← Chapters

အလိုက်မသိသော ဖုန်းခေါ်မှု

Vol. 3 Ch. 39

အလိုက်မသိသော ဖုန်းခေါ်မှု

Vol. 3 Ch. 39

စတာလင်ပေါင် ငါးသိန်းတန်သော ဝတ်စုံသည် ဖန့်ကြွယ်ယွီအား အံ့အားသင့်စေခဲ့သည်။ ထိုဝတ်စုံနှင့်ဆို အဲလိဇဘတ်ဘုရင်မကြီး တည်ခင်းဧည့်ခံသော စားပွဲကိုတောင် တက်နိုင်သည်။ ထိုဝတ်စုံကိုဝတ်ပြီး ကျောင်းနှစ်ပတ်လည်ပွဲကို တက်ရောက်ခြင်းသည် ခြင်တစ်ကောင်အား အမြှောက်သုံးပြီး ပစ်သကဲ့သို့ လုံးဝမအပ်စပ်နေပေ။

ဖန့်ကြွယ်ယွီက ဝတ်စုံကို သေချာလေးချွတ်သည်။ ဝတ်စုံထဲမှ စိန်တစ်လုံးပြုတ်ကျသွားလျှင်တောင် အတော်လေးအဖိုးတန်လှသည်။ အထူးသီးသန့်ဖိတ်ကြားသော ပွဲအခမ်းအနားများအတွက်သာ သင့်တော်ပေလိမ့်မည်။

မစ္စတာဟီရမ်နှင့် အတူ ညစာစားကြသည်။ သူတည်ခင်းသော ညစာကိုအားပါးတရသုံးဆောင်သော မစ္စတာဟီရမ်က မနှစ်ကအဲလိဇဘတ်ဘုရင်မကြီး၏ မွေးနေ့ပွဲတုန်းကထက် အစားအစာများက ပိုပြီး အရသာရှိသည်ဟု ဆိုပြီး ချီးကျူးသည်။

ညစာစားပြီးနောက် မစ္စတာဟီရမ်ကို အိမ်လိုက်ပို့ခိုင်းသည်။

သူကိုယ်တိုင်လည်း ရေချိုးလေတော့သည်။ ရေချိုးပြီးနောက် ကွန်ပျူတာရှေ့မှာရှိသော ထိုင်ခုံတွင်ထိုင်ပြီး

“ဘာကားတွေက ကောင်းသေးလဲ ကြည့်ကြရအောင်” ဟု ဆိုသည်။

သူ၏ လစ်လပ်နေသော ဂိုထောင်ကိုဖြည့်ရန် ဝက်ဘ်ဆိုက်ထဲကို ဝင်ပြီး ကားဝယ်ရန် ရှာဖွေတော့သည်။

ထိုအတွက် ပိုက်ဆံသုံးစွဲခြင်းက သူ၏ ၅၀၀ဘီလီယံအတွက် ရေစက်မျှ ပမာဏသာရှိပေလိမ့်မည်။

သူမမျှော်လင့်ထားသည်ကို မြင်လိုက်သဖြင့် အံ့အားသင့်သွားသည်။

ယနေ့မှာ သူသည် ကားလျော်ကြေး ၁၄ သန်းနှင့် အလှူအတွက် ၁၀သန်းသုံးခဲ့မိသည်။ ယနေ့တစ်နေ့တည်း သုံးစွဲမိသော ပမာဏသည် လူအများစု၏ တစ်ဘဝလုံးစာသုံးစွဲမှုပမာဏထက်တောင် များနေသေးသည်။ ထိုမျှ သုံးခဲ့သော်လည်း ဒီကနေ့ ရရှိသောအမြတ်ပမာဏ၏ အစွန်းထွက်တောင်မရှိနေပေ။

သူ့အကောင့်ထဲကို ဝင်လာသော ဒေါ်လာသန်း ၈၀၀ကိုကြည့်ပြီး သက်ပြင်းချမိသည်။

“ပိုက်ဆံဖြုန်းရတာလည်း ငြီးငွေ့လာပြီ”

“ဟုတ်ပြီ။ အပိုလိုကားလိုပဲ နာမည်ကြီး ကားနှစ်စီးရှိသေးတာပဲ”

ဖန့်ကြွယ်ယွီသည် ချက်ချင်းဆိုသလို ဝက်ဘ်ဆိုက်မှာ ရှာဖွေသည်။

“ပါ့ဂါနီဝါရီ (Pagani Huayra) အမြန်နှုန်းက တစ်နာရီ ၄၀၃မိုင်၊ ၃.၂စက္ကန့်အတွင်း ၀-၁၀၀အရှိန်မြှင့်နိုင်တယ်။ စျေးက ယူရိုတစ်သန်းကျော်၊ မှတ်ထားရမယ်”

ဖန့်ကြွယ်ယွီသည် အံဆွဲထဲမှ မှတ်စုစာအုပ်ကိုထုတ်ပြီး ချရေးလိုက်သည်။

“အက်စတွန်မာတင်ဗာ့သ်ကဲရီ (Aston Martin Valkyrie) ဒီဇိုင်းက အလန်း!”

