ရှုဂျင်း၏ကာကွယ်မှု
Vol. 008 Ch. 733
ဖန်ကျိရှင်းထွက်သွားပြီးနောက်တွင် ရှီမာယူယူ အနည်းငယ်ဝမ်းနည်းမိသည်။
ဖန်ကျိရှင်း၏ မျက်နှာမှ ဝမ်းနည်းမှုကိုမြင်ရသည့်အချိန်တိုင်း သူမ စိတ်မှာဘာကြောင့်နာကျင်သည်ကို သူမလည်း မသိတော့ပေ။
“သခင်” လူတစ်ယောက်သည် ရှီမာယူယူအား ခေါ်လိုက်သည်။
“ဟင် သြော်” ရှီမာယူယူသည် အသိစိတ်ပြန်ကပ်ကာ ပြောလိုက်သည် “ဟင် အဲဒါက.. ခင်ဗျားတို့က ဘယ်လိုခေါ်တာ”
၁၀ယောက်လုံးသည် သူတို့နာမည်အားပြောပြကြသော်လည်း ရှီမာယူယူသည် အနည်းငယ်ရှုပ်ထွေး သွားသောကြောင့် ပြောလိုက်သည် “ခင်ဗျားတို့က ဆရာ့လူတွေဆိုတော့ အသက်အစဉ်လိုက်ခေါ်တာကောင်း မယ်၊ ဖန်၁ ဖန်၂ ဖန်၃ အဲလိုပေါ့၊ ကျွန်တော်က နာမည်ပြောင်းတာမဟုတ်ဘူး၊ နာမည်ပြောင်သဘောမျိုးပဲပေး တာ ဖြစ်လား”
“သခင်ပြောတဲ့အတိုင်းရပါတယ်” မျက်နှာကျလေးထောင့်နှင့် အမျိုးသားကပြန်ဖြေလေသည်။
“ခင်ဗျားက ဘာရာထူးလဲ” ရှီမာယူယူ မေးလိုက်သည်။
“ကျွန်တော်က အကြီးဆုံးပါ” ဖန်၁ ပြောလိုက်သည်။
“သြော် ဖန်၁ ခင်ဗျားတို့က ပုံမှန်ဆို ဘာတွေလုပ်လဲ” ရှီမာယူူယူ ပြောလိုက်သည်။
“သခင်လေးကိုစောင့်ရှောက်ပါတယ်” ဖန်၁ ပြန်ဖြေလိုက်သည်။
သူပြန်ဖြေလိုက်သည့်ပုံကိုတွေ့သည်နှင့် ရှီမာယူယူ ခေါင်းကိုက်သွားသည်။ သူ့ကိုဖိအားပေးနေသည့် အတိုင်းပင်။ သို့သော် ထိုလူများသည် သူမအတွက် ဆရာပေးခဲ့သောလူများဖြစ်သည်။ သူတို့သည် သစ္စာပြုခဲ့ သည့်လူများဖြစ်သဖြင့် မှတ်ချက်များများစားစားပေးရန်မရှိပေ။ ခေတ္တမျှစဉ်းစားပြီးနောက်တွင် သူမ ပြောလိုက် သည် “ဆရာက ကျွန်တော့်အတွက် ခင်ဗျားတို့ကိုပေးခဲ့ပေမယ့် ခင်ဗျားတို့အတွက်လုပ်စရာ ထွေထွေထူးထူး မရှိ ဘူး၊ လုပ်စရာရှိတာ ကိုယ့်ဘာသာပဲရှာလုပ်လိုက်ပါ”
“သခင် ကျွန်တော်တို့်က သခင်ရဲ့လုံခြုံရေးအတွက်တာဝန်ယူရမှာပါ” ဖန်၁ ပြောလိုက်သည်။
“ကျွန်တော်တို့ သခင်ရဲ့ဘေးမှာနေပြီး သခင်လုံခြုံအောင်လုပ်ပေးပါမယ်” ဖန်၂ သဘောတူလိုက်သည်။
