← Chapters

ကားကိုရိုက်ခွဲပစ်မယ်

Vol. 3 Ch. 35

ကားကိုရိုက်ခွဲပစ်မယ်

Vol. 3 Ch. 35

“ဟာ။ ဘယ်သူလဲကွာ။ အိပ်လို့မရတော့ဘူး”

ဖန့်ကြွယ်ယွီသည် နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေသည့် အချိန် သူ၏ခေါင်းအုံးအောက်မှ ဖုန်းသံမြည်လာခဲ့သည်။

“ဝက်ပုတ်၊ အိပ်ရာထမဲ့အချိန်ရောက်ပြီ”

ဖန့်ကြွယ်ယွီက စိတ်မကြည်မလင်စွာဖြင့် နိုးထလာသည်။ သူက ပြစ်တင်ကြိမ်းမောင်းဖို့ ကြံရွယ်နေစဉ်တွင် သူကြားနေ ကျ အသံချိုချိုလေး ထွက်ပေါ်လာသည်။

“ရှင်းယွီ ဘာလို့အစောကြီးထရတာလဲ”

“ရှစ်နာရီထိုးနေပြီ။ မစောတော့ဘူး” ကောရှင်းယွီက မနက်တိုင်းလိုလို အသံနှင့်ပတ်သက်သည့် ထရိန်နင်ရှိသည်။ ထိုအရာသည် သူမလို ဂီတအနုပညာကျောင်းသားများ မဖြစ် မနေ လုပ်ဆောင်ရသည်။

“ရှစ်နာရီက ဘာလို့ မစောရမှာလဲ။ ဒါက နွေရာသီပိတ်ရက် လေ။ ပိတ်ရက်ဆို ဆယ်နာရီထိုးတောင် ငါကာထချင်မှထတာ”

ဖန့်ကြွယ်ယွီက ခပ်ပြတ်ပြတ်တုံ့ပြန်သည်။ သူ၏အခန်းဖော်များသည် သူ့ထက်ပိုပြီး နောက်ကျသေးသည်။

“ရှင် ထမှာလား မထဘူးလား”

“ထပြီ ထပြီလို့” ဖန့်ကြွယ်ယွီသည် အိပ်ရာထဲမှ ကုန်းရုန်းထ သည်။

“ငါ ဒီမနက်ဆို ပြန်တော့မှာ။ ငါ့ကို သတိမရနေနဲ့ဦး”

“ရှင့်ကိုလွမ်းနေမယ်လို့ တွေးထားတာလား။ ဟမ်၊ တော်ပြီ ဆက်မပြောတော့ဘူး။ စန္ဒရားတီးလိုက်ဦးမယ်။ ဘိုင့်”

ကောရှင်းယွီက ဖုန်းချပစ်သည်။ ထို့နောက် သူမက မက်ဆေ့ချ် တစ်စောင်ပို့ခဲ့သည်။

“လမ်းမှာ သေချာဂရုစိုက်မောင်းဦး”

“ဟုတ်ပါပြီ”

ဖန့်ကြွယ်ယွီက ထိုမက်ဆေ့ချ်ကိုကြည့်ပြီး ပြုံးမိသည်။

အမှန်တော့ ဒီအချိန်သည် အိပ်ရာထသင့်သောအချိန်ဖြစ်သည်။ ခရီးသွားရာသီဖြစ်သောကြောင့် လမ်းမှာကားပိတ်နိုင်သည်။ ထိုသို့မဖြစ်ချင်ပါက သူစောစောထွက်တာပိုကောင်းမည်။

သို့မဟုတ်ပါက နောက်တစ်ခါ ဟယ်လီကော်ပတာထပ်ခေါ် ပါက နာမည်ကြီးသွားပေဦးမည်။

အိမ်ရာမှာ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုရှိသဖြင့် ဖန့်ကြွယ်ယွီသည် ဝန်ဆောင်မှုစင်တာကို ဖုန်းခေါ်ခဲ့သည်။

“ဝန်ဆောင်မှုစင်တာကလား ခင်ဗျာ”

“ကျွန်တော့်အတွက် ဝက်ခေါက်ဆွဲတစ်ပွဲ၊ မုန်ညင်းချဉ်တစ်ပွဲ ပေးပါ။ ကြက်သွန်နီလုံးဝမထည့်ပါနဲ့။ ကျေးဇူးတင်ပါတယ်” ဖန့်ကြွယ်ယွီက သူစားချင်သော မနက်စာကို မှာယူခဲ့သည်။