အက်စတွန်မာတင်သည် ထိပ်တန်းကားအမျိုးအစားဖြစ်သော်လည်း သူအရင်တုန်းက ထိုကားဒီဇိုင်းကို တစ်ခါမှ သဘောမကျခဲ့ပေ။ သို့သော် ယခုမြင်တွေ့နေရသော ကားဒီဇိုင်းက ယခင်ကအမြင်များကို ပြောင်းပြန်လှန်ခဲ့သည်။ ထိုကား၏ ပုံစံက လွန်စွာမှ ဆွဲဆောင်မှုရှိသည်။

“တစ်ကမ္ဘာလုံးမှာ အစီးရေ ၁၅၀ပဲထုတ်တယ်။ ယူရို ၂.၅သန်းကနေ စပြီး စျေးရှိတယ်။ မိုက်တယ်။ ဒါလည်းပဲ မှတ်ထားဦးမယ်”

“မာ့ခ်လာရန် ၆၀၀LT! စျေးက တော်တော်နည်းတယ်။ ဒါပေမဲ့ ကားပုံစံက မဆိုးပါဘူး။ ဟိုနားဒီနား စျေးဝယ်ထွက်ရင် စီးဖို့ ဝယ်မယ်”

“အို ငါဘာလို့ ဘူဂါတီဗီရွန် ( bugatti Veryon) ကိုမေ့ရပါလိမ့်”

တစ်နာရီကြာပြီးနောက် သူ၏မှတ်စုစာအုပ်ထဲမှာ ခြစ်ရာဖျက်ရာ မှတ်ရာများနှင့် ပြည့်နေသည်။ ကားအမျိုးအစားကောင်းများစွာရှိသည်။ သူ၏ ဗီလာထဲမှာလည်း ကားပါကင်နေရာအကျယ်ကြီးရှိသည်။

“ဟုတ်ပြီ ဒါဝယ်မယ် ဒါလည်း ဝယ်မယ်”

ဖန့်ကြွယ်ယွီသည် ကားအမျိုးအစားပေါင်း ၂၀ကို သူ၏ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်လိုက်သည်။

“ချလပ်”

သူသည် ကားစာရင်းကို ဓာတ်ပုံရိုက်ပြီး ကျွမ်းရီဆီသို့ တစ်ခါတည်းပို့ပေးလိုက်သည်။

“အမရီ၊ ကူညီပါဦး။ ဒီကားစာရင်းထဲမှာပါသမျှ ကားကိုတစ်စီးစီ ဝယ်မယ်။ အများကြီးမလိုဘူး။ ကားကိုကြည့်လိုက်တာနဲ့ မိုက်နေရမယ်။ ပြီးတော့ အရောင်ကလည်း ဆွဲဆောင်မှုရှိမယ်ဆိုရပြီ”

“ဟုတ်ပြီ။ ကျွန်မတာဝန်ထားလိုက်ပါ။ ဒီကားတွေအားလုံးအမြန်ဆုံးရအောင်စီစဉ်ပေးပါ့မယ်။ “

ကျွမ်းရီသည် စာရင်းကို သေချာကြည့်သည်။ စာရင်းရှိကားများသည် ဇိမ်ခံကားများနှင့် ပြိုင်ကားများဖြစ်သည်။ သို့သော် စာရင်းထဲတွင် ဝူလင်းဟုန်ကွမ်း ကားကို ဘာကြောင့်ထည့်ထားရလဲဆိုတာ မစဉ်းစားတတ်ပေ။ ဖြစ်နိုင်တာက ဖန့်ကြွယ်ယွီက သူငယ်ချင်း အယောက် ၅၀ကိုခေါ်ပြီး ပျော်ပွဲစားထွက်လျှင် သုံးလောက်မည်။

“ကဲ ဝီဘိုတစ်ချက်ကြည့်ကြည့်မယ်” ဖန့်ကြွယ်ယွီသည် တိုက်ရိုက်ထုတ်လွှင့်မှုများကို ဟိုဟိုဒီဒီ လျှောက်ကြည့်သည်။ ဆရာပတ်က ဂိမ်းဆော့ပြနေသည်။ ထို့အပြင် ကောရှင်းယွီကလည်း မှော်ဝင်မြို့တော်မှာ ညစာစားပြီး liveလွှင့်ပြနေသည်။