ရှီမာယူယူသည် မျက်မှောင်ကြုတ်လိုက်သည် “ကျွန်တော်တို့ ဒီမှာလုံခြုံပါတယ်၊ ကျွန်တော့်နောက်ကို လိုက်ဖို့မလိုပါဘူး ဒီတာဝန်ကိုလုပ်ရမယ်ဆိုတာကိုသိပါတယ် ပြီးတော့ အချိန်ကလည်း ခင်ဗျားတို့အတွက် အရေး ကြီးတယ်လေ”
ကိုယ်ရံတော်၁၀ယောက်သည် တိတ်ဆိတ်နေသည်။ သို့သော် သူတို့၏ တိတ်ဆိတ်မှုသည် သဘောတူ ခြင်းမဟုတ်ပေ။ ငြင်းဆန်သော တိတ်ဆိတ်မှုပင်ဖြစ်သည်။
ယူယူသည် ပေါက်ကွဲတော့မည်ဖြစ်ကာ တည်ငြိမ်စွာပင် မေးလိုက်သည် “အခု ခင်ဗျားတို့က ဘယ်သူ့ကို စောင့်ရှောက်ပေးမှာလဲ”
“သခင်ပါ” ၁၀ယောက်လုံး ဖြေလိုက်ကြသည်။
“ဒါဆို ဘာလို့ကျွန်တော့်စကားနားမထောင်တာလဲ”
“သခင် ကျွန်တော်တို့က သခင့်ကိုမနာခံတာမဟုတ်ပါဘူး” ဖန်၅ ပြောလိုက်သည် “အဲနေ့က ကျွန်တော် တို့ညီအစ်ကိုတွေလည်းရှိကြတယ်၊ အဖြစ်အပျက်ကိုကျွန်တော်တို့လည်းမြင်တယ်၊ သခင့်ကို တစ်ယောက် ယောက်က ပြဿနာလာရှာမယဆိုရင် ဘယ်လိုလုပ်မလဲ”
“ဖြစ်နိုင်ချေက အများကြီးရှိပါတယ်၊ ကျွန်တော်ဒီမှာပဲနေမှာပါ အပြင်ထွက်မှာလည်းမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ သူတို့ ခေါင်းမာနေဆဲဖြစ်သည်ကို သူမတွေ့သောအခါ ပြောလိုက်သည် “ဒီလိုဆိုရင် ရော ခင်ဗျားတို့ ကျွန်တော့်ကိုစောင့်ရှောက်ပေးဖို့ တစ်ယောက်စီအလှည့်ကျသွားမယ်လေ၊ ကျွန်တော်က လုပ် စရာတွေများတယ်၊ အကုန်လုံးတစ်ခါတည်းလိုက်ခဲ့ရင် ဘာမှလုပ်ရတော့မှာမဟုတ်ဘူး”
“ဒါက…” ဖန်၁သည် အနည်းငယ်တွေဝေသွားသော်လည်း ရှီမာယူယူ၏ မှုန်ကုတ်နေသော မျက်နှာထား ကိုကြည့်ပြီး သဘောတူလိုက်ရသည်။
“ဒါဆိုလည်းကောင်းပြီ သခင်ပြောတဲ့အတိုင်းဖြစ်စေရပါမယ်” ဖန်၂ ပြောလိုက်သည် “ဒါပေမဲ့ ၁ယောက် ကတော့ နည်းလွန်းတယ် တစ်ခုခုဖြစ်လာမယ်ဆိုရင် အချိန်မှီရောက်မလာမှာစိုးတယ် အနည်းဆုံး၂ယောက် တော့ ခေါ်ထားပါ”
ရှီမာယူယူ နောက်ဆုံးတော့ သဘောတူလိုက်၇သည်။ သည်လိုနှင့် နောက်ဆိုလျှင် သူမသည် ဘာလုပ် လုပ် ကိုယ်ရံတော်၂ယောက်နှင့် သွားရတော့မည်။
