှင် အခက်အခဲတွေ့ကာ ခေါင်းကိုငုံ့ထားရသည်။
သန်မာလိုက်တဲ့ရောင်ဝါ….
ထိုလူများသည် တုလေးအားမြင်လိုက်ချိန်တွင် ဦးဆောင်လာသောလူသည် လက်ကိုဝေ့ရမ်းလိုက်ရာ တုလေးသည် ဖန်လိုင်၏ လက်ထဲမှ သူ့လက်ထဲသို့ရောက်သွားလေသည်။
“တုလေးကိုလွှတ်လိုက်” ဖက်တီးကျူသည် စိတ်ပူပန်စွာအော်လေသည်။
“မင်းကဘာကြီးလဲ” သူတို့ထဲမှ တစ်ယောက်သည် အေးစက်စွာနှာမှုတ်လိုက်ရာ ဖက်တီးကျူသည် မြေပေါ်ကျကာ အရိုးများကျိုးသွားလေသည်။
“ဖက်တီး” ဝူရန်ဖေနှင့် တခြားသူများသည် ပျံသွားကာ ဖက်တီးကျူအား ကာကွယ်သကဲ့သို့ ဝိုင်းလိုက် ကြသည်။
သို့သော် ထိုသည်မှာ အသုံးမဝင်ပေ။
“ခင်ဗျားတို့ကဘယ်သူတွေလဲ” ဖန်လိုင်သည် ဒေါသကိုမျိုသိပ်ထားရသည်။ သူသည် လက်အုပ်ချီအား မေးလိုက်သည်။
“ငါတို့ဘယ်သူတွေလဲဆိုတာ မင်းမေးစရာမလိုဘူး” တုလေးကို ကိုင်ထားသောလူက ပြန်ဖြေလေသည် “သူကငါတို့လူပဲ သူ့ကိုငါတို့ခေါ်သွားချင်တယ်”
“ကျွန်တော်က တုလေးကိုကယ်ခဲ့တာ၊ သူကကျွန်တော့်ညီလေးပဲ၊ ခင်ဗျားတို့ သူ့ကိုလိုချင်တယ်ဆိုရင် ကျွန်တော်တို့ကိုမေးရဦးမှာမဟုတ်ဘူးလား” ရှီမာယူယူသည် ရှီမာယူမင်ဆီမှ ဆင်းလိုက်သည်။ သူမပုံစံသည် ပုံပန်းသဏ္ဍာန်ပင်ဖမ်းမရတော့ပေ။ သို့သော် သူမသည် မတ်တပ်ရပ်ကာ သူတို့ကိုကြောက်ရွံ့ခြင်းမရှိကြည့်လေ သည်။
“လူသားလေးတစ်ယောက်ကများ ငါ့မျိုးနွယ်ပေါ်ကိုတက်ချင်နေသေးတယ်၊ မင်းက ကိုယ့်လုပ်နိုင်စွမ်းကို ပိုတွက်လွန်းတာပဲ” ခေါင်းဆောင်လာသောလူသည် ရှီမာယူယူအား အသက်ယူမည့်အနေနှင့် ဖိအားပေးလိုက် သော်လည်း ဖိအားကို နူးညံ့သောအားတစ်ခုက ပြန်တိုက်လိုက်သည်။
“ဘယ်သူလဲ” ထိုလူသည် အော်လေသည်။ သူသည် ကိုယ့်အားနှင့်ကိုယ်ထိခိုက်သွားကာ ဒေါသထွက် လေသည်။
ရှီမာယူယူသည် အေးစက်မှုကိုခံစားရကာ နူးညံ့သောစွမ်းအားသည် သူမခန္ဓာကိုယ်အတွင်းဖွံ့ဖြိုးလာ ကာ ပိုနေလို့ကောင်းသွားသည်။
“အဒေါ်ဖန်” သူမသည် ပျော်ရွှင်စွာအော်လိုက်သည်။
ဖန်ရူယန်၏ ပုံရိပ်သည်ရှီမာယူယူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။ သူမသည် ရှီမာယူယူ၏ လက်ရှိ ပုံစံကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လိုတွေဖြစ်နေတာလဲ” ဖန်ရူယန်သည် ဝမ်းနည်းသွားသည်။ သူမသည် ထိုလူများကိုကြည့်ကာ မေးလေသည် “သူတို့ကြောင့်လား”