အိမ်ရာဝန်ထမ်းမှ ထိုအမှာစာကို ကြည့်ပြီး တအံ့တဩဖြစ်သွား သည်။ နံပါတ်တစ် ထိပ်တန်းအိမ်ရာ တစ်ခုမှာ နေထိုင်သူ များသည် မီလီယံနာများဖြစ်ကြသည်နှင့်အညီ သူတို့မှာယူ သော အစားအစာများသည်လည်း တကယ့်ကိုအဆင့်အတန်း မြင့်သည်။

“အမလန်၊ ဘာတွေဖြစ်လာတာလဲ” တခြားဝန်ထမ်းတစ်ဦးက အမှာစာလက်ခံသောဝန်ထမ်း၏ အမူအရာကိုကြည့်ပြီး မေးသည်။

“အပေါ်ဆုံးထပ်မှာနေတဲ့ ဧည့်သည်က မနက်စာလှမ်းမှာတယ်။ သူဘာမှာလဲဆိုတာ စဉ်းစားကြည့်ဦး”

“ဘာတဲ့လဲ”

“သူက မုန်ညင်းချဉ်တစ်ပွဲနဲ့ ဝက်ခေါက်ဆွဲတစ်ပွဲကိုမှာတာ”

“တကယ်ကြီး။ ဒီသူဌေးက ဘာတွေဖြစ်နေတာလဲ။ ငါတို့က အဆင့်မြင့်အစားအစာတွေနဲ့ တည်ခင်းဧည့်ခံနေတာလေ။ သူက ဘာဖြစ်လို့ ရှစ်ဒေါ်လာတန်ခေါက်ဆွဲကို စားချင်ရတာ လဲ”

“သူက ဂုံးတို့ ယောက်သွားတို့လို ပင်လယ်စာတွေရော စားချင်နေတာလား” ဝန်ထမ်းက အားပါးတရရယ်မောသည်။

“အဲ့တာဘာဖြစ်လို့တုန်း။ ပုံမှန်ပဲလေ။ သူတို့လည်း နိုင်ငံခြား အစားအစာတွေစားတာများလို့ ငြီးငွေ့လာမှာပေါ့။ ဒါကြောင့်မို့ လို့အပြောင်းအလဲလေး ဘာလေးဖြစ်အောင် ဂေါ်ဖီထုပ်နဲ့ တို့ဟူးလေးဘာလေးစားချင်မှာပဲလေ။ ဥက္ကဌဝမ်တောင်မှ တစ်ခါတလေ လမ်းဘေးမှာ အသားကင်စားသေးတာပဲဟာ။ စိတ်မပူပါနဲ့။ တစ်ယောက်ယောက်ကိုလွှတ်ပြီး ခေါက်ဆွဲသွား ဝယ်ခိုင်းလိုက်မယ်လေ”

“အင်း မင်းပြောတာလည်း မှန်ပါတယ်”

ဝန်ထမ်းသည် ချက်ချင်းဆိုသလို အနီးအနားမှာရှိသော နာမည်ကြီး ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ဆက်သွယ်သည်။

“သူဌေးရေ၊ မုန်ညင်းချဉ်တစ်ပွဲနဲ့ ဝက်ခေါက်ဆွဲတစ်ပွဲကို တွန်ဆန်းအုပ်စုပိုင်တဲ့ အဆင့်မြင့်အိမ်ရာဘက်ကိုပို့ပေးပါဦး။

ဟုတ်ပါတယ်။ သူဌေးကြားတာမှန်ပါတယ်။ ဝက်ခေါက်ဆွဲ တစ်ပွဲနဲ့ မုန်ညင်းချဉ်တစ်ပွဲပါ”

….

“ရှလွတ် ရှလွတ်”

ဖန့်ကြွယ်ယွီလည်း ဗိုက်ဆာဆာနှင့် ခေါက်ဆွဲကို အားပါးတရ စားတော့သည်။

“မဆိုးဘူး။အရသာရှိသားပဲ။ ထမင်းတစ်ပွဲပါ မှာလိုက်ရင် ပိုကောင်းမှာ”

မနက်စာစားပြီးနောက် သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်သည်။ သူမှာထားသော ကားနှင့် အဝတ်အစားများသည် မကြာမီ ကာလအတွင်း ရောက်လာတော့မည်။

ယခုတော့ သူအိမ်ကို ပြန်ရပေဦးမည်။

သူက ဓာတ်လှေကားကိုစီးပြီး ကားပါကင်ကိုရောက်သောအခါ သူ့ကားရှေ့တွင် တခြားကားတစ်စီးက ပိတ်ဆို့ပြီး ရပ်ထား သည်ကိုတွေ့ရသည်။ တခြားတစ်ဘက်မှာလည်း နံရံကြီးသာ ရှိတော့သည်။ ထိုကားမဖယ်ပေးလျှင် သူ့ကားက ထွက်လို့ ရမည်မဟုတ်ပေ။

