စာချုပ်ဖယ်ရှားခြင်းနည်းလမ်း
Vol. 008 Ch. 734
ရှီမာယူယူသည် ဝိဉာဉ်စေတီအတွင်းမှ ကိစ္စများကိုအာရုံခံကြည့်ရာ ရှောင်ချီသည် အမှန်တကယ်ပင် နို့နှစ်ရောင်အလုံးလေးအဖြစ်ပြောင်းသွားကြောင်း သိလိုက်ရသည်။ သူမသည် အမှန်တကယ်ပင် တောင်ငယ် တစ်လုံးအရွယ်အစားပြောင်းသွားခဲ့သည်။
အပြင်ပိုင်းအသားလုံးလေးသည် တိမ်တိုက်မြူခိုးသဖွယ်ဖြစ်ကာ အထဲမှအရာများကို မမြင်ရအောင် ကာ ထားသည်။
“သူမ အသွင်ပြောင်းနေတဲ့အတောအတွင်းလား” ရှီမာယူယူသည် အံ့သြသွားသော်လည်း မျက်နှာတွင် ဘာမှမဖော်ပြပေ။ သူမသည် ရှုဂျင်းအားအရိုအသေပေးပြီးနောက် လှည့်ထွက်ခဲ့သည်။
သူမ အသွင်ပြောင်းနေစဉ်တွင် မနှောင့်ယှက်တော့ပေ။
သူမသည် ဖန်၁နှင့်၂ကို ခေါ်ပြီး သက်တန့်၏ ခြံဝန်းသို့သွားလိုက်သည်။
“အစ်ကိုကြီး မဆိုးဘူးပဲ” သက်တန့်သည် လိုင်ဖေနှင့် ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေးနေလေသည်။ သူမသည် ရှီမာယူယူရောက်လာသည်ကိုတွေ့သည်နှင့် ပျော်ရွှင်စွာပြေးလာလေသည်။
ရှီမာယူယူသည် သက်တန့်အားခေလက်ဆွဲပြီး လုဖေနှင့် အမျိုးသမီးကြီးတစ်ယောက် ရပ်နေရာသို့ လျှောက်လာလိုက်သည်။ သူတို့သည် သူမအား ခေါင်းညိမ့်ပြီး အသိအမှတ်ပြုလေသည်။
ထိုအမျိုးသမီးကြီးသည် တစ်ခါက သူမကို ရင့်သီးစွာနှင့် အထက်စီးဆန်စွာပြောခဲ့သည်ကို သတိရသွား သည်။ သို့သော် အခုချိန်တွင် သူမအပေါ်သဘောထားမှာ မဆိုးလှတော့ပေ။ ဖြစ်နိုင်သည်မျာ သူမသည် ငှက် လေး၏ အဆင့်အတန်းကိုသိသောကြောင့် အနိုင်မခံလိုခြင်းဖြစ်လောက်သည်။
“အစ်ကိုကြီး အစ်ကိုကြီးရဲ့ဆရာက အစ်ကိုကြီးကို ပြီးခဲ့တဲ့ရက်တွေက တင်းတင်းကြပ်ကြပ်စောင့်ကြည့် နေတာ သက်တန့်တို့တောင် အစ်ကိုကြီးဆီလာလည်လို့မရဘူး” သက်တန့်သည် ညည်းတွားလေသည်။
“ငါ ပြန်ကောင်းလာတာနဲ့ သက်တန့်တို့ဆီလာကြည့်တယ်မလား” ရှီမာယူယူ ထိုင်လိုက်သည်။
ရှီမာယူယူသည် ငှက်လေးအားခေါ်လိုက်ရာ ငှက်လေးသည် လုဖေအား မျက်နှာတင်းမာစွာဖြင့် ကြည့်လေသည် “မင်း…”
“ငှက်လေး သူတို့က အပြစ်မရှိပါဘူး” ရှီမာယူယူသည် ငှက်လေးစကားဖြတ်ပြောလိုက်သည်။
ငှက်လေးသည် လုဖေအားကြည့်ပြီးနောက် ဒဏ္ဍာရီလာဂဠုန်၏ရောင်ဝါကိုဖြန့်ကျက်လိုက်သည်။ လုဖေ ဒူးထောက်မသွားသော်လည်း ပါးစပ်ဘေးမှ သွေးများစီးကျလာသည်။
“ဦးလေး” သက်တန့်သည် လုဖေသွေးများအန်လိုက်သည်ကို တွေ့သည်နှင့် စိုးရိမ်စွာအော်ကာ ငှက်လေးအား သနားခံသည့်မျက်လုံးများဖြင့် ကြည့်လေသည်။