“အဒေါ်ဖန် သူတို့ကြောင့်မဟုတ်ပါဘူး၊ ကျွန်တော် မိုးကြိုးဘေးသင့်မှုမှာပါပြီး မိုးကြိုးအပစ်ခံလိုက်ရတာ ပါ” ရှီမာယူယူ ပြန်ဖြေလေသည်။
“မင်းက အသက်သေတော့မယ့်အခြေအနေမဟုတ်ရင် ငါ့ကိုခေါ်မှာမဟုတ်ဘူး၊ အဲတော့ အဲလူတွေက မင်းကိုသတ်ချင်နေတာလား” ဖန်ရူယန်သည် ထိုလူများကိုကြည့်လေသည်။
မထင်မှတ်စွာပင် သူမ၏ အကြည့်တစ်ချက်သည် ထိုထူးခြားသောလူများကို ခေါင်းငုံ့သွားစေသည်။
ခေါင်းဆောင်လာသောလူသည် ဖန်ရူယန်အား အရိုအသေပေးကာ “အကြီးအကဲဖန်၊ ကျွန်တော်တို့က ရှေးဟောင်းအံ့ဖွယ်လူဝံ ဆက်ခံသူတွေပါ ကျွန်တော့်နာမည်က ဟွာဘင်ပါ၊ ဒီကလေးမှာ ကျွန်တော်တို့ မျိုးနွယ်ရဲ့ သွေးရှိနေတယ်၊ ဒီနေ့ ကျွန်တော်တို့က သူ့ကိုခေါ်ဖို့လာကြတာပါ၊ သူတို့ကို ခက်ခဲအောင်လုပ်ဖို့မဟုတ်ပါဘူး”
ရှေးဟောင်းအံ့ဖွယ်လူဝံတွေဟုတ်လား… ရှီမာယူယူတုန်လှုပ်သွားသည်။ သူမသည် အတွင်းပိုင်းဒေသ တွင် ထိုအကြောင်းအားကြားဖူးခြင်းမရှိကာ တုလေး၏ သွေးသားသည် အတွင်းဂိုဏ်း၏ သန့်ရှင်းသောလူဝံဖြစ် လိမ့်မည်ဟု မတွေးဖူးပေ။ အဲလိုမဟုတ်လောက်ဘူးထင်တယ်။
“မဟုတ်ဘူး ကျွန်တော် ခင်ဗျားတို့နဲ့မလိုက်ဘူး” တုလေးနိုးလာချိန်တွင် သူ့ကိုခေါ်သွားမည်ဟု ကြား သည်နှင့် ဒဏ်ရာများကိုဂရုမစိုက်ပဲ လူးလွန့်လေသည်။ “ကျွန်တော် အစ်ကိုတွေ အစ်မတွေနဲ့နေချင်တယ်၊ ခင်ဗျားတို့နဲ့ မလိုက်ချင်ဘူး၊ အစ်ကိုယူယူ ကျွန်တော်မသွားချင်ဘူး ကျွန်တော့်ကိုကယ်ပါဦး”
ရှီမာယူယူသည် တုလေး၏ ကန့်ကွက်မှုကိုမြင်သောအခါ “ခင်ဗျားတို့ကြားတယ်နော် တုလေးက ခင်ဗျား တို့နဲ့ မလိုက်ချင်ဘူးလို့ပြောနေတယ်”
“မင်းက ငါတို့အံ့ဖွယ်လူဝံမျိုးနွယ်ရဲ့ ဆက်ခံသူပဲ၊ မင်းရဲ့သွေါ်သားကြောင့် အပြင်မှာနေလို့မရဘူး၊ မင်း မျိုးနွယ်ကိုမပြန်ချင်ဘူးဆိုရင် မင်းမှာ တော်ဝင်သွေးပဲရှိရှိ မင်းကို ငါတို့ကာကွယ်ပေးလို့မရဘူး” ဦးဆောင်လာ သောလူသည် ပြောလိုက်သည်။
