← Chapters

ဘယ်လောက်ချမ်းသာလဲဆိုတာ ပြောတဲ့ live!!

Vol. 3 Ch. 33

ဘယ်လောက်ချမ်းသာလဲဆိုတာ ပြောတဲ့ live!!

Vol. 3 Ch. 33

“ရှင်းယွီလိုင်းပေါ်တက်လာပြီ”

အချက်ပေးသံက “ဒင်”ခနဲမြည်ပြီးနောက် ရှင်းယွီ၏ မျက်နှာကို ဖန်သားပြင်ပေါ်တွင် မြင်တွေ့ကြရသည်။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ကြည့်ရှုသူပရိတ်သတ်များ၏ အရေအတွက်သည် တဟုန်ထိုးတိုးတက်လာခဲ့သည်။

“အို ဘုရားရေ..နတ်သမီးလေးတစ်ပါးနတ်သက်ကြွေသလိုပါပဲလား။ နောက်ဆုံးတော့ ရှင်းယွီရဲ့ မျက်နှာကို မြင်တွေ့ခွင့်ရပြီကွ”

“မိန်းမရေ လို့ ခေါ်ခွင့်ပြုပါ..ခေါ်ခွင့်မပြုတဲ့ကောင်တွေ ငါ့ကို အွန်လိုင်းမှာ သူငယ်ချင်းအဖြစ်ကနေ ဖယ်လိုက်ကြပါ”

“ငါတို့ ကျာထျန်း အုပ်စုကတော့ ခေါ်ခွင့်မပြုနိုင်ဘူးကွ”

“ရှင်းယွီရေ၊ ဘယ်တွေရောက်နေတာလဲ။ ဥက္ကဌ လုနဲ့ အတူတူရှိနေတာလား။ “

“ရှင်းယွီ၊ ဥက္ကဌလုက လူချမ်းသာဆိုပေမဲ့ မိန်းမလှလေးတွေကို အပျော်အပျက်လိုက်တွဲနေတဲ့ကောင်ဖြစ်နေမယ်။ သူ့ထောင်ချောက်ထဲ အမိမခံနဲ့”

“ဟဲလို၊ အားလုံးပဲ မင်္ဂလာပါ”

ကောရှင်းယွီက ပရိတ်သတ်များကို နွေးနွေးထွေးထွေး နှုတ်ဆက်သည်။

“ဆောရီးပါရှင်။ ညစာစားဖို့ တန်းစီစောင့်နေရတာနဲ့ liveလွှင့်မယ်လို့ ပေးထားတဲ့ ကတိကိုမေ့သွားတာပါ”

ကောရှင်းယွီက လျှာထုတ်ပြပြီး ပြောင်စပ်စပ်ပုံစံလုပ်ပြသည်။ သူမ၏ ထိုချစ်စဖွယ်ပုံစံကို ပုရိသအပေါင်းတို့ သဘောကျနေကြသည်။

“ဒီကနေ့တော့ အစားအစာစားပြမယ်လေ။ ကျွန်မ အခု ဘားရန့်ဆိုတဲ့ ပင်လယ်စာဆိုင်ကို ရောက်နေတာ။ကျွန်မဒီနေ့စားတဲ့ ဟင်းပွဲကိုပြမယ်နော်” ကောရှင်းယွီက စားပွဲပေါ်ရှိ ပင်လယ်စာဟင်းလျာများကို ကင်မရာဖြင့်ရိုက်ပြသည်။

“အမလေး။ အများကြီး စားနိုင်တာပဲ။ အဲ့လောက်စားတာတောင် ပိန်ပြီးသွယ်လျနေတာ။ ငါတို့လို ရေပဲသောက်ရင်တောင် ဝ နေတဲ့ လူတွေအတွက် ဘယ်မှာလဲ တရားမျှတမှု”

“အပေါ်က ကောမန့်ပေးတဲ့လူက ငတုံးပဲ။ ဘယ်သူကမှ တစ်ယောက်ထဲ အဲ့လောက်မစားနိုင်ဘူးလေ။ သူ့မျက်နှာချင်းဆိုင်မှာ ဇွန်းခရင်းတွေ ပန်းကန်တွေရှိနေတာ သတိမထားမိကြဘူးလား”

