သူမအားကာကွယ်ခြင်း
Vol. 008 Ch. 732
“အဟွတ် အဟွတ် ဒါက… ပြန်ကြမယ်လေ” ရှီမာယူယူသည် ချောင်း၂ချက်ဟန့်ပြီး သူတို့၏ အကြည့်များ ကို လျစ်လျူရှုလိုက်သည်။
“ဘိုးဘေးဖန်ဆိုတာ ဘယ်သူလဲ” ဖန်လိုင်သည် တည့်တိုးပင်မေးလိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းပြီး “ကျွန်တော်လည်း သူမသရုပ်မှန်ကိုမသိဘူး၊ ကျွန်တော်တစ်ခါမှ မမေးဖူးဘူး”
“ဒါဆိုရင် ဘယ်လိုလုပ်သူမက မင်းဆီမှာ ဝိဉာဉ်အမှတ်အသားချန်ထားခဲ့တာလဲ၊ ဒါက သာမန်ကာကွယ် ပုံမျိုးမဟုတ်ဘူးနော်”
“ကျွန်တော်က သူမအသက်ကိုကယ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ လုံးဝပျောက်သွားတာမျိုးတော့မဟုတ်ဘူး၊ အဲတော့ သူမကလည်း ကျွန်တော့်အသက်ကိုကာကွယ်ပေးချင်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ကဲ မင်းသိချင်တယ်ဆိုလည်း နောက်မှမေးတော့ ပြန်သွားပြီး သူတို့ကိုကုပေးရအောင်” ရှုဂျင်း ပြော လေသည်။
“ဆရာ ကျွန်တော်ဖက်တီးကို ဆရာတို့ဆီအပ်ထားမယ်နော်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းကိုယ်မင်းသာ ဂရုစိုက်ပါ” ရှုဂျင်းသည် သူမတောင်းဆိုချက်ကို သဘောတူလိုက်သည်။
ယွမ်ရှောင်ဂျီသည် ရှီမာယူယူနှင့် ဖက်တီးကျူတို့နှင့်ရင်ပြန်သွားသည်။ ကျန်သောလူများသည် မိမိ အစီအစဉ်ဖြင့် သွားကြလေသည်။
“လာခဲ့ ငါတို့လည်းပြန်ရအောင်” ဟော့ဘာဝူချန်းပြောလိုက်သည် “သူမ ကံကောင်းမယ်လို့ထင်မထား ဘူး ငါတို့ကံထက်တောင် ကောင်းနေသေးတယ်”
ဖန်ကျိရှင်းသည် သဘောတူစွာဖြင့် ခေါင်းညိမ့်ကာ “ကောင်းတာပေါ့ ဒါမှပဲ အဲနှစ်ယောက် စောစောစီးစီး..”
သူသည် စကားကိုဆုံးအောင်မပြောပေ။
ဟော့ဘာဝူချန်းသည် သူ့ပုံစံကိုမြင်သောအခါ ဝမ်းနည်းစွာသက်ပြင်းချလေသည်။
“သူမ ပိုကောင်းလာတဲ့အထိစောင့်ရမယ် ငါပြန်တော့မယ်” ဖန်ကျိရှင်းသည် ရုတ်တရက်ပြောလေသည်။
“ဘာ မင်းပြန်ချင်တာလား” ဟော့ဘာဝူချန်းသည် ရယ်တော့မည့်ပုံဖြစ်နေသည်။ “အဲတုန်းကတည်းက မင်းမပြန်ရသေးဘူးလေ၊ မင်းကို စကားတွေဒီလောက်ပါးတာတောင် မင်းလျစ်လျူရှုထားခဲ့တာ၊ အခုပြန်မယ်ဆို တော့ ဘာတွေစဉ်းစားနေတာလဲ”
“ဘာလို့လဲဆိုတော့ သူမ အဲဒီကို မကြာခင်ရောက်တော့မယ်” ဖန်ကျိရှင်း ပြန်ဖြေလေသည်။
“ဟူး…” ဟော့ဘာဝူချန်း ထပ်မံသက်ပြင်းချလေသည်။ “အဲနှစ်က မင်း သူမအမေကိုဒေါသထွက်လို့ အဲဒီကနေထွက်သွားခဲ့တယ်၊ အခုတော့ သူမကြောင့်ပဲပြန်သွားတော့မယ်ပေါ့”