“အစ်ကို ကျွန်တော်မသွားချင်ဘူး၊ ကျွန်တော်သွားရင် အစ်ကိုကြီးကိုထပ်တွေ့ရတော့မှာမဟုတ်ဘူး၊ ကျွန်တော် အကြိုအကြားမှာပဲ တစ်သက်လုံးပိတ်မိသွားပြီးတော့ မိုးကောင်းကင်ကိုထပ်တွေ့ရတော့မှာ မဟုတ်ဘူး” တုလေးသည် ပြောလေသည်။
“မင်းကိုတစ်သက်လုံးပိတ်ထားမယ်လို့ ဘယ်သူပြောလဲ” ဟွာဘင်သည် တုလေးခေါင်းကိုရိုက်လေ သည်။
သူ၏အားကိုစဉ်းစားလိုက်ရာ တုလေးခေါင်းကွဲသွားမည်ကို ရှီမာယူယူ စိုးရိမ်မိသွားသည်။ သို့သော် တုလေးအဆင်ပြေသွားသည်။
“ကျွန်တော်သွားကိုသွားရမယ်လို့ပြောတယ်မလား၊ ကျွန်တော် ပြန်လိုက်မယ်ဆိုရင် ပြန်မထွက်လာနိုင် တော့ဘူးလား” တုလေး တွက်ချက်လေသည်။
“မင်းကိုပြန်ခေါ်တယ်ဆိုတာ မင်းရဲ့ ဘိုးဘေးတွေကိုတွေ့ပြီး အသိအမှတ်ပြုဖို့ရယ်၊ မင်းကောင်းကောင်း ကျင့်ကြံဖို့ရယ်ပဲ မင်းရဲ့လွတ်လပ်ခွင့်ပိုပိတ်ပင်ဖို့မဟုတ်ဘူး” ဟွာဘင်သည် တုလေးနောက်ဆုံးပြောလိုက်သော စကားကြောင့် ဒေါသထွက်လေသည်။
“ဒါဆို ကျွန်တော်ထွက်လာလို့ရလား” တုလေး မေးလေသည်။
“မင်း စမ်းသပ်မှုကိုအောင်မြင်တယ်ဆိုရင် ထွက်လာလို့ရတယ်” ဟွာဘင် ပြန်ဖြေလေသည်။
“သြော်” တုလေးသည် ခေတ္တမျှငြိမ်ကျသွားသည် “အစ်ကိုကြီး ကျွန်တော် သူတို့နဲ့လိုက်သွားမယ်”
“တုလေး မင်းသေချာရဲ့လား” ရှီမာယူယူသည် သူ့အားကြည့်ပြီး မေးလေသည်။
“အစ်ကိုကြီး ကျွန်တော် ပိုသန်မာလာချင်တယ်” တုလေး ပြောလိုက်သည် “ဒီနေ့ကိစ္စကိုကြည့်ရင် ကျွန်တော်သာ အားမနည်းရင် လူတွေအများကြီးကို အလွယ်တကူ ဝိုင်းတာခံရမှာမဟုတ်ဘူး၊ ကျွန်တော့် အားနည်းချက်ကြောင့်သာမဟုတ်ရင် အစ်ကိုကြီးက ဒီနည်းလမ်းနဲ့ ကျွန်တော့်ကိုကာကွယ်စရာမလိုဘူးလေ၊ အဲ မိုးကြိုးလျှပ်စီးတွေက အစ်ကိုကြီးအပေါ်ကျတယ်ဆိုပေမယ့် အဲအချိန်တိုင်းကို ကျွန်တော့်ရင်တွေနာတယ်၊ အချိန် တိုင်းပဲ အစ်ကိုကြီးက ကျွန်တော့်ကိုကာကွယ်ပေးတယ်၊ ကယ်ပေးမယ်၊ ကျွန်တော်လည်း အစ်ကိုကြီးကို ကာကွယ်ချင်တယ်”
တုလေး၏ စကားများကို ရှီမာယူယူကြားသောအခါ သူမမျက်လုံများသည် နွေးထွေးသွားသည်။ သို့သော် သူမသည် စိတ်မဖြောင့်ကာ ဖန်ရူယန်ဆီသို့လှည့်ကြည့်ပြီး “အဒေါ်ဖန်ရော”
“ငါက အံ့ဖွယ်ရှေးဟောင်းလူဝံတွေရဲ့ ဘိုးဘေးတွေနဲ့ သိတယ် ပြီးတော့ ကိစ္စတချို့လည်းသိထားတယ်၊ ဒီကလေးပြန်လိုက်သွားတာကောင်းလိမ့်မယ်” ဖန်ရူယန် ပြောလိုက်သည်။