“ရှင်းယွီ၊ မင်းရှေ့မှာဘယ်သူထိုင်နေတာလဲ။ ဥက္ကဌလု မလား”

“ငါ့ ချစ်ချစ် မျက်နှာလေး ပြပါဦး”

“ငါ့ ယောကျာ်းကိုဘယ်သူမှမလုကြနဲ့။ ရှင်းယွီက လွဲပြီး သူနဲ့ ဘယ်သူမှ မတန်ဘူး”

“ဟုတ်ပါတယ်။ ကျွန်မနဲ့ ဥက္ကဌ လုနဲ့ ညစာအတူတူစားနေကြတာပါ”

ကောရှင်းယွီက ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။

“ဥက္ကဌ လုလည်း ချိုင်းနားဂျွိုင်းမှာ ဒီနေ့ရှိနေတာလေ။ သူ့ကျေးဇူးနဲ့ ဖော်လိုဝါတွေ တိုးခဲ့တာဆိုတာ အားလုံးလဲ သိကြမှာပါ။ ဒီနေ့လည်း ပွဲခင်းမှာ ဆုံကြတာနဲ့ တစ်လက်စတည်း ကျေးဇူးဆပ်ချင်တဲ့အနေနဲ့ ညစာလိုက်ကျွေးတာပါ”

“ကျွန်မပြောရင် ရှင်တို့ယုံမလားတော့မသိ။ ကျွန်မက ညစာကျွေးချင်လို့ ဆိုင်ကိုခေါ်လာတာ။ ဒါပေမဲ့ သူက ကတ်တစ်ကတ်ပြလိုက်ရုံနဲ့တင် ဆိုင်ဘက်က ဗီအိုင်ပီ ထိုင်ခုံကိုစီစဉ်ပေးပြီး အစားအသောက်တွေနဲ့လည်း တည်ခင်းဧည့်ခံသေးတာ”

“ရှင်းယွီ၊ အဲ့လောက်ကြီးရှင်းပြစရာမလိုပါဘူး။ ငါတို့ မင်းကို ယုံပါတယ်”

“ရှင်းယွီ၊ စိတ်ကူးမလွဲနဲ့။ ဥက္ကဌ လုကို အပိုင်ဖမ်းပြီး သူဌေးမကြီး လုပ်လိုက်တော့လေ”

“အဲ့တာဘာမှ မထူးဆန်းဘူးလေ။ ဥက္ကဌ လုလို ချမ်းသာတဲ့လူမျိုးကို ညစာကျွေးချင်လို့ တန်းစီနေတဲ့လူတွေ တပုံကြီးရှိနေမှာ”

“ဥက္ကဌ လု မျက်နှာကိုပြပါဦး”

“ဥက္ကဌ လု၊ ပရိတ်သတ်တွေက ရှင့်ရဲ့မျက်နှာကို မြင်ချင်နေကြတယ်”

ကောရှင်းယွီသည် ဖန့်ကြွယ်ယွီ၏ နာမည်ကို တိုက်ရိုက်မခေါ်ပေ။ တိုက်ရိုက်လွှင့်နေစဉ် ဥက္ကဌလုဟု ခေါ်ဆိုခြင်းက ပိုပြီး သင့်တော်လိမ့်မည်။

“ရပါတယ် ။ ပြလိုက်ပါ” ဖန့်ကြွယ်ယွီက ပုခုံးတွန့်ပြသည်။ ယခုအချိန်မှာ မည်သည့်အရာကိုမှ လျှို့ဝှက်ထားဖို့ မလိုတော့ပေ။

“ဟီး” ကောရှင်းယွီက ဖန့်ကြွယ်ယွီ၏ မျက်နှာကို အနီးကပ်ပြသည်။

မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုလုပ်ပြီးနောက် ဖန့်ကြွယ်ယွီ၏ အသွင်အပြင်သည် ပြစ်ချက်ဟူသမျှ မရှိဘဲ လုံးဝပြီးပြည့်စုံသော ပုံစံဖြစ်နေသည်။ သို့သော် သူ၏ ချောမောပုံက အနုပညာနယ်ပယ်ထဲက မင်းသားများကဲ့သို့ မိန်းမချောချောတာမဟုတ်ဘဲ ယောကျာ်းဆန်ဆန် ခန့်ခန့်ညားညား ချောမောခြင်းဖြစ်သည်။