သက်တန့်၏ မျက်လုံးထဲမှ စိုးရိမ်မှုများကို ငှက်လေးမြင်သည်နှင့် ရောင်ဝါကိုပြန်သိမ်းကာ ပြောလိုက် သည် “ဒီတစ်ခါတော့ သက်တန့်ကြောင့် ခွင့်လွှတ်ပေးလိုက်မယ်၊ နောက်ထပ် အပြစ်လုပ်မိရင်တော့ လျော့ပေး တော့မှာမဟုတ်ဘးူ”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးငှက်လေး” သက်တန့သည် ငှက်လေးအား ကျေးဇူးတင်သဖြင့်ပြုံးပြ လေသည်။
“ငါ အရင်က ငှက်လေးကိုသေချာမကြည့်မိဘူး၊ မမြင်ရတဲ့နှစ်အတွင်းကို တော်တော်ကြီးလာတာပဲ” ငှက်လေးသည် ရှေ့တိုးကာ သက်တန့်၏ ခေါင်းကိုပွတ်ကာ ပြုံးပြီးပြောလေသည် “သက်တန့် မတွေ့တာကြာ တော့ ငါတို့ကိုမလွမ်းဘူးလား”
“လွမ်းတာပေါ့ အရမ်းကိုလွမ်းတာ” သက်တန့်ပြောလိုက်သည်။
“ငါ့ကိုလွမ်းတာလား ဟာစွန့်ကိုလွမ်းတာလား” ရှီမာယူယူသည် ရယ်မောကာ ပြောလေသည်။
“အစ်ကိုကြီး စနေပြန်ပြီ” သက်တန့်သည် ရှက်ရွံ့စွာပြောရင်းနှင့် ချက်ချင်းပင် ရှက်သွေးဖြာသွားလေ သည်။
“ဟာစွန် မင်းဇနီးလေးပြန်လာပြီ မြန်မြန်ထွက်လာပြီး အလွမ်းသယ်လိုက်ဦး” ရှီမာယူယူသည် ရယ်မော ရင်း ဟာစွန်ကိုခေါ်ထုတ်လိုက်သည်။ ပြီးခဲ့သည့်ရက်များတွင် ကုသပြီးနောက် သူသည် ထိုနေ့တွင် သက်သာလာ ပြီဖြစ်သည်။
ဟာစွန်သည်လည်း သက်တန့်ကိုတွေ့ရန် စိတ်အားထက်သန်ခဲ့သည်။ သူ မီးငှက်မျိုးနွယ်မှ သူမကိုခေါ် လာစဉ်က သူမသည် ငှက်ပေါက်လေးသာဖြစ်ခဲ့သည်။
သူသည် သူမမွေးလာသည်ကို စောင့်ကြည့်ပြီး အချိန်အတော်ကြာအတူနေခဲ့ပြီး သူမကို ကိုယ်တိုင်ပင် ပြန်ပို့ခဲ့သည်။ သူသည် သူမကိုတကယ်ပင် လွမ်းခဲ့သည်။ သို့သော် ရှီမာယူယူ တွေးသကဲ့သို့ သဘောထားမျိုး မဟုတ်ပေ။
“အစ်ကိုကြီးဟာစွန်” သက်တန့်သည် ဟာစွန်ရှေ့လာရာ သူ့ရောင်ယါသည် အနည်းငယ်မတည်ငြိမ် သည်ကိုခံစားရသည်နှင့် သူမအော်လေသည် “အစ်ကိုကြီးဟာစွန် ဒဏ်ရာရထားတာလား”
“အဲနေ့တုန်းက လူတွေအများကြီး ငါတို့ကို တိုက်ခိုက်တယ်လေ၊ သူတို့အားလုံးကို နဂါးထောင်ချောက် တည်ဆောက်မှုကို ငါသုံးခဲ့တယ်၊ ငါဆောက်နေတုန်းကို ဟာစွန်က ခဏလောက် အချိန်ဆွဲပေးခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “ဟာစွန်က လေဟာပြင်ပျက်ပြားခြင်းကိုသုံးတုန်းက ဒဏ်ရာရသွားတာ”
“အစ်ကိုကြီးစာစွန် အခုရောဘယ်လိုနေလဲ” သက်တန့်သည် စိုးရိမ်စွာမေးလေသည်။
“ဘာမှမဖြစ်တော့ပါဘူး” ဟာစွန်ပြန်ဖြေလေသည်။
“တကယ်လား” သက်တန့်သည် သူ့အား မယုံကြည်ပေ။