ဖန်ရူယန် ကောင်းသည်ဟုပြောမှပင် သူမစိတ်အေးသွားပြီး တုလေးအားပြောလိုက်သည်။ “မင်းပြန် လိုက်သွားချင်မှတော့ လိုက်သွားပါ၊ ပြီးတော့ သူတို့က မင်းရဲ့ မျိုးနွယ်ဝင်တွေပဲ၊ ဒါပေမဲ့ မင်းထွက်သွားပြီးနောက် ကိုတော့ ငါတို့မင်းကိုကာကွယ်မပေးနိုင်တော့ဘူး၊ ကိုယ့်ဘာသာဂရုစိုက်ရမယ် သိပြီလား”
“အင်း” တုလေး ခေါင်းညိမ့်လေသည်။
သူသည် ပြန်သွားကာ ပိုသန်မာလာမှ ပြန်လာမည်ဟု စိတ်ပိုင်းဖြတ်ထားသဖြင့် နောင်တရမည်မဟုတ် ပေ။
“သွားရအောင်” ဟွာဘင် အမိန့်ပေးလေသည်။
တုလေး သဘောတူလိုက်သည်။ ရှီမာယူယူနှင့် ဖန်ရူယန်တို့တွင် ပြောစရာမရှိတော့ပေ။ လူအများသည် ဖန်ရူယန်အား အရိုအသေပေးပြီးနောက် ဝင်ပေါက်ဖွင့်ကာ ထွက်သွားကြလေသည်။
သူတို့သည် အစပိုင်းတွင် အပြင်းအထန်တိုက်ခိုက်ရမည်ဟု ထင်ထားသော်လည်း လွယ်ကူစွာပင် ဖြေရှင်းပြီးသွားလေသည်။ သိပ်မကွာဝေးသောနေရာတွင်ရှိနေသူများသည် အံ့သြကြညသ်။
သို့သော် ဒီနေ့အဖြစ်အပျက်သည် ပြောစမှတ်တွင်သွားလေပြီ။ သူတို့၏ ခရီးစဉ်ကိုအလဟသ မဖြစ်စေ ပေ။ သို့သော် သူတို့သည် တုလေးကိုခေါ်သွားသော မျိုးစိတ်နှင့် ရှီမာယူယူအတွင်းမှ လူူကိုလည်း မသိကြပေ။
“အဒေါ်ဖန် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ပြုံးပြီးနောက် ဖန်ရူယန်အား ကျေးဇူးတင်စကားပြော လေသည်။
ဖန်ရူယန်သည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမသည် လွန်ခဲ့သည့်နှစ်အနည်းငယ်နှင့်ယှဉ်လျှင် များစွာတိုးတက်လာသည်။ သူမ မျှော်လင့်ချက်ကို ဖျက်ဆီးမပစ်ပေ။
“မင်းက မြန်မြန်လုပ်ဆောင်နိုင်တာပဲ ဒါပေမဲ့မလောက်သေးဘူး၊ ဆက်ပြီးကြိုးစား၊ ငါနောက်ဆိုရင် အများကြီး အိပ်မနေတော့ဘူး” ထို့နောက်တွင် သူမသည် ရှီမာယူယူ၏ အသိစိတ်ထဲသို့ပြန်ဝင်သွားလေသည်။
ဖန်ရူယန်ထွက်သွားပြီးနောက်တွင် သူမ၏ အားကောင်းသောရောင်ဝါသည် ပျောက်ကွယ်သွားပြီး ယွမ်ရှောင်ဂျီနှင့် တခြားသူများသည် လွတ်လပ်သွားတော့သည်။
ရှီမာယူယူ၏ ကိုယ်တွင်းတွင် နောက်ထပ်ပုံစံတစ်ခုရှိနေသည်ကို အားလုံးတွေ့သည်နှင့် သူမအား သတ္တဝါတစ်ကောင်သဖွယ်ကြည့်ကြလေသည်။
***