“သူမကြောင့်ချည်းပဲတော့မဟုတ်ဘူး” ဖန်ကျိရှင်း ပြောလိုက်သည် “အခုဒီကိစ္စက ငါတို့အားနည်းလွန်း လို့ဖြစ်တာလို့ မထင်ဘူးလား”
“အမှန်ပဲ ငါတို့အားနည်းတာကြောင့်သာမဟုတ်ရင် အင်အားကြီး တစ်ရာ နှစ်ရာလောက်က ဖိအားပေး တာကို ဘာလို့ဘေးကကြည့်နေရမှာလဲ” ဟော့ဘာဝူချန်းသည် ဒီနေ့အဖြစ်အပျက်ကို လေးနက်စွာ ခံစားနေ သည် “ငါ ပြန်ရောက်တာနဲ့ မြန်မြန်ကျင့်ကြံရမယ်၊ ဟူး အခုမင်းပြန်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ငါလည်းပြန်ရမှာပေါ့ မင်းနောက်ကျမှပြန်ရင်လည်းမကောင်းဘူး”
ဖန်ကျိရှင်းသည် ဟော့ဘာဝူချန်းအားကြည့်လိုက်သည် “မင်းအဘိုးကြီးတော့ ပျော်နေတော့မှာပေါ့”
“သူ့ကိုတော့ ပြောမနေပါနဲ့တော့၊ သူ့အကြောင်းပြောလိုက်ရင်ကို အသက်ရှုကြပ်နေပြီ၊ ကဲ သူမ အခြေအနေကို သွားကြည့်ရအောင်” ဟော့ဘာဝူထန်းသည် သူ၏ မိစ္ဆာပျံပေါ်တွယ်တက်ပြီး အရင်သွားနှင့်လေ သည်။
လူဆိုးကြီး၁၀ယောက်သည် သူတို့နောက်လိုက်ကာ လုဆယ်မြို့သို့ပြန်လေသည်။ သူတို့သည် ရှီမာယူယူအားတွေ့ရန်မသွားပဲ သူတို့အရင်နေသည့်ခြံသို့ ပြန်လာလိုက်သည်။
ကောင်းကင်ဂိုဏ်းမှ လူများ သူတို့ကိုသတိမထားမိခြင်းမဟုတ်ပေ။ ရှီမာယူယူ် ထွက်မသွားခင်တွင် သူတို့ ကို တိုက်ခိုက်ရာမှ ရှောင်နေရန်ပြောခဲ့ခြင်းကြောင့်ဖြစ်သည်။
သူမ ပြောသည်မှာ “အဲလူတွေက ကျွန်တော့်မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ အဘိုးကြီးတွေ သူတို့ကို ကျွန်တော်တို့ဆီက လုမယူနဲ့”
ဖန်ကျိရှင်းနှင့် တခြားသူများ လုဆယ်မြို့သို့ရောက်သောအခါ ထိုနေ့မှနောက် ရက်များစွာကြာသွားပြီဖြစ် သည်။ ရှီမာယူယူသည် များစွာသက်သာနေပြီဖြစ်သည်။ ဖက်တီးကျူသည် အရိုးများကို စည်းထားရန်မလိုတော့ ပဲ နားရန်သာလိုတော့သည်။ သူသည် အိပ်ရာထဲတွင် လှဲနေရတုန်းပင်။
“ဆရာ ဦးလေးဝူချန်း” ရှီမာယူယူသည် ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းကိုမြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
“မင်းပြန်ကောင်းတာ မြန်လိုက်တာ” ဟော့ဘာဝူချန်းသည် ပြုံးလေသည်။
“အင်း ဆရာရှုရှိနေတော့ ပိုကောင်းသွားတာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့ဒီနေ့လာတာ မင်းကိုနှှုတ်ဆက်ဖို့” ဖန်ကျိရှင်း စကားစလေသည်။
“ဆရာပြန်တော့မလို့လား”
“ဒီတစ်ခါတော့ အတွင်းပိုင်းဒေသက ငါ့မိသားစုမျိုးနွယ်ဆီပြန်တော့မယ်” ဖန်ကျိရှင်း ပြန်ဖြေလေသည်။