“ဝိုး ချောလိုက်တာ! ဥစ္စာပေါ ရုပ်ချောဆိုတာ ဒါမျိုးမှ။ သူ့ဘဝမှာ အကုန်ပြီးပြည့်စုံနေတာပဲ”

“လူတိုင်းက ချမ်းသာဖို့အရေး တစ်ဘဝလုံးကြိုးစားရုန်းကန်နေကြတာ။ သူ့ဘဝမှာတော့ အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ ဒီလိုဘဝမျိုးရတာ အားကျလိုက်တာ”

“ဥက္ကဌလု၊ ဘာလို့ ဒီလောက်ပြီးပြည့်စုံနေရတာလဲ”

“ဥက္ကဌလု၊ တစ်ခုခုပြောပါဦး”

“တွဲကြစို့ ဥက္ကဌ လု”

“ရှင်းယွီကို သဘောကျနေတာမလား ဥက္ကဌ လု။ မညာပါနဲ့”

“ဒီမနက်ခင်းက နာမည်ကြီးသွားတဲ့ ဟယ်လီကော်ပတာက ဥက္ကဌလု ပိုင်တာလား”

“ဥက္ကလု၊ ငါကြားတာတော့ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို ဥက္ကဌဝမ်ကတောင် အံ့ဩယူရတယ်ဆို။ သူပြောတဲ့ လူက ခင်ဗျားမလား”

“အားလုံးပဲ မင်္ဂလာပါ။ ငါက “လု” ပါ” ဖန့်ကြွယ်ယွီက တည်ငြိမ်ချင်ယောင်ဆောင်သည်။ အမှန်တော့ သူဘယ်ကနေ ဘယ်လိုစပြောရမှန်းမသိအောင် မေးခွန်းပေါင်းများစွာက သူ့ကို စောင့်ကြိုနေသည်။

“ဟား။ ဒီနေ့တော့ ကျွန်မက အားလုံးရဲ့ မေးခွန်းတွေကို ဥက္ကဌလု ကို မေးမြန်းပေးမဲ့ လူဖြစ်ပြီပေါ့နော်”

ကောရှင်းယွီတစ်ယောက် စိတ်လှုပ်ရှားပြီး စားပွဲပေါ်က အစားအသောက်များကိုတောင် မေ့သွားသည်။

“ရှင်းယွီ၊ မင်းက ဟာသလည်း ပြောတတ်တာပဲ”

“ဟုတ်တယ်။ ဥက္ကဌ လုကို အင်တာဗျူးပေးပါဦး။ ဝီဘိုမှာ ပြောနေကြတဲ့အရာတွေက မှန်လားဆိုတာ မေးပေးပါဦး”

“အာ ဟုတ်ပါတယ်။ အဲ့ဒီ့ ဟယ်လီကော်ပတာက ငါပိုင်တာပါ။ ပြီးတော့ မာစီရာတီပြိုင်ကားကလည်း ငါ့ကားပါပဲ” ဖန့်ကြွယ်ယွီက ပွင့်ပွင့်လင်းလင်းဝန်ခံရှာသည်။

“ဥက္ကဌ လုရေ။ ဥက္ကဌ ဝမ်က တအံ့တဩဖြစ်ရလောက်တဲ့အထိ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ ပြောပြလို့ရမလားတဲ့”

ကောရှင်းယွီက chatထဲမှ မေးခွန်းတစ်ခုကို ကျပန်းရွေးယူပြီး သူ့အား မေးသည်။

“ဪ အဲ့တာလား။ သူက “ကောင်းကင်ယံထက်က တိုက်ပွဲခေါ်သံ” ဆိုတဲ့ ဇာတ်ကားကို ထုတ်လုပ်ချင်တာပါ။ ဒါပေမဲ့ ပိုက်ဆံလိုနေတာနဲ့ ငါ့ကိုအကူအညီတောင်းတာ။ သူလိုသလောက်ကို ငါစိုက်ပေးမယ်လို့ ပြောလိုက်တာပါ။ အဲ့အကြောင်းကို သူက ဝီဘိုမှာရေးတင်လိုက်တာပါ”