“စားပါ စားပါ။ ဝတုတ်မကြီးဖြစ်လာဦးမယ်” ဖန့်ကြွယ်ယွီက မှတ်ချက်ဝင်ရေးသည်။

“သူဌေးလု ပေါ်လာပြီ”

“ဒီမှာ ရောက်နေပြီကိုး”

“ယုန်လေးက ဒီလောက်ချစ်စရာကောင်းတာ ဘာလို့ ယုန်သားစားရတာလဲ”

“သူဌေးလုက ဒီနေ့ကျ ဘယ်မှာရှိနေတာလဲ။ ရှင်းယွီတစ်ယောက်ထဲ အပြင်ထွက်နေတာ စိတ်မပူဘူးလား”

“သူဌေး လု။ ဝန်ထမ်းလေးဘာလေးလိုရင် ပြောပါဦး”

“ဟမ်။ အဲ့တာ ရှင့်အပူလား။ ကျွန်မက ဘယ်လောက်စားစား မဝဘူး” ထိုသို့ပြောရင်း ယုန်သားကင်ကို တစ်ကိုက်ကိုက်ပြသည်။

“ဟဲဟဲ ။ မင်းပရိတ်သက်တွေကိုကျတော့ ဒီလိုပြန်မပြောဘူးနော်။ ရှင်းယွီ မင်းတို့ နှစ်ယောက်က တွဲနေကြတာလား”

“တရားဝင် ချပြပါတော့”

“ရှင်းယွီ..ငါ့ကိုတစ်ခုလောက်ကူညီပါဦး။ ဒါက ငါ့ဝီဘိုအကောင့်ပါ။ မင်း ပရိတ်သတ်တွေကို ဖောလိုးလုပ်ပေးဖို့ ပြောပေးပါဦး။ ငါ ကံစမ်းမဲဖောက်ပေးပါ့မယ်”

ဖန့်ကြွယ်ယွီက ကောရှင်းယွီအား မက်ဆေ့ချ်ပို့လိုက်သည်။

“အို.ရှင်က ဝီဘိုသုံးတာလား” ကောရှင်းယွီက အံ့ဩရသလို ပျော်လည်းပျော်မိသည်။

“ဒါပေါ့ ကူညီရမှာပေါ့”

“သူဌေးလုက ရှင်းယွီကို ပန်ဒါကိုးဆယ့်ကိုးကောင် ဆုချီးမြှင့်ပါတယ်”

“ဟာ ဘာလုပ်တာလဲ။ ကျွန်မကို လက်ဆောင်တွေအများကြီးထပ်ပေးပြန်ပြီ” ဖန့်ကြွယ်ယွီက ပန်ဒါအကောင် ၉၉၀ပေးလိုက်သောအခါ ကောရှင်းယွီက စိတ်ဆိုးသွားသည်။

“ရှင်က ကျွန်မကို သူငယ်ချင်းလို့ မသတ်မှတ်တာပဲ”

“ဟာ ဘယ်ဟုတ်မလဲ။ မင်းက နောက်ဆို နာမည်ကြီးလာတော့မှာ။ မင်းကို တစ်ခုခုကြေညာခိုင်းရင်တောင် အခကြေးငွေ ပေးကိုပေးရမှာပဲလေ မဟုတ်ဘူးလား”

ဖန့်ကြွယ်ယွီက စနောက်ပြီးပြောသည်။

“မရဘူး။ နောက်တစ်ခါ ထပ်မပေးပါနဲ့တော့”

“ဟုတ်ပါပြီ။ ငါကတိပေးတယ်။ ထပ်မလုပ်တော့ပါဘူး”

ကောရှင်းယွီက ဘာကြောင့် စိတ်ဆိုးရသည်ဆိုတာ သူသိနေသဖြင့် စိတ်ထဲဝမ်းသာမိသည်။

“အားလုံးပဲ မဲပေါက်ချင်ပါသလား” ကောရှင်းယွီက liveလွှင့်နေရင်း ကြေညာပေးသည်။” ခုနလေးတင်ပဲ သူဌေးလုက သူ့ဝီဘိုအကောင့်ကို လာပေးတယ်။ သူ့အကောင့်ကို ဖောလိုးလုပ်ပေးတာနဲ့ အကျိုးအမြတ်ရမယ်! သတင်းကောင်းမို့လို့ အားလုံးသိအောင် ပြောပြတာနော်။ နောက်မှ ကျွန်မမပြောဘူး မလုပ်ရဘူး”

“ဝိုး နောက်ဆုံးတော့ သူ့ဝီဘိုpasswordကို မှတ်မိသွားပြီပေါ့။ မြန်မြန်ဖောလိုးလုပ်ကြဟေ့။ ဘာလေးပဲရရ သေချာတာကတော့ သူဌေးလုပေးတာဆိုတော့ တန်ကြေးများမှာပဲ”