“ဒါတွေက ခင်ဗျားတို့အခုလက်ရှိ ကျင့်ကြံမှုကိုနည်းနည်းတော့ အထောက်အကူပေးပါလိမ့်မယ်” ယူယူ သည် ဝိဉာဉ်ကျောက်တုံးအနည်းငယ်နှင့် ဆေးများထုတ်ပြီး ဖန်၁ကိုပေးလိုက်သည်။
“သခင် ဒီပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတယ် ကျွန်တော်တို့…”
“အခုဆိုရင် ခင်ဗျားတို့က ကျွန်တော့်လူတွေဖြစ်သွားကြပြီ၊ ခင်ဗျားတို့က ကိုယ်ပိုင်ရန်သူတွေလည်း နည်း ကြတယ်၊ ခင်ဗျားတို့ပိုသန်မာလာရင် ကျွန်တော့်ကိုကာကွယ်ဖို့ပိုကောင်းသွားမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါတွေကိုယူလိုက်ပါ၊ ပြီးရင် နေဖို့တစ်အိမ်ရွေးလိုက်ဦး ကျွန်တော် အခုတော့သွားလိုက်ဦးမယ်”
“ဖန်၂နဲ့ ငါနဲ့သခင်နောက်လိုက်သွားမယ်၊ မင်းတို့အားလုံး အခန်းရွေးပြီးနေလိုက်ကြတော့” ဖန်၁သည် ရှီမာယူယူပေးသော ပစ္စည်းများကိုယူပြီး ဖန်၃အားပေးလိုက်သည်။
“ကောင်းပြီ”
ရှီမာယူယူသည် နောက်လိုက်၂ယောက်ကိုခေါ်ကာ သူမအိမ်သို့ပြန်သွားပြီး ကျန်လူများသည် အနည်းငယ်ကွာဝေးသောနေရာတွင် သူတို့အိမ်ကိုသွားရှာကြလေသည်။
ထိုနေရာသည် ဒေသခံအိမ်ရာဖြစ်ကာ ရှုဂျင်းနှင့် တခြားသူများ မည်ကဲ့သို့ရှာခဲ့သည်ကိုတော့ ရှီမာယူယူ မသိတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် ထိုနေရာတွင် ရက်အနည်းငယ်နေကာ တခြားသူများနှင့် မတွေ့ပေ။
သူမသည် ဖန်၁နှင့် ဖန်၂ကိုဦးဆောင်ကာ ဖက်တီးကျူတို့အိမ်သို့ သွားလိုက်သည်။ သူ့ကို ကုသရန် လွယ်စေရန်အတွက် ရှုဂျင်းအိမ်တွင် ထားထားသည်။
သူမသည် တည်ဆောက်မှုသခင်၂ယောက်နှင့် ဆွေးနွေးမှုလုပ်နေသော ရှုဂျင်းအားအရင်သွားတွေ့ သည်။ သူမအရှေ့တိုးကာ အရိုအသေပေးပြီး မေးလိုက်သည် “ဆရာ ဖက်တီးဘယ်လိုနေလဲ”
“ငါရှိနေတာကို ဘာတွေစိတ်ပူနေတာလဲ” ရှုဂျင်း စိတ်ပေါက်လာသည်။
“သူဘယ်လိုနေလဲဆိုတာ စိတ်ပူတာမဟုတ်ပါဘူး၊ သူဘယ်တော့ပြန်ကောင်းမလဲဆိုတာ မေးချင်တာပါ” ရှီမာယူယူ ပြောလိုက်သည်။