“ မင်း လျှောက်မပြောနဲ့။ “ ဖုန်းမျက်နှာပြင်ပေါ်တွင် အနီရောင် မက်ဆေ့ချ် တစ်ကြောင်းပေါ်လာသည်။ ထိုသူမှာ သူတို့အားလုံးရင်းနှီးပြီးသား ဖြစ်သော ဥက္ကဌ ဝမ်ဖြစ်နေသည်။

“ဟား။ ဥက္ကဌ ဝမ် တက်လာပြီ။ အားလုံး လာကြည့်ကြဟေ့”

“ဥက္ကဌ ဝမ်ရေ၊ သူပြောတာအမှန်တွေပဲလား”

“ဥက္ကဌဝမ်ရေ၊ အားလုံးရှေ့မှာ ဒီလိုကြီး ထုတ်ပြောတော့ မငြင်းနိုင်တော့ဘူးမလား”

“မင်း ဘာတွေပြောနေလဲဆိုတာ သိချင်လို့ ဝင်လာခဲ့တာ။ ငါ့နောက်ကွယ်မှာ ဒီလိုတွေ ပြောလိမ့်မယ်လို့ ငါမထင်ထားဘူး။ နေဦးပေါ့ကွာ။ ကျန်းနန်မြို့ကို နောက်ရက်လောက်ဆို ငါရောက်မယ်။ မင်းဘယ်လောက် ချမ်းသာလဲ ပိုင်ဆိုင်လဲဆိုတာ လာကြည့်ဦးမယ်” ဝမ်ချုံးသည် နောက်ထပ် မက်ဆေ့ချ် တစ်စောင်ပို့ပြီးနောက် live ထဲမှ ထွက်သွားသည်။

“မဖြစ်နိုင်တာ။ ဥက္ကဌ လုက ဥက္ကဌဝမ် ထက် တကယ်ပဲ ပိုပြီးပိုက်ဆံရှိတာလား”

“ဒါပေမဲ့ ဥက္ကဌဝမ်က စီးပွါးရေး စလုပ်တာမှ မကြာသေးတာ။ ဒါပေမဲ့ ဥက္ကဌလုက ဘယ်လောက်ပဲ ချမ်းသာတယ်ဆိုဦးတော့။ ဥက္ကဌ ဝမ်ရဲ့ အဖေထက်တော့ ပိုက်ဆံပိုမရှိနိုင်ဘူးမလား”

“ဥက္ကဌ လုရေ ဘယ်လောက်တောင် ပိုင်ဆိုင်မှုတွေများလဲဆိုတာ ပြောပြပါဦး”

“တုံးလိုက်တာကွာ။ မင်းမေးတဲ့ဟာကို သူတို့က ပြောမယ်ထင်နေတာလား။အဲ့တာက သူတို့စီးပွါးရေး လျှို့ဝှက်ချက်လေ”

“တကယ်တော့ ဘာမှ မပြောနိုင်စရာအကြောင်းမရှိပါဘူး” ဖန့်ကြွယ်ယွီက တည်တည်ငြိမ်ငြိမ်ပြောသည်။

အားလုံးက ဖန့်ကြွယ်ယွီထံမှ အဖြေကို မျှော်လင့်စောင့်ဆိုင်းနေကြသည်။

“ဒါပေမဲ့ အားနာပါတယ်ကွာ။ ငါ ဘယ်လောက်ချမ်းသာမှန်း ငါကိုယ်တိုင်တောင် မသိဘူး”

“ဥက္ကဌ လုက တကယ့်ငကြွားပဲ”

“ဒါက ငါကြားဖူးသမျှထဲ အမိုက်ဆုံးစကားပဲ”

“ငါက ပိုက်ဆံကို မမက်မောဘူး- ဂျက်မား

ငါ့မိန်းမလှတာကို မသိဘူး- လျှိုသုန်ချမ်း

သာမန်ရုပ်ရည်ပါပဲ- ကူးဝမ်လဲ့

ငါက မိသားစုထဲမှာ ရုပ်အဆိုးဆုံး- လင်းရောဟန်

ငါဘယ်လောက်ချမ်းသာလဲဆိုတာ ငါမသိဘူး- ဖန့်ကြွယ်ယွီ”