“ဒါပေါ့” ဟာစွန်သည် သူ့ဒဏ်ရာများအကြောင်းမပြောချင်သဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည် “မီးငှက်မျိုးနွယ်မှာနေရတာ ဘယ်လိုလဲ”
“ကောင်းပါတယ် ဦးလေးက သက်တန့်ကိုအများကြီးစောင့်ရှောက်ပေးတယ်” သက်တန့်ပြောလေသည် “ပြီးတော့ ဦးလေးက သက်တန့်ကြောင့်ဒီလိုဖြစ်သွားတာပါ၊ သက်တန့်ကြောင့်သာမဟုတ်ရင် ဦးလေးက အကြပ် ကိုင်ခံပြီး လူသားနဲ့ စာချုပ်ချုပ်လိုက်မှာမဟုတ်ဘူး”
“သက်တန့်လေး အဲဒါက ငါပေါ့လို့ဖြစ်တာလို့ ပြောပြီးပြီလေ၊ သက်တန့်လေးအမှားမဟုတ်ဘူး၊ ကိုယ့် ကိုယ်ကို အပြစ်မတင်နဲ့” လုဖေ ပြောလိုက်သည်။
“ဟုတ်တယ် မိန်းကလေး၊ ငါတို့လည်း မင်းကိုအပြစ်မတင်ကြဘူး” အဘွားဇူ ထောက်ခံလေသည်။
“ဒါပေမဲ့ ဦးလေးက သက်တန့်အတွက် ဆေးပစ္စည်းရှာပေးရင်းကနေ ဒီလိုဖြစ်သွားတာလေ၊ ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို အပြစ်မတင်လို့ရမလဲ” သက်တန့်သည် ငြင်းဆန်လေသည်။
သူမ ပြန်မသွားခင်တွင် သူမ၏ ဦးလေးသည် ဖီးနစ်ငှက်မျိုးနွယ်များစွာထဲတွင် အလွန်အားကောင်းခဲ့ သည်။ သို့သော် အခုတော့ သူသည် အရင်ကကဲ့သို့ ထိုလူများကိုထွက်မတွေ့ရဲတော့ပေ။
“အဲလူရော အဆင်ပြေလား” ရှီမာယူယူ မေးလိုက်သည်။
“သူ မသေသေးပါဘူး” သက်တန့်ပြောလိုက်သည်။
လုဖေအသက်ရှင်စေရန်အတွက် သူတို့သည် သူ့ကိုမသတ်ကြပေ။
“ဟူး သက်တန့်ရဲ့ အစ်ကိုကြီးနဲ့ ငှက်လေးရဲ့သခင်အနေနဲ့ မင်းတို့စာချုပ်ကိုဖျက်နိုင်မယ့် နည်းလမ်းကို သိတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အရမ်းနာလိမ့်မယ် မင်းတောင်မှ ဒဏ်ရာရသွားနိုင်တယ်၊ ပြန်ကောင်းဖို့ ၁နှစ်လောက် အချိန်လိုလိမ့်မယ်၊ လုပ်ချင်လား”
“တကယ်နည်းလမ်းရှိတာလား” သက်တန့်၏ မျက်လုံးများ အရောင်တောက်လာသည်။ စာချုပ်ဖျက်ရန် အမှန်တကယ်ပင် နည်းလမ်းရှိပါက ထိုလူများကို ထိုကဲ့သို့မျက်နှာထားဖြင့်ကြည့်ရန်မလိုတော့ပေ။
“ရှိတယ်လို့ပြောတယ်လေ၊ မင်းမေ့နေတယ်ထင်တယ် ငါက အရမ်းအားကောင်းတဲ့မိစ္ဆာထိန်းကျောင်းသူ သခင်လေ” ရှီမာယူယူ ပြောလိုက်သည်။
“သြော် ဟုတ်သားပဲ အစ်ကိုကြီးကမိစ္ဆာထိန်းကျောင်းသူသခင်ပဲ အဲတော့ မိစ္ဆာတွေကို ဘယ်လိုစာချုပ် ချုပ်မလဲဆိုတာ သိသလို စာချုပ်ဖျက်လို့ရမယ့် နည်းကိုလည်းသိမှာပဲ” သက်တန့်ပြောလိုက်သည် “ဦးလေး ဘယ်လိုထင်လဲ”