“အတွင်းပိုင်းဒေသကိုပြန်တော့မယ်ဟုတ်လား၊ ဆရာက ဘာလို့အတွင်းပိုင်းဒေသကိုပြန်မယ်လို့ စဉ်းစား တာလဲ” ရှီမာယူယူသည် အံ့သြသွားသည်။ သူသာ အတွင်းပိုင်းဒေသကိုပြန်သွားပါက သူ့အား အချိန်တစ်ခု လောက်တွေ့ရတော့မည်မဟုတ်ပေ။
“ငါက အတွင်းပိုင်းဒေသကပဲလေ” ဖန်ကျိရှင်း ရှင်းပြလေသည် “ကိစ္စတွေကြောင့်သာ အတွင်းပိုင်းဒေသ ကနေထွက်လာခဲ့တာ၊ အခု ငါအဲဒီကသတင်းရတော့ ပြန်သွားရတော့မယ်”
“သြော်” ရှီမာယူယူသည် မှိုင်တွေစွာဖြင့် ခေါင်းကိုငုံ့ထားသည် “ဒါဆို ဆရာသွားပါ ကျွန်တော်သန်မာ လာရင် ဆရာ့ကိုတွေ့ဖို့လာခဲ့မယ်”
“အင်း” ဖန်ကျိရှင်းသည် သူမခေါင်းကိုပွတ်လိုက်သည် “မင်းအတွင်းပိုင်းဒေသကိုသွားနိုင်မှာပါ ငါ အဲဒီမှာ မင်းကိုစောင့်နေမယ်၊ ဒါပေမဲ့ မင်းအားက ဧကရာဇ်အဆင့်မြင့်မဟုတ်ရင်တော့ သွားလို့မရဘူး”
“အင်း” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
သူတို့၏ ခွဲခွာသည့်အကြည့်များကို ဟော့ဘာဝူချန်းမြင်သောအခါ ရုတ်တရက် ဝမ်းနည်းလာသလိုခံစား ရသည်။ သူသည် ထိုလူကို အဲနှစ်ကဆုံးရှုံးခဲ့ရသော်လည်း သူမ၏ သမီးသည် သူ့အတွက်တစ်စိတ်တစ်ပိုင်းပင်။
“ဆရာ ကျွန်တော့်အဖေနဲ့ အမေက အတွင်းပိုင်းဒေသမှာလား” ရှီမာယူယူ မေးလိုက်သည်။
“မင်းအဖေက အတွင်းပိုင်းဒေသက ရှီမာမိသားစုကလူပဲ၊ မင်းနောက်ကို သူတို့နဲ့တွေ့ရမှာပါ” ဖန်ကျိရှင်း ပြောလိုက်သည် “သူတို့အင်္ကျိအမှတ်သားက မင်းရဲ့ မှော်ဝင်လက်စွပ်အမှတ်အသားနဲ့ အတူတူပဲ”
ရှီမာယူယူသည် သူမ၏ မှော်ဝင်လက်စွပ်ကိုပွတ်လိုက်သည်။ ထိုလက်စွပ်သည် သူမမိသားစုနှင့် ပတ်သတ်မှုရှိရမည်ဟု သူမ သိသည်။
“ဒါဆိုရင် ဆရာ ကျွန်တော့်အဖေမိသားစုက ဘယ်လိုနေလဲ” သူမထပ်မေးလေသည်။
သူတို့အကြောင်းကိုအရင်မေးထားမှပင် နောက်ကို သူမ သူတို့နှင့်တွေ့လျှင် ထိုလူများကို မည်ကဲ့သို့ ဆက်ဆံရမည်ကို သိမည်ဖြစ်သည်။
“သူတို့ကအဆင်ပြေပါတယ်” ဖန်ကျိရှင်း တွေဝေနေသည် “ဒါပေမဲ့ သူတို့က အဆင်ပြေတယ်ဆိုတာ ငါတို့ ပြောဖို့မလိုဘူး၊ မင်းကိုယ်တိုင်ကြည့်မှဖြစ်မယ်”
အရင်က သူတို့သည် အဆင်ပြေသည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် ထိုအဖြစ်အပျက်ပြီးနောက်တွင် သူတို့ အားစိတ်ပျက်မိသည်။ သူ မည်သို့ပင် တွေးစေကာမူ သူတို့သည် သူမ၏ မိသားစုဖြစ်သည့်အတွက် သူမ ကိုယ်တိုင် အကဲဖြတ်ရမည့်ကိစ္စဖြစ်သည်။