ထိုကားသည် ဒေါ်လာ၁၄သန်းတန် ပေါ်ရှာ ၉၁၈ (Porsche 918) ဖြစ်ပြီး သူ၏ မာစီရာတီကားနှင့် အဆင့်အတန်း တူတူပဲဖြစ်သည်။ သို့သော် ထိုမော်ဒယ်သည် ၂၀၁၃ထဲက ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။ ဖန့်ကြွယ်ယွီ၏ ကားသည် အရေအတွက် အကန့်အသတ်နှင့်သာထုတ်ပေးသော ကားဖြစ် တာမို့ ပိုပြီး တန်ကြေးရှိသည်။

“ဘာလဲကွာ” ဖန့်ကြွယ်ယွီက ကားထုတ်လို့ရ မရ သေချာ ကြည့်သည်။

ထိုကားပိုင်ရှင်က အရေးပေါ်ကိစ္စတစ်ခုခုကြောင့်များ ကားကို ဒီအတိုင်းရပ်ခဲ့တာများလား!

ပုံမှန်ဆို ကိစ္စတစ်စုံတစ်ရာရှိပါက ဆက်သွယ်နိုင်ရန် ကားပေါ် တွင် ဆက်သွယ်လို့ရနိုင်သော နံပါတ်များကို ကားပိုင်ရှင်များက ချန်ထားခဲ့ကြသည်။

အံ့ဩဖို့ကောင်းတာတစ်ခုက ကားထဲတွင် အသက်နှစ်ဆယ် အရွယ် လူငယ်လေးတစ်ဦးက အရက်မူးပြီး ကားထဲတွင် မှောက်နေသည်။

“ဒီကောင်လေးက သေကြောင်းကြံနေတာလား။ ဒီလောက် အရက်မူးနေတာကို ကားမောင်းသေးတယ်”

ဖန့်ကြွယ်ယွီက မြင်လိုက်ရသော မြင်ကွင်းအပေါ် ဒေါသ ထွက်သွားသည်။

လူချမ်းသာအသိုင်းအဝိုင်းမှ ကလေးများသည် အရက်မူးပြီး သောင်းကျန်းကာ ကားကို အဆင်အခြင်မဲ့မောင်းနှင်သဖြင့် အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးရသော ဖြစ်ရပ်များသည် ယခုတလောတွင် ပိုမိုများပြားလာသည်။

ထိုကဲ့သို့ လူတန်းစားမျိုးကို ဖန့်ကြွယ်ယွီ မနှစ်မြို့ပေ။ ချမ်းသာကြွယ်ဝသောနောက်ခံအသိုင်းအဝိုင်း ရှိသောကြောင့် ပြစ်မှုဖြစ်လာပါက လျော်ကြေးနည်းနည်းပေးပြီး ထိုသူများ သည် အပြစ်မှလွတ်နေကျဖြစ်သည်။

ပြည်သူဘက်မှ ဘယ်လောက်ပဲ မကျေနပ်သံများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေပါစေ ထိုသူများသည် အချိန်ခဏ လေးသာ အကျဉ်းကျခံရသည်။

“ဟေ့” ဖန့်ကြွယ်ယွီက ကားပြတင်းမှန်ကိုခေါက်လိုက်သည်။

“ဟေ့ ထစမ်း”

“မင်းက ဘာကောင်လဲ။ ငါ အိပ်နေတာကို မင်းက ဘာကောင် မို့လို့ လာနှောင့်ယှက်နေတာလဲ။ သွားစမ်းပါ”

ထိုလူငယ်လေးသည် အခုထိ အမူးမပြေသေးပေ။ ကားမှန်ကိုချလိုက်သောအခါ သူ့ဆီမှ အရက်နံ့က ထောင်း ခနဲထွက်လာသည်။

“မင်းကားကို အရင်ရွေ့လိုက်။ ငါ့ကားရှေ့မှာလာပိတ်ရပ်ထားတာ” သူက ထိုကဲ့သို့ အမူးသမား နှင့် ပြိုင်ပြီး ရန်မဖြစ်ချင်ပေ။ ထို့ကြောင့် ဖန့်ကြွယ်ယွီက လေသံမာမာနှင့်ပြောသည်။

“ပိတ်တော့ရော ဘာဖြစ်ချင်လဲ။ မင်းမှာခြေထောက် မပါဘူးလား။ မထွက်နိုင်ရင် မသွားနဲ့ပေါ့ကွာ ရှင်းရှင်းလေးပဲ”