“သူ ၂ရက်အတွင်းကို လှုပ်ရှားနိုင်တော့မျာပါ အခုတော့ အကြောသေနေသေးတယ်” ရှုဂျင်း ပြောလိုက် သည် “မင်းရောက်လာမှာတော့ သူပြန်မကောင်းခင်ကို မလှုပ်ဖို့ပြောလိုက်ဦး၊ သူလှုပ်ချင်သလိုလှုပ်နေရင် နောက်ကို အကြောသေသွားလိမ့်မယ်”
“ကျွန်တော်သူ့ကိုပြောလိုက်ပါမယ်” ရှီမာယူယူသည် ပြုံးပြီးပြန်ဖြေလိုက်သည် “ဆရာ ကျွန်တော် ဖက်တီးကို အရင်သွားတွေ့လိုက်ဦးမယ်”
ဖန်၁နှင့် ၂သည် လိုက်ဝင်လိုသော်လည်း သူတို့အားအပြင်တွင် စောင့်ခိုင်းထားလိုက်သည်။
ရှီမာယူယူ ဝင်သွားပြီးနောက်တွင် ရှုဂျင်းသည် ဖန်၁နှင့် ၂ကိုကြည့်ပြီးမေးလိုက်သည် “ဝေကြီးနဲ့ ဝေလေး သူတို့က ဖန်မျိုးနွယ်ရဲ့ ကိုယ်ရံတော်တွေလား”
ဝေကြီးနှင့် ဝေလေးဆိုသည်မှာ တည်ဆောက်မှုသခင်၂ယောက်ကို ဆိုလိုခြင်းဖြစ်သည်။ သူတို့ကို ကြည့်ပြီးမေးလာသဖြင့် ဖြေလိုက်ကြသည် “ဟုတ်လောက်တယ်”
“ငါပြောတာက သူတို့က ဖန်မျိုးနွယ်ကိုမစောင့်ရှောက်ပဲ ဘာလို့ငါ့တပည့်လေးနောက်ကို လိုက်နေကြ တာလဲလို့”
“အခု ကျွန်တော်တို့ သခင်ကသူပါ” ဖန်၁သည် ထိုအတိုင်းပင်ပြန်ဖြေသည်။
“အခု ငါ့တပည့်နောက်ကိုလိုက်မယ်ဟုတ်လား” ရှုဂျင်းသည် အံ့သြသဖြင့် မျက်ခုံးပင့်လိုက်သည်။
“ဟုတ်ပါတယ်” ဖန်ယိ ခေါင်းညိမ့်လိုက်သည်။
“ဖန်ကျိရှင်းက တကယ်ကိုစိတ်ပါတာပဲ ဟုတ်တယ်မလား” ရှုဂျင်း သက်ပြင်းချလိုက်သည် “ငါ တပည့် တစ်ယောက်ကို မျှသုံးရမယ့်နေ့ရောက်လာမယ်လို့ ဘယ်သူထင်မိမှာလဲ”
“ဆရာ့ရဲ့ တပည့်ကကံကောင်းတာပါ” ဝေကြီးပြောလိုက်သည်။
“ဘာ ငါ့တပည့်က မင်းတို့ရိုးရာကိုရသွားတယ်လို့ တကယ်ထင်နေတာလား”
“နဂါးထောင်ချောက်တည်ဆောက်မှုက နည်းလမ်းမျိုးစုံဖန်တီးနိုင်ပါတယ်၊ ဒါပေမဲ့ ဆရာ့တပည့် လုပ်သွားတဲ့နည်းလမ်းက သက်ရောက်မှုအကောင်းဆုံးပဲ၊ အဲနည်းလမ်းက ကျွန်တော်တို့ဂိုဏ်းမှာပျောက်သွား တာ အတော်ကြာနေပြီ၊ သူပမှာမရှိဘူးဆိုရင် ဘာလို့ဒီလိုဖြစ်သွားတာလဲ”
“သူ မတော်တဆသင်မိသွားတာလည်းဖြစ်နိုင်တာပဲ၊ ဖန်ကျိရှင်းက သူ့ကိုသင်ပေးတာလည်း ဖြစ်နိုင် တယ်” ရှုဂျင်း ပြောလိုက်သည် “ငါ့တပည့်က အရည်အချင်းရှိတာသိတယ်၊ အစီအစဉ်တော်တော်များများကို သူ လုပ်ခဲ့တယ် ဒါပေမဲ့ မင်းတို့အဲဒါကို စဉ်းစားရဲမှာတောင်မဟုတ်ဘူး”