“ကျွန်တော်နားလည်ပါတယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ကျွန်တော်ကိုယ်တိုင်ပဲကြည့်လိုက်ပါ မယ်”
သူမ ဖန်ကျိရှင်းကိုနားလည်သလောက်တော့ သူ့ကိုအရင်က နာကျင်အောင်လုပ်ဖူးသည့် တစ်စုံတစ်ရာ ရှိရမည်ဟု တွေးလိုကသည်။ ထို့ကြောင့်ပင် သူထိုကဲ့သို့ ပြောခြင်းဖြစ်သည်။
“ကောင်းပြီ ငါတို့သွားတော့မယ်၊ မင်းနဲ့အတူငါ့လူတွေထားခဲ့ပေးမယ်” ဖန်ကျိရှင်း ပြောလိုက်သည် “သူတို့က အကုန်ငါ့လူတွေပဲ၊ ဖန်မိသားစုကမဟုတ်ကြဘူး၊ သူတို့က နောက်ကိုမင်းလူတွေဖြစ်သွားပြီ၊ မင်း နောက်ကိုဘာပဲလုပ်လုပ် ဘယ်သွားသွားခေါ်သွားပြီး လုပ်ခိုင်းလို့ရတယ်၊ အဲနေ့က မင်းအင်အားအများကြီးကို အပြစ်လုပ်မိသွားပြီ၊ ဆရာ စိတ်မချပဲမသွားချင်ဘူး”
သူဝီစီမှုတ်လိုက်သည်နှင့် လူ၁၀ယောက်ဝင်လာရာ သူတို့သည် ဧကရာဇ်အဆင့်မြင့်အားများပိုင်ဆိုင်သူ များဖြစ်ကြသည်။
“သခင်လေး” လူ၁၀ယောက်သည် သူမအား အရိုအသေပေးကြလေသည်။
“ကတိပေးကြ” ဖန်ကျိရှင်းသည် ပေါ့ပါးစွာပြောသော်လည်း သူ့စကားထဲတွင် စော်ကားခြင်းတစ်စုံတစ်ရာ မပါပဲ ထည်ဝါမှုအပြည့်ဖြစ်သည်။
လူ၁၀ယောက်သည် ဒူးထောက်ကာ သူတို့ရင်ဘတ်ပေါ်လက်တင်ပြီး ပြိုင်တူပြောကြလေသည် “ကျွန်တော်တို့ဟာ သခင်လေးနောက်လိုက်ပြီး သခင်လေးကို သခင်အဖြစ်အသိအမှတ်ပြုပြီး သခင်လေးကို ကာကွယ်ပြီး ဘယ်တော့မှ သစ္စာမဖောက်ဖျက်ပါ”
သူတို့ ကတိသစ္စာဆုံးသည်ှနင့် ငွေရောင်အလင်းတန်းသည် သူတို့ရင်ဘတ်များသို့ဝင်သွားလေသည်။
ရှီမာယူယူ သူတို့ကိုမတားလိုက်ရခင်မှာပင် သူတို့၏ ကတိသစ္စာသည် ပြီးဆုံးသွားလေပြီ။ အခု သူတို့ကို မခေါ်၍မဖြစ်တော့ပေ။
“ဆရာ…” သူမသည် ပြောစရာမရှိတော့ပေ။ သူမသည် ထိုလူများကိုမလိုအပ်ဟု ပြောလိုသည်။ သူသည် အတွင်းပိုင်းဒေသသွားမည်ဖြစ်သဖြင့် လူများပိုခေါ်သွားရန်မလိုဘူးလား။
“ငါ သူတို့ကိုအတွင်းပိုင်းဒေသကခေါ်လာတာ၊ သူတို့က ငါနဲ့အတူ ဒီနှစ်တွေမှာ ခရီးတွေအများကြီးသွား ခဲ့ပြီးပြီ ဗဟုသုတလည်းစုံနေကြပြီ” ဖန်ကျိရှင်း ပြောလိုက်သည် “မင်းနောက်ကို အခက်အခဲတွေ့ရင် သူတို့ကို မေးလို့ရတယ်”
ပြောပြီးနောက်တွင် သူသည် လူ၁၀ယောက်ကိုပြောလေသည် “သူမနောက်လိုက်ရင် မင်းတို့နောက်ကို နောင်တရမှာမဟုတ်ပါဘူး”
“ကျိရှင်း ငါတို့သွားသင့်ပြီ မဟုတ်ရင် သင်္ဘောမမှီပဲနေမယ်” ဟော့ဘာဝူချန်း လောလေသည်။
ဖန်ကျိရှင်း ခေါင်းညိမ့်ပြီး သူမခေါင်းကိုပွတ်ပေးပြီးနောက် ဟော့ဘာဝူချန်းနှင့်အတူထွက်သွားလေသည်။
***