ထိုလူငယ်လေးက ဖန့်ကြွယ်ယွီအား မထီမဲ့မြင်ပုံစံဖြင့် စိုက်ကြည့်သည်။

“ဟ” ထိုတုံ့ပြန်မှုက သူ့ကိုပိုပြီး ဒေါသထွက်စေသည်။

“ဟုတ်ပြီ။ မင်းကို နောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်။ မင်းကားကိုရွှေ့မလား။ ဒါမှမဟုတ် ငါ ရဲခေါ်လိုက်ရမလား။ ဒီလောက် မူးရူးနေတာ ကားမောင်းတယ်။ ဟုတ်ပြီ။ ထောင်ထမင်း ထောင်ဟင်းကို ဝဝလင်လင် စားရအောင် လုပ်ပေးရမှာ ပေါ့လေ”

“ထောင်! ဟုတ်လား။ မင်းကိုယ်မင်း ဘာထင်နေလဲ။ ငါ မဖယ်ပေးဘူးဆိုလျှင် မင်းဘာလုပ်ချင်လဲ။ဘာဖြစ်ချင်လဲ။ မင်း သတ္တိရှိတယ်ဆို ငါ့ကားကို ထိကြည့်လေ”

“အဲ့အကြံမဆိုးဘူး”

ဖန့်ကြွယ်ယွီလည်း အနီးအနားကို တစ်ချက် ဝေ့ဝိုက်ကြည့် သောအခါ မီးသတ်သောအခါ အသုံးပြုသည့်ပုဆိန်ထည့်ထား သော ပုံးတစ်ခုကို တွေ့ရသည်။ သူသည် ထိုပုံး၏ မှန်ကိုရိုက်ခွဲ ပြီး ပုဆိန်ကိုဆွဲထုတ်သည်။

“မင်း..မင်း ဘာလုပ်တာလဲ” ထိုလူငယ်လေးက ကယောင်ကတမ်းရေရွတ်တော့သည်။

“ဒီကားက ၁၄သန်းတန်တယ်။ မင်းရိုက်ခွဲရဲလား”

“ဟား။ ၁၄ သန်းဟုတ်လား။ ဒီလိုကားမျိုး ဆယ်စီးဆိုလည်း ကိစ္စမရှိဘူး သိလား”

ဖန့်ကြွယ်ယွီသည် ကားနားကိုသွားပြီး ပုဆိန်ကို ဝှေ့ရမ်းသည်။ သူ၏ ခွန်အားများက ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည်။

ပုဆိန်က ကားတံခါးကို ခွါနိုင်သည်အထိ ဖြစ်ခဲ့သည်။

ထိုလူငယ်လေးက ကြောက်လန့်တကြားဖြစ်ကာ ကားထဲမှ ဒရောသောပါး ပြေးထွက်လာသည်။ သူ ထွက်မပြေးပါက သူ့ကိုပါ ပုဆိန်နှင့် ခုတ်မည်ဟု သူတွေးမိသည်။

“မင်း ရူးနေလား”

“မင်း ပါးစပ်ကိုပိတ်ထား” ဖန့်ကြွယ်ယွီက ထိုလူငယ်လေးကို စိုက်ကြည့်သည်။ သူ၏ အကြည့်က လူငယ်လေးကို ကြောက်ရွံ့စေသည်။

ဒုန်း ဒုန်း!

ခွမ်း!

ဂျွတ်!

အချိန်ခဏလေးအတွင်းမှာ ၁၄သန်းတန် ထိုပေါ်ရှာကားသည် သူ၏ပုဆိန်အစွမ်းအောက်တွင် တစစီကျိုးပဲ့ပျက်စီးကုန်တော့ သည်။ ဖန့်ကြွယ်ယွီက ပုဆိန်ကိုချပြီး နဖူးပေါ်က ချွေးကို သုတ်သည်။

“ကောင်းလိုက်တာ”

“မင်းက တကယ့် စိတ္တဇသမားပဲ“

ဖန့်ကြွယ်ယွီ၏ လက်ထဲမှာ ပုဆိန်မရှိတော့မှ ထိုလူငယ်လေး ဘက်က အသံထွက်လာနိုင်သည်။ သူက ဖန့်ကြွယ်ယွီထက် အရပ်ပိုမြင့်သဖြင့် လူချင်းယှဉ်ထိုးပါက သူ့ဘက်က အနိုင်ရ မည်ဟု တွေးထားပုံရသည်။

“ဝုန်း”

ဖန့်ကြွယ်ယွီ၏ ကန်ချက်က သူ့ရင်ဘတ်တည့်တည့်ကိုကျရောက်လာသည်။ ထိုကန်ချက်ကြောင့် လေပေါ်မြောက်တက်ပြီး မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်းပြန်ကျသည်။

“၁၄ သန်း ဟုတ်လား။ မင်းရဲ့ ဘဏ်အကောင့်ငါ့ကိုပေးစမ်း။ မင်း

အကောင့်ထဲကို ခုချက်ချင်းပိုက်ဆံပြန်လွှဲပေးမယ် ဟုတ်ပြီလား”

All Chapters