“အဘိုးကြီးရှု ဒီလိုတော့လုပ်လို့မရဘူးလေ” ဝေလေးပြောလိုက်သည်။
“ဒီလိုဟုတ်လား” ရှုဂျင်း ပြောလိုက်သည် “ငါက မင်းတို့မျိုးနွယ်ရဲ့ နည်းနာကိုသိသွားပြီလို့ထင်နေတာ လား၊ တခြားလူတွေတော့မသိဘူး ဒါပေမဲ့ ငါ့တပည့်က မင်းတို့လိုသာမန်လူမဟုတ်ဘူး၊ မင်းတို့ သူ့ကိုဖိအားပေး ဖို့စီစဉ်ထားတယ်ဆိုရင် သူ့ဝိဉာဉ်ပုံရိပ်ကိုအရင်သတိရလိုက်”
“ကျွန်တော်ပြောတာ အဲအဓိပ္ပာယ်မဟုတ်ဘူး” ဝေကြီးပြောလိုက်သည်။
“အဲအဓိပ္ပာယ်မဟုတ်ဘူးဆိုတာ ဘာပြောတာလဲ” ရှုဂျင်း ပြောလိုက်သည် “ဘာအဓိပ္ပာယ်မှမဟုတ်ဘူး ဆိုတာ ပြောလို့မ၇ဘူး၊ အချိန်ကျလာရင် မင်းတို့နေရပ်ကိုပြန်ရမှာပဲ”
“အဘိုးကြီး”
“ငါ့တပည့်လေးက ငယ်သေးတယ်၊ မင်းတို့မှာ အကြံရှိရင်တာင် နောက်ထပ်နှစ်နည်းနည်းလောက် စောင့်” ရှုဂျင်းသည် စကားဝိုင်းကိုရပ်လိုက်သည့်အနေနှင့် လက်ကိုရမ်းလိုက်သည်။
ရှီမာယူယူထွက်လာသည်နှင့် ရှုဂျင်းနှင့် တခြားသူများ၏ ရောင်ဝါသည် အနည်းငယ်ထူးဆန်းသည်ကို ခံစားမိသည်။
“သူ့ကိုကြည့်ပြီးပြီလား” ရှုဂျင်း မေးလိုက်သည်။ သူသည် အခုဖြစ်ခဲ့သောအဖြစ်အပျက်ကို သူမကိုပြောပြ ရန်အစီအစဉ်မရှိပေ။
“ဟုတ်” ရှီမာယူယူ ပြောလိုက်သည် “ဖက်တီး ပြန်ကောင်းလာပါတယ် ဆရာ့ကိုကျေးဇူးအများကြီးတင် ပါတယ်”
“ငါ့ကိုကျေးဇူးတင်ရမှာပေါ့” ရှုဂျင်း ပြောလိုက်သည် “သူ့ကိုကုဖို့ကို ပစ္စည်းကောင်းတွေ တော်တော်သုံး လိုက်ရတယ်၊ ပြန်ရောက်တာနဲ့ အဲအတွက်မင်းနဲ့စာရင်းရှင်းရမယ်”
ရှီမာယူယူ ပြုံးလိုက်သည် “ဟုတ်ကဲ့ပါ၊ ကျွန်တော် သက်တန့်ကိုသွားရှာလိုက်ဦးမယ် သွားလိုက်ပါဦးမယ်”
“သွားသွား” ရှုဂျင်းသည် သူမအား လက်ရမ်းပြလိုက်သည် “ဟုတ်သားပဲ ရှောင်ချီလည်း ပြန်ကောင်းလာ ပြီလား”
ရှုဂျင်းသတိပေးသည်ကို ကြားလိုက်မှပင် ရှီမာယူယူသည် ရှောင်ချီကိုမေ့နေကြောင်း သတိရသွားတော့ သည်။
***