“အပေါ်က ကောမန့်က အကောင်းဆုံးပေါင်းချုပ်ပဲဟေ့”

“ရှင်းယွီရဲ့ အစားအစာ စားပြတဲ့ရှိုးဖြစ်ရမှာမလား။ ဘယ်လိုဖြစ်လို့ ဥက္ကဌလု ဘယ်လောက်ချမ်းသာလဲဆိုတာ ဖော်ထုတ်တဲ့ ပွဲဖြစ်သွားရတာလဲ”

“ငါ ဘာတွေကြည့်နေတာလဲလို့ အမေကတောင် မေးနေပြီ”

ဖန့်ကြွယ်ယွီတို့လည်း စားသောက်ရင်း ပရိတ်သတ်များနှင့် တစ်နာရီခန့် စကားစမြည်ပြောဆိုကြသည်။ ပြောရင်းဆိုရင်း စားရင်းသောက်ရင်းနှင့် စားပွဲပေါ်ရှိ အစားအစာများ ကုန်သွားသည်။

“အားလုံးပဲ စားလို့လည်းပြီးပြီဆိုတော့ ပြန်ဖို့ ပြင်လိုက်ပါဦးမယ်ရှင်။ ခု လိုင်းပေါ်ကဆင်းတော့မယ်နော်။ မနက်ဖြန်ညမှာတော့ ပုံမှန်အတိုင်း သီချင်းဆိုရင်း ဖျော်ဖြေပါ့မယ်” ကောရှင်းယွီက လိုင်းပိတ်ခါနီး ပရိတ်သတ်များကို နှုတ်ဆက်စကားဆိုသည်။

“ရှင်းယွီ၊ ဥက္ကဌ လုရဲ့စံအိမ်တော်ကြီးကိုမလိုက်သွားဘဲ ကိုယ့်အခန်းကိုယ်ပြန်ပါမယ်လို့ ကတိပေးခဲ့ပါဦး”

“ငါကြိုသိနေတယ်။ ရှင်းယွီရေ”

“အဲ့လိုသာဆို ငါငိုမှာနော်”

“ဒီလူတွေက ပေါက်ကရ တအားပြောကြတာပဲ” ရှင်းယွီက ကောမန့်များကို ဖတ်ရင်းရှက်သွေးဖြာလာသည်။ သူမက ဖန့်ကြွယ်ယွီအား တစ်ချက်လှမ်းကြည့်သည်။ သူက ထိုလူများ၏ ကောမန့်ကို သတိမထားမိလို့ တော်ပါသေးသည်ဟု သူမ တွေးမိသည်။

“သွားကြစို့။ ငါမင်းကိုပြန်လိုက်ပို့ပေးမယ်။ မင်း ဘယ်မှာနေနေတာလဲ”

“အို။ ဘမ်ဘူးအဖွဲ့က စီစဉ်ပေးတဲ့ ကောစဲဟောင်ထိုက် ဟော်တယ်မှာနေပါတယ်။ အဲ့နေရာကပွဲခင်းနဲ့အနီးဆုံးလေ”

“ဒါနဲ့ ရှင်ကရော ဘယ်မှာနေလဲ”

“အင်း။ ရှန်ဟိုင်းမှာ ငါ့အိမ်ရှိတယ်။ ဒါပေမဲ့ ဘယ်အိမ်မှာနေရမလဲဆိုတာ ငါ့လက်ထောက်နဲ့ ပြောရဦးမယ်”

“ဟင်း..ခုခေတ်လူငယ်တွေအကုန်လုံး ခုလိုကြွားတတ်ကြတာလား”

ဘေးနားက ဖြတ်သွားသော လူကြီးတစ်ဦးက သူပြောတာကို ကြားပြီး သက်ပြင်းချကာ ထိုကဲ့သို့ မှတ်ချက်ပြုသည်။

သို့သော် ဖန့်ကြွယ်ယွီပြောတာအမှန်ဆိုတာ ကောရှင်းယွီ အသိဆုံးဖြစ်သည်။

All Chapters