လုဖေသည် ရှီမာယူယူတွင် နည်းလမ်းရှိသည်ဟု ပြောလိုက်သည်ကို မယုံနိုင်သေးပေ။ သို့သော် သူမ သည် မိစ္ဆာထိန်းကျောင်းသူသခင်တစ်ယောက်ဖြစ်သည်ဟု ကြားသည်နှင့် မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံး အရောင်တောက်လာသည်။
“ဘယ်လောက်ပဲ နာနာပါ၊ လုပ်ချင်တယ်” သူသည် လက်သီးကိုဆုပ်ကာ ပြောလေသည် “သက်တန့် ကြောင့်သာမဟုတ်ရင် ငါကိုယ့်ကိုယ်ကို သတ်သေလိုက်ပြီ၊ သေမှာတောင်မကြောက်တဲ့လူတစ်ယောက်အတွက် နာတာလောက်ကို ဘာကြောက်ရမှာလဲ”
“အစ်ကိုကြီး ဘယ်လိုလုပ်မှာလဲ” သက်တန့်မေးလိုက်သည်။
“အင်ပါယာမိစ္ဆာကျန်းရဲ့ ဖိအားပေးတန်ပြန်သက်ရောက်မှု…. စာချုပ်တည်ဆောက်မှုကိုသုံးပြီး စာချုပ် သင်္ကေတကို ဖိအားပေးပြီး စာချုပ်ကို အတင်းဖျက်ရမှာ” ရှီမာယူယူ ပြောလိုက်သည်။
“အဲလိုပဲလား”
“ရိုးရှင်းတယ်လို့ထင်ရတယ်၊ ဒါပေမဲ့ အဲဒါက ကောင်းကင်ရဲ့ အမိန့်ကိုဆန့်ကျင်နေတယ်၊ အဲတော့ အကျိုးသက်ရောက်မှုကိုတော့ တွေးမိမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းတို့မီးငှက်မျိုးနွယ်ရဲ့ ဇွဲလုံ့လ ကိုယုံတယ်”
“ငါလည်း ကိုယ့်ကိုယ်ကို ယုံပါတယ်” လုဖေ ပြောလိုက်သည်။
“အခု မင်းစာချုပ်သခင်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့ပြန်လာပြီးကတည်းက သူ့ကိုအိမ်ထဲမှာ သော့ခတ်ထားတယ်၊ သူအဆင်ပြေမယ် မထင်ဘူး” အဘွားဇူ ပြောလိုက်သည်။
“ကျွန်တော်သွားကြည့်မယ်၊ သူ့ခန္ဓာကိုယ် အခြေအနေကောင်းဖို့လိုတယ်၊ သူအခြေအနေ မကောင်းရင် ပြီးတော့ မခံနိုင်လို့သေသွားရင် မင်းလည်းသေမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
သက်တန့် ထိုစကားကြားသည်နှင့် ရှီမာယူယူအား ထိုလူအိပ်ရာပေးတွင်လှဲနေသည်ကို ကြည့်ရန် အလျင်စလိုပင်ခေါ်သွားလိုက်သည်။
ရှီမာယူယူသည် သက်တန့်အားကြည့်လိုက်ရာ သက်တန့်သည် ရှက်ရွံ့စွာတံတွေးမျိုချကာ ရှင်းပြလေ သည် “ဦးလေးကို သူအဲလိုလုပ်ရဲလို့ သက်တန့်စိတ်တိုတယ်၊ အဲတော့ သူပြန်သက်သာလာတိုင်း သူ့ကိုရိုက် ထားတာ”
သူပြန်ကောင်းလာတိုင်း အရိုက်ခံရသည်။ သူအရိုက်ခံရလျှင် ဆေးကျွေးသည်၊ ပြန်ကောင်းလာလျှင် ရိုက်သည်။ ထို့ကြောင့် သူသည် ထိုပုံစံအတိုင်းဖြစ်နေခြင်းဖြစ်သည်။
ရှီမာယူယူသည် သွေးကြောစမ်းကာ ခေါင်းရမ်းလေသည် “သူ့လက်ရှိအခြေအနေက မလုပ်နိုင်ဘူး၊ သူ့ ကျန်းမာရေးကို အရင်ကောင်းအောင်လုပ်ပေးရမယ်၊ သူ့ကိုဆေး၂လုံးတိုက်လိုက်ရင် ၂ရက်အတွင်း ပြန်ကောင်း လာမယ် အဲအချိန်ကျရင် သူ့ကိုထပ်မရိုက်ရဘူးနော်”
***