“ငါ့ကောင်တွေ စောင့်ကြည့်နေနော်။ သူဌေးလုပေးတဲ့ ကံစမ်းမဲကိုငါပေါက်မှာ”

“ငါလည်း သူ့အကောင့်ကို သွားပြီး ဖောလိုးတော့မယ်”

လူပေါင်းနှစ်သန်းကျော်ကြည့်နေသော ကောရှင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြေညာပေးတာမို့ သူ၏ဖော်လိုဝါအရေအတွက်သည် တဟုန်ထိုးမြင့်တက်လာသည်။

“ရှင်းယွီ။ live ဆက်လွှင့်လိုက်ဦး။ ငါ ဆရာပတ်နဲ့ ဥက္ကဌဝမ်ကိုသွားပြီး အပူကပ်လိုက်ဦးမယ်”

ဖန့်ကြွယ်ယွီက နှုတ်ဆက်ပြီးနောက် ဆရာပတ်၏ တင်ဆက်မှုထဲဝင်လာသည်။ ဆရာပတ်၏ ထုတ်လွှင့်မှုမျက်နှာပြင်တစ်ခုလုံးက မဲမှောင်နေသည်။ ဆရာပတ်က သူ့ကို အနိုင်ယူသွားသော ရန်သူကို ကြိမ်းဝါးနေသည်။

“သူဌေးလုက ဆရာပတ်ကို ပန်ဒါ ၉၉ကောင် ချီးမြှင့်ပါတယ်”

“ဆရာပတ် ကျွန်တော့်ဝီဘို အကောင့်ကို ကူပြီး မျှဝေပေးပါဦး” ဖန့်ကြွယ်ယွီက မက်ဆေ့ချ်ပို့သည်။

“သူဌေးလုက ရက်ရောတယ်။ကြော်ငြာခလည်း အများကြီးပေးတာပဲ”

ဆရာပတ်လည်း သူ၏အကောင့်ကို ကြေညာပေးလိုက်ပြန်သည်။ ကောရှင်းယွီထက် ပရိတ်သတ်များသော ဆရာပတ်က ကြေညာပေးသောအခါ ဖော်လိုဝါအရေအတွက် တဟုန်ထိုးတက်လာသည်။

ဟိုးတစ်ခေါက်နေ့လည်စာစားတုန်းက သူနှင့် ဥက္ကဌဝမ်တို့ အပြန်အလှန်ဖုန်းနံပါတ်လဲလှယ်ခဲ့ကြသည်။ သူ့ကိုပေးထားသော သူဌေးဝမ်၏ ဖုန်းနံပါတ်ကိုခေါ်ကြည့်လိုက်သောအခါ တစ်ဖက်ကထွက်ပေါ်လာသော အသံသည် ထူးဆန်းလှသည်။

“ဟူး ဟူး”

မောပန်းနွမ်းဟိုက်စွာဖြင့် ခပ်ပြင်းပြင်းအသက်ရှုသံနှင့်အတူ ထူးဆန်းသောအသံများလည်း ရောထွေးနေသည်။

“ဟာ ငါ ကောင်းခန်းရောက်မှ ဝင်နှောင့်ယှက်မိပြန်ပြီထင်တယ်” ဖန့်ကြွယ်ယွီက ကြားလိုက်ရသော အသံများကိုအခြေခံပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာ တွေးမိပြီး ရှက်ရွံ့လာမိသည်။

“ဖန့်ကြွယ်ယွီ ဘာလဲကွာ။ မင်းဖုန်းသံကြောင့် ဒီမှာ အရှိန်ပျက်ရပြီ။ ကိစ္စတစ်ခုခုရှိရင် နောက်မှပြန်ဆက်ခဲ့မယ်” ဥက္ကဌဝမ်က တရစပ်ပြောတော့သည်။

“ဟုတ်ပြီ ဟုတ်ပြီ တောင်းပန်ပါတယ်ဗျာ” ဖန့်ကြွယ်ယွီက သူ့အမှားကိုသိပြီး ထပ်တလဲလဲတောင်းပန်သည်။

“လုပ်စရာရှိတာ ဆက်လုပ်ပါ။ နောက်မှပြောကြတာပေါ့”

ဖန့်ကြွယ်ယွီက ကပျာကယာဖုန်းချလိုက်သည်။ ဝမ်ချုံးမှာ မည်သည့်ပြသနာပဲဖြစ်ဖြစ် သူ့မှာ ဘိုးဘေးများချန်ခဲ့သော ပိုက်ဆံပေးပြီး ဝယ်လို့မရသော တန်ဖိုးကြီး ဆေးဝါးများရှိသည်။